သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီချစ်ကြည်ရေးတံတား ပြန်ဖွင့်ဖို့ ထိုင်းနဲ့ မြန်မာ ညှိနှိုင်းနေ


မြဝတီချစ်ကြည်ရေးတံတားအမှတ် ( ၂) ( ဓါတ်ပုံ-Myanmar Hotelier Association-Golden Triangle Zone)
မြဝတီချစ်ကြည်ရေးတံတားအမှတ် ( ၂) ( ဓါတ်ပုံ-Myanmar Hotelier Association-Golden Triangle Zone)

(Zawgyi/Unicode)

COVID-19 ကပ်ရောဂါကာလမှာ ယာယီပိတ်ထားတဲ့ မြန်မာနဲ့ ထိုင်း ၂ နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်နိုင်ရေး ရှေ့သီတင်းထဲ ဆွေးနွေးဖို့ စီစဉ်နေတဲ့အကြောင်း ကိုဇော်ထက် ပြောပြပါမယ်။

ကပ်ရောဂါကူးစက်မှုတွေ လျော့ပါးလာတာနဲ့အမျှ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးလာချိန်မှာ မြန်မာနဲ့ထိုင်း ၂ နိုင်ငံကြား အဓိက ကုန်သွယ်ရေးလမ်းကြောင်းတခုဖြစ်တဲ့ မြဝတီနဲ့ မဲဆောက်မြို့ကြား ချစ်ကြည်ရေးတံတား အမှတ် (၁) ကို ပြန်ဖွင့်ဖို့ ညှိနှိုင်းနေကြတာပါ။ လက်တလော ချစ်ကြည်ရေးတံတားအမှတ် ( ၂) ကနေ ကုန်သွယ်ခွင့်ပြုထားပေမဲ့ မဲဆောက်မြို့နဲ့ အလှမ်းဝေးနေတာကြောင့် အမှတ် (၁) တံတာကိုပါ ပြန်ဖွင့်နိုင်ဖို့ ၂ နိုင်ငံတာဝန်ရှိသူတွေ ညှိနှိုင်းနေတာလို့လည်း မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။

“ ဒါကကျနော်တို့ နှစ်ဘက်က သဘောတူတယ်ဆိုရင် အဲဒီလုပ်ငန်း စလုပ်မှာပေါ့ခင်ဗျ။ ကုန်သွယ်မှု သီးသန့်အတွက် ထပ်ပြီးတော့ ဒေသတွင်းပစ္စည်း ကုန်သွယ်မှု တံတား (၁) ကိုပြန်ပြီးတော့ စတင်အသုံးပြုမှာခင်ဗျ။ တံတားတော့ မဖွင့်သေးဘူးပေါ့၊ တံတား ဖွင့်လို့တော့ မရသေးဘူး။”

အမှတ် ( ၁) တံတား ပြန်ဖွင့်မယ် ဆိုပေမဲ့လည်း အကန့်အသတ်တွေနဲ့သာ ခွင့်ပြုမှာ ဖြစ်တာကြောင့် ဒီကိစ္စတွေကို ရှေ့သီတင်းပတ် တွေ့ဆုံတဲ့အခါ အဓိက ဆွေးနွေးမယ်လို့လည်း ပြောပါတယ်။

" အဓိကတော့ ဒေသသုံးပေါ့၊ ဒေသသုံးပစ္စည်း အမယ် ၁၄၆ မျိုးရှိတယ်၊ အင်္ဂါနေ့လောက် စပြီးလုပ်ဖြစ်တယ် ဆိုရင်လည်း custom duty ( အကောက်ခွန်) ပုံမှန်အတိုင်းပဲ ဖြစ်နေဦးမယ်။ ဒါပေမဲ့ ကျနော်တို့ ( အစည်းအဝေးမှာ) ခွင့်ပြုချက် ရရင်တော့ နှုန်းတား လျော့သွားမှာပေါ့ခင်ဗျ။"

မကြာသေးခင်စလို့ ကပ်ရောဂါ ကူးစက်မှုတွေ လျော့ကျလာတဲ့ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်သွယ်ထားတဲ့ နယ်စပ်ဂိတ် ၃၇ ခုကိုပြန်ဖွင့်ပေးခဲ့ပေမဲ့ ခရီးသွားဧည့်သည်တွေ ဝင်ရောက်တာကိုတော့ တားမြစ်ထားဆဲဖြစ်ပါတယ်။ ၂ နိုင်ငံ ကုန်သွယ်ရေးမှာ အဓိကကျတဲ့ လမ်းကြောင်းတခုဖြစ်တဲ့ ထိုင်းနိုင်ငံမဲဆောက်မြို့နဲ့ မြန်မာနိုင်ငံ မြဝတီမြို့ကြား ကုန်သွယ်မှု ပမာဏဟာ ၂၀၁၉ ကနေ ၂၀၂၀ မေလအထိ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်ရှိတယ်လို့လည်း မြန်မာအစိုးရရဲ့ ကိန်းဂဏန်းတွေမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်


...............


(Unicode)







XS
SM
MD
LG