သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားရေကြီးမှု လူပေါင်း ၆,၀၀၀ ကျော် သေဆုံးပြီး ၁၀,၀၀၀ ပျောက်နေ 


LIBYA-STORM/DERNA
LIBYA-STORM/DERNA

အနောက်အာဖရိကတိုက်က လစ်ဗျားနိုင်ငံမှာ အပြင်းအထန်ရေကြီးမှုကြောင့် လူပေါင်း ၆,၀၀၀ ကျော် သေဆုံးခဲ့ပြီး နောက်ထပ် ၁၀,၀၀၀ ပျောက်ဆုံးနေကြောင်း အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ပျောက်ဆုံးနေသူတွေဟာ မြေထဲပင်လယ်ထဲမျောပါသွားတာ ဒါမှမဟုတ် အပျက်အစီးပုံတွေကြားအောက်မှာ ပိတ်မိနေတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) ရဲ့ ထုတ်ပြန်ချက်မှာတော့ လစ်ဗျားအရှေ့ခြမ်းက ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၃၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ဖော်ပြထားပါတယ်။ ပျက်စီးမှု အများအပြားဖြစ်ခဲ့တဲ့ ဆိပ်ကမ်းမြို့ ဒါနာ (Derna) ကနေ အနည်းဆုံး လူ ၃၀,၀၀၀ စွန့်ခွာခဲ့ရပြီး ဘန်ဂါဇီအပါအဝင် အခြားဒေသတွေကနေလည်း လူပေါင်း ထောင်နဲ့ချီ ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း IOM က ပြောပါတယ်။

ဒယ်နီရဲလ် (Daniel) လို့ အမည်ပေးထားတဲ့ မုန်တိုန်းကြောင့် မိုးသည်းထန်စွာရွာသွန်းတာအပြင် ဒါနာမြို့ရဲ့အထက်ဘက်က ဆည်နှစ်ခုကျိုးကျခဲ့လို့ ရေလွှမ်းမိုးနေတာပါ။ ဆယ်စုနှစ်တခုကြာ စင်ပြိုင်အစိုးရနှစ်ရပ်စစ်ဖြစ်နေတဲ့လစ်ဗျားမှာ အခု ရေဘေးသင့်မှုကြောင့် အမှန်တကယ် သေဆုံးသူဦးရေအတိအကျကို အတည်ပြုဖို့ ခက်ခဲနေပါတယ်။ သေဆုံးသူအရေအတွက်က နှစ်ဆဖြစ်နိုင်တယ်လို့ တချို့ တာဝန်ရှိသူတွေက ထုတ်ပြောပါတယ်။

လစ်ဗျားအရှေ့ပိုင်းကို အုပ်ချုပ်နေတဲ့ အရပ်ဘက်လေကြောင်းဆိုင်ရာဝန်ကြီး Hichem Abu Chkiouat က ဒါနာမှာ အလောင်းပေါင်း ၅,၃၀၀ ကျော် တွေ့ရှိထားတယ်လို့ ရိုက်တာကို ပြောပါတယ်။ ရေဘေးသင့်သူတွေအတွက် ဆေးဝါးနဲ့ အခြား အရေးပေါ်အကူအညီတွေလိုအပ်နေကြောင်း ဒေသခံတွေနဲ့ အကူအညီပေးရေး အဖွဲ့တွေကလည်း ဗွီအိုအေကို ပြောပါတယ်။

လစ်ဗျားရေကြီးမှု လူပေါင်း ၆,၀၀၀ ကျော် သေဆုံးပြီး ၁၀,၀၀၀ ပျောက်နေ
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG