သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်ထုတ်ခံရတဲ့ ထိုင်းရောက် မြန်မာအလုပ်သမား ၄ ဦး နစ်နာကြေးရ


နစ်နာကြေးရရှိခဲ့သည့်အလုပ်သမားများ
နစ်နာကြေးရရှိခဲ့သည့်အလုပ်သမားများ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ ဝါးစကင်းကျေးရွာက အထည်ချုပ်(အိမ်ရုံ) စက်ရုံမှာ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၄ ဦးကို ကြိုတင်အကြောင်းမကြားပဲ အလုပ်ထုတ်ခဲ့တာကြောင့်ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ကလိုက်ပါဆောင်ရွက်ပြီး အလုပ်သမား အခွင့်အရေး ကာကွယ်ရေးရုံး (ဆဝါဒီကန်ရုံး) မှာ လုပ်ငန်းရှင်နဲ့ အလုပ်သမားတွေ့ဆုံပြီး ညှိနှိုင်းပေးခဲ့ရာ လုပ်ငန်းရှင်ဘက်က နစ်နာကြေးငွေ ဘတ်ငွေ ၂သိန်းနှစ်သောင်းကို အလုပ်သမားတွေက ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ရက်နေ့ကရရှိခဲ့ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ ဝါးစကင်းကျေးရွာက အထည်ချုပ်(အိမ်ရုံ) စက်ရုံမှာ လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမား ၄ ဦးဟာ ဥပဒေပါလုပ်အားခမရတဲ့အပြင် ညှိနိုင်းခွင့်လည်းမရ ကြိုတင်အကြောင်းမကြားပဲအလုပ်ကနေ ထုတ်ပယ်ခံရတာကြောင့် နစ်နာကြေးရဖို့ အလုပ်သမားကာကွယ်ရေးရုံးကိုတိုင်ကြားခဲ့တာပါ။ ဒီအမှုကို ဩဂုတ်လက တိုင်ကြားခဲ့တာဖြစ်ပြီး ၂လကျော်အကြာမှ နစ်နာကြေးဘတ်ငွေ နှစ်သိန်းနှစ်သောင်းရရှိခဲ့ကြောင်း ဒီအမူကို ကို အလုပ်သမားရှေ့နေရုံး (Labour Law Clinic - LLC) နဲ့အတူလိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ရောင်ခြည်ရေးအလုပ်သမားအဖဲွက ဥပဒေရေးရာဌာနကြီးမူး မသူဇာကြိုင်ကအခုလိုပြောပါတယ်။

"အိမ်စက်ရုံကနေ သူတို့က အလုပ်ဖြုတ်ခံ၇တာပေါ့လေ အဓိက အလုပ်ဖြုတ်တာကတော့ သူတို့က ညဘက် အချိန်ပိုဆင်းပြီးတာတောင်မှ တနေ့ကို ဘတ်ငွေ ၁၇၀ နဲ့ ၁၈၀လောက်ပဲ ရကြတယ်။ လုပ်ငန်းရှင်နဲ့နောက်တခေါက်စကားပြောတော့ ကျနော်တို့က မလုပ်ချင်လို့ ထွက်တာမဟုတ်ဘူး အလုပ်ရှင်က သဘောမတူလို့ထုတ်တာနော်ဆိုတော့ အလုပ်ရှင်က ဟုတ်တယ် ထုတ်လိုက်တယ်လို့ပြောတယ်၊ အဓိကကတော့ ရရှိတာကတော့၂မျိုးရယ် ကြိုတင်အကြောင်းမကြားပဲအလုပ်ကနေထုတ်လိုက်တာရယ်။ လုပ်သက်အလိုက်နစ်နာကြေးရယ် တနှစ်သမားကတလစာနစ်နာကြေးရတယ် ၃နှစ်လုပ်သက်ရှိတဲ့သူကတော့ နစ်နာကြေး ၃လစာ ရက်ပေါင်း၉၀ရတယ်၊ အဲဒါတွေကိုတွက်ချက်ပြီးတော့ကြိုတင်မကြောင်းမကြားခ တလစာနဲ့နစ်နာကြေးရရှိခဲ့တယ်ပေါ့နော်"

အခုဆိုရင်အလုပ်သမား ၄ ယောက်ဟာ လုပ်အားခနစ်နာကြေးအဖြစ် ဘတ်ငွေ နှစ်သိန်းနှစ်သောင်းရခဲ့တာကြောင့် တခြားအလုပ်သမားတွေအနေနဲ့လည်း ဥပဒေပါအတိုင်း ကိုယ့်ရဲ့အလုပ်သမားအခွင့်ရေးရဖို့ ထိုင်းနိုင်ငံရဲ့ဥပဒေတွေကို လေ့လာစေချင်လို့နစ်နာကြေးရတဲ့အလုပ်သမားတဦးကပြောပြပါတယ်။

"လေးယောက်ပေါင်းကို နှစ်သိန်း နှစ်သောင်းရခဲ့တယ်၊ အချိန်ကာလကတော့နှစ်လလောက်ကြာတယ် တခြားအလုပ်သမားတွေကိုသိစေတယ် ကိုယ့်လုပ်ရတဲ့အချိန်တွေ ထိုင်းနိုင်ငံရဲ့ဥပဒေတွေကိုလည်းသိစေချင်ပါတယ်။"

ထိုင်းနိုင်ငံမှာတနေ့လုပ်အားခ အနည်းဆုံးဘတ်ငွေ ၃၀၀ကျော်ရှိပေမယ့် များသောအားဖြင့်နယ်စပ်က စက်ရုံငယ်လေးတွေကတော့ဥပဒေပါလုပ်အားခမပေးတာ အချိန်ပိုကြေးကို လည်း ဥပဒေအတိုင်းမပေးတာတွေကြောင့်အလုပ်သမားတွေဟာများသောအားဖြင့် တနေ့ကို ၈နာရီကျော်လုပ်တာတောင် ဘတ်ငွေ ၁၈၀ လောက်သာရရှိကြပါတယ်။ လုပ်အားခနဲ့ပတ်သက်လို့ အလုပ်ရှင်တွေကိုညှိနိုင်းတဲ့အခါတိုင်းမှာ အလုပ်ထွက်သွားဖို့သာဖိအားပေးခံရတာကြောင့် အလုပ်ထွက်ခံရမှာစိုးပြီး အလုပ်သမားတွေက ရသလောက်နဲ ့သာကျေနပ်နေကြရပါတယ်။ တရားစဲွဆိုနေတဲ့ကာလကိုအချိန်ကြာတဲ့အထိ မစောင့်နိုင်ကြတာကြောင့်ကော သူများနိုင်ငံထဲမှာ တရားရုံးတွေကိုမသွားရဲတာတွကြောင့်ပါ။

အလုပ်ရှင်တွေကိုတရားစွဲဆိုတာတွေကို မြန်မာအလုပ်သမားအတော်များများကလုပ်လေ့မရှိပါဘူး၊ ဒါပေမယ့်အခုဆယ်စုနှစ်တခုကျော်အချိန်ကစပြီး အလုပ်သမားအဖဲွ့အစည်းတွေရဲ့အားပေးကူညီမှုနဲ့အလုပ်သမားတွေဟာမိမိတို့ရပိုင်ခွင့်တွေရဖို့ အလုပ်သမားကာကွယ်ရေးရုံးကိုတိုင်ကြားလာတာတွေတော့ ရှိလာကြပါတယ်။ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ဟာ အလုပ်သမားရေးဆောင်ရွက်နေတာဟာနှစ်ပေါင်း ၂၅နှစ်လောက်ရှိပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG