သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကူးစက်နေတဲ့ မြွေပါ တသိန်းနီးပါး စပိန်သုတ်သင်


 မြွေပါ
မြွေပါ

(Zawgyi/Unicode)

စပိန်နိုင်ငံ အရှေ့ပိုင်း Aragon ဒေသမှာ က အမွှေးရှည်- မြွေပါ မွေးမြူရေးခြံမှာ ရှိတဲ့ မြွေပါ တွေမှာ အများစုဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး အကူးစက်ခံနေရတာကြောင့် အကောင်တသိန်း နီးပါး (၉၃,၀၀၀) လောက်ကို သုတ်သင်ဖို့ ဒေသဆိုင်ရာကျန်းမာရေး တာဝန်ခံတွေက ကြာသပတေးနေ့မှာ အမိန့်ပေးခဲ့ပါတယ်။

မဒရစ်မြို့ အရှေ့ဘက် မိုင် ၁၂၅ လောက်မှာ ရှိတဲ့ ဒီမွေးမြူရေးခြံမှာ မေလ ၂၂ ရက်နေ့က အလုပ်သမား ၇ ဦး ကိုဗစ် ၁၉ အကူးစက်ခံခဲ့ရတဲ့ နောက် မြွေပါတွေကို သေသေချာချာ စောင့်ကြည့်ခဲ့တာဖြစ်ပြီး အဲဒီထဲက ၈၀ % မှာ အကူးစက်ခံနေရကြောင်း တွေ့ရတာကြောင့် အခုလို သုတ်သင်ဖို့ ဆုံးဖြတ်ရတာ ဖြစ်ကြောင်း့Aragon ဒေသ စိုက်ပျိုးမွေးမြူရေးဌာန အကြီးအကဲ Joaquin Olona က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ ခွေးတွေ ကြောင်တွေ အပါအဝင် နို့တိုက်သတ္တဝါ အမျိုးအစား အများအပြားကိုလည်း ကူးစက်မှု ရှိနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


...............

(Unicode)




XS
SM
MD
LG