သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နိုင်ငံသားရာနဲ့ချီ ဆူဒန်က စတင် ကယ်ထုတ်


တိုက်ပွဲတွေဖြစ်နေတဲ့ ဆူဒန်နိုင်ငံထဲက နိုင်ငံခြားသားတွေကို  ပြောင်းရွှေ့ခေါ်ထုတ်ပေးနေစဥ်။ (ဧပြီ ၂၉၊ ၂၀၂၃)
တိုက်ပွဲတွေဖြစ်နေတဲ့ ဆူဒန်နိုင်ငံထဲက နိုင်ငံခြားသားတွေကို  ပြောင်းရွှေ့ခေါ်ထုတ်ပေးနေစဥ်။ (ဧပြီ ၂၉၊ ၂၀၂၃)

စစ်တပ်ကွဲပြီးတိုက်ပွဲတွေဖြစ်နေတဲ့ဆူဒန်နိုင်ငံမှာ ရာနဲ့ချီတဲ့အမေရိကန်နိုင်ငံသားတွေကို ပထမဆုံးအကြိမ် လေယာဉ်နဲ့ကယ်ထုတ်နိုင်ဖို့ Port Sudan ဆိပ်ကမ်းမြို့ဆီ ကုန်းလမ်းကနေသယ်ဆောင်လာရာမှာ စနေနေ့က ရောက်လာပါတယ်။

လူဦးရေ ၂၀၀ ကနေ ၃၀၀ လောက်ရှိတဲ့ အမေရိကန်နိုင်ငံသားနဲ့ အမြဲတမ်းနေထိုင်သူ Green Card ကိုင်ဆောင်သူတွေကို ကုန်းလမ်းကနေ ဘတ်စ်ကားတွေနဲ့သယ်ဆောင်လာခဲ့ပြီး တိုက်ခိုက်ရေးမောင်းသူမဲ့ ဒရုန်းယာဉ်တွေက ကောင်းကင်ကနေ စောင့်ကြပ်လိုက်ပါခဲ့ပါတယ်။

တိုက်ပွဲတွေဖြစ်နေတာ ၂ ပတ်လောက်ရှိပြီဖြစ်တဲ့ ဆူဒန်နိုင်ငံကနေ အမေရိကန်နိုင်ငံသားတွေကို ကယ်ထုတ်ဖို့ ပြီးခဲ့တဲ့ဧပြီလ ၂၂ ရက်နေ့က အမေရိကန်တပ်ဖွဲ့တချို့ မြို့တော်ခါတွန်ကို ရောက်သွားပြီးနောက် အခုလို စတင်ဆောင်ရွက်ခဲ့ တာပါ။

မိုင် ၅၀၀ လောက်ရှိတဲ့ခရီးကို ဘတ်စ်ကားတွေနဲ့သယ်ဆောင်လာပြီး ဆူဒန်ဆိပ်ကမ်းမြို့ကိုဘေးကင်းင်းနဲ့ ရောက်သွားပြီဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒိကနေမှတဆင့် လေယာဉ်နဲ့ အမေရိကန်ပြည်ထောင်စုကို ဆက်လက်ထွက်ခွါမှာ ဖြစ်ပါတယ်။

ဆူဒန်နိုင်ငံမှာ အမေရိကားကိုပြန်လိုတဲ့ အမေရိကန်နိုင်ငံသားနဲ့ အမြဲတမ်းနေထိုင်သူ စုစုပေါင်း ၁၆,၀၀၀ လောက်ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG