သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သူ႔ကိုဖမ္းမယ့္ကိစၥဆႏၵျပကန႔္ကြက္ၾကဖို႔ ေထာက္ခံသူေတြကို သမၼတေဟာင္း Donald Trump လႈံ႕ေဆာ္


US Election 2024 DeSantis Trump

{{Zawgyi/Unicode}}

သမၼတေဟာင္း Donal Trump က သူဟာ လာမယ့္အဂၤါေန႔မွာ ဖမ္းခံရဖြယ္ရွိတာမို႔ သူ႔ေထာက္ခံသူေတြအေနနဲ႔ ဆႏၵျပကန႔္ကြက္ၾကဖို႔ ကိုယ္ပိုင္လူမႈကြန္ယက္ ပလက္ေဖာင္းျဖစ္တဲ့ Truth Social Platform ေပၚမွာ လႈံ႕ေဆာ္ေရးသားခဲ့ပါတယ္။ နယူးေယာက္ Manhattan ခ႐ိုင္ တရားေရး႐ုံးက ေပါက္ၾကားတဲ့အခ်က္အလက္ကို အေျခခံကိုးကားေျပာဆိုတာလို႔လည္း ေျပာထားပါတယ္။

ဒါေပမယ့္လည္း သမၼတေဟာင္း Trump ကို ရာဇဝတ္မႈတခုခုနဲ႔အေရးယူမယ္ဆိုတာမ်ိဳး သက္ဆိုင္ရာတာဝန္ရွိသူေတြဘက္က ေျပာဆိုအတည္ျပဳတာမ်ိဳးမရွိပါဘူး။ သမၼတ Trump အဖမ္းခံရရင္ ဘယ္လို လုံၿခဳံေရးအစီအမံေတြလုပ္မလဲဆိုတာ နယူးေယာက္မွာရွိတဲ့ ဥပေဒစိုးမိုးေရးဆိုင္ရာအဖြဲ႕အစည္းေတြ ေဆြးေႏြးခဲ့ၾကတယ္လို႔ ၿပီးခဲ့တဲ့ရက္ပိုင္း သတင္းမီဒီယာေတြမွာ ေဖာ္ျပခဲ့ဖူးပါတယ္။

ဒုသမၼတေဟာင္း Mike Pence အပါအဝင္ ရီပတ္ပလင္ကန္တခ်ိဳ႕ကေတာ့ ဒီလို ဖမ္းခံႏိုင္ေျခရွိတဲ့အေပၚ သမၼတ Trump ကို ကာကြယ္ေျပာဆိုၾကပါတယ္။ ဒါဟာ ႏိုင္ငံေရးပေယာဂပါတဲ့ ေနာက္ထပ္စြဲခ်က္ျဖစ္တယ္လို႔ ဒုသမၼတေဟာင္း Pence က ABC သတင္းဌာနနဲ႔ ေမးျမန္းခန္းမွာေျပာထားပါတယ္။

အခုအမႈကေတာ့ လိင္ေဖ်ာ္ေျဖေရး႐ုပ္ရွင္မင္းသမီး Stormy Daniels ကို ၂၀၁၆ ေ႐ြးေကာက္ပြဲမတိုင္ခင္ေလး ႏႈတ္ပိတ္ခ ေဒၚလာတသိန္းသုံးေသာင္း ေပးခဲ့တာနဲ႔ ဆက္စပ္ေနပါတယ္။ သမၼတေဟာင္း Trump နဲ႔ တညအိပ္လိင္မႈပတ္သက္ခဲ့တယ္လို႔ Stormy Daniels က ေျပာခဲ့ေပမဲ့ Trump ကေတာ့ ဒါကို ျငင္းဆန္ထားပါတယ္။ သမၼတေဟာင္း Trump ကို သူေျပာတဲ့အတိုင္း ရာဇဝတ္မႈနဲ႔အေရးယူခဲ့မယ္ဆိုရင္ေတာ့ အေမရိကန္သမိုင္းမွာ သမၼတေဟာင္းတေယာက္ ဖမ္းခံရတာ ဒါပထမဆုံးအႀကိမ္ျဖစ္ပါလိမ့္မယ္။

သမၼတေဟာင္း Trump ဟာ ၂၀၂၀ ေ႐ြးေကာက္ပြဲရလဒ္ကိုပယ္ဖ်က္ၿပီး အာဏာဆက္ ယူႏိုင္ဖို႔ ႀကိဳးပမ္းတယ္ဆိုတဲ့ စြဲခ်က္နဲ႔ ဖယ္ဒရယ္အစိုးရတရားေရးဌာန အထူးစုံစမ္းသူနဲ႔ Georgia ျပည္နယ္ တရားေရးဌာနရဲ႕ စုံစမ္းစစ္ေဆးမႈေတြလည္း ရင္ဆိုင္ေနရတာပါ။

တရားေရးဌာန အထူးစုံစမ္းေရးမႉး Jack Smith ဟာ ဝါရွင္တန္ဒီစီက လႊတ္ေတာ္အေဆာက္အဦး စီးနင္းခံရမႈမွာ သမၼတ Trump ဘယ္လို ပတ္သက္သလဲဆိုတာနဲ႔ သမၼတေဟာင္း Trump ဟာ ရာထူးကဆင္းၿပီးေနာက္ အိမ္ျဖဴေတာ္လွ်ိဳ႕ဝွက္မွတ္တမ္းေတြကို ဥပေဒအတိုင္းလႊဲေျပာင္းေပးရမယ့္အစား ဖေလာ္ရီဒါစံအိမ္မွာ သိမ္းဆည္းထားတဲ့အမႈေတြကိုလည္း စုံစမ္းစစ္ေဆးေနပါတယ္။
=============

{{Unicode}}

သူ့ကိုဖမ်းမယ့်ကိစ္စဆန္ဒပြကန့်ကွက်ကြဖို့ ထောက်ခံသူတွေကို သမ္မတဟောင်း Donald Trump လှုံ့ဆော်

သမ္မတဟောင်း Donal Trump က သူဟာ လာမယ့်အင်္ဂါနေ့မှာ ဖမ်းခံရဖွယ်ရှိတာမို့ သူ့ထောက်ခံသူတွေအနေနဲ့ ဆန္ဒပြကန့်ကွက်ကြဖို့ ကိုယ်ပိုင်လူမှုကွန်ယက် ပလက်ဖောင်းဖြစ်တဲ့ Truth Social Platform ပေါ်မှာ လှုံ့ဆော်ရေးသားခဲ့ပါတယ်။ နယူးယောက် Manhattan ခရိုင် တရားရေးရုံးက ပေါက်ကြားတဲ့အချက်အလက်ကို အခြေခံကိုးကားပြောဆိုတာလို့လည်း ပြောထားပါတယ်။

ဒါပေမယ့်လည်း သမ္မတဟောင်း Trump ကို ရာဇဝတ်မှုတခုခုနဲ့အရေးယူမယ်ဆိုတာမျိုး သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က ပြောဆိုအတည်ပြုတာမျိုးမရှိပါဘူး။ သမ္မတ Trump အဖမ်းခံရရင် ဘယ်လို လုံခြုံရေးအစီအမံတွေလုပ်မလဲဆိုတာ နယူးယောက်မှာရှိတဲ့ ဥပဒေစိုးမိုးရေးဆိုင်ရာအဖွဲ့အစည်းတွေ ဆွေးနွေးခဲ့ကြတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်း သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ဖူးပါတယ်။

ဒုသမ္မတဟောင်း Mike Pence အပါအဝင် ရီပတ်ပလင်ကန်တချို့ကတော့ ဒီလို ဖမ်းခံနိုင်ခြေရှိတဲ့အပေါ် သမ္မတ Trump ကို ကာကွယ်ပြောဆိုကြပါတယ်။ ဒါဟာ နိုင်ငံရေးပယောဂပါတဲ့ နောက်ထပ်စွဲချက်ဖြစ်တယ်လို့ ဒုသမ္မတဟောင်း Pence က ABC သတင်းဌာနနဲ့ မေးမြန်းခန်းမှာပြောထားပါတယ်။

အခုအမှုကတော့ လိင်ဖျော်ဖြေရေးရုပ်ရှင်မင်းသမီး Stormy Daniels ကို ၂၀၁၆ ရွေးကောက်ပွဲမတိုင်ခင်လေး နှုတ်ပိတ်ခ ဒေါ်လာတသိန်းသုံးသောင်း ပေးခဲ့တာနဲ့ ဆက်စပ်နေပါတယ်။ သမ္မတဟောင်း Trump နဲ့ တညအိပ်လိင်မှုပတ်သက်ခဲ့တယ်လို့ Stormy Daniels က ပြောခဲ့ပေမဲ့ Trump ကတော့ ဒါကို ငြင်းဆန်ထားပါတယ်။ သမ္မတဟောင်း Trump ကို သူပြောတဲ့အတိုင်း ရာဇဝတ်မှုနဲ့အရေးယူခဲ့မယ်ဆိုရင်တော့ အမေရိကန်သမိုင်းမှာ သမ္မတဟောင်းတယောက် ဖမ်းခံရတာ ဒါပထမဆုံးအကြိမ်ဖြစ်ပါလိမ့်မယ်။

သမ္မတဟောင်း Trump ဟာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုပယ်ဖျက်ပြီး အာဏာဆက် ယူနိုင်ဖို့ ကြိုးပမ်းတယ်ဆိုတဲ့ စွဲချက်နဲ့ ဖယ်ဒရယ်အစိုးရတရားရေးဌာန အထူးစုံစမ်းသူနဲ့ Georgia ပြည်နယ် တရားရေးဌာနရဲ့ စုံစမ်းစစ်ဆေးမှုတွေလည်း ရင်ဆိုင်နေရတာပါ။

တရားရေးဌာန အထူးစုံစမ်းရေးမှူး Jack Smith ဟာ ဝါရှင်တန်ဒီစီက လွှတ်တော်အဆောက်အဦး စီးနင်းခံရမှုမှာ သမ္မတ Trump ဘယ်လို ပတ်သက်သလဲဆိုတာနဲ့ သမ္မတဟောင်း Trump ဟာ ရာထူးကဆင်းပြီးနောက် အိမ်ဖြူတော်လျှို့ဝှက်မှတ်တမ်းတွေကို ဥပဒေအတိုင်းလွှဲပြောင်းပေးရမယ့်အစား ဖလော်ရီဒါစံအိမ်မှာ သိမ်းဆည်းထားတဲ့အမှုတွေကိုလည်း စုံစမ်းစစ်ဆေးနေပါတယ်။

XS
SM
MD
LG