သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ကောင်စီ တပ်သား ၃ ဦး ဘင်္ဂလားဒေ့ရှ်ဘက် ခိုလှုံ


ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် တက္ကနဖ်မှာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်က မြန်မာနိုင်ငံဘက်က ထွက်ပြေးလာတဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့တွေကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) က စောင့်ကြပ် ထိန်းသိမ်းနေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - AFP)
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် တက္ကနဖ်မှာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်က မြန်မာနိုင်ငံဘက်က ထွက်ပြေးလာတဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့တွေကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) က စောင့်ကြပ် ထိန်းသိမ်းနေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - AFP)

ရက္ခိုင့်တပ်တော် (AA) နဲ့ တိုက်ပွဲတွေကြောင့် မြန်မာစစ်ကောင်စီ တပ်သား (၃) ဦးဟာ မတ်လ ၃၀ ရက် (စနေနေ့) နံနက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံလာခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းတွေမှာ ဒေသခံအာဏာပိုင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဖော်ပြကြပါတယ်။ ရခိုင်ပြည်နယ်နဲ့ နယ်နိမိချင်းထိစပ်နေတဲ့ စစ်တကောင်းပြည်နယ်၊ ဘန်ဒါဘန် ခရိုင် နိုင်ခွန်ချာရီ (Naikhhongchhari) မှာ ထွက်ပြေးလာသူတွေကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က လက်နက်ဖြုတ်သိမ်းပြီး သူတို့ကို ဘေးကင်းလုံခြုံတဲ့ နေရာမှာ ခိုလှုံခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

အရင်ကလည်း ဘန်ဒါဘန်ကို မြန်မာဘက်ကနေ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက် ခိုလှုံခဲ့ကြဖူးပြီး အခုနောက်ဆုံး ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘန်ဒါဘန် လက်ထောက်ကော်မရှင်နာမင်းကြီး ရှားမူဂျာဟစ် အူဒင် (Shah Mujahid Uddin) က ဘင်္ဂလားဒေ့ရှ်သတင်းတွေကို အတည်ပြုထားပါတယ်။ ထွက်ပြေးလာသူ (၃) ဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) က ထိန်းသိမ်းထားကြောင်း ဒေသအရာရှိ မိုဟာမက် မိုဟာမက်ဇာကာရီယာကလည်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် ဒေလီစတားသတင်းစာကို ပြောပါတယ်။

မြန်မာတပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘူးသီးတောင်၊ မောင်တော မြို့နယ်တွေရဲ့ အထက်ဘက် Tumbru နယ်စပ် ကိုနာပါရာ (Konapara) က တဆင့် ဝင်ရောက်ခဲ့ကြတာလို့ ပြောပါတယ်။ ကော့ဘဇား (Cox's Baza) ခရိုင်၊ တက္ကနက်ဖ် (Teknaf) နဲ့ စိန့်မာတင် တလျှောက် နတ်မြစ်ကို ဖြတ်ပြီး မြန်မာဘက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အသံတွေကြားနေရတယ်လို့လည်း အဲဒီက ဒေသခံတွေက ပြောကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းတွေမှာ ရေးပါတယ်။

မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့တွေကို ကော့ဘဇားမှာ ဖေဖော်ဝါရီ ၁၅ ရက်က သင်္ဘောတွေနဲ့ ပြန်လည် ပို့ဆောင်ခဲ့တဲ့ မြင်ကွင်း။ (ဓာတ်ပုံ - AFP)
မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့တွေကို ကော့ဘဇားမှာ ဖေဖော်ဝါရီ ၁၅ ရက်က သင်္ဘောတွေနဲ့ ပြန်လည် ပို့ဆောင်ခဲ့တဲ့ မြင်ကွင်း။ (ဓာတ်ပုံ - AFP)

မတ်လ ၁၁ ရက်နေ့တုန်းကလည်း မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၇၉ ဦးထက်မနည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေး ခိုလှုံခဲ့ကြပြီး သူတို့ဟာ လက်ရှိတိုင် ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေဆဲ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ခိုလှုံလာတဲ့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် အများစုပါတဲ့ မြန်မာနိုင်ငံသား ၃၃၀ ဦးကိုတော့ ဖေဖော်ဝါရီ ၁၅ ရက်မှာ မြန်မာနိုင်ငံကို ပြန်ပို့ခဲ့ပါတယ်။ ဒီထဲမှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၃၀၂ ဦး၊ မိသားစုဝင် ၄ ဦး၊ စစ်တပ်ဖွဲ့ နှစ်ဦး၊ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ဝင် ၁၈ ဦးနဲ့ အရပ်သား ၄ ဦးတို့ ပါဝင်ပါတယ်။ သူတို့ဟာ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲတွေ အရှိန်မြင့်လာလို့ ဘန်ဒါဘန်နဲ့ ကော့ဘဇားနယ်စပ်ကတဆင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်တုန်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ကြသူတွေ ဖြစ်ပါတယ်။

မြန်မာ့အရေး အိန္ဒိယရပ်တည်ချက်
please wait

No media source currently available

0:00 0:05:30 0:00


ရခိုင်ပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာလည်း ထိခိုက်မှုတွေ ရှိနေပြီး ဖေဖော်ဝါရီ ၅ ရက်တုန်းကလည်း ဘန်ဒါဘန် မှာ မြန်မာနိုင်ငံဘက်ခြမ်းက ပစ်လွှတ်လိုက်တဲ့ မော်တာကျည်ဆန်တခု ကျရောက် ပေါက်ကွဲလို့ ဘင်္ဂလားဒေ့ရှ် ဒေသခံ အမျိုးသမီး ၁ ဦးနဲ့ သက်ကြီးပိုင်း ရိုဟင်ဂျာ အမျိုးသား ၁ ဦးတို့ သေဆုံးခဲ့ပါတယ်။

အဲဒီ ဖြစ်စဉ်တွေ အပြီးမှာ မြန်မာနိုင်ငံရဲ့ အခြေအနေ က တနေ့တခြား ပိုဆိုးလာနေပြီး မြန်မာ့ပဋိပက္ခတွေက အိမ်နီးချင်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစလုံးအတွက် စိုးရိမ်စရာ ဖြစ်လာနေတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဟာဆန် မာမွတ် (Hasan Mahmud) က သတိပေး ပြောခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG