သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လိင္ေျပာင္းသူေတြ စစ္မႈထမ္းခြြင္႔ သမၼတ Biden ျပန္လည္ခြင္႔ျပဳမည္


သမၼတ Bidenႏွင့္ ကာကြယ္ေရးဝန္ႀကီးသစ္ Lloyd Austin

(Zawgyi/Unicode)

အေမရိကန္ စစ္တပ္မွာ လိင္အဂၤါေျပာင္းထားသူေတြ တာဝန္ထမ္းေဆာင္ခြင့္ တားျမစ္ထားတာကို ပယ္ဖ်က္ဖို႔ သမၼတသစ္ ဂ်ိဳးဘိုင္ဒန္က တနလၤာေန႔မွာ သမၼတအမိန္႔တရပ္ကို ထုတ္ျပန္လိုက္ပါတယ္။

၂၀၁၆ မွာ သမၼတ Barack Obama လက္ထက္က လိင္အဂၤါေျပာင္းသူေတြ စစ္တပ္ထဲဝင္ခြင့္ ျပဳခဲ့သလို ကိုယ္ျဖစ္ခ်င္တဲ့ က်ား- မ အဂၤါ ေျပာင္းဖို႔ ေဆးကုသခြင့္လည္း ျပဳထားတာ ျဖစ္ပါတယ္။ ဒါေပမယ့္ သမၼတ ေဒၚနယ္ထရမ့္တက္လာခ်ိန္မွာေတာ့ နဂိုလိင္ေျပာင္းထားသူေတြကို ဆက္လက္ တာဝန္ထမ္းေဆာင္ခြင့္ ျပဳေပမယ့္ ေနာက္ထပ္စစ္တပ္ထဲ ဝင္ခ်င္သူ ဆိုရင္ေတာ့ လက္မခံပဲ တားျမစ္ခဲ့တာပါ။

လိင္ေျပာင္းထားသူေတြ စစ္တပ္တာဝန္ထမ္းေဆာင္ခြင့္ မျပဳပဲထားတဲ့ ခြဲျခားထားတာကို ဒီကေန႔ ပယ္ဖ်က္လိုက္ေၾကာင္းနဲ႔ အေမရိကန္ႏုိင္ငံမွာ စစ္တပ္ထဲ ဝင္ဖို႔ အရည္ခ်င္း ရွိသူတိုင္း ပြင့္ပြင့္လင္းလင္း နဲ႔ သိကၡာရွိရွိ ဝင္ေရာက္တာဝန္ထမ္းေဆာင္ႏုိင္ ေတာ့မွာ ျဖစ္ေၾကာင္း သမၼတဘိုင္ဒန္က တြစ္တာမွာ ေရးပါတယ္။

သမၼတထရမ့္တုန္းကေတာ့ လိင္ေျပာင္းသူေတြကို စစ္တပ္ထဲမွာ တာဝန္ထမ္းေဆာင္ေစ တာဟာ အေႏွာက္အယွက္ ျဖစ္ေစသလို စားရိတ္လည္း ႀကီးေစတယ္လို႔ ေျပာၿပီး ၂၀၁၇ မွာ မူဝါဒ အသစ္ခ်မွတ္ေၾကာင္း ေၾကညာခဲ့တာပါ။

အခုလို သမၼတဘိုင္ဒန္က မူဝါဒေျပာင္းလဲလိုက္တာအတြက္ ေထာက္ခံေၾကာင္း ကာကြယ္ေရးဝန္ႀကီးသစ္ျဖစ္တဲ့ အၿငိမ္းစားၾကည္းတပ္ ဗိုလ္ခ်ဳပ္ႀကီး Lloyd Austin က ေျပာၾကားခဲ့ပါတယ္။

အေမရိကန္စစ္တပ္မွာ တာဝန္ထမ္းေဆာင္ဖို႔ အရည္ခ်င္း ျပည့္မွီသူတိုင္း လြတ္လပ္ ပြင့္လင္းစာ ထမ္းေဆာင္ ခြင့္ရွိေစမယ့္ ဒီလုပ္ေဆာင္ခ်က္ကို သူေထာက္ခံေၾကာင္းနဲ႔ ကာကြယ္ေရးဝန္ႀကီးဌာန အေနနဲ႔ ဒီကိစၥအတြက္ ခ်က္ခ်င္း အေရးယူ ေဆာင္ရြက္မွာ ျဖစ္ေၾကာင္းလည္း သူက ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္


................

လိင်ပြောင်းသူတွေ စစ်မှုထမ်းခွင့် သမ္မတ Biden ပြန်လည်ခွင့်ပြုမည်

(Unicode)

အမေရိကန် စစ်တပ်မှာ လိင်အင်္ဂါပြောင်းထားသူတွေ တာဝန်ထမ်းဆောင်ခွင့် တားမြစ်ထားတာကို ပယ်ဖျက်ဖို့ သမ္မတသစ် ဂျိုးဘိုင်ဒန်က တနင်္လာနေ့မှာ သမ္မတအမိန့်တရပ်ကို ထုတ်ပြန်လိုက်ပါတယ်။

၂၀၁၆ မှာ သမ္မတ Barack Obama လက်ထက်က လိင်အင်္ဂါပြောင်းသူတွေ စစ်တပ်ထဲဝင်ခွင့် ပြုခဲ့သလို ကိုယ်ဖြစ်ချင်တဲ့ ကျား- မ အင်္ဂါ ပြောင်းဖို့ ဆေးကုသခွင့်လည်း ပြုထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် သမ္မတ ဒေါ်နယ်ထရမ့်တက်လာချိန်မှာတော့ နဂိုလိင်ပြောင်းထားသူတွေကို ဆက်လက် တာဝန်ထမ်းဆောင်ခွင့် ပြုပေမယ့် နောက်ထပ်စစ်တပ်ထဲ ဝင်ချင်သူ ဆိုရင်တော့ လက်မခံပဲ တားမြစ်ခဲ့တာပါ။

လိင်ပြောင်းထားသူတွေ စစ်တပ်တာဝန်ထမ်းဆောင်ခွင့် မပြုပဲထားတဲ့ ခွဲခြားထားတာကို ဒီကနေ့ ပယ်ဖျက်လိုက်ကြောင်းနဲ့ အမေရိကန်နိုင်ငံမှာ စစ်တပ်ထဲ ဝင်ဖို့ အရည်ချင်း ရှိသူတိုင်း ပွင့်ပွင့်လင်းလင်း နဲ့ သိက္ခာရှိရှိ ဝင်ရောက်တာဝန်ထမ်းဆောင်နိုင် တော့မှာ ဖြစ်ကြောင်း သမ္မတဘိုင်ဒန်က တွစ်တာမှာ ရေးပါတယ်။

သမ္မတထရမ့်တုန်းကတော့ လိင်ပြောင်းသူတွေကို စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်စေ တာဟာ အနှောက်အယှက် ဖြစ်စေသလို စားရိတ်လည်း ကြီးစေတယ်လို့ ပြောပြီး ၂၀၁၇ မှာ မူဝါဒ အသစ်ချမှတ်ကြောင်း ကြေညာခဲ့တာပါ။

အခုလို သမ္မတဘိုင်ဒန်က မူဝါဒပြောင်းလဲလိုက်တာအတွက် ထောက်ခံကြောင်း ကာကွယ်ရေးဝန်ကြီးသစ်ဖြစ်တဲ့ အငြိမ်းစားကြည်းတပ် ဗိုလ်ချုပ်ကြီး Lloyd Austin က ပြောကြားခဲ့ပါတယ်။

အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းဆောင်ဖို့ အရည်ချင်း ပြည့်မှီသူတိုင်း လွတ်လပ် ပွင့်လင်းစာ ထမ်းဆောင် ခွင့်ရှိစေမယ့် ဒီလုပ်ဆောင်ချက်ကို သူထောက်ခံကြောင်းနဲ့ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ ဒီကိစ္စအတွက် ချက်ချင်း အရေးယူ ဆောင်ရွက်မှာ ဖြစ်ကြောင်းလည်း သူက ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့တာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG