သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၄ ခုနှစ်မှာ မြန်မာ ပြည်တွင်းဒုက္ခသည်တွေအတွက် ဒေါ်လာ သန်းတထောင်နီးပါးလိုအပ်


မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းအား လေကြောင်းတိုက်ခိုက်မှုအပြီးတွေ့ရစဉ် (အောက်တိုဘာ ၁၀၊ ၂၀၂၄)
မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းအား လေကြောင်းတိုက်ခိုက်မှုအပြီးတွေ့ရစဉ် (အောက်တိုဘာ ၁၀၊ ၂၀၂၄)

၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံထဲက ဒုက္ခသည်တွေကို လူသားချင်းစာနာမှုအကူအညီ ပေးဖို့အတွက် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေက မကြုံစဖူး အမေရိကန် ဒေါ်လာ သန်းတထောင်နီးပါး (ဒေါ်လာ ၉၉၅ သန်း) အကူအညီ တောင်းခံထားတဲ့အကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင် ညှိနှိုင်းရေးမှူးရုံး UNOCHA က ပြောဆိုပါတယ်။

လူသားချင်းစာနာမှုအကူအညီရော၊ ဖွံဖြိုးရေး အစီအစဉ်တွေအတွက်ပါ လိုအပ်တဲ့ ပမာဏထက် အကြီးအကျယ် လျော့နည်းနေတာကို ထောက်ပြပြီး အရေးပေါ် ကူညီနိုင်အောင် ထောက်ပံ့ဖို့ နိုင်ငံတကာ အသိုင်းအဝန်းကို UNOCHA အဖွဲ့ကြီးက တောင်းဆိုပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ စစ်တပ်အာဏာမသိမ်းခင်က လူသားချင်းစာနာမှု အကူအညီ လိုအပ်သူ တသန်းပဲ ရှိခဲ့ပေမဲ့ အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ ၁၈ သန်းအထိ တိုးလာခဲ့တာကို ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင် ညှိနှိုင်းရေးမှူးရုံး UNOCHA ရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

လက်ရှိ အိုးအိမ်စွန့်ခွာ ထွက်ပြေးသူ နှစ်သန်းခြောက်သိန်း အထိ ရှိပြီး လူတော်တော်တော်များများဟာ သူတို့ နေအိမ်တွေ အကြိမ်ကြိမ် ပျက်ဆီးဆုံးရှုံးရတာကြောင့် ဘဝ ပြန်လည်တည်ဆောက်ဖို့၊ ပြန်လည်ထူထောင်ဖို့ အင်အား မရှိတော့သလောက် အခြေအနေ ရောက်နေပြီလို့ ပြောဆိုပါတယ်။ ရှမ်းပြည်နယ်အတွင်း အပစ်အခတ်ရပ်စဲရေး မခိုင်မာတဲ့ အခြေအနေ၊ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်လာတဲ့ အခြေအနေတွေကြောင့် အိုးမဲ့ အိမ်မဲ့စွန့်ခွာထွက်ပြေးပြီး အတိဒုက္ခရောက်သူတွေ ပိုများလာတာကို UNOCHA အဖွဲ့က ထောက်ပြပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ မြန်မာနိုင်ငံတဝန်း လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် အကူအညီအတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေကတဆင့် အမေရိကန်ဒေါ်လာ ၃၁၇ သန်းကျော် ထောက်ပံ့ပေးထားတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက VOA ကို ပြောပါတယ်။

XS
SM
MD
LG