သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

PKK ကာ့ဒ်သူပုန်အဖွဲ့ အပစ်ရပ်ကြေညာ 


အကျဉ်းချခံနေရတဲ့ ကာ့ဒ်စစ်သွေးကြွ အဖွဲ့ခေါင်းဆောင် Ocalan (အိုဂျာလန်) က PKK (Kurdistan အလုပ်သမားပါတီ) ကို ဖျက်သိမ်း လက်နက်ချဖို့ တောင်းဆိုခဲ့။ ဓာတ်ပုံ - REUTERS/Sertac Kayar/File Photo
အကျဉ်းချခံနေရတဲ့ ကာ့ဒ်စစ်သွေးကြွ အဖွဲ့ခေါင်းဆောင် Ocalan (အိုဂျာလန်) က PKK (Kurdistan အလုပ်သမားပါတီ) ကို ဖျက်သိမ်း လက်နက်ချဖို့ တောင်းဆိုခဲ့။ ဓာတ်ပုံ - REUTERS/Sertac Kayar/File Photo

အကျဉ်းကျခံနေရတဲ့ PKK ကာ့ဒ်အလုပ်သမားပါတီ ခေါင်းဆောင် Abdullah Ocalan (အဗ္ဗဒူလာ အိုဂျာလန်) က သူ့အဖွဲ့ကို လက်နက်ချဖို့ ပြောကြားခဲ့တဲ့နောက် ကဒ် သူပုန်တွေက စနေနေ့မှာ အပစ်အခတ်ရပ်စဲကြောင်း ကြေညာလိုက်ပါတယ်။ ဒါဟာ ကဒ်အဖွဲ့ရဲ့ နှစ်ပေါင်း ၄၀ ကျော် လက်နက်ကိုင် တော်လှန်နေမှုတွေ အဆုံးသတ်သွားစေတာလည်း ဖြစ်ပါတယ်။

PKK ခေါင်းဆောင် အိုဂျာလန်က အဖွဲ့ကို ဖျက်သိမ်းဖို့နဲ့ လက်နက်ချဖို့ ဒီသီတင်းပတ် အစောပိုင်းမှာ ပြောကြားခဲ့တာ ဖြစ်ပြီး PKK က အခု စနေနေ့မှာ ပထမဆုံးတုံ့ပြန်ဆောင်ရွက်တာပါ။

ခေါင်းဆောင် အိုဂျာလန်တောင်းဆိုတဲ့ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ လူမှုအဖွဲ့အစည်း တည်ထောင်ရေးကို အကောင်ထည်ဖေါ်ဖို့ အခုလို အပစ်အခတ် ရပ်စဲတာ ဖြစ်ကြောင်း PKK အမှုဆောင် ကော်မတီက သတင်း ထုတ်ပြန်ပါတယ်။

သူတို့ တပ်ဖွဲ့ဝင်တွေဟာ သူတို့ကို လာပြီးတိုက်ခိုက်မှသာ ပြန်လည် တိုက်ခိုက်မှာ ဖြစ်ကြောင်း အီရတ်နိုင်ငံ မြောက်ပိုင်းမှာ အခြေစိုက်တဲ့ PPK ကော်မတီက ပြောပါတယ်။

တူရကီလူဦးရေ ၈၅ သန်းမှာ ရာခိုင်နှုန်း ၂၀ ရှိနေတဲ့ ကဒ်လူမျိုးတွေက လွတ်လပ်ရေးရဖို့ ၁၉၈၄ ခုနှစ်ကတည်းက လက်နက်ကိုင် တော်လှန်နေတာ ဖြစ်ပြီး ဒီ PKK အဖွ့ဲကို တူရကီ၊ အမေရိကန်နဲ့ အီးယူ ဥရောပသမဂ္ဂ တို့က အကြမ်းဖက် အဖွဲ့အစည်း အဖြစ် ကြေညာထားတာပါ။

သိပ်မကြာခင်ကတော့ ဒီအဖွဲ့ကလွတ်လပ်ရေးရဖို့ထက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပိုရဖို့၊ ကဒ်တွေရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ ဘာသာစကား သုံးစွဲခွင့်ရဖို့ အတွက် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

သူတို့အဖွဲ့ခေါင်းဆောင် အိုဂျာလန် ကတော့ ၁၉၉၉ ကတည်းက အကျဉ်းချခံခဲ့ရတာ ဖြစ်ပြီး ကဒ်တွေရဲ့ တော်လှန်ရေးကနေ သေဆုံးရသူ ၄ သောင်း ကျော်နေပြီဖြစ်ပါတယ်။

အကျဉ်းကျနေတဲ့ အိုကာလန် နဲ့ ကဒ်တွေကို လိုလားတ့ DEM ပါတီ တို့ အကြိမ်များစွာ တွေ့ဆုံခဲ့ပြီးတဲ့နောက် ကြာသပတေးနေ့ကတော့ အိုကာလန် က သူ့အဖွဲ့ကို လက်နက်ချဖို၊့ အဖွဲ့ကို ဖျက်သိမ်းဖို့နဲ့ ညီလာခံခေါ်ယူဖို့ DEM ပါတီကနေ တဆင့် ပြောကြားခဲ့တာပါ။

PKK ပါတီကလည်း သူတို့ ခေါင်းဆောင်လိုလားတဲ့ အတိုင်း ညီလာခံ ခေါ်ယူဖို့ အသင့်ရှိကြောင်းနဲ့ ဒီလိုညီလာခံ ခေါ်ယူမယ် ဆိုရင် လုံခြုံစိတ်ချရတဲ့ ဝန်းကျင်ဖန်တီးပေးဖို့ လိုအပ်သလို သူတို့ခေါင်းဆောင် အိုဂျာလန်ကိုယ်တိုင် ပါဝင်မှ ရမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

PKK ကာ့ဒ်သူပုန်အဖွဲ့ အပစ်ရပ်ကြေညာ
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG