သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာနယ္စပ္ကုန္သြယ္ေရးမွာ ထိုင္းဘတ္ေငြ အသုံးျပဳခြင့္ေပးမည္


မဲေဆာက္ -ျမ၀တီကုန္သြယ္မႈဇုန္ အခ်င္းအခ်င္းကုန္ပစၥည္းမ်ား တင္ပုိ့ေနတဲ့ ျမင္ကြင္း။ (ေအာက္တိုဘာ ၂၆၊ ၂၀၂၀)

[[Zawgyi/Unicdoe]]

ထိုင္းနဲ႔ ျမန္မာအၾကားက နယ္စပ္ကုန္သြယ္ေရးအတြက္ ထိုင္းဘတ္ေငြကို ျမန္မာဘက္က အသုံးျပဳခြင့္ျပဳမယ္လို႔ ျမန္မာ ျပန္ၾကားေရးနဲ႔ ရင္းႏွီးျမဳပ္ႏွံမႈ ဝန္ႀကီးဌာေနတြက ေျပာပါတယ္။ အလားတူဘဲ အိႏၵိယနဲ႔ နယ္စပ္ကုန္သြယ္ေရးမွာလည္း အိႏၵိယ ႐ူပီးေငြကို မၾကာခင္ အသုံးျပဳခြင့္ ျပဳဖို႔ စီစဥ္ေနတယ္လို႔ ဆိုေပမယ့္ ဒီကိစၥနဲ႔ပတ္သက္လို႔ အိႏၵိယဘက္က တစုံတရာ တုန္႔ျပန္ ေျပာဆိုျခင္း မရွိေသးပါဘူး။

တ႐ုတ္နဲ႔ ျမန္မာအၾကားက နယ္စပ္ကုန္သြယ္ေရးမွာေတာ့ ျမန္မာစစ္ေကာင္စီဘက္က တ႐ုတ္ယြမ္ေငြကို အသုံးျပဳခြင့္ ျပဳထားၿပီး ျဖစ္ပါတယ္။

အခုလို ခြင့္ျပဳလိုက္တဲ့ေအၾကာင္းကိုေတာ့ ျမန္မာစစ္ေကာင္စီရဲ႕ ျပန္ၾကားေရးဝန္ႀကီး ဦးေမာင္ေမာင္အုန္းနဲ႔ ရင္းႏွီးျမဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီး ဦးေအာင္ႏိုင္ဦးတို႔က ပူးတြဲ ေၾကညာခ်က္ထုတ္ျပန္လိုက္တာျဖစ္ပါတယ္။

ေအမရိကန္ေဒၚလာေအပၚ မွီခိုအားထားမႈကို ေလ်ာ့ခ်လိုက္ျခင္းအားျဖင့္ ျပင္ပက ပထဝီႏိုင္ငံေရးေအျခေအေနေတြၾကာင့္ တ႐ုတ္တရက္ ျဖစ္ေပၚလာမယ့္ ေငြလွဲႏႈန္း ေအျပာင္းအလဲေတြကို ေရွာင္ရွားႏိုင္မယ္လို႔ ဝန္ႀကီးဌာန ၂ ခုက ပူးတြဲထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

အခုလို လုပ္ေဆာင္လိုက္ျခင္းအားျဖင့္ ျမန္မာႏိုင္ငံရဲ႕ စီးပြားေရး ျပန္နာလန္ထူေရးအစီအစဥ္ကို ေအထာက္အကူျပဳေစမွာ ျဖစ္သလို၊ ေလာင္စာဆီေစ်းေတြ​ျမႇင့္တက္ေေနပမယ့္ ၂၀၂၂ ခုႏွစ္ ဘ႑ာႏွစ္အတြက္ ျမန္မာႏိုင္ငံရဲ႕ ျပည္တြင္း အသားတင္ ကုန္ထုတ္လုပ္ႏႈန္းထားဟာ အထိုက္ေအလ်ာက္ တိုးတက္မႈရွိမယ္လို႔လည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

မႏွစ္က စစ္တပ္က အာဏာသိမ္းလိုက္ၿပီး ျဖစ္ေပၚလာတဲ့ ေနာက္ဆက္တြဲ​ အာဏာဖီဆန္မႈနဲ႔ မညိမ္သက္မႈေေတြၾကာင့္ ျမန္မာႏိုင္ငံရဲ႕ စီးပြားေရး သိသိသာသာ က်ဆင္းသြားခဲ့ပါတယ္။ အလားတတူဘဲ ေဒၚလာနဲ႔လွဲလွယ္တဲ့ ျမန္မာက်ပ္ေငြတန္ဖိုးဟာလည္း က်ဆင္းသြားခဲ့ပါတယ္။

အတိုက္အခံအင္အားစုေတြက ျမန္မာႏိုင္ငံရဲ ဘဏ္နဲ႔ ေေငြၾကးလည္ပတ္မႈစံနစ္ ပ်က္ျပားေအာင္ လုပ္ေဆာင္ခဲ့တဲ့အတြက္ မႏွစ္က က်ပ္ေငြတန္ဖိုး ထိုးက်သြားခဲ့တာလို႔လည္း ျပန္ၾကားေရးနဲ႔ ရင္းႏွီးျမဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာေနတြက ထုတ္ျပန္တဲ့ ပူးတြဲ​ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

တ႐ုတ္ႏိုင္ငံၿပီးရင္း ထိုင္းႏိုင္ငံဟာ ျမန္မာႏိုင္ငံအတြက္ ဒုတိယအႀကီးဆုံး ကုန္သြယ္ဘက္ႏိုင္ငံျဖစ္ပါတယ္။ ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္အတြင္း ထိုင္းနဲ႔ ျမန္မာႏိုင္ငံအၾကားက ကုန္သြယ္ေရးဟာ ေအမရိကန္ေဒၚလာ ၅.၃ ဘီလီယံရွိခဲ့တယ္လို႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

[[Unicode]]

ထိုင်းနဲ့ မြန်မာအကြားက နယ်စပ်ကုန်သွယ်ရေးအတွက် ထိုင်းဘတ်ငွေကို မြန်မာဘက်က အသုံးပြုခွင့်ပြုမယ်လို့ မြန်မာ ပြန်ကြားရေးနဲ့ ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာနေတွက ပြောပါတယ်။ အလားတူဘဲ အိန္ဒိယနဲ့ နယ်စပ်ကုန်သွယ်ရေးမှာလည်း အိန္ဒိယ ရူပီးငွေကို မကြာခင် အသုံးပြုခွင့် ပြုဖို့ စီစဉ်နေတယ်လို့ ဆိုပေမယ့် ဒီကိစ္စနဲ့ပတ်သက်လို့ အိန္ဒိယဘက်က တစုံတရာ တုန့်ပြန် ပြောဆိုခြင်း မရှိသေးပါဘူး။

တရုတ်နဲ့ မြန်မာအကြားက နယ်စပ်ကုန်သွယ်ရေးမှာတော့ မြန်မာစစ်ကောင်စီဘက်က တရုတ်ယွမ်ငွေကို အသုံးပြုခွင့် ပြုထားပြီး ဖြစ်ပါတယ်။

အခုလို ခွင့်ပြုလိုက်တဲ့အေကြာင်းကိုတော့ မြန်မာစစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းနဲ့ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးတို့က ပူးတွဲ ကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အေမရိကန်ဒေါ်လာအေပါ် မှီခိုအားထားမှုကို လျော့ချလိုက်ခြင်းအားဖြင့် ပြင်ပက ပထဝီနိုင်ငံရေးအေခြအေနေတွေကြာင့် တရုတ်တရက် ဖြစ်ပေါ်လာမယ့် ငွေလှဲနှုန်း အေပြာင်းအလဲတွေကို ရှောင်ရှားနိုင်မယ်လို့ ဝန်ကြီးဌာန ၂ ခုက ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုလို လုပ်ဆောင်လိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြန်နာလန်ထူရေးအစီအစဉ်ကို အေထာက်အကူပြုစေမှာ ဖြစ်သလို၊ လောင်စာဆီဈေးတွေမြှင့်တက်ေနေပမယ့် ၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံရဲ့ ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်နှုန်းထားဟာ အထိုက်အေလျာက် တိုးတက်မှုရှိမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မနှစ်က စစ်တပ်က အာဏာသိမ်းလိုက်ပြီး ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ အာဏာဖီဆန်မှုနဲ့ မညိမ်သက်မှုေတွေကြာင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ အလားတတူဘဲ ဒေါ်လာနဲ့လှဲလှယ်တဲ့ မြန်မာကျပ်ငွေတန်ဖိုးဟာလည်း ကျဆင်းသွားခဲ့ပါတယ်။

အတိုက်အခံအင်အားစုတွေက မြန်မာနိုင်ငံရဲ ဘဏ်နဲ့ ေငွေကြးလည်ပတ်မှုစံနစ် ပျက်ပြားအောင် လုပ်ဆောင်ခဲ့တဲ့အတွက် မနှစ်က ကျပ်ငွေတန်ဖိုး ထိုးကျသွားခဲ့တာလို့လည်း ပြန်ကြားရေးနဲ့ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနေတွက ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံပြီးရင်း ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံအတွက် ဒုတိယအကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံဖြစ်ပါတယ်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ထိုင်းနဲ့ မြန်မာနိုင်ငံအကြားက ကုန်သွယ်ရေးဟာ အေမရိကန်ဒေါ်လာ ၅.၃ ဘီလီယံရှိခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက္႐ိုက္ လင့္ခ္

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG