(Zawgyi / Unicode)
ခ်င္းျပည္နယ္၊ NLDအမ်ိဳးသားလႊတ္ေတာ္အမတ္ ဦးေဝွ႔တင္းကို ရခိုင္လက္နက္ကိုင္ AAအဖြဲ႔က ဒီကေန႔ျပန္လႊတ္ ေပးလိုက္ပါတယ္။ ဦးေဝွ႔တင္းကို ျပန္လႊတ္လိုက္တယ္ဆိုေပမယ့္ ေနအိမ္ကို မေရာက္ေသး တာေၾကာင့္ စိုးရိမ္ေနတယ္လို႔ ဦးေဝွ႔တင္းရဲ႕ ဇနီးကေျပာပါတယ္။ ဒီသတင္းအျပည့္အစံုကိုေတာ့ ဗီြအိုေအ သတင္းေထာက္ ကိုသက္ႏိုင္က ေမးျမန္းတင္ျပထားပါတယ္။
ၿပီးခဲ့တဲ့ ႏွစ္ ႏိုင္ဝင္ဘာလ ကတည္းက ရခိုင္လက္နက္ကိုင္ AAအဖြဲ႔က ၂လေက်ာ္ၾကာ ဖမ္းဆီးထိန္းသိမ္းထားတဲ့ခ်င္းျပည္နယ္ NLD အမ်ိဳးသားလႊတ္ေတာ္အမတ္ ဦးေဝွ႔တင္းကို ဒီကေန႔ ျပန္လည္လႊတ္ေပးလိုက္တာလည္း ျဖစ္ပါတယ္။
ဦးေဝွ႔တင္းကို လံုၿခံဳေရးစစ္ခ်ရတဲ့ ပလက္ဝနဲ႔ အနီးဆံုးေနရာတစ္ခုမွာ ျပန္လည္ လႊတ္ေပးခဲ့တာျဖစ္ ၿပီး သူနဲ႔အတူ ခ်င္းေက်ာင္းဆရာ တစ္ဦးကိုပါ ျပန္လည္ လႊတ္ေပးခဲ့တယ္လို႔ ရခိုင္လက္နက္ကိုင္ AAေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။
“ဦးေဝွ႔တင္းကိုေတာ့ က်ေနာ္တို႔ ဒီေန႔ ေန႔လည္ ၂နာရီ ၅၀မွာ ပလက္ဝနဲ႔ အနီးဆံုးေနရာတစ္ခုက ေနၿပီးေတာ့ က်ေနာ္တို႔ လႊတ္ေပးလိုက္ၿပီျဖစ္ပါတယ္။ သူတို႔ကိုလႊတ္ေပးလိုက္ရတာကေတာ့ က်ေနာ္တို႔ ရခိုင္နဲ႔ ရခိုင္မ်ိဳးႏြယ္စုဝင္ ခူမီ လူမ်ိဳးေတြၾကားမွာ က်ေနာ္တို႔ရဲ႕ စည္းရံုးညီညြတ္မႈကို ပိုၿပီးေတာ့ ခိုင္မာေစခ်င္တဲ့ အတြက္ေၾကာင့္ရယ္ ၊ ေနာက္ၿပီးေတာ့ အျပန္အလွန္ယံုၾကည္မႈ အျပန္အလွန္ နားလည္မႈ နဲ႔ အကို ညီ ဆက္ဆံေရးေတြကို ျပန္လည္ ေကာင္းမြန္ေစခ်င္သလို ေရရွည္ခရီးမွာညီညြတ္သင့္ျမတ္မႈကို ျပန္လည္ခိုင္မာေစခ်င္တာေၾကာင့္ ျပန္လည္လႊတ္ေပးရတာ ျဖစ္တယ္။ ဒီေန႔ဦးေဝွ႔တင္းကို လႊတ္တဲ့ထဲမွာ ဦးေဝွ႔တင္းနဲ႔အတူ ေနာက္တစ္ေယာက္ ပါေသးတယ္ဗ်ာ။ ေက်ာင္းဆရာထင္တယ္။ သူက အရင္က ျပည္သူ႔စစ္လဲ လုပ္ဖူးတယ္လို႔ ေျပာတယ္။ သူ႔နာမည္ေတာ့ မွတ္လို႔မရွိေတာ့ ျပန္ၾကည့္ရအံုးမယ္။”
ရခိုင္လက္နက္ကိုင္ AAတပ္ဖြဲ႔ က ဦးေဝွ႔တင္းကို ျပန္လည္ လႊတ္ေပးလိုက္တယ္ ဆိုေပမယ့္ အိမ္ကို ျပန္မေရာက္ေသးတာေၾကာင့္ စိုးရိမ္ေနတယ္လို႔ ဦးေဝွ႔တင္းရဲ႕ ဇနီးျဖစ္သူက ေျပာပါတယ္။
“ ဟုတ္ကဲ့ အခုသူတို႔သတင္းထုတ္တာကို ေတြ႔လိုက္ရတယ္။ ဒါေပမယ့္ သူ႔ဖုန္းကို ဆက္သြယ္ၾကည့္ေတာ့ ဆက္သြယ္လို႔မရေသးဘူး။ အိမ္ကိုလည္း မေရာက္ေသးဘူး။ သူတို႔ထုတ္တာကိုေတာ့ေတြ႔တယ္။ အခုက သူတို႔လႊတ္ေပးတယ္ဆိုေပမယ့္လဲ အခုက အိမ္ကိုေရာက္ရင္ေတာ့ ဝမ္းသာစကားေျပာလို႔ရမယ္။ အခုက လြတ္တယ္လို႔ပဲ ေျပာေသးတာ ဆက္သြယ္လို႔လည္း မရေသးဘူး ျမင္လည္း မျမင္ေသးဘူးဆိုေတာ့ ဘယ္လိုေျပာရမလဲ ယံုရမလား စိတ္ပူေနေသးတယ္။ စိုးရိမ္တယ္ အိမ္ကိုအမွန္တကယ္ ေရာက္လာမွ စိတ္ေအး ရမွာေပါ့။ တကယ္လႊတ္ေပးတယ္ဆိုရင္ေတာ့ ေက်းဇူးတင္ရမွာေပါ့။”
လက္ရွိအခ်ိန္မွာ AAအဖြဲ႔က ဖမ္းဆီးထားတဲ့ စစ္ဘက္ဆိုင္ရာ တာဝန္ရွိသူေတြ ရွိေသးေပမယ့္ ဘယ္ႏွစ္ေယာက္ရွိ တယ္ဆိုတာကို လံုၿခံဳေရး ေျပာလို႔မရေပမယ့္ သက္ႀကီးပိုင္း တပ္အေတာ္သားႏွစ္ဦးကိုေတာ့ ဒီရက္ပိုင္းမွာ ျပန္လႊတ္ေပးမယ္လို႔ AAေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။
“သူတို႔ကိုေတာ့ က်ေနာ္တို႔ ဒီရက္ပိုင္းမွာ ျပန္လည္ လႊတ္ေပးဖို႔ စီစဥ္ေနတယ္ဗ်ာ။ သူတို႔က်န္းမာေရး အေျခအေနေပၚမွာ မႈတည္ၿပီးေတာ့ ဒီရက္ပိုင္းမွာ အျမန္ဆံုးလႊတ္ေပးသြားဖိ္ု႔ရွိတယ္။”
ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း ေျမာက္ဦးၿမိဳ႕နယ္မွာ ဆိုင္ကယ္ ေမာင္းလာသူႏွစ္ဦးကို တပ္မေတာ္ကစစ္ ေဆးၾကည့္ရာ ဆိုင္ကယ္ေမာင္းႏွင္းသူဟာ AAအဖြဲ႔ရဲ႕ တပ္ၾကပ္ႀကီး အဆင့္ရွိသူ တစ္ဦးျဖစ္တယ္လို႔ တပ္မေတာ္ဘက္က ထုတ္ျပန္ထားပါတယ္။
အခုလိုတပ္မေတာ္ဘက္က ထုန္ျပန္ထားတာနဲ႔ ပတ္သတ္ၿပီး AAအဖြဲ႔က ေျမာက္ဦးမွာ သူတို႔ဘက္က ဖမ္းဆီးခံ ရသူ မရွိဘူးလို႔ AAေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။
“ ေျမာက္ဦးၿမိဳ႕မွာ ဖမ္းတာမရွိဘူး။ တပ္မေတာ္က ထုတ္ျပန္ခ်က္ကို က်ေနာ္တို႔ေတြ႔တယ္။ အဲဒီမွာ ဆိုင္ကယ္နဲ႔ သြားတဲ့ ႏွစ္ေယာက္ကို ေသနတ္နဲ႔ ပစ္တယ္။ အဲဒီမွာ ဧရာဝတီတိုင္းက တစ္ေယာက္ေသသြားတာရွိတယ္။ သူနဲ႔ အတူတူပါလာတဲ့ အလယ္ကြ်န္းက မြတ္ဆလင္တစ္ေယာက္ေပါ့ေနာ္။သူ႔ကို ဖမ္းၿပီးေတာ့ ခမရ ၅၄၀သို႔ ဖမ္းသြားတယ္။ အဲဒီလူကိုမ်ား AAကဆိုၿပီးေတာ့ ေျပာေနတာလား မသိဘူး။”
ရခိုင္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝမွာ အစိုးရတပ္နဲ႔ ရခိုင္လက္နက္ကိုင္ AAအဖြဲ႔တို႔ ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြ အတြင္းမွာ အရပ္သားထိခိုက္ ေသဆံုးဒဏ္ရာရတာေတြလည္း အမ်ားအျပားရွိသလို အရပ္သားေတြ ကို AA ဘက္က ဖမ္းဆီးထားတာေတြ ရွိသလို တပ္ကလည္း အရပ္သားျပည္သူေတြကို သံသယနဲ႔ ဖမ္းဆီးထားတာေတြလည္း ရွိေနပါေသးတယ္။
.....................
ဖမ်းဆီးခံ NLD အမတ် ပြန်လည်လွတ်မြောက်
( Unicode)
ချင်းပြည်နယ် NLDအမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းကို ရခိုင်လက်နက်ကိုင် AAအဖွဲ့က ဒီကနေ့ပြန်လွှတ် ပေးလိုက်ပါတယ်။ ဦးဝှေ့တင်းကို ပြန်လွှတ်လိုက်တယ်ဆိုပေမယ့် နေအိမ်ကို မရောက်သေး တာကြောင့် စိုးရိမ်နေတယ်လို့ ဦးဝှေ့တင်းရဲ့ ဇနီးကပြောပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် ကိုသက်နိုင်က မေးမြန်းတင်ပြထားပါတယ်။
ပြီးခဲ့တဲ့ နှစ် နိုင်ဝင်ဘာလ ကတည်းက ရခိုင်လက်နက်ကိုင် AAအဖွဲ့က ၂လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ချင်းပြည်နယ် NLD အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းကို ဒီကနေ့ ပြန်လည်လွှတ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။
ဦးဝှေ့တင်းကို လုံခြုံရေးစစ်ချရတဲ့ ပလက်ဝနဲ့ အနီးဆုံးနေရာတစ်ခုမှာ ပြန်လည် လွှတ်ပေးခဲ့တာဖြစ် ပြီး သူနဲ့အတူ ချင်းကျောင်းဆရာ တစ်ဦးကိုပါ ပြန်လည် လွှတ်ပေးခဲ့တယ်လို့ ရခိုင်လက်နက်ကိုင် AAပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။
“ဦးဝှေ့တင်းကိုတော့ ကျနော်တို့ ဒီနေ့ နေ့လည် ၂နာရီ ၅၀မှာ ပလက်ဝနဲ့ အနီးဆုံးနေရာတစ်ခုက နေပြီးတော့ ကျနော်တို့ လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။ သူတို့ကိုလွှတ်ပေးလိုက်ရတာကတော့ ကျနော်တို့ ရခိုင်နဲ့ ရခိုင်မျိုးနွယ်စုဝင် ခူမီ လူမျိုးတွေကြားမှာ ကျနော်တို့ရဲ့ စည်းရုံးညီညွတ်မှုကို ပိုပြီးတော့ ခိုင်မာစေချင်တဲ့ အတွက်ကြောင့်ရယ် ၊ နောက်ပြီးတော့ အပြန်အလှန်ယုံကြည်မှု အပြန်အလှန် နားလည်မှု နဲ့ အကို ညီ ဆက်ဆံရေးတွေကို ပြန်လည် ကောင်းမွန်စေချင်သလို ရေရှည်ခရီးမှာညီညွတ်သင့်မြတ်မှုကို ပြန်လည်ခိုင်မာစေချင်တာကြောင့် ပြန်လည်လွှတ်ပေးရတာ ဖြစ်တယ်။ ဒီနေ့ဦးဝှေ့တင်းကို လွှတ်တဲ့ထဲမှာ ဦးဝှေ့တင်းနဲ့အတူ နောက်တစ်ယောက် ပါသေးတယ်ဗျာ။ ကျောင်းဆရာထင်တယ်။ သူက အရင်က ပြည်သူ့စစ်လဲ လုပ်ဖူးတယ်လို့ ပြောတယ်။ သူ့နာမည်တော့ မှတ်လို့မရှိတော့ ပြန်ကြည့်ရအုံးမယ်။”
ရခိုင်လက်နက်ကိုင် AAတပ်ဖွဲ့ က ဦးဝှေ့တင်းကို ပြန်လည် လွှတ်ပေးလိုက်တယ် ဆိုပေမယ့် အိမ်ကို ပြန်မရောက်သေးတာကြောင့် စိုးရိမ်နေတယ်လို့ ဦးဝှေ့တင်းရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။
“ ဟုတ်ကဲ့ အခုသူတို့သတင်းထုတ်တာကို တွေ့လိုက်ရတယ်။ ဒါပေမယ့် သူ့ဖုန်းကို ဆက်သွယ်ကြည့်တော့ ဆက်သွယ်လို့မရသေးဘူး။ အိမ်ကိုလည်း မရောက်သေးဘူး။ သူတို့ထုတ်တာကိုတော့တွေ့တယ်။ အခုက သူတို့လွှတ်ပေးတယ်ဆိုပေမယ့်လဲ အခုက အိမ်ကိုရောက်ရင်တော့ ဝမ်းသာစကားပြောလို့ရမယ်။ အခုက လွတ်တယ်လို့ပဲ ပြောသေးတာ ဆက်သွယ်လို့လည်း မရသေးဘူး မြင်လည်း မမြင်သေးဘူးဆိုတော့ ဘယ်လိုပြောရမလဲ ယုံရမလား စိတ်ပူနေသေးတယ်။ စိုးရိမ်တယ် အိမ်ကိုအမှန်တကယ် ရောက်လာမှ စိတ်အေး ရမှာပေါ့။ တကယ်လွှတ်ပေးတယ်ဆိုရင်တော့ ကျေးဇူးတင်ရမှာပေါ့။”
လက်ရှိအချိန်မှာ AAအဖွဲ့က ဖမ်းဆီးထားတဲ့ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေ ရှိသေးပေမယ့် ဘယ်နှစ်ယောက်ရှိ တယ်ဆိုတာကို လုံခြုံရေး ပြောလို့မရပေမယ့် သက်ကြီးပိုင်း တပ်အတော်သားနှစ်ဦးကိုတော့ ဒီရက်ပိုင်းမှာ ပြန်လွှတ်ပေးမယ်လို့ AAပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။
“သူတို့ကိုတော့ ကျနော်တို့ ဒီရက်ပိုင်းမှာ ပြန်လည် လွှတ်ပေးဖို့ စီစဉ်နေတယ်ဗျာ။ သူတို့ကျန်းမာရေး အခြေအနေပေါ်မှာ မှုတည်ပြီးတော့ ဒီရက်ပိုင်းမှာ အမြန်ဆုံးလွှတ်ပေးသွားဖို့ရှိတယ်။”
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မြောက်ဦးမြို့နယ်မှာ ဆိုင်ကယ် မောင်းလာသူနှစ်ဦးကို တပ်မတော်ကစစ် ဆေးကြည့်ရာ ဆိုင်ကယ်မောင်းနှင်းသူဟာ AAအဖွဲ့ရဲ့ တပ်ကြပ်ကြီး အဆင့်ရှိသူ တစ်ဦးဖြစ်တယ်လို့ တပ်မတော်ဘက်က ထုတ်ပြန်ထားပါတယ်။
အခုလိုတပ်မတော်ဘက်က ထုန်ပြန်ထားတာနဲ့ ပတ်သတ်ပြီး AAအဖွဲ့က မြောက်ဦးမှာ သူတို့ဘက်က ဖမ်းဆီးခံ ရသူ မရှိဘူးလို့ AAပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။
“ မြောက်ဦးမြို့မှာ ဖမ်းတာမရှိဘူး။ တပ်မတော်က ထုတ်ပြန်ချက်ကို ကျနော်တို့တွေ့တယ်။ အဲဒီမှာ ဆိုင်ကယ်နဲ့ သွားတဲ့ နှစ်ယောက်ကို သေနတ်နဲ့ ပစ်တယ်။ အဲဒီမှာ ဧရာဝတီတိုင်းက တစ်ယောက်သေသွားတာရှိတယ်။ သူနဲ့ အတူတူပါလာတဲ့ အလယ်ကျွန်းက မွတ်ဆလင်တစ်ယောက်ပေါ့နော်။သူ့ကို ဖမ်းပြီးတော့ ခမရ ၅၄၀သို့ ဖမ်းသွားတယ်။ အဲဒီလူကိုများ AAကဆိုပြီးတော့ ပြောနေတာလား မသိဘူး။”
ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝဖက်မှာ အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အတွင်းမှာ အရပ်သားထိခိုက် သေဆုံးဒဏ်ရာရတာတွေလည်း အများအပြားရှိသလို အရပ်သားတွေ ကို AA ဘက်က ဖမ်းဆီးထားတာတွေ ရှိသလို တပ်ကလည်း အရပ်သားပြည်သူတွေကို သံသယနဲ့ ဖမ်းဆီးထားတာတွေလည်း ရှိနေပါသေးတယ်။