ကိုဗစ္ကာကြယ္ေဆးထိုးဖို႔ ျငင္းဆန္သူေတြကို အေမရိကန္စစ္တပ္က ထုတ္ပယ္မည္
{{Zawgyi/Unicode}}
ကိုဗစ္ေရာဂါ ကာကြယ္ေဆးထိုးဖို႔ ျငင္းဆန္သူေတြကို တပ္ဖဲြ႕၀င္အျဖစ္က ထုတ္ပယ္သြားမွာျဖစ္ေၾကာင္း အေမရိကန္ စစ္တပ္က ဗုဒၶဟူးေန႔မွာပဲ ေျပာလိုက္ပါတယ္။ ကိုဗစ္ေရာဂါ ကာကြယ္ေဆးထိုးဖို႔ ျငင္းဆန္သူေတြ၊ ကာကြယ္ေဆး မထိုးတဲ့ အေၾကာင္းျပခ်က္ကို လက္ခံအတည္ျပဳတာ၊ ဒါမွမဟုတ္ စဥ္းစားေနဆဲျဖစ္ေၾကာင္း အေထာက္အထား မျပႏိုင္သူေတြကို တာ၀န္ကရပ္စဲၿပီး အေရးယူႏိုင္ေအာင္ သက္ဆိုင္ရာ တပ္မွဴးေတြက ခ်က္ျခင္းေဆာင္ရြက္ဖို႔ ၫႊန္ၾကားထားေၾကာင္း အေမရိကန္စစ္တပ္က ေၾကညာခ်က္ထုတ္ျပန္ခဲ့တာပါ။
ဒီအမိန္႔ဟာ အၿမဲတမ္းတပ္ဖဲြ႕၀င္ေတြ၊ လက္ရွိတာ၀န္ထမ္းေဆာင္ေနတဲ့ အရန္တပ္ဖဲြ႕ေတြနဲ႔ အရာရွိေလာင္းေတြ အားလုံးနဲ႔ အက်ဳံး၀င္တယ္လို႔လည္း ေျပာပါတယ္။ စစ္တပ္တခု အသင့္ရွိမႈဟာ၊ ေလ့က်င့္သင္ၾကားမႈေတြ၊ တာ၀န္ေပးေစလႊတ္မႈေတြ၊ ေရွ႕တန္းမွာ တိုက္ပဲြ၀င္ၿပီး အႏိုင္ရဖို႔ ျပင္ဆင္ထားတဲ့ စစ္သည္ေတြ အေပၚမွာ မူတည္ေနၿပီး၊ ကာကြယ္ေဆး မထိုးတဲ့ တပ္ဖဲြ႕၀င္ေတြဟာ စစ္တပ္အတြက္ အႏၲရာယ္ရွိသလို၊ အသင့္အေနအထား ရွိမႈကို ထိခိုက္ေစတယ္လို႔လည္း အေမရိကန္စစ္တပ္ အႀကီးတန္းအရာရွိ Christine Wormuth က ေၾကညာခ်က္မွာ ေျပာဆိုထားပါတယ္။
အေမရိကန္ စစ္တပ္ရဲ႕ ထုတ္ျပန္ခ်က္အရ ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလ ၂၆ ရက္ေန႔အထိ စာရင္းအရ လက္ရွိတာ၀န္ထမ္းေဆာင္ေနတဲ့ စစ္သည္ေတြရဲ႕ ၉၆ ရာခိုင္ႏႈန္းနဲ႔ အရန္တပ္ဖဲြ႕ေတြရဲ႕ ၇၉ ရာခိုင္ႏႈန္းဟာ ကာကြယ္ေဆး အျပည့္ထိုးၿပီး ျဖစ္ပါတယ္။
က်န္းမာေရး အေၾကာင္းျပခ်က္နဲ႔ ကာကြယ္ေဆး မထိုးမေနရ အမိန္႔ကေန ကင္းလြတ္ခြင့္ ေလွ်ာက္ထားသူ ၇၀၉ ေယာက္အနက္ ၆ ေယာက္ကို လက္ခံခဲ့ၿပီး၊ ၆၅၆ ေယာက္ကို ျငင္းပယ္ထားသလို၊ ၅၃ ေယာက္ကိုေတာ့ စဥ္းစားေနဆဲ ျဖစ္ပါတယ္။
ဘာသာေရးအေၾကာင္းျပခ်က္နဲ႔ ေလွ်ာက္ထားသူ ၂၉၁၀ ထဲမွာေတာ့ အတည္ျပဳလက္ခံသူ တေယာက္မွ မရွိေသးဘဲ ၂၆၄၄ ေယာက္ကို စဥ္းစားေနဆဲျဖစ္ပါတယ္။
..............................................................................
ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ငြင်းဆန်သူတွေကို အမေရိကန်စစ်တပ်က ထုတ်ပယ်မည်
{{Zawgyi/Unicode}}
ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးဖို့ ငြင်းဆန်သူတွေကို တပ်ဖွဲ့ဝင်အဖြစ်က ထုတ်ပယ်သွားမှာဖြစ်ကြောင်း အမေရိကန် စစ်တပ်က ဗုဒ္ဓဟူးနေ့မှာပဲ ပြောလိုက်ပါတယ်။ ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးဖို့ ငြင်းဆန်သူတွေ၊ ကာကွယ်ဆေး မထိုးတဲ့ အကြောင်းပြချက်ကို လက်ခံအတည်ပြုတာ၊ ဒါမှမဟုတ် စဉ်းစားနေဆဲဖြစ်ကြောင်း အထောက်အထား မပြနိုင်သူတွေကို တာဝန်ကရပ်စဲပြီး အရေးယူနိုင်အောင် သက်ဆိုင်ရာ တပ်မှူးတွေက ချက်ခြင်းဆောင်ရွက်ဖို့ ညွှန်ကြားထားကြောင်း အမေရိကန်စစ်တပ်က ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။
ဒီအမိန့်ဟာ အမြဲတမ်းတပ်ဖွဲ့ဝင်တွေ၊ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ အရန်တပ်ဖွဲ့တွေနဲ့ အရာရှိလောင်းတွေ အားလုံးနဲ့ အကျုံးဝင်တယ်လို့လည်း ပြောပါတယ်။ စစ်တပ်တခု အသင့်ရှိမှုဟာ၊ လေ့ကျင့်သင်ကြားမှုတွေ၊ တာဝန်ပေးစေလွှတ်မှုတွေ၊ ရှေ့တန်းမှာ တိုက်ပွဲဝင်ပြီး အနိုင်ရဖို့ ပြင်ဆင်ထားတဲ့ စစ်သည်တွေ အပေါ်မှာ မူတည်နေပြီး၊ ကာကွယ်ဆေး မထိုးတဲ့ တပ်ဖွဲ့ဝင်တွေဟာ စစ်တပ်အတွက် အန္တရာယ်ရှိသလို၊ အသင့်အနေအထား ရှိမှုကို ထိခိုက်စေတယ်လို့လည်း အမေရိကန်စစ်တပ် အကြီးတန်းအရာရှိ Christine Wormuth က ကြေညာချက်မှာ ပြောဆိုထားပါတယ်။
အမေရိကန် စစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့အထိ စာရင်းအရ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ စစ်သည်တွေရဲ့ ၉၆ ရာခိုင်နှုန်းနဲ့ အရန်တပ်ဖွဲ့တွေရဲ့ ၇၉ ရာခိုင်နှုန်းဟာ ကာကွယ်ဆေး အပြည့်ထိုးပြီး ဖြစ်ပါတယ်။
ကျန်းမာရေး အကြောင်းပြချက်နဲ့ ကာကွယ်ဆေး မထိုးမနေရ အမိန့်ကနေ ကင်းလွတ်ခွင့် လျှောက်ထားသူ ၇၀၉ ယောက်အနက် ၆ ယောက်ကို လက်ခံခဲ့ပြီး၊ ၆၅၆ ယောက်ကို ငြင်းပယ်ထားသလို၊ ၅၃ ယောက်ကိုတော့ စဉ်းစားနေဆဲ ဖြစ်ပါတယ်။
ဘာသာရေးအကြောင်းပြချက်နဲ့ လျှောက်ထားသူ ၂၉၁၀ ထဲမှာတော့ အတည်ပြုလက်ခံသူ တယောက်မှ မရှိသေးဘဲ ၂၆၄၄ ယောက်ကို စဉ်းစားနေဆဲဖြစ်ပါတယ်။