သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ပြည်နယ် တိုက်ပွဲတွေအတွင်း ထိခိုက်သေဆုံးမှုတွေရှိ


တိုက်ခိုက်ခံရသည့် မြဝတီကုန်သွယ်ရေးဇုန်အဆောက်အဦအတွင်းတနေရာ (မတ် ၂၆၊ ၂၀၂၃)
တိုက်ခိုက်ခံရသည့် မြဝတီကုန်သွယ်ရေးဇုန်အဆောက်အဦအတွင်းတနေရာ (မတ် ၂၆၊ ၂၀၂၃)

ကရင်ပြည်နယ်မှာ မကြာသေးခင်ရက်တွေက တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့သလို၊ ဖမ်းဆီးမိသူတွေ ရှိခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေက ပြောပါတယ်။ မြဝတီမြို့က ကုန်သွယ်ရေးဇုန်နဲ့ သင်္ဃန်းညီနောင် ရဲစခန်းကို တိုက်ခိုက်ခဲ့မှုတွေမှာ အရပ်သားတချို့အပြင် လုံခြုံရေးတပ်ဖွဲ့ဝင် သေဆုံးမှုတွေရှိကြောင်း စစ်ကောင်စီဖက်ကလည်း သတင်းထုတ်ပြန်ထားပေမဲ့ အတိအကျတော့ မပြောပါဘူး။ စစ်ရေးတင်းမာနေတဲ့ ကရင်ပြည်နယ်က နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်အတွင်းမှာပြီးခဲ့တဲ့ရက်က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေဟာပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်ကအသေအပျောက်စာရင်းတွေရှိခဲ့ပါတယ်။ မြဝတီမြို့က ကုန်သွယ်ရေးဇုန်နဲ့သင်္ကန်းညီနောင်ရဲစခန်းတိုက်ခိုက်မူ့အတွင်းမှာ ဆယ်ဂဏန်းလောက်သေဆုံးသူတွေရှိတယ်လို့ပူးပေါင်းတပ်ဖွဲ တွေဘက်ကပြောပါတယ် ။ တိုက်ပွဲတွေအတွင်းမှာစစ်ကောင်စီဘက်က စစ်သုံ့ပန့်တွေ ဖမ်းမိထားတာရှိပေမယ့် အတိအကျအရေအတွက်ကိုတော့သတင်းမထုတ်ရသေးဘူးလို့ ကရင်အမျိုးသားအစည်းအရုံးသတင်းနဲ့ပြန်ကြားရေးဌာန ဒုတိယတာဝန်ခံဖဒိုကလယ်စေးကပြောပါတယ်။

"ဖမ်းမိတာတော့ကြားပါတယ် ရှေ့တန်းဘက်ကတော့ ကျနော်တို့ဆီကိုသတင်းတော့မပို့သေးဘူး။ ရှေ့တန်းမှာတိုက်ပွဲလည်းမပြတ်သေးတော့အစီရင်ခံစာတွေမတက်လာသေးတာလည်းပါပါတယ်"

ပူးပေါင်းတပ်ဖွဲ တွေဘက်က တဦးသေဆုံးခဲ့သလို ဒဏ်ရာရသူတချို့ှရှိခဲ့ပါတယ်။ ဒါအပြင် ပူးပေါင်းတပ်ဖွဲတွေဘက်ကတော့ စစ်ကောင်စီဘက်က စစ်သုံ့ပန်းတွေ ဒါဇင်ကျော်ဖမ်းမိထားတယ်လို့ဆိုပါတယ်။ ဒီစစ်သုံ့ပန်းတွေကိုတော့ သေချာထိမ်းသိမ်းထားတယ်လို့ဆိုပါတယ်။ ကေအန်ယူကတော့ကုသမဂကသတ်မှတ်ထားတဲ့စစ်သုံ့ပန်းတွေနဲ့ ပတ်သက်တဲ့နိုင်ငံတကာကျင့်ဝတ်တွေကိုလိုက်နာသလို သူရဲတပ်ဖွဲ့တွေကိုလည်းလိုက်နာဖို့ညွှန်ကြားထားတယ်လို့လည်း ပြောပါတယ်။

"UNရဲ့ချာတာအရ စစ်သုံ့ပန်းနဲ့ ပတ်သက်တဲ့ကျင့်ဝတ်ဆယ်ပါးဆိုတာကို ကျနော်တို့ကေအန်အယ်လ်အေတပ်ထဲမှာရှိတယ် ယူအန်ကထုတ်ပြန်ထားတဲ့အတိုင်းသဘောတူညီချက်တွေ လက်မှတ်ထိုးတာ စစ်သုံ့ပန်းတွေကို သေချာထိမ်းသိမ်းပြီးပြန်လွှတ်ပေးရမယ်ဆိုတာတွေရှိပါတယ် ။အဲဒါတွေကသဘောတူညီမူတွေရှိထားတယ် ဒီအတိုင်းပဲကျင့်ဝတ်ဆယ်ပါးကိုလိုက်နာရမယ်ဆိုတာကို ကျနော်တို့ကလည်း ကျနော်တို့တပ်တွေကိုညွှန်ကြားထားပါတယ်"

မတ်လ၂၅ရက်နေ့ကတိုက်ပွဲတွေအတွင်း ဒုရဲစခန်းမူးအပါအဝင် တပ်ကြပ်တွေ ဒုတပ်ကြပ်တွေ အပါအဝင် တပ်သားတချို့ကိုဖမ်းဆီးထားတယ်လို့သိရပါတယ်။ အရင်တုန်းကလည်း အခုလို့စစ်သုံ့ပန့်တွေ ဖမ်းမိထားတာတွေရှိပြီးတချို့ကိုနေရပ်ပြန်စေခဲ့ပါတယ်။ တချို့ကိုတော့ သူတို့ဆန္ဒအတိုင်းရွေးချယ်ခွင့်ပေးခဲ့ပါတယ်။ များသောအားဖြင့်တော့ ဖမ်းမိသူတွေဟာ စစ်ကောင်စီဘက်က အရေးယူမှာစိုးရိမ်ပြီး မပြန်ရဲကြတော့ဘဲ နယ်စပ်မှာပဲနေထိုင်ကြသူတွေများပါတယ်။ လက်ရှိမှာတော့ တိုက်ပွဲတွေက မငြိမ်သက်သေသလို ၃ရက်အတွင်းမှာ အရပ်သားသေဆုံးမူတွေ ထိခိုက်ဒဏ်ရာရမူတွေလည်းအများအပြားရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG