သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ရှိ


ကုလသမဂ္ဂ လုံခြုံရေးကောင်စီ
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ

(Zawgyi/Unicode)

ဒီသီတင်းပတ်ထဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးတံခါးပိတ် ဆွေးနွေးတဲ့အခါ ဘာအကြောင်းအရာတွေ အဓိက ပါဝင်နိုင်သလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မဆုမွန်က တင်ပြပေးပါမယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကြာသပတေးနေ့ကျရင် ဗွီဒီယိုကတဆင့် ဆွေးနွေးရာမှာ ရခိုင်ပြည်နယ်မှာ ဆက်လက်ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေတွေကို အဓိက အာရုံစိုက်ကြလိမ့်မယ်လို့ သံတမန်အသိုင်းအဝန်းက ခန့်မှန်းထားပါတယ်။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကလည်း လတ်တလောကြုံနေရတဲ့ ကပ်ရောဂါအပြင်၊ လုံခြုံရေးကိစ္စတွေ ပါဝင်နိုင်ကြောင်း ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

ကုသသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener
ကုသသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener

"ကျနော်တို့ သိသလောက်ကတော့ အစည်းအဝေးကတော့ Public မဟုတ်ဘူးခင်ဗျ။ သူတို့အချင်းချင်းပဲ တံခါးပိတ်ပေါ့။ ဒီအစည်းအဝေးမှာ ကုသသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ကနေ အခြေအနေကို Briefing လုပ်ဖို့ပါ အဓိကကတော့ မြန်မာနိုင်ငံရဲ့ COVID-19 နဲ့ ပတ်သက်ပြီး သူတို့နိုင်ငံတွေကသိချင်လို့ Video Conferencing ခေါ်ပြီး လုံခြုံရေးကောင်စီက လုပ်မှာပါ။ လုပ်တော့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က Brief လုပ်မယ်၊ သူတို့က မေးချင်တာတွေမေးမယ်ပေါ့။ အဓိကကတော့ မြန်မာနိုင်ငံတွင်းက COVID-19 ကိစ္စ ဘာတွေ လုပ်ထားလဲ။ နောက်စစ်ရှောင်စခန်းတွေအကြောင်း အရပ်သားတွေအခြေအနေ နောက် လုံခြုံရေးအခြေအနေတွေလည်း ပါမှာပေါ့ဗျာ။"

အခုလို အထူးကိုယ်စားလှယ်ကို ခန့်ပြီးချိန်မှာ အထွေထွေညီလာခံရဲ့ဆုံးဖြတ်ချက်နဲ့ ခြောက်လတခါလောက် အသိပေးဖို့ဆိုတဲ့ဟာရှိတယ် မြန်မာပြည်ရဲ့အခြေအနေ တိုးတက်မှုဆိုတာကလည်း အခု လာမယ့် ဇွန်လလောက်ဆို ပြည့်ပြီဆိုတော့ အဲ့ဒီ့တပိုင်းလည်း ဖြစ်သွားတာပေါ့လေ။ အထွေထွေညီလာခံက အခုမလုပ်ဖြစ်သေးတော့ အခု Brief လုပ်ရတာပေါ့ အခု ကိုဗစ်အခြေအနေကလည်းဖြစ်နေတော့ ပေါင်းပြီးလုပ်လိုက်တယ်ထင်တယ်။

ရခိုင်ပြည်နယ်မှာ ဧပြီလနှောင်းပိုင်းတုန်းက COVID-19 ဓါတ်ခွဲနမူနာတွေ သယ်ဆောင်လာတဲ့ ကုသသမဂ္ဂ အမှတ်တံဆိပ်ပါ ကားတစ်စီး တိုက်ခိုက်ခံခဲ့ရလို့ မြန်မာနိုင်ငံသား ယာဉ်မောင်းသေဆုံးပြီး၊ ကျန်းမာရေးဝန်ထမ်း တစ်ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။။ တိုက်ခိုက်မှုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က အပြင်းအထန် ရှုတ်ချခဲ့ပြီး ပွင့်လင်းမြင်သာမှုရှိရှိ စုံစမ်းစစ်ဆေးဖို့လည်း တောင်းဆိုထားတာပါ။ ဒီကိစ္စဟာလည်း လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပါဝင်နိုင်ကြောင်း ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။

"ဒါက မေးကိုမေးနိုင်တဲ့ကိစ္စပေါ့။ ရခိုင်နဲ့ ပတ်သက်လို့တော့ သူတို့သိချင်တာ အကုန်မေးမှာပေါ့ဗျာ။ ဒါက ကျနော်တို့ မြန်မာအစိုးရကလည်း စုံစမ်းစစ်ဆေးရေးကော်မတီတွေ ဖွဲ့ပေးထားတယ်။ ဒီလိုစုံစမ်းစစ်ဆေးရေး လုပ်ဆောင်နေတယ် ဆိုတဲ့ဖြစ်စဉ်တွေလည်း ရှိနေတာပဲ ဒါတွေကို သိသင့်သိထိုက်တဲ့သူတွေကို ကျနော်တို့တွေလည်း သက်ဆိုင်သူတွေကိုလည်း ပေးထားတာတွေရှိပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကလည်း ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေရှိတယ် သူလိုချင်တဲ့ အချက်လက်တွေကလည်း လိုအပ်တဲ့ဟာတွေကို ကျနော်တို့ပံ့ပိုးပေးနေတာတွေ အများကြီးရှိပါတယ်။ သူတို့ကတော့ အဲ့ကိစ္စတွေကို အထူးကိုယ်စားလှယ်နဲ့ အဓိက ပြောကြမှာပါ။"

ကြာသပတေးနေ့ လုံခြုံရေးကောင်စီတံခါးပိတ် အစည်းအဝေး ကျင်းပဖို့ကိုတော့ ဗြိတိန်နိုင်ငံက တိုက်တွန်းခဲ့တာပါ။ မြန်မာ့အရေး နောက်ဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီလထဲ ဆွေးနွေးခဲ့ချိန်မှာတော့ မြန်မာအစိုးရတွေအပေါ် အစဉ်တစိုက် ထောက်ခံမှု ပေးခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ကန့်ကွက်မှုကြောင့် အဖွဲ့ဝင် ၁၅ နိုင်ငံပါ လုံခြုံရေးကောင်စီက ပူးတွဲကြေညာချက် ထုတ်ပြန်မယ့် အစီအစဉ်လည်း ပျက်ခဲ့ဘူးပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres




XS
SM
MD
LG