သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရေနာင္းလူဝင္မႈအခ်ဳပ္ခန္းမွာ ဖမ္းဆီးခံျမန္မာေတြ ေနရပ္ျပန္ပို႔ဖို႔ စီစဥ္


ထိုင္းႏိုင္ငံေတာင္ပိုင္း၊ ထိုင္းျမန္မာနယ္စပ္ ရေနာင္း လူဝင္မႈႀကီးၾကပ္ေရးအခ်ဳပ္ခန္းမွာ ထိန္းခ်ဳပ္ခံထားရတဲ့ လြက္ရက္ေစ့ ျမန္မာ ၆၀၀ ဦး (Photo-CJ)

[[Zawgyi/Unicode]]

ထိုင္းႏိုင္ငံေတာင္ပိုင္း၊ ထိုင္းျမန္မာနယ္စပ္ ရေနာင္း လူဝင္မႈႀကီးၾကပ္ေရးအခ်ဳပ္ခန္းမွာ ထိန္းခ်ဳပ္ခံထားရတဲ့ လြက္ရက္ေစ့ ျမန္မာ ၆၀၀ ဦး ေနရပ္ျပန္ႏိုင္ေရးအတြက္ ဇန္နဝါရီလ၂၈ ရက္ေန႔က ဆႏၵျပခဲ့ၿပီးတဲ့ေနာက္ ဇန္နဝါရီလ ၃၁ ရက္ေန႔မွာေတာ့ ျမန္မာသံရံုးက သံအရာရွိေတြက ေဆြးေႏြးၿပီး သူတို႔ကို ၃ သုတ္ခဲြၿပီး ေနရပ္ျပန္ပို႔ေပးဖို ့စီစဥ္ေဆာင္ရြက္ေနပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္းျမန္မာနယ္စပ္ ရေနာင္းၿမိဳ႕က လူဝင္မႈႀကီးၾကပ္ေရးအခ်ဳပ္ေထာင္မွာ ရာနဲ႔ခ်ီရွိတဲ့ လြတ္ရက္ေစ့ၿပီး ေနရပ္ျပန္မရေသးတ့ဲျမန္မာအက်ဥ္းသားေတြဟာ ဇန္နဝါရီလ ၂၈ ရက္ေန႔မနက္မွာ ဆႏၵျပခဲ့ၾကၿပီးတဲ့ေနာက္ သူတို ့ေနရပ္ျပန္ႏိ္ုင္ေရးအတြက္ ဘန္ေကာက္ၿမိဳ႕ ျမန္မာသံရံုးက အလုပ္သမားသံအရာရွိက စီစဥ္ေဆာင္ရြက္ေနပါတယ။ အလုပ္သမားသံအရာရွိဦးတင္ေအာင္က ရေနာင္းလဝကအခ်ဳပ္ေထာင္ကတာဝန္ရွိသူေတြ၊ ဆႏၵျပသူေတြက ေကာ့ေသာင္းၿမိဳ႕က တာဝန္ရွိသူေတြနဲ႔ညွိႏွိဳင္းတိုင္ပင္ၿပီး လြတ္ရက္ေစ့တဲ့ျမန္မာႏိုင္ငံသား ၆၀၀ ကို ၃ သုတ္ခဲြၿပီး ေနရပ္ျပန္ပို႔ေပးမွာျဖစ္ေၾကာင္း ထိုင္းေတာင္ပိုင္းအေျခစိုက္ ပညာေရးနဲ႔ဖြံြၿဖိဳးတိုးတက္ေရးေဖာင္ေဒးရွင္းက အလုပ္သမားေရးရာတာဝန္ခံ ဦးမင္းဦးက အခုလိုေျပာျပပါတယ္။

“မနက္က အလုပ္သမားသံအရာရွိဆိုဒ္မွာ ေၾကညာထားတာက လူအားလံုး ၆၀၀ ေက်ာ္ကုိ ပထမဦးဆံုးအသုတ္ စျပီးပုိ႔မယ္။ အလွည့္က်နဲ႔ အကုန္လံုးပုိ႔ေပးသြားမယ္။ အထဲက လူေတြအားလံုးကလည္း ဒီဟာနဲ႔ပတ္သက္ျပီး ေက်နပ္ၾကတယ္ေျပာတယ္။ အႀကမ္းဖ်င္းေတာ့သိရပါတယ္။ အသုတ္လိုက္ခဲြျပီးေတာ့ေပါ့။ ေကာ့ေသာင္းဘက္ျခမ္းနဲ့လည္း ေဆြးေႏြးသြားျပီးျပီတဲ့။ ပထမဆံုးအသုတ္က ၂၀၀ ဝန္းက်င္၊ ျပီးေတာ့ ေနာက္ႏွစ္သုတ္ဆီပုိ႔မယ္။ အက်ဥ္းသားေတြကလည္း ေက်နပ္တယ္။ သူတို႔ေတာင္းဆုိထားတဲ့ စာေတြေရးထားတာေတြလည္း အျမန္ဆံုးရုပ္သိမ္းျပီး ေၾကေအးတယ္ေပါ့။ အျမန္ဆံုးျပန္ပုိ့ေပးမယ္ဆုိေတာ့။”

လဝကအခ်ဳပ္ေထာင္မွာရွိတဲ့ ျမန္မာ ၆၀၀ ထဲက ျမန္မာ၂၀၀ ေက်ာ္ကိုေတာ့ ေဖေဖၚဝါရီလ ၂ ရက္ေန႔မွာ စတင္လႊတ္ေပးၿပီး ေနရပ္ျပန္ပို႔ေပးမွာျဖစ္သလို ေဖေဖၚဝါရီလ ၈ ရက္ေန႔နဲ႔ ၁၅ ရက္ေန႔ေတြမွာ ေနာက္ထပ္က်န္ေနသူေတြကို ဆက္ၿပီး ပို႔ေဆာင္ေပးမွာျဖစ္တယ္လို႔ဆိုပါတယ္။ ထိန္းသိမ္းခံအမ်ားစုုဟာ ထိုုင္းေတာင္ပိုုင္း အက်ဥ္းေထာင္ေတြကေန လြတ္ရက္ေစ့လိုု႔ ျမန္မာျပည္ပိုု႔ဖို႔ အခုုလိုု ရေနာင္း လဝကမွာ ျပည္ေတာ္ျပန္ဖို့ေစာင့္ေနၾကေပမယ့္ ရက္ရွည္ ဆက္လက္ထိန္းသိမ္းခံေနရတာပါ။ သူတို႔ဟာ ကိုဗစ္ကပ္ေဘးကာလကစလို႔ ျမန္မာဘက္က လက္ခံႏိုင္တဲ့အေရအတြက္ေပၚမူတည္ၿပီး တလကို တႀကိမ္ ၂ ႀကိမ္ခန္႔သာ လူအကန္႔အသတ္နဲ႔ ျပန္ပို႔ေပးေနတာေၾကာင့္ ၾကန္႔ၾကာေနရၿပီး အခ်ဳပ္ေထာင္ထဲမွာ ၆ ေလာက္ထိ ဆက္ၿပီး ေနထိုင္ေနရသူေတြပါ။ ဒါေၾကာင့္ လြတ္ရက္ေစ့ျမန္မာေတြဟာ ၿပီးခဲ့တဲ့ႏွစ္ကလည္း ဆႏၵျပခဲ့ၾကၿပီး ျပန္ပို႔ေပးတာေတြရွိခဲ့ပါတယ္။ အခုလည္း ဆႏၵျပခဲ့ၾကၿပီးတဲ့ေနာက္မွ ဒီလူေတြကို အစုအေဝးနဲ႔ ျမန္ျမန္ဆန္ဆန္ျပန္ပို႔ဖို႔ စီစဥ္ခဲ့တာျဖစ္ပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ရနောင်းလူဝင်မှုအချုပ်ခန်းမှာ ဖမ်းဆီးခံမြန်မာတွေ နေရပ်ပြန်ပို့ဖို့စီစဉ်

ထိုင်းနိုင်ငံတောင်ပိုင်း၊ ထိုင်းမြန်မာနယ်စပ် ရနောင်း လူဝင်မှုကြီးကြပ်ရေးအချုပ်ခန်းမှာ ထိန်းချုပ်ခံထားရတဲ့ လွက်ရက်စေ့ မြန်မာ ၆၀၀ ဦး နေရပ်ပြန်နိုင်ရေးအတွက် ဇန်နဝါရီလ၂၈ ရက်နေ့က ဆန္ဒပြခဲ့ပြီးတဲ့နောက် ဇန်နဝါရီလ ၃၁ ရက်နေ့မှာတော့ မြန်မာသံရုံးက သံအရာရှိတွေက ဆွေးနွေးပြီး သူတို့ကို ၃ သုတ်ခွဲပြီး နေရပ်ပြန်ပို့ပေးဖို့စီစဉ်ဆောင်ရွက်နေပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် ရနောင်းမြို့က လူဝင်မှုကြီးကြပ်ရေးအချုပ်ထောင်မှာ ရာနဲ့ချီရှိတဲ့ လွတ်ရက်စေ့ပြီး နေရပ်ပြန်မရသေးတဲ့မြန်မာအကျဉ်းသားတွေဟာ ဇန်နဝါရီလ ၂၈ ရက်နေ့မနက်မှာ ဆန္ဒပြခဲ့ကြပြီးတဲ့နောက် သူတို့နေရပ်ပြန်နိုင်ရေးအတွက် ဘန်ကောက်မြို့ မြန်မာသံရုံးက အလုပ်သမားသံအရာရှိက စီစဉ်ဆောင်ရွက်နေပါတယ။ အလုပ်သမားသံအရာရှိဦးတင်အောင်က ရနောင်းလဝကအချုပ်ထောင်ကတာဝန်ရှိသူတွေ၊ ဆန္ဒပြသူတွေက ကော့သောင်းမြို့က တာဝန်ရှိသူတွေနဲ့ညှိနှိုင်းတိုင်ပင်ပြီး လွတ်ရက်စေ့တဲ့မြန်မာနိုင်ငံသား ၆၀၀ ကို ၃ သုတ်ခွဲပြီး နေရပ်ပြန်ပို့ပေးမှာဖြစ်ကြောင်း ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ဖွွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးက အခုလိုပြောပြပါတယ်။

“မနက်က အလုပ်သမားသံအရာရှိဆိုဒ်မှာ ကြေညာထားတာက လူအားလုံး ၆၀၀ ကျော်ကို ပထမဦးဆုံးအသုတ် စပြီးပို့မယ်။ အလှည့်ကျနဲ့ အကုန်လုံးပို့ပေးသွားမယ်။ အထဲက လူတွေအားလုံးကလည်း ဒီဟာနဲ့ပတ်သက်ပြီး ကျေနပ်ကြတယ်ပြောတယ်။ အကြမ်းဖျင်းတော့သိရပါတယ်။ အသုတ်လိုက်ခွဲပြီးတော့ပေါ့။ ကော့သောင်းဘက်ခြမ်းနဲ့လည်း ဆွေးနွေးသွားပြီးပြီတဲ့။ ပထမဆုံးအသုတ်က ၂၀၀ ဝန်းကျင်၊ ပြီးတော့ နောက်နှစ်သုတ်ဆီပို့မယ်။ အကျဉ်းသားတွေကလည်း ကျေနပ်တယ်။ သူတို့တောင်းဆိုထားတဲ့ စာတွေရေးထားတာတွေလည်း အမြန်ဆုံးရုပ်သိမ်းပြီး ကြေအေးတယ်ပေါ့။ အမြန်ဆုံးပြန်ပို့ပေးမယ်ဆိုတော့။”

လဝကအချုပ်ထောင်မှာရှိတဲ့ မြန်မာ ၆၀၀ ထဲက မြန်မာ၂၀၀ ကျော်ကိုတော့ ဖေဖေါ်ဝါရီလ ၂ ရက်နေ့မှာ စတင်လွှတ်ပေးပြီး နေရပ်ပြန်ပို့ပေးမှာဖြစ်သလို ဖေဖေါ်ဝါရီလ ၈ ရက်နေ့နဲ့ ၁၅ ရက်နေ့တွေမှာ နောက်ထပ်ကျန်နေသူတွေကို ဆက်ပြီး ပို့ဆောင်ပေးမှာဖြစ်တယ်လို့ဆိုပါတယ်။ ထိန်းသိမ်းခံအများစုဟာ ထိုင်းတောင်ပိုင်း အကျဉ်းထောင်တွေကနေ လွတ်ရက်စေ့လို့ မြန်မာပြည်ပို့ဖို့ အခုလို ရနောင်း လဝကမှာ ပြည်တော်ပြန်ဖို့စောင့်နေကြပေမယ့် ရက်ရှည် ဆက်လက်ထိန်းသိမ်းခံနေရတာပါ။ သူတို့ဟာ ကိုဗစ်ကပ်ဘေးကာလကစလို့ မြန်မာဘက်က လက်ခံနိုင်တဲ့အရေအတွက်ပေါ်မူတည်ပြီး တလကို တကြိမ် ၂ ကြိမ်ခန့်သာ လူအကန့်အသတ်နဲ့ ပြန်ပို့ပေးနေတာကြောင့် ကြန့်ကြာနေရပြီး အချုပ်ထောင်ထဲမှာ ၆ လောက်ထိ ဆက်ပြီး နေထိုင်နေရသူတွေပါ။ ဒါကြောင့် လွတ်ရက်စေ့မြန်မာတွေဟာ ပြီးခဲ့တဲ့နှစ်ကလည်း ဆန္ဒပြခဲ့ကြပြီး ပြန်ပို့ပေးတာတွေရှိခဲ့ပါတယ်။ အခုလည်း ဆန္ဒပြခဲ့ကြပြီးတဲ့နောက်မှ ဒီလူတွေကို အစုအဝေးနဲ့ မြန်မြန်ဆန်ဆန်ပြန်ပို့ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်ရှင်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG