(Zawgyi / Unicode)
ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါပိုး ေနာက္ထပ္ ကူးစက္ခံရသူ ၁ ဦး ေတြ႔ရွိခဲ့တာေၾကာင့္ ဗုိင္းရပ္စ္ကူးစက္ခံရသူ ၃၄၀ ရွိသြားၿပီလို႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ဒီေန႔ ဇူလိုင္ ၁၈ ရက္ေန႔ ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ဓာတ္ခဲြနမူနာ စုစုေပါင္း ၁,၀၇၇ ခုကို စစ္ေဆးခဲ့တာမွာ ေရာဂါပိုး ကူးစက္ခံထားရသူ ၁ ဦးကို ေတြ႔ရွိခဲ့တာျဖစ္တယ္လို႔ က်န္းမာေရး၀န္ႀကီးဌာနက ေျပာပါတယ္။
ဒီေန႔ ကို႐ုိနာဗုိင္းရပ္စ္ပိုး ေတြ႔ရွိသူဟာ မၾကာေသးခင္က ယူေအအီးႏုိင္ငံက ျပန္လာသူျဖစ္ၿပီး မရမ္းကုန္းၿမိဳ႕နယ္မွာ အသြားအလာ ကန္႔သတ္ထားရွိသူ ျဖစ္ပါတယ္။ အသက္ ၄၃ ႏွစ္အရြယ္ အဲဒီအမ်ဳိးသမီးဟာ မႏၲေလးတိုင္း ေအာင္ေျမသာဇံၿမိဳ႕နယ္ကျဖစ္ၿပီး ရန္ကုန္၊ ေဝဘာဂီ အထူးကုေဆး႐ံုႀကီးမွာ ေဆးကုသမႈေပးသြားမွာ ျဖစ္ပါတယ္။
ဓာတ္ခဲြအတည္ျပဳ လူနာေဟာင္းေတြထဲက ေဆးကုသမႈခံယူၿပီး ၂ ႀကိမ္ဆက္တုိက္ ပိုးမေတြ႔ရွိဘဲ ေရာဂါ သက္သာေပ်ာက္ကင္းလာသူ ေနာက္ထပ္ ၂ ဦး ထပ္တိုးတာေၾကာင့္ အခုဆုိရင္ ေရာဂါကင္းစင္သူ ၂၇၃ ေယာက္ရွိသြားၿပီ ျဖစ္ပါတယ္။ ဒီထဲက ၂၆၁ ေယာက္ကို ေဆး႐ုံကေန ဆင္းခြင့္ေပးၿပီး သတ္မွတ္ထားတဲ့ ေနရာေတြမွာ အသြားအလာ ကန္႔သတ္ၿပီး ဆက္လက္ ေစာင့္ၾကည့္ေနတယ္လို႔ ေျပာပါတယ္။
ဒါ့အျပင္ မေန႔ ဇူလိုင္လ ၁၇ ရက္ ေန႔လယ္ ၁၂ နာရီကေန ဒီေန႔ ဇူလိုင္ ၁၈ ရက္ ေန႔လယ္ ၁၂ နာရီအထိ ေနာက္ထပ္ ေစာင့္ၾကည့္လူနာသစ္ ၃၉ ေယာက္ရွိတယ္္လို႔ ေျပာပါတယ္။
ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါပိုးေၾကာင့္ ေသဆုံးသူ ၆ ဦး ရွိထားပါတယ္။
----------------------------
(Unicode)
မြန်မာ COVID-19 ကူးစက်သူ ၁ ဦးထပ်တိုးပြီး စုစုပေါင်း ၃၄၀ ရှိပြီ
မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး နောက်ထပ် ကူးစက်ခံရသူ ၁ ဦး တွေ့ရှိခဲ့တာကြောင့် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၄၀ ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ ဇူလိုင် ၁၈ ရက်နေ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ခွဲနမူနာ စုစုပေါင်း ၁,၀၇၇ ခုကို စစ်ဆေးခဲ့တာမှာ ရောဂါပိုး ကူးစက်ခံထားရသူ ၁ ဦးကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒီနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူဟာ မကြာသေးခင်က ယူအေအီးနိုင်ငံက ပြန်လာသူဖြစ်ပြီး မရမ်းကုန်းမြို့နယ်မှာ အသွားအလာ ကန့်သတ်ထားရှိသူ ဖြစ်ပါတယ်။ အသက် ၄၃ နှစ်အရွယ် အဲဒီအမျိုးသမီးဟာ မန္တလေးတိုင်း အောင်မြေသာဇံမြို့နယ်ကဖြစ်ပြီး ရန်ကုန်၊ ဝေဘာဂီ အထူးကုဆေးရုံကြီးမှာ ဆေးကုသမှုပေးသွားမှာ ဖြစ်ပါတယ်။
ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေထဲက ဆေးကုသမှုခံယူပြီး ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိဘဲ ရောဂါ သက်သာပျောက်ကင်းလာသူ နောက်ထပ် ၂ ဦး ထပ်တိုးတာကြောင့် အခုဆိုရင် ရောဂါကင်းစင်သူ ၂၇၃ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။ ဒီထဲက ၂၆၁ ယောက်ကို ဆေးရုံကနေ ဆင်းခွင့်ပေးပြီး သတ်မှတ်ထားတဲ့ နေရာတွေမှာ အသွားအလာ ကန့်သတ်ပြီး ဆက်လက် စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။
ဒါ့အပြင် မနေ့ ဇူလိုင်လ ၁၇ ရက် နေ့လယ် ၁၂ နာရီကနေ ဒီနေ့ ဇူလိုင် ၁၈ ရက် နေ့လယ် ၁၂ နာရီအထိ နောက်ထပ် စောင့်ကြည့်လူနာသစ် ၃၉ယောက်ရှိတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးကြောင့် သေဆုံးသူ ၆ ဦး ရှိထားပါတယ်။