သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မႈခင္းရဲတပ္ဖဲြ႕အရာရွိသံုးဦးကို တရားစဲြဖို႔ သမၼတထံေလွ်ာက္ထား


ဗစ္တိုးရီးယားအမႈနဲ႔ ပတ္သက္ၿပီး ျမန္မာႏုိင္ငံ ရဲတပ္ဖြဲ႕ရဲ့ မႈခင္းရဲတပ္ဖြဲ႕မွဴး ရဲမွဴးခ်ဳပ္ စုိးႏို္င္ဦး၊ မႈခင္းညႊန္ၾကားေရးမွဴး ရဲမွဴးႀကီးမင္းဟန္နဲ႔ မႈခင္းရဲတပ္ဖြဲ႕ဌာနမွဴး ရဲမွဴးႀကီးသာဒြန္း

(Zawgyi / Unicode)

ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ရဲ့ မႈခင္းရဲတပ္ဖြဲ႕မွဴးသံုးဦးနဲ႔ ရဲတပ္ဖြဲ႔ရဲ့ ရဲဇာနည္ page တာဝန္ခံတုိ႔ကို ကေလးသူငယ္ အခြင့္ေရးဆိုင္ရာ ခ်ိဳးေဖါက္မႈနဲ႔ တရားစြဲဆိုႏိုင္ဖုိ႔ ျမန္မာႏုိင္ငံ လြတ္လပ္ေသာ ေရွ႕ေနမ်ားအသင္း (ILAM) က ႏုိင္ငံေတာ္သမၼတထံ စာတင္ ေလွ်ာက္ထားလိုက္ပါတယ္။ ျမန္မာႏုိင္ငံတရားစီရင္ေရး တခုလံုးကို စိန္ေခၚေနတဲ့ Victoria အမႈလို႔ ေခၚတဲ့သက္ငယ္ မုဒိမ္းမႈနဲ႔ ပတ္သက္တဲ့ ေနာက္ဆံုး အေျခေနကို ဗီြအိုေအသတင္းေထာက္ စုစု က တင္ျပေပးမွာပါ။

ဗစ္တိုးရီးယားအမႈနဲ႔ ပတ္သက္ၿပီး ၿပီးခဲ့တဲ့ လတုန္းက ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ဦးေဆာင္သူေတြျဖစ္ၾကတဲ့ ျမန္မာႏုိင္ငံ ရဲတပ္ဖြဲ႕ရဲ့ မႈခင္းရဲတပ္ဖြဲ႕မွဴး ရဲမွဴးခ်ဳပ္ စုိးႏို္င္ဦး၊ မႈခင္းညႊန္ၾကားေရးမွဴး ရဲမွဴးႀကီးမင္းဟန္နဲ႔ မႈခင္းရဲတပ္ဖြဲ႕ဌာနမွဴး ရဲမွဴးႀကီးသာဒြန္း အျပင္ ရဲတပ္ဖြဲ႔ရဲ့ သတင္း ေဖ့ဘုတ္စာမ်က္ႏွာ တာဝန္ခံတို႔ဟာ ျပည္သူ႔ဝန္ထမ္း ေတြ ျဖစ္ေနတာေၾကာင့္ သူတို႔ကို ကေလးသူငယ္ အခြင့္ေရး ဆိုင္ရာ ခ်ိဳးေဖာက္မႈေတြ အတြက္ တရားစြဲဆိုႏိုင္ဖို႔ ႀကိဳတင္ ခြင့္ျပဳမိန္ကို ဥပေဒနဲ႔အညီ ႔ေတာင္းခဲ့တာလို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးသိန္းသန္းဦးက ေျပာပါတယ္။

“သမၼတဆီက ခြင့္ျပဳမိန္႔ေတာင္းတယ္ဆုိတာ ဥပေဒနဲ႔အညီ ေတာင္းထားတာေပါ့ေနာ္။ အဲေတာ့ သမၼတရံုးကလည္းပဲ အေၾကာင္းျပန္လိမ့္မယ္လို႔ က်ေတာ္တို႔ေမွ်ာ္လင့္တယ္။ ခြင့္ျပဳမိန္႔ ရခဲ့တယ္ဆုိရင္ေတာ့ က်ေနာ္တို႔က First Information Report ကို ဒီအမႈျဖစ္ပြားခဲ့တဲ့ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ ဌာနခ်ဳပ္ရွိရာ ေနျပည္ေတာ္က သက္ဆုိင္ရာၿမိဳ႕နယ္ ရဲစခန္းမွာ က်ေနာ္တို႔အမႈဖြင့္ရမွာ ျဖစ္ပါတယ္။”

ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာ ၁၉ရက္ေန႔တုန္းက ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ဗစ္တုိးရီးယားလုိ႔ နာမည္ဝွက္ေပးထားတဲ့ လိင္ပုိင္းဆုိင္ရာက်ဴးလြန္ခံထားရတဲ့ ကေလးငယ္ရဲ႕အမည္ရင္းနဲ႔ မိသားစုကို္ယ္ေရးအခ်က္အလက္တုိ႔ကို အႀကိမ္ႀကိမ္ထုတ္ေဖာ္ ေျပာဆိုသြားတဲ့ မႈခင္းရဲတပ္ဖြဲ႕ဝင္ေတြဟာ ကေလးသူငယ္အခြင့္အေရးမ်ားဆုိင္ရာ ဥပေဒကို ေျပာင္ေျပာင္တင္းတင္း ခ်ိဳးေဖာက္လုိက္တာလို႔ သမၼတထံပို႔တဲ့စာမွာ ေဖာ္ျပထားပါတယ္။

စြပ္စြဲခံထားရသူေတြက ျပည္သူ႔ဝန္ထမ္းေတြ ျဖစ္တာေၾကာင့္ ရာဇဝတ္က်င့္ထံုးဥပေဒ ပုဒ္မ ၁၉၇ (၁) အရ သမၼတရဲ႕ႀကိဳတင္ခြင့္ျပဳမိန္႔ရမွ သူတို႔ကိုတရားစြဲလို႔ရမယ္လို႔ ေရွ႕ေနဦးသိန္းသန္းဦးကေျပာပါတယ္။ ဗစ္တုိးရီးယားအမႈဟာ ျမန္မာႏုိင္ငံတရားစီရင္ေရး တခုလံုးကို စိန္ေခၚေနတဲ့အမႈ ျဖစ္ၿပီး ျမန္မာႏုိင္ငံ ရဲတပ္ဖြဲ႔ မွာ ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ဖို႔ လိုအပ္ေနတယ္ ဆိုတာကို အားလံုး သတိျပဳ လာေစခ်င္တယ္ လို႔လည္း ေျပာပါတယ္။

“သာမန္အမႈမဟုတ္ပါဘူး။ ဒီအမႈမွာျဖစ္ရိုးျဖစ္စဥ္ မဟုတ္တဲ့ ျပႆနာေတြ အမ်ားႀကီးရွိေနတယ္။ ကုိယ္လုပ္တာမွားတယ္ဆုိ မွားေၾကာင္း ဘယ္သူမွ ဝန္ခံတာမရွိဘူး။ ဒီအေျခအေနကေနတဆင့္ က်ေနာ္တုိ႔က ဘာကိုေမွ်ာ္လင့္တာလည္းဆိုေတာ့ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ ျပဳျပင္ေျပာင္းလဲမႈနဲ႔ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ဟာ ရွိသင့္ရွိထုိက္တဲ့အတုိင္း ႏိုင္ငံေတာ္သမၼတရဲ႕ ကြပ္ကဲမႈေအာက္ သုိ႔မဟုတ္လို႔ရွိရင္ သက္ဆိုင္ရာ တုိင္းနဲ႔ျပည္နယ္ေဒသႀကီး ဝန္ႀကီးခ်ဳပ္ေတြရဲ႕ အနီးကပ္ကြပ္ကဲမႈမွာ ရွိၿပီးေတာ့ အစုိးရအဖြဲ႕နဲ႔အတူ ပူးေပါင္းပါဝင္ႏိုင္တဲ့ အေနအထားမ်ိဳး ျဖစ္ေအာင္ လုပ္ေဆာင္ေပးႏုိင္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္တယ္။ အဲဒီအတြက္ရည္စူးၿပီးေတာ့ ဒီအမႈကို က်ေနာ္တုိ႔ပါဝင္ ေဆာင္ရြက္တာျဖစ္ပါတယ္။”

ေနျပည္ေတာ္ Wisdom Hill ပုဂၢလိက မူႀကိဳေက်ာင္းက ဗစ္တုိးရီးယားလုိ႔ နာမည္ဝွက္ေပးထားတဲ့ သံုးႏွစ္အရြယ္မိန္းကေလး လိင္ပုိင္းဆုိင္ရာေစာ္ကားခံရတဲ့အမႈကို ေနျပည္ေတာ္ ဒကၡိဏခရိုင္ တရားရံုးမွာ ေျခာက္လေက်ာ္ၾကာ စစ္ေဆးၿပီးတဲ့ေနာက္ သံသယတရားအျဖစ္ စြပ္စြဲခံထားရတဲ့ ကိုေအာင္ႀကီးဆုိသူကို ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလ ၁၈ရက္ေန႔က တရားရွင္ျပန္လႊတ္ေပးခဲ့ပါတယ္။

အဲဒီေနာက္မွာပဲ ဗစ္တုိးရီးယားအမႈအေပၚ ျပင္ဆင္ခ်ိန္ ၂လေပးထားၿပီး အဲဒီကာလေက်ာ္သြားရင္ အမႈျဖစ္ခ်ိန္မွာ ဝတ္ခဲ့တဲ့ ဗစ္တိုးရီးယားရဲ႕အဝတ္အစားနဲ႔ ကိုေအာင္ႀကီးရဲ႕အဝတ္အစားေတြကို မီးရႈိ႕ဖ်က္စီးပစ္ဖုိ႔ တရားရံုးက အမိန္႔ခ်ထားတာပါ။

ဒါေပမယ့္ တရားလုိုျဖစ္သူ ဗစ္တုိးရီးယားမိသားစုအပါအဝင္ ဒီအမႈအမွန္တရား ေပၚေပါက္ဖုိ႔အတြက္ ဝန္းရံေနသူေတြက ဒီအေပၚကို မလိုလားၾကပါဘူး။ လက္ရွိအခ်ိန္မွာ သမီးေလးရဲ႕ က်န္းမာေရးေကာင္းမြန္လ်က္ရွိၿပီး ေက်ာင္းျပန္တက္ခ်င္တဲ့ ဆႏၵရွိေနတယ္လို႔ အနီးကပ္ ကူညီေဆာင္ရြက္ေပးေနတဲ့ ကိုသကၠမုိးညိဳက ေျပာပါတယ္။

“သမီးေလးရဲ႕အေျခအေနကေတာ့ ေက်ာင္းတက္ခ်င္တာ တခုရွိတာေပါ့ေနာ္။ က်ေနာ္တုိ႔က တရားရံုးကေနေပးထားတဲ့ ရက္ေပါင္း ၆၀ မျပည့္ေသးေတာ့ တကယ္လို႔မ်ား ဥပေဒရံုးကေနၿပီးေတာ့ ကိုေအာင္ႀကီးကုိ ျပန္ၿပီးေတာ့ ျပင္ဆင္ခ်က္နဲ႔ဆက္ၿပီးေတာ့ တိုင္းကိုတင္မလား၊ မတင္ဘူးလား။ ဒါေတြကို ေစာင့္ေနရတဲ့အေျခအေန ရွိပါတယ္။ တကယ္လို႔ သူတုိ႔ကတင္ခဲ့လို႔ရွိရင္ေတာ့ တမ်ိဳးေပါ့ေလ။ ခုကေတာ့ ဘာမွႀကိဳလုပ္လို႔ မရေသးဘဲ ေစာင့္ဆုိင္းေနရတဲ့သေဘာပဲ ရွိပါေသးတယ္ခင္ဗ်။”

ဗစ္တိုးရီးယားအမႈနဲ႔ ပတ္သက္ၿပီး လက္ရွိအခ်ိန္မွာ စြပ္စြဲခံထားရတဲ့ ကိုေအာင္ႀကီးကို တရားရွင္ျပန္လႊတ္ေပးထားေပမယ့္ က်ဴးလြန္သူအစစ္အမွန္ကုိေတာ့ ေဖာ္ထုတ္ႏုိ္င္ျခင္း မရွိေသးပါဘူး။ ျမန္မာႏိုင္ငံမွာ သက္ငယ္မုဒိမ္းမႈေတြ အမ်ားအျပားရွိေပမယ့္ အခုဗစ္တိုးရီးယားအမႈဟာ မသကၤာစရာအခ်က္ေတြမ်ားၿပီး ျမန္မာႏုိင္ငံရဲ႕ တရားစီရင္ေရးမ႑ိဳင္မွာ ေဆာင္ရြက္ခ်က္ အားနည္းေနတာေတြ ရွိတာေၾကာင့္ လူအမ်ားက အမႈမွန္ေပၚေပါက္ေရး ေတာင္းဆုိေနၾကၿပီး ပညာရွင္အသီးသီးကလည္း ဒီအေပၚကို ဝန္းရံေနၾကတာပါ။

တိုက္႐ိုက္ လင့္ခ္


..................

မှုခင်းရဲတပ်ဖွဲ့အရာရှိသုံးဦးကို တရားစွဲဖို့ သမ္မတထံလျှောက်ထား

(Unicode)

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ မှုခင်းရဲတပ်ဖွဲ့မှူးသုံးဦးနဲ့ ရဲတပ်ဖွဲ့ရဲ့ ရဲဇာနည် page တာဝန်ခံတို့ကို ကလေးသူငယ် အခွင့်ရေးဆိုင်ရာ ချိုးဖေါက်မှုနဲ့ တရားစွဲဆိုနိုင်ဖို့ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း (ILAM) က နိုင်ငံတော်သမ္မတထံ စာတင် လျှောက်ထားလိုက်ပါတယ်။ မြန်မာနိုင်ငံတရားစီရင်ရေး တခုလုံးကို စိန်ခေါ်နေတဲ့ Victoria အမှုလို့ ခေါ်တဲ့သက်ငယ် မုဒိမ်းမှုနဲ့ ပတ်သက်တဲ့ နောက်ဆုံး အခြေနေကို ဗွီအိုအေသတင်းထောက် စုစု က တင်ပြပေးမှာပါ။

ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ လတုန်းက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဆောင်သူတွေဖြစ်ကြတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ မှုခင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိုးနိုင်ဦး၊ မှုခင်းညွှန်ကြားရေးမှူး ရဲမှူးကြီးမင်းဟန်နဲ့ မှုခင်းရဲတပ်ဖွဲ့ဌာနမှူး ရဲမှူးကြီးသာဒွန်း အပြင် ရဲတပ်ဖွဲ့ရဲ့ သတင်း ဖေ့ဘုတ်စာမျက်နှာ တာဝန်ခံတို့ဟာ ပြည်သူ့ဝန်ထမ်း တွေ ဖြစ်နေတာကြောင့် သူတို့ကို ကလေးသူငယ် အခွင့်ရေး ဆိုင်ရာ ချိုးဖောက်မှုတွေ အတွက် တရားစွဲဆိုနိုင်ဖို့ ကြိုတင် ခွင့်ပြုမိန်ကို ဥပဒေနဲ့အညီ့တောင်းခဲ့တာလို့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

“သမ္မတဆီက ခွင့်ပြုမိန့်တောင်းတယ်ဆိုတာ ဥပဒေနဲ့အညီ တောင်းထားတာပေါ့နော်။ အဲတော့ သမ္မတရုံးကလည်းပဲ အကြောင်းပြန်လိမ့်မယ်လို့ ကျတော်တို့မျှော်လင့်တယ်။ ခွင့်ပြုမိန့် ရခဲ့တယ်ဆိုရင်တော့ ကျနော်တို့က First Information Report ကို ဒီအမှုဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ရှိရာ နေပြည်တော်က သက်ဆိုင်ရာမြို့နယ် ရဲစခန်းမှာ ကျနော်တို့အမှုဖွင့်ရမှာ ဖြစ်ပါတယ်။”

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၉ရက်နေ့တုန်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗစ်တိုးရီးယားလို့ နာမည်ဝှက်ပေးထားတဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်ခံထားရတဲ့ ကလေးငယ်ရဲ့အမည်ရင်းနဲ့ မိသားစုကိုယ်ရေးအချက်အလက်တို့ကို အကြိမ်ကြိမ်ထုတ်ဖော် ပြောဆိုသွားတဲ့ မှုခင်းရဲတပ်ဖွဲ့ဝင်တွေဟာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာလို့ သမ္မတထံပို့တဲ့စာမှာ ဖော်ပြထားပါတယ်။

စွပ်စွဲခံထားရသူတွေက ပြည်သူ့ဝန်ထမ်းတွေ ဖြစ်တာကြောင့် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၉၇ (၁) အရ သမ္မတရဲ့ကြိုတင်ခွင့်ပြုမိန့်ရမှ သူတို့ကိုတရားစွဲလို့ရမယ်လို့ ရှေ့နေဦးသိန်းသန်းဦးကပြောပါတယ်။ ဗစ်တိုးရီးယားအမှုဟာ မြန်မာနိုင်ငံတရားစီရင်ရေး တခုလုံးကို စိန်ခေါ်နေတဲ့အမှု ဖြစ်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်နေတယ် ဆိုတာကို အားလုံး သတိပြု လာစေချင်တယ် လို့လည်း ပြောပါတယ်။

“သာမန်အမှုမဟုတ်ပါဘူး။ ဒီအမှုမှာဖြစ်ရိုးဖြစ်စဉ် မဟုတ်တဲ့ ပြဿနာတွေ အများကြီးရှိနေတယ်။ ကိုယ်လုပ်တာမှားတယ်ဆို မှားကြောင်း ဘယ်သူမှ ဝန်ခံတာမရှိဘူး။ ဒီအခြေအနေကနေတဆင့် ကျနော်တို့က ဘာကိုမျှော်လင့်တာလည်းဆိုတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ရှိသင့်ရှိထိုက်တဲ့အတိုင်း နိုင်ငံတော်သမ္မတရဲ့ ကွပ်ကဲမှုအောက် သို့မဟုတ်လို့ရှိရင် သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်ဒေသကြီး ဝန်ကြီးချုပ်တွေရဲ့ အနီးကပ်ကွပ်ကဲမှုမှာ ရှိပြီးတော့ အစိုးရအဖွဲ့နဲ့အတူ ပူးပေါင်းပါဝင်နိုင်တဲ့ အနေအထားမျိုး ဖြစ်အောင် လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ အဲဒီအတွက်ရည်စူးပြီးတော့ ဒီအမှုကို ကျနော်တို့ပါဝင် ဆောင်ရွက်တာဖြစ်ပါတယ်။”

နေပြည်တော် Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက ဗစ်တိုးရီးယားလို့ နာမည်ဝှက်ပေးထားတဲ့ သုံးနှစ်အရွယ်မိန်းကလေး လိင်ပိုင်းဆိုင်ရာစော်ကားခံရတဲ့အမှုကို နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးမှာ ခြောက်လကျော်ကြာ စစ်ဆေးပြီးတဲ့နောက် သံသယတရားအဖြစ် စွပ်စွဲခံထားရတဲ့ ကိုအောင်ကြီးဆိုသူကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၈ရက်နေ့က တရားရှင်ပြန်လွှတ်ပေးခဲ့ပါတယ်။

အဲဒီနောက်မှာပဲ ဗစ်တိုးရီးယားအမှုအပေါ် ပြင်ဆင်ချိန် ၂လပေးထားပြီး အဲဒီကာလကျော်သွားရင် အမှုဖြစ်ချိန်မှာ ဝတ်ခဲ့တဲ့ ဗစ်တိုးရီးယားရဲ့အဝတ်အစားနဲ့ ကိုအောင်ကြီးရဲ့အဝတ်အစားတွေကို မီးရှို့ဖျက်စီးပစ်ဖို့ တရားရုံးက အမိန့်ချထားတာပါ။

ဒါပေမယ့် တရားလိုဖြစ်သူ ဗစ်တိုးရီးယားမိသားစုအပါအဝင် ဒီအမှုအမှန်တရား ပေါ်ပေါက်ဖို့အတွက် ဝန်းရံနေသူတွေက ဒီအပေါ်ကို မလိုလားကြပါဘူး။ လက်ရှိအချိန်မှာ သမီးလေးရဲ့ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး ကျောင်းပြန်တက်ချင်တဲ့ ဆန္ဒရှိနေတယ်လို့ အနီးကပ် ကူညီဆောင်ရွက်ပေးနေတဲ့ ကိုသက္ကမိုးညိုက ပြောပါတယ်။

“သမီးလေးရဲ့အခြေအနေကတော့ ကျောင်းတက်ချင်တာ တခုရှိတာပေါ့နော်။ ကျနော်တို့က တရားရုံးကနေပေးထားတဲ့ ရက်ပေါင်း ၆၀ မပြည့်သေးတော့ တကယ်လို့များ ဥပဒေရုံးကနေပြီးတော့ ကိုအောင်ကြီးကို ပြန်ပြီးတော့ ပြင်ဆင်ချက်နဲ့ဆက်ပြီးတော့ တိုင်းကိုတင်မလား၊ မတင်ဘူးလား။ ဒါတွေကို စောင့်နေရတဲ့အခြေအနေ ရှိပါတယ်။ တကယ်လို့ သူတို့ကတင်ခဲ့လို့ရှိရင်တော့ တမျိုးပေါ့လေ။ ခုကတော့ ဘာမှကြိုလုပ်လို့ မရသေးဘဲ စောင့်ဆိုင်းနေရတဲ့သဘောပဲ ရှိပါသေးတယ်ခင်ဗျ။”

ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး လက်ရှိအချိန်မှာ စွပ်စွဲခံထားရတဲ့ ကိုအောင်ကြီးကို တရားရှင်ပြန်လွှတ်ပေးထားပေမယ့် ကျူးလွန်သူအစစ်အမှန်ကိုတော့ ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။ မြန်မာနိုင်ငံမှာ သက်ငယ်မုဒိမ်းမှုတွေ အများအပြားရှိပေမယ့် အခုဗစ်တိုးရီးယားအမှုဟာ မသင်္ကာစရာအချက်တွေများပြီး မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမဏ္ဍိုင်မှာ ဆောင်ရွက်ချက် အားနည်းနေတာတွေ ရှိတာကြောင့် လူအများက အမှုမှန်ပေါ်ပေါက်ရေး တောင်းဆိုနေကြပြီး ပညာရှင်အသီးသီးကလည်း ဒီအပေါ်ကို ဝန်းရံနေကြတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG