သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားမှာ COVID-19 ကူးစက်မှု ပြန်မြင့်တက်နေ


ဆိုးလ်မြို့တော်ခန်းမမှာ ကြော်ငြာထားတဲ့ COVID-19 သတိပေးချက်အနီး ဖြတ်သန်းသွးလာနေသူများ။ (နိုဝင်ဘာ ၂၅၊ ၂၀၂၀)
ဆိုးလ်မြို့တော်ခန်းမမှာ ကြော်ငြာထားတဲ့ COVID-19 သတိပေးချက်အနီး ဖြတ်သန်းသွးလာနေသူများ။ (နိုဝင်ဘာ ၂၅၊ ၂၀၂၀)

(Zawgyi / Unicode)

တောင်ကိုရီးယားနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ ပြန်မြင့်တက်နေပြီး နေ့စဉ် ဗိုင်းရပ်စ်ကူးစက်သူ ၅၀၀ ကျော်တာ အခုဆိုရင် ၃ ရက်ဆက်တိုက် ရှိသွားပြီဖြစ်ပါတယ်။

တောင်ကိုရီးယားမှာ ဒီနေ့ နောက်ထပ် ဗိုင်းရပ်စ်ကူးစက်သူ ၅၀၄ ယောက်ရှိပြီး စုစုပေါင်း ဗိုင်းရပ်စ်ကူးစက်သူ ၃၃,၃၇၅ ယောက်ထက်မနည်း ရှိတယ်လို့ တောင်ကိုရီးယားနိုင်ငံရဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနက ပြောပါတယ်။

ဒီနေ့ကူးစက်သူတွေထဲက ၃၃၀ ကတော့ ဆိုးလ်မြို့တဝိုက်က ဖြစ်ပေမယ့် တခြားမြို့ကြီးတွေမှာ ကူးစက်မှုတွေရှိတယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားအစိုးရက စီးပွားရေး ကျဆင်းလာနေတာတွေကို အထောက်အကူ ဖြစ်စေဖို့အတွက် ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ ကန့်သတ်မှုတွေကို ဖြေလျှော့ခဲ့ရာကနေ အခုလို ဗိုင်းရပ်စ်ကူးစက်မှုတွေ ပြန်ပြီးတော့ မြင့်တက်လာနေတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း နောက်ထပ် ဗိုင်းရပ်စ်ကူးစက်သူဦးရေ ၄၁,၃၂၂ ယောက်ရှိခဲ့ပြီး နေ့စဉ်ကူးစက်မှုတွေဟာ ထပ်ပြီးတော့ ကျဆင်းလာနေပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ ၂ ပတ်က အိန္ဒိယနိုင်ငံတဝန်းမှာ ကျင်းပခဲ့တဲ့ ဘာသာရေးပွဲတော်ကြောင့် ဗိုင်းရပ်စ်ကူးစက်မှုတွေ ပြန်တက်လာတဲ့ပုံတော့ မတွေ့ရပါဘူး။

အခုတပတ်အတွင်း အိန္ဒိယနိုင်ငံမှာ ကူးစက်မှုအရေအတွက် အများဆုံးက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကဖြစ်ပြီး ကူးစက်သူ ၄၄,၇၃၉ ယောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အခုဆိုရင် အိန္ဒိယနိုင်ငံမှာ နေ့စဉ်ကူးစက်သူဦးရေ ၅၀,၀၀၀ အောက်ရောက်တာဟာ ၃ ပတ်ရှိသွားပြီ ဖြစ်ပါတယ်။ ဒီနေ့မှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ နောက်ထပ် ၄၈၅ ယောက်ရှိတာကြောင့် သေဆုံးသူ စုစုပေါင်း ၁၃၆,၂၀၀ ရှိသွားပြီလို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)








XS
SM
MD
LG