သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ဆိုင်ရာမူဝါဒ ကန်ပြန်လည်သုံးသပ်နေ


အာဖဂန်နစ္စတန်နိုင်ငံ၊ ကာဘူးလ်မြို့က အမျိုးသမီးစာကြည့်တိုက်ဖွင့်ပွဲတက်ရောက်လာသူ အမျိုးသမီးများ။ (ဩဂုတ် ၂၄၊ ၂၀၂၂)  

ဧပြီ ၁၉။ ၂၀၂၃ (ဗွီအိုအေ၊ မြန်မာ)

အာဖဂန်နစ္စတန်ရဲ့ တာလီဘန်အာဏာပိုင်တွေနဲ့ ၂ နှစ်နီးပါးကြာ သံတမန်ရေး အကျပ်အတည်းဖြစ်ခဲ့ပြီးနောက် အာဖဂန်ဆိုင်ရာမူဝါဒကို အမေရိကန်အစိုးရက ပြန်လည်သုံးသပ်နေပါတယ်။

အာဖဂန်မှာ ကြမ်းတမ်းခက်ထန်တဲ့တာလီဘန်အုပ်ချုပ်မှုလို့ အမေရိကန်တာဝန်ရှိသူတွေ ခေါ်ဝေါ်ထားတာပါ။ ကုလသမဂ္ဂအေဂျင်စီတွေမှာ အာဖဂန်အမျိုးသမီးတွေ အလုပ်လုပ်တာကို တာလီဘန်ကတားမြစ်တာကြောင့် အာဖဂန်နစ္စတန်နိုင်ငံတွင်းက လုပ်ငန်းတွေရပ်ဆိုင်းဖို့ ကုလသမဂ္ဂက စဉ်းစားနေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာချိန်မှာပဲ အမေရိကန်ရဲ့ အာဖဂန်မူဝါဒသုံးသပ်မှု ထွက်ပေါ်လာတာပါ။

အာဖဂန်နစ္စတန်နိုင်ငံတွင်းက အမျိုးသမီးတွေနဲ့ မိန်းကလေးတွေကိုပစ်မှတ်ထားပြီး ကြမ်းတမ်း ပြင်းထန်တဲ့ညွှန်ကြားချက်တွေကို တာလီဘန်တွေကချမှတ်နေတာနဲ့အတူ အမေရိကန်အစိုးရဘက်က တာလီဘန်နဲ့ထိတွေ့ချဉ်းကပ်မှုတွေကို ပြန်လည် သုံးသပ်နေတာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရတဦးက ဗွီအိုအေကို ပြောပါတယ်။ တာလီဘန်တွေရဲ့ အမျိုးသမီးတွေအပေါ် ဖိနှိပ်ချုပ်ချုပ်တဲ့မူဝါဒတွေကို မူဆင်လင်အများစုနိုင်ငံတွေအပါအဝင် ကမ္ဘာတဝန်းကရှုတ်ချနေပေမဲ့လည်း တာလီဘန်တွေကတော့ အမျိုးသမီးတွေကိုပညာသင်ကြားခွင့်၊ အလုပ်လုပ်ခွင့်နဲ့နိုင်ငံရေးမှာ ပါဝင်ခွင့် ပိတ်ပင်မှုကို အာဖဂန်ရဲ့ ပြည်တွင်းရေးအဖြစ် ခုခံပြောဆိုနေတာဖြစ်ပါတယ်။

အာဖဂန်အမျိုးသမီးတွေအပေါ် တားမြစ်ကန့်သတ်ချက်တွေကို တာလီဘန်အစိုးရက ပြန်လည်ရုပ်သိမ်းပေးပြီး အပြန်အလှန်အားဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ တာလီဘန်ကို နေရာတနေရာပေးနိုင်မယ့် အလားအလာနဲ့ပတ်သက်ပြီး လာမယ့် မေလအတွင်း အစည်းအဝေးမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က စည်းရုံးဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာချိန်မှာပဲ အမေရိကန်ရဲ့ ပိုပြီး ပြင်းထန်တဲ့ပြောဆိုချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

အာဖဂန်ဆိုင်ရာမူဝါဒ ကန်ပြန်လည်သုံးသပ်နေ
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG