(Zawgyi / Unicode)
ကမ္ဘာပေါ်မှာ ဆေးရုံသုံးအဆင့်လက်အိတ် အများဆုံးထုတ်လုပ်တဲ့ မလေးရှားကုမ္ပဏီ Top Glove Corp ပိုင်တဲ့ လက်အိတ်စက်ရုံ ၄ ရုံက အလုပ်သမားတွေ COVID-19 ကူးစက်ခံရတယ်လို့ အဲဒီကုမ္ပဏီက စနေနေ့က ကြေညာပါတယ်။
အလုပ်သမား ဘယ်နှစ်ယောက်နဲ့ ဘယ်တုန်းက ရောဂါစမ်းသပ် စစ်ဆေးခဲ့သလဲ ဆိုတာကို ကုမ္ပဏီက မပြောပေမယ့် မနှစ်တုန်းက ကုမ္ပဏီအလုပ်သမား ၅,၀၀၀ ကျော် ရောဂါကူးစက်ခံရပြီး တယောက်သေဆုံးတယ်ဆိုတဲ့သတင်း ထွက်ပေါ်အပြီးမှာ အခုလို ကြေညာခဲ့တာပါ။ ဒါက မလေးရှားနိုင်ငံအတွက်တော့ ရောဂါဖြစ်ပွားမှု အများဆုံး ကွင်းဆက်တခု ဖြစ်ပါတယ်။
အဲဒီစက်ရုံ ၄ ရုံစလုံးက အလုပ်သမားတွေကို ရောဂါစမ်းသပ် စစ်ဆေးပေးထားပြီး ရောဂါကူးစက်သူတွေကို သီးခြားခွဲထားတယ်လို့ ကုမ္ပဏီက ကြေညာထားပါတယ်။ စနေနေ့မှာ နောက်ထပ် ရောဂါစမ်းသပ်မှု အကြီးအကျယ် ပြုလုပ်မယ်လို့လည်း ပြောပါတယ်။
ရောဂါခြေရာခံလိုက်တာနဲ့ စမ်းသပ်စစ်ဆေးတာတွေကို စက်ရုံ ၂ ရုံမှာ လုပ်နေပြီလို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့အပတ်တုန်းကတော့ Top Glove ကုမ္ပဏီရဲ့ ရှယ်ယာ ၁.၀၇ ရာခိုင်နှုန်း ပိုင်ဆိုင်တဲ့ BlackRock Institutional Trust Co., က Top Glove ကုမ္ပဏီက အလုပ်သမားတွေကို ရောဂါရန်ကနေ ကာကွယ်ပေးဖို့ ဆိုးဆိုးရွားရွားကြီး ပျက်ကွက်ခဲ့တယ်ဆိုပြီး ဝေဖန်ခဲ့ပါတယ်။ Top Glove ကုမ္ပဏီရဲ့ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်တချို့ နုတ်ထွက်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါသေးတယ်။
COVID-19 ကာကွယ်ရေး လုံလုံလောက်လောက် မလုပ်ဘူးဆိုပြီး တိုးတိုးတိတ်တိတ် ပြောဆိုခဲ့သူ အတွင်းလူတဦးကို ကုမ္ပဏီက အလုပ်ဖြုတ်ပစ်ခဲ့တယ်လို့လည်း ရိုက်တာသတင်းက ပြောပါတယ်။
အလုပ်သမား ဝန်ထမ်းတွေရဲ့ သက်သာချောင်ချိရေး အဆင့်အတန်း ပြည့်မီစေဖို့ လုပ်ဆောင်စရာတွေ အများကြီး ရှိနေသေးတယ်လို့ ကုမ္ပဏီက ဝန်ခံထားသလို အမှားအယွင်းတွေကိုလည်း ပြင်ဆင်သွားမယ်လို့ ပြောပါတယ်။
--------------------------
(Unicode)
ဆေးရုံသုံးလကျအိတျ အမြားဆုံးထုတျတဲ့ မလေးရှားကုမ်ပဏီမှာ ကိုဗဈကူးစကျနေ
ကမ်ဘာပေါျမှာ ဆေးရုံသုံးအဆင့ျလကျအိတျ အမြားဆုံးထုတျလုပျတဲ့ မလေးရှားကုမ်ပဏီ Top Glove Corp ပိုငျတဲ့ လကျအိတျစကျရုံ ၄ ရုံက အလုပျသမားတှေ COVID-19 ကူးစကျခံရတယျလို့ အဲဒီကုမ်ပဏီက စနနေေ့က ကွညောပါတယျ။