သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ပြည်နယ် ၅ ခုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေတိုး


အမေရိကန်ပြည်ထောင်စု Miami မှာ ကျန်းမာရေးစစ်ဆေးချက် ယူဖို့ စောင့်ဆိုင်းနေသူတချို့။ (ဇွန် ၁၈၊ ၂၀၂၀)
အမေရိကန်ပြည်ထောင်စု Miami မှာ ကျန်းမာရေးစစ်ဆေးချက် ယူဖို့ စောင့်ဆိုင်းနေသူတချို့။ (ဇွန် ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်မှာ သောကြာနေ့ကစပြီး ကိုရိုနာဗိုင်းရပ်စ် နောက်ထပ်ကူးစက်ခံရသူ ၄၄,၆၀၂ ယောက်ထက်မနည်းရှိပြီး ရောဂါကူးစက်သူ စုစုပေါင်း ၂ သန်းခွဲနီးပါး ရှိခဲ့ကြောင်း ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးဌာန (CDC) က မနေ့တုန်းကပဲ ပြောဆိုလိုက်ပါတယ်။

ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ နောက်ထပ် ၆၅၁ ယောက် ထပ်ရှိတာကြောင့် အခုဆိုရင် သေဆုံးသူစုစုပေါင်း ၁ သိန်း ၂ သောင်းခွဲ ကျော်သွားပြီလို့လည်း ပြောပါတယ်။

အမေရိကန် တောင်ပိုင်းနဲ့ အနောက်ပိုင်းက ပြည်နယ် ၅ ခုမှာ နေ့စဉ် ဗိုင်းရပ်စ်ကူးစက်မှုတွေဟာ မနေ့စနေနေ့က စံချိန်တင် မြင့်တက်ခဲ့ပြီး ဖလော်ရီဒါပြည်နယ်မှာ ၉,၅၀၀ ကျော်၊ ဂျော်ဂျီယာပြည်နယ်မှာ ၁,၉၀၀ ကျော်၊ တောင်ကယ်ရိုလိုင်းနားမှာ ၁,၆၀၄ ယောက်၊ အရီဇိုးနားပြည်နယ်မှာ ၃,၅၉၁ ယောက်နဲ့ နီဗားဒါးပြည်နယ်မှာ ၁,၁၀၀ လောက် ရှိခဲ့ပါတယ်။ ဒါ့အပြင် တက္ကဆက်စ်ပြည်နယ်မှာလည်း မနေ့က ဗိုင်းရပ်စ်ကူးစက်ခံရသူ ၅,၇၀၀ ရှိပြီး ၄၂ ယောက် ထပ်သေတာကြောင့် သေဆုံးသူ စုစုပေါင်း ၄,၂၀၀ ရှိသွားပြီဖြစ်ပါတယ်။

တက္ကဆက်စ်ပြည်နယ် အုပ်ချုပ်ရေးမှူး Gregg Abott ကတော့ စားသောက်ဆိုင်တွေ ပြန်ဖွင့်တာကို လျှော့ချဖို့နဲ့ ဘားဆိုင်တွေကို ပိတ်ဖို့ ပြန်ပြီး ပြောလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာပေါ်မှာ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး အဲဒီနောက်မှာတော့ ဘရာဇီးနိုင်ငံက ကူးစက်သူ ၁.၃ သန်းကျော်နဲ့ ဒုတိယနဲ့ ရုရှားနိုင်ငံမှာတော့ ဒီနေ့မှာ နောက်ထပ် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၆,၇၀၀ ကျော်နဲ့ စုစုပေါင်း ၆၃၀,၀၀၀ ကျော်နဲ့ တတိယအများဆုံး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------------

(Unicode)







XS
SM
MD
LG