သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ICJ အမႈ ၿဗိတိန္အစုိးရ တရား၀င္ႀကိဳဆုိ


(Zawgyi / Unicode)

ရိုဟင္ဂ်ာေတြအေပၚ လူမ်ဳိးတံုးသတ္ျဖတ္တယ္ဆုိတဲ့ စြပ္စြဲခ်က္နဲ႔ ျမန္မာအေပၚ ၾကားျဖတ္ အေရးယူေဆာင္ရြက္ခ်က္ ခ်မွတ္ေပးဖုိ႔ ICJ ႏိုင္ငံတကာတရားရံုးမွာ ဂမ္ဘီယာႏိုင္ငံက စြဲခ်က္တင္ထားတဲ့ကိစၥကို ႀကိဳဆိုေၾကာင္း ၿဗိတိန္ႏိုင္ငံျခားေရးရံုး၀န္ႀကီး Heather Wheeler က ဇန္န၀ါရီလ ၁၃ ရက္ေန႔က ၿဗိတိန္ပါလီမန္ကို ေျပာၾကားလုိက္ပါတယ္။

အခုလို ICJ ကိစၥမွာ တရား၀င္ေထာက္ခံေၾကာင္း ထုတ္ေဖၚေျပာဆိုတဲ့ ႏိုင္ငံအနည္းငယ္ထဲ ၿဗိတိန္ပါ၀င္လာတဲ့အတြက္ အားရမိေၾကာင္း ၿဗိတိန္အေျခစိုက္ Burma Campaign UK အဖြဲ႔က အမႈေဆာင္ညြန္ၾကားေရးမွဴး Mark Farmaner က ဗီြအိုေအကိုေျပာပါတယ္။ အျပည့္အစုံကုိေတာ့ မအင္ၾကင္းႏိုင္က တင္ျပေပးမွာပါ။

ကုလသမဂၢအျမင့္ဆံုး တရားရံုးျဖစ္တဲ့ ICJ မွာ ဂမ္ဘီယာက ျမန္မာကို လူမ်ဳိးတုံးသတ္ျဖတ္မႈ စြပ္ စဲြခ်က္နဲ႔ စဲြခ်က္တင္ထားတဲ့အေပၚ တရား၀င္သေဘာထား ထုတ္ျပန္ဖို႔ ၿဗိတိန္အစိုးရဘက္က အရင္က ျငင္းဆိုခဲ့တာပါ။ အခုေတာ့ ICJ တရားရံုးဘက္က ျမန္မာႏိုင္ငံမွာ လူမ်ဳိးတုံးသတ္ျဖတ္မႈရွိမရွိ စဥ္းစားဆံုးျဖတ္မယ့္ကိစၥကို ႀကိဳဆိုေၾကာင္း ၿဗိတိန္အစိုးရဘက္က တရား၀င္ ထုတ္ေဖၚေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ဇန္န၀ါရီလ (၁၃)ရက္ေန႔က ၿဗိတိန္ပါလီမန္ကို စာနဲ႔တုံ႔ျပန္ေျဖၾကားခဲ့တဲ့ ၿဗိတိန္ႏိုင္ငံျခားေရးရံုး၀န္ႀကီး Heather Wheeler ရဲ႕စာထဲမွာေတာ့- the Hague တရားရံုးရဲ႕ ေဆာင္ရြက္ခ်က္ေတြကို ၿဗိတိန္အစိုးရ ဘက္က ေစာင့္ၾကည့္ေနေၾကာင္းနဲ႔ လူမ်ဳိးတံုးသတ္ျဖတ္မႈ ျဖစ္ခဲ့သလား၊ မျဖစ္ခဲ့ဘူးလား ဆိုတာကို ICJ ႏိုင္ငံတကာတရားရံုးဘက္က စဥ္းစားမွာကို ႀကိဳဆိုေၾကာင္း ေဖၚျပခဲ့ပါတယ္။

ဒါေပမယ့္ ၿဗိတိန္အစိုးရဘက္က လက္ရွိအခ်ိန္မွာ ဒီအမႈနဲ႔ ပတ္သက္လို႔ ဘာမွ ပါ၀င္ပတ္သက္ျခင္း မရွိဘူးလို႔ ဆိုပါတယ္။ ရခိုင္ျပည္နယ္မွာ ၂၀၁၇ခုႏွစ္ ၾသဂုတ္လက ေၾကာက္မက္ဖြယ္ေကာင္းတဲ့ ျဖစ္ရပ္ေတြအေပၚမွာ အထူးစိုးရိမ္မကင္းျဖစ္မႈေတြကို ၿဗိတိန္၀န္ႀကီးေတြဘက္က ထပ္ခါတလဲလဲ ထုတ္ေဖၚေျပာဆိုထားၿပီးျဖစ္ပါတယ္။ ဒီိလို ရက္စက္ၾကမ္းၾကဳတ္မႈေတြအတြက္ က်ဴးလြန္သူေတြကို အေရးယူသင့္ေၾကာင္းလဲ အဲဒီစာမွာ ေဖၚျပထားပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလမွာ ICJ ကိစၥေပၚေပါက္လာကတည္းက ၿဗိတိန္အစိုးရရဲ႕သေဘာထား တရား၀င္ ထုတ္ျပန္ဖို႔ လူ႔အခြင့္အေရးအဖဲြ႔အစည္းေတြက ဖိအားေပးခဲ့ေပမဲ့ ဒီအမႈကို သတိျပဳမိေၾကာင္း ေလာက္ပဲ ၿဗိတိန္အစိုးရဘက္က တုံ႔ျပန္ခဲ့တာပါ။ ICJ ကိစၥနဲ႔ပတ္သက္ရင္ ႏိုင္ငံအေတာ္မ်ားမ်ားသတိထား တံု႔ျပန္တဲ့အထဲမွာ အခုလို ၿဗိတိန္အစိုးရက သေဘာထား ေျပာင္းလဲၿပီး တရား၀င္ ထုတ္ေဖၚ ေျပာလာတာဟာ သိသာတဲ့ ေျပာင္းလဲမႈႀကီးျဖစ္တယ္လို႔ ၿဗိတိန္အေျခစိုက္ Burma Campaign UK အဖဲြ႕ အမႈေဆာင္ညြန္ၾကားေရးမွဴး Mark Farmaner က ဗီြအိုေအကိုေျပာပါတယ္။

“အခုေတာ့ ၿဗိတိန္အစိုးရက ICJ အမႈကို ႀကိဳဆိုေၾကာင္း ေျပာလာရပါၿပီ။ ၿပီးခဲ့တဲ့ ဒီဇင္ဘာလက ICJ တရားရံုးမွာ ၾကားနာပဲြေတြမတိုင္ခင္ ကေနဒါနဲ႔ နယ္သာလန္ႏိုင္ငံေတြက သူတို႔ေထာက္ခံေၾကာင္း တရား၀င္ ထုတ္ေဖၚေျပာဆိုလာတာနဲ႔ အတူတူပါပဲ။ ေနာက္ၿပီး ဒီတေခါက္မွာ ICJ ကိစၥကို ႀကိဳဆိုေၾကာင္း ၿဗိတိန္အစိုးရဘက္က တရား၀င္ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ ဒီ ေၾကညာခ်က္ကို ၿဗိတိန္အစိုးရက အမ်ားျပည္သူသိေစတဲ့ ေၾကညာခ်က္မ်ဳိး မလုပ္ခဲ့ေပမဲ့ ၿဗိတိန္ပါလီမန္ကို တရား၀င္စာနဲ႔ ႏွစ္ႀကိမ္ သူတို႔သေဘာထားကို ေရးသားတံု႔ျပန္ခဲ့တာျဖစ္ပါတယ္။ ဒါဟာ ၿဗိတိန္အစိုးရနဲ႔ပတ္သက္လို႔ ႀကီးမားတဲ့ ေျပာင္းလဲမႈႀကီးတခုျဖစ္ပါတယ္။”

ဒီအေတာအတြင္း ICJ တရားရံုးကလည္း ျမန္မာအေပၚ ၾကားျဖတ္အေရးယူေဆာင္ရြက္ခ်က္ေတြနဲ႔ ဆိုင္တဲ့ ဆံုးျဖတ္ခ်က္ကို ဇန္န၀ါရီလ ၂၃ ရက္ေန႔မွာ ခ်မွတ္မယ္လို႔ ဂမ္ဘီယာတရားေရး၀န္ႀကီးရံုးက အဂၤါေန႔က သတင္းထုတ္ျပန္ခဲ့ပါတယ္။ ဒါနဲ႔ပတ္သက္လို႔ Mark Farmaner ရဲ႕ အျမင္ကေတာ့

“ၾကားျဖတ္အေရးယူေဆာင္ရြက္ခ်က္ေတြနဲ႔ ဆိုင္တဲ့ ဆံုးျဖတ္ခ်က္ကို ICJ ဘက္က အေတာ္ေလး ျမန္ျမန္ဆန္ဆန္ လုပ္ခဲ့တာျဖစ္ပါတယ္။ ဒီလိုတရားရံုးမ်ဳိးဟာ အမႈကို ဆံုးျဖတ္စီရင္ရာမွာ ပံုမွန္အားျဖင့္ အခ်ိန္ယူၾကာျမင့္ေလ့ရွိပါတယ္။ ဒါေပမဲ့လည္း အခု ICJ က ဆံုးျဖတ္ခ်က္ကို ျမန္ျမန္ဆန္ဆန္ ခ်မွတ္မယ့္ကိစၥဟာ လမ္းေၾကာင္းတခုေပၚကို ယိမ္းသြားတာ၊ ဒါမွမဟုတ္ အျခားတဘက္ကို ေရြးခ်ယ္တာ မ်ဳိးမဟုတ္ပါဘူး။ ၾကားျဖတ္အမိန္႔ကို ခ်မွတ္တာျဖစ္ပါတယ္။ လူမ်ဳိးတုံးသတ္ျဖတ္မႈ ျဖစ္ခဲ့၊ မျဖစ္ခဲ့ဆိုတဲ့ ဆံုးျဖတ္ခ်က္ခ်မွတ္ဖို႔အတြက္ ႏွစ္ေတြအမ်ားႀကီး ၾကာအုံးမွာျဖစ္ပါတယ္။”

ဂမ္ဘီယာက ျမန္မာကို လူမ်ဳိးတုံးသတ္ျဖတ္မႈ စဲြခ်က္တင္ထားတဲ့အမႈဟာ အေတာ္ေလးခိုင္မာတယ္လို႔ လူ႔အခြင့္အေရးေရွ႕ေန အမ်ားအျပားက သံုးသပ္ၾကတယ္လို႔ Mark Farmaner ကဆိုပါတယ္။

ဒါေပမယ့္လည္း ICJ တရားရံုးက ေနာက္ဆံုးမွာ ဘယ္လိုဆံုးျဖတ္ခ်က္ခ်မလဲဆိုတာကို ဘယ္သူမွ တိတိက်က်ခန္႔မွန္းႏိုင္မွာ မဟုတ္ဘူးလို႔ Mark Farmaner ကေျပာပါတယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာလက ICJ တရားရံုးၾကားနာပဲြမွာ ရိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံတဲ့ ျမန္မာအစိုးရကို ကိုယ္စားျပဳၿပီး ဦးေဆာင္တင္ျပခဲ့တဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ ျမန္မာစစ္တပ္ရဲ႕ ျပစ္မႈက်ဴးလြန္မႈေတြဟာ လူမ်ဳိးတုံးသတ္ျဖတ္မႈအဆင့္ထိ မေျမာက္ေၾကာင္းနဲ႔ တရားရံုးၾကားနာမယ့္ အမႈစာရင္းထဲက ပယ္ဖ်က္ေပးဖို႔၊ ၾကားျဖတ္အေရးယူေဆာင္ရြက္ေတြခ်မွတ္ဖို႔ဆိုတဲ့ ဂမ္ဘီယာႏိုင္ငံရဲ႕ ပန္ၾကားခ်က္ကို ပယ္ဖ်က္ဖို႔ စတဲ့အခ်က္ေတြကို တရားရံုးကို ေတာင္းဆိုေလ်ာက္လွဲခဲ့ပါတယ္။

ICJ အမႈ ၿဗိတိန္အစုိးရ တရား၀င္ႀကိဳဆုိ
please wait

No media source currently available

0:00 0:04:37 0:00
တိုက္႐ိုက္ လင့္ခ္



............................

ICJ အမှု ဗြိတိန်အစိုးရ တရားဝင်ကြိုဆို

(Unicode)

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာအပေါ် ကြားဖြတ် အရေးယူဆောင်ရွက်ချက် ချမှတ်ပေးဖို့ ICJ နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံက စွဲချက်တင်ထားတဲ့ကိစ္စကို ကြိုဆိုကြောင်း ဗြိတိန်နိုင်ငံခြားရေးရုံးဝန်ကြီး Heather Wheeler က ဇန်နဝါရီလ ၁၃ ရက်နေ့က ဗြိတိန်ပါလီမန်ကို ပြောကြားလိုက်ပါတယ်။

အခုလို ICJ ကိစ္စမှာ တရားဝင်ထောက်ခံကြောင်း ထုတ်ဖေါ်ပြောဆိုတဲ့ နိုင်ငံအနည်းငယ်ထဲ ဗြိတိန်ပါဝင်လာတဲ့အတွက် အားရမိကြောင်း ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့က အမှုဆောင်ညွန်ကြားရေးမှူး Mark Farmaner က ဗွီအိုအေကိုပြောပါတယ်။ အပြည့်အစုံကိုတော့ မအင်ကြင်းနိုင်က တင်ပြပေးမှာပါ။

ကုလသမဂ္ဂအမြင့်ဆုံး တရားရုံးဖြစ်တဲ့ ICJ မှာ ဂမ်ဘီယာက မြန်မာကို လူမျိုးတုံးသတ်ဖြတ်မှု စွပ် စွဲချက်နဲ့ စွဲချက်တင်ထားတဲ့အပေါ် တရားဝင်သဘောထား ထုတ်ပြန်ဖို့ ဗြိတိန်အစိုးရဘက်က အရင်က ငြင်းဆိုခဲ့တာပါ။ အခုတော့ ICJ တရားရုံးဘက်က မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုရှိမရှိ စဉ်းစားဆုံးဖြတ်မယ့်ကိစ္စကို ကြိုဆိုကြောင်း ဗြိတိန်အစိုးရဘက်က တရားဝင် ထုတ်ဖေါ်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဇန်နဝါရီလ (၁၃)ရက်နေ့က ဗြိတိန်ပါလီမန်ကို စာနဲ့တုံ့ပြန်ဖြေကြားခဲ့တဲ့ ဗြိတိန်နိုင်ငံခြားရေးရုံးဝန်ကြီး Heather Wheeler ရဲ့စာထဲမှာတော့- the Hague တရားရုံးရဲ့ ဆောင်ရွက်ချက်တွေကို ဗြိတိန်အစိုးရ ဘက်က စောင့်ကြည့်နေကြောင်းနဲ့ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ခဲ့သလား၊ မဖြစ်ခဲ့ဘူးလား ဆိုတာကို ICJ နိုင်ငံတကာတရားရုံးဘက်က စဉ်းစားမှာကို ကြိုဆိုကြောင်း ဖေါ်ပြခဲ့ပါတယ်။

ဒါပေမယ့် ဗြိတိန်အစိုးရဘက်က လက်ရှိအချိန်မှာ ဒီအမှုနဲ့ ပတ်သက်လို့ ဘာမှ ပါဝင်ပတ်သက်ခြင်း မရှိဘူးလို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်မှာ ၂၀၁၇ခုနှစ် သြဂုတ်လက ကြောက်မက်ဖွယ်ကောင်းတဲ့ ဖြစ်ရပ်တွေအပေါ်မှာ အထူးစိုးရိမ်မကင်းဖြစ်မှုတွေကို ဗြိတိန်ဝန်ကြီးတွေဘက်က ထပ်ခါတလဲလဲ ထုတ်ဖေါ်ပြောဆိုထားပြီးဖြစ်ပါတယ်။ ဒီလို ရက်စက်ကြမ်းကြုတ်မှုတွေအတွက် ကျူးလွန်သူတွေကို အရေးယူသင့်ကြောင်းလဲ အဲဒီစာမှာ ဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ICJ ကိစ္စပေါ်ပေါက်လာကတည်းက ဗြိတိန်အစိုးရရဲ့သဘောထား တရားဝင် ထုတ်ပြန်ဖို့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ဖိအားပေးခဲ့ပေမဲ့ ဒီအမှုကို သတိပြုမိကြောင်း လောက်ပဲ ဗြိတိန်အစိုးရဘက်က တုံ့ပြန်ခဲ့တာပါ။ ICJ ကိစ္စနဲ့ပတ်သက်ရင် နိုင်ငံအတော်များများသတိထား တုံ့ပြန်တဲ့အထဲမှာ အခုလို ဗြိတိန်အစိုးရက သဘောထား ပြောင်းလဲပြီး တရားဝင် ထုတ်ဖေါ် ပြောလာတာဟာ သိသာတဲ့ ပြောင်းလဲမှုကြီးဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့ အမှုဆောင်ညွန်ကြားရေးမှူး Mark Farmaner က ဗွီအိုအေကိုပြောပါတယ်။

“အခုတော့ ဗြိတိန်အစိုးရက ICJ အမှုကို ကြိုဆိုကြောင်း ပြောလာရပါပြီ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ICJ တရားရုံးမှာ ကြားနာပွဲတွေမတိုင်ခင် ကနေဒါနဲ့ နယ်သာလန်နိုင်ငံတွေက သူတို့ထောက်ခံကြောင်း တရားဝင် ထုတ်ဖေါ်ပြောဆိုလာတာနဲ့ အတူတူပါပဲ။ နောက်ပြီး ဒီတခေါက်မှာ ICJ ကိစ္စကို ကြိုဆိုကြောင်း ဗြိတိန်အစိုးရဘက်က တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ ကြေညာချက်ကို ဗြိတိန်အစိုးရက အများပြည်သူသိစေတဲ့ ကြေညာချက်မျိုး မလုပ်ခဲ့ပေမဲ့ ဗြိတိန်ပါလီမန်ကို တရားဝင်စာနဲ့ နှစ်ကြိမ် သူတို့သဘောထားကို ရေးသားတုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ဗြိတိန်အစိုးရနဲ့ပတ်သက်လို့ ကြီးမားတဲ့ ပြောင်းလဲမှုကြီးတခုဖြစ်ပါတယ်။”

ဒီအတောအတွင်း ICJ တရားရုံးကလည်း မြန်မာအပေါ် ကြားဖြတ်အရေးယူဆောင်ရွက်ချက်တွေနဲ့ ဆိုင်တဲ့ ဆုံးဖြတ်ချက်ကို ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ချမှတ်မယ်လို့ ဂမ်ဘီယာတရားရေးဝန်ကြီးရုံးက အင်္ဂါနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ Mark Farmaner ရဲ့ အမြင်ကတော့

“ကြားဖြတ်အရေးယူဆောင်ရွက်ချက်တွေနဲ့ ဆိုင်တဲ့ ဆုံးဖြတ်ချက်ကို ICJ ဘက်က အတော်လေး မြန်မြန်ဆန်ဆန် လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုတရားရုံးမျိုးဟာ အမှုကို ဆုံးဖြတ်စီရင်ရာမှာ ပုံမှန်အားဖြင့် အချိန်ယူကြာမြင့်လေရှိပါတယ်။ ဒါပေမဲ့လည်း အခု ICJ က ဆုံးဖြတ်ချက်ကို မြန်မြန်ဆန်ဆန် ချမှတ်မယ့်ကိစ္စဟာ လမ်းကြောင်းတခုပေါ်ကို ယိမ်းသွားတာ၊ ဒါမှမဟုတ် အခြားတဘက်ကို ရွေးချယ်တာ မျိုးမဟုတ်ပါဘူး။ ကြားဖြတ်အမိန့်ကို ချမှတ်တာဖြစ်ပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ခဲ့၊ မဖြစ်ခဲ့ဆိုတဲ့ ဆုံးဖြတ်ချက်ချမှတ်ဖို့အတွက် နှစ်တွေအများကြီး ကြာအုံးမှာဖြစ်ပါတယ်။”

ဂမ်ဘီယာက မြန်မာကို လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်တင်ထားတဲ့အမှုဟာ အတော်လေးခိုင်မာတယ်လို့ လူ့အခွင့်အရေးရှေ့နေ အများအပြားက သုံးသပ်ကြတယ်လို့ Mark Farmaner ကဆိုပါတယ်။

ဒါပေမယ့်လည်း ICJ တရားရုံးက နောက်ဆုံးမှာ ဘယ်လိုဆုံးဖြတ်ချက်ချမလဲဆိုတာကို ဘယ်သူမှ တိတိကျကျခန့်မှန်းနိုင်မှာ မဟုတ်ဘူးလို့ Mark Farmaner ကပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက ICJ တရားရုံးကြားနာပွဲမှာ- ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကို ကိုယ်စားပြုပြီး ဦးဆောင်တင်ပြခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာစစ်တပ်ရဲ့ ပြစ်မှုကျူးလွန်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုအဆင့်ထိ မမြောက်ကြောင်းနဲ့ တရားရုံးကြားနာမယ့် အမှုစာရင်းထဲက ပယ်ဖျက်ပေးဖို့၊ ကြားဖြတ်အရေးယူဆောင်ရွက်တွေချမှတ်ဖို့ဆိုတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ ပန်ကြားချက်ကို ပယ်ဖျက်ဖို့ စတဲ့အချက်တွေကို တရားရုံးကို တောင်းဆိုလျောက်လှဲခဲ့ပါတယ်။

XS
SM
MD
LG