သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂ်ပန္ န်ဴကလီယား ဓါတ္ေပါင္းဖိုပ်က္စီးမႈကထြက္လာတဲ့ ေရဆိုးအႏၲရာယ္  


Fukushima Daiichi န်ဴကလီးယားဓာတ္အားေပးစက္႐ုံ (မတ္လ ၅၊ ၂၀၂၂)

{{Zawgyi/Unicode}}


လြန္ခဲ့တဲ့ ၁၂ ႏွစ္က ဂ်ပန္ႏိုင္ငံ ဖူကူရွိမ (Fukushima) န်ဴကလီယား ဓါတ္အားေပးစက္႐ုံ ဓါတ္ေပါင္းဖိုပ်က္စီးၿပီး ဝန္းက်င္တခုလုံး န်ဴကလီယားအဆိပ္သင့္ခဲ့ရပါတယ္။ စက္႐ုံထဲက အရည္ေပ်ာ္ေနတဲ့ န်ဴကလီယား ေလာင္စာေတြဖယ္ရွားဖို႔ေတာင္ အခုထိ စမလုပ္ရေသးေပမယ့္ အခု ဒီဓါတ္ေပါင္းဖိုက ေရဒီယိုသတၱိႂကြအဆိပ္သင့္ ေရဆိုးေတြကိုသန႔္စင္ၿပီး ပင္လယ္ထဲစြန႔္ပစ္ဖို႔ လုပ္ေနပါၿပီ။ အႏၲရာယ္ႀကီးလွတဲ့ ဒီအစီအစဥ္ရဲ႕ ေနာက္ဆုံးအေျခေနကို ေအပီသတင္းတပုဒ္ေပၚ အေျခခံၿပီး ဒီသီတင္းပတ္ သိပၸံနဲ႔နည္းပညာက႑မွာ ေဒၚခင္မ်ိဳးသက္က တင္ျပေပးထားပါတယ္။

ငလ်င္နဲ႔ ဆူနာမိေရလႈိင္းေတြေၾကာင့္ ဖူကူရွီးမ ဒိုင္အိခ်ိ န်ဴကလီယား ဓါတ္အားေပးစက္႐ုံပ်က္စီးခဲ့တာ ၁၂ ႏွစ္ရွိပါၿပီ။ ေရဒီယိုသတၱိႂကြဓါတ္ပစၥည္းေတြနဲ႔ အဆိပ္သင့္ေနတဲ့ စက္႐ုံထြက္ေရဆိုးေတြကိုသန႔္စင္ၿပီး ပင္လယ္ထဲျပန္စြန႔္ပစ္ဖို႔ ဂ်ပန္အာဏာပိုင္ေတြ လုပ္ေနတာပါ။

ေရဆိုးစြန႔္ပစ္ရမယ့္ အလုပ္ဟာ အင္မတန္ ထိတ္လန႔္စရာေကာင္းတဲ့ ဓါတ္အားေပးစက္႐ုံပိတ္သိမ္းတဲ့အလုပ္ေလာက္ စိန္ေခၚမႈမရွိေပမယ့္ အခ်ိန္ယူၿပီးလုပ္ရမယ့္ ခက္ခဲတဲ့အလုပ္လည္း ျဖစ္ပါတယ္။

စြန႔္ပစ္မယ့္ေရအတြက္ စိတ္မပူရေအာင္ ေသေသခ်ာခ်ာလုပ္ေနတယ္လို႔ တိုက်ိဳလွ်ပ္စစ္စြမ္းအင္ကုမၸဏီ TEPCO ေျပာခြင့္ရ တိုမိုဟိကို မာယူဇူမိက ေျပာပါတယ္။

“ဒီေရေတြကိုအႏၲရာယ္မရွိလို႔ က်ေနာ္တို႔စြန႔္ပစ္တယ္ဆိုတာ လူေတြ ထင္ထင္ရွားရွားျမင္ရေအာင္ ငါးေတြေမြးၿပီး စမ္းသပ္ျပတာပါ။ ဒီသန႔္စင္ထားတဲ့ ဒီေရေတြက သတၱဝါေတြကို တကယ္တမ္း ဘာမွ အႏၲရာယ္မေပးဘူးဆိုတာသိရေအာင္ လုပ္တာပါ”

ဒီဓါတ္ေပါင္းဖိုကထြက္တဲ့ေရေတြ အႏၲရာယ္ကင္းမကင္း ဆန္းစစ္တာ၊ ေရနမူနာယူတာေတြလုပ္ဖို႔ ေရေလွာင္ကန္ႀကီး ၃၀ ရွိပါတယ္။ သန႔္စင္ၿပီးေရဆိုးေတြကို ေျမေအာက္ ဥမင္လႈိဏ္ကေန ပင္လယ္ထဲစြန႔္မပစ္ခင္ ထည့္ရမယ့္ကြန္ကရိကန္ႀကီးကို တည္ေဆာက္ေနတာကေတာ့ ေနာက္ဆုံး အဆင့္ ေရာက္ေနပါၿပီ။ သန႔္စင္ၿပီး ေရဆိုးေတြကို စြန႔္မပစ္ခင္ ေနာက္ဆုံးအဆင့္စစ္ေဆးရမွာျဖစ္ၿပီး လိုအပ္တဲ့သန႔္စင္မႈေတြ လုပ္ၿပီးရင္ေတာ့ အဆိပ္သင့္ပစၥည္း ပါဝင္မႈအားေပ်ာ့ေအာင္ ကြန္ကရိကန္ထဲမွာ လုပ္ေပးမွာ ျဖစ္ပါတယ္။ ဒီကန္ဟာ ေႏြဦးေပါက္ေလာက္မွာအသင့္ျဖစ္မယ္လို႔ စက္႐ုံတာဝန္ခံကေျပာပါတယ္။

၂၀၂၁ မတ္လ ၁၁ ရက္က ျပင္းအား ၉ ရွိတဲ့ငလ်င္နဲ႔အတူ ဆူနာမိေရလႈိင္းႀကီးေတြက စက္႐ုံရဲ႕လွ်ပ္စစ္ျဖန႔္ျဖဴးမႈနဲ႔ အေအးေပးစနစ္ေတြကို ဖ်က္ဆီးလိုက္တဲ့အတြက္ ဓါတ္ေပါင္းဖို မွတ္ ၁၊ ၂ နဲ႔ ၃ တို႔ ေပ်ာ္က်ပ်က္စီးၿပီး ေရဒီယိုသတၱိႂကြဓါတ္ေတြ ျပန႔္သြားတဲ့ အႏၲရာယ္ႀကဳံရတာေၾကာင့္ ဒီ့အတြက္ ဦးစားေပးလုပ္ေဆာင္ေနတယ္လို႔ TEPCO ေရဆိုးသန႔္စင္ေရးတာဝန္ခံ ဂ်ဴနိခ်ိ မတ္စုမိုတိုက ေျပာပါတယ္။

“က်ေနာ္တို႔ ဒီစက္႐ုံကိုဖ်က္သိမ္းတဲ့အခါမွာ ဦးစားေပးလုပ္ေနတာက ဒီဖူကူရွိမ ဒိုင္အိခ်ိစက္႐ုံေနရာမွာေရာ စက္႐ုံျပင္ပကိုပါ န်ဴကလီယားဓါတ္ေရာင္ျခည္ေတြ ျပန႔္သြားမယ့္ အႏၲရာယ္မရွိေအာင္ဘဲ ျဖစ္ပါတယ္။ ဒီလိုအႏၲရာယ္မရွိေစဖို႔ ေရဒီယိုသတၱိႂကြ ဓါတ္ပါဝင္မႈ ျမင့္မားတဲ့ ေလာင္စာအႂကြင္းေတြနဲ႔ သုံးၿပီးသားေလာင္စာေတြကို ဆက္ၿပီးသိမ္းထားမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ALPS စက္နဲ႔ သန႔္စင္ထားတဲ့ ေရေတြကို သမုဒၵရာထဲစြန႔္ပစ္ေရးကို စလုပ္ဖို႔လိုတယ္လို႔ ဆုံးျဖတ္ၾကပါတယ္။”

န်ဴကလီယားဓါတ္ေပါင္းဖို ေလာင္စာေခ်ာင္းေတြ ေအးေအာင္လုပ္ေပးရတဲ့ေရေတြဟာ ဓါတ္ေပါင္းဖိုေအာက္ေျခအထိုင္ထဲစိမ့္ဝင္ၿပီး မိုးေရေတြ၊ ေျမေအာက္ေရေတြနဲ႔ ေရာသြားတာျဖစ္ပါတယ္။ ဒီလို အဆိပ္သင့္သြားတဲ့ေရ- တေန႔ကို တန္ခ်ိန္ ၁၃၀ ေလာက္ စုယ၊ ျပန္သန႔္စင္ၿပီးတဲ့ေနာက္မွာ ေလွာင္ကန္ေတြထဲ သိမ္းထားရတာျဖစ္ပါတယ္။

“ဒီေရေတြကို စြန႔္ပစ္လိုက္တာနဲ႔တင္ က်ေနာ္တို႔အလုပ္ကၿပီးမသြားပါဘူး။ စြန႔္ပစ္တဲ့ လုပ္ငန္းစလိုက္ၿပီးတဲ့ေနာက္မွာ ဒီေရေတြနဲ႔ပတ္သက္တဲ့အခ်က္အလက္ေတြကို မွ်ေဝဖို႔ ခ်က္ခ်င္းလုပ္မွာပါ။ ဒါမွ ဒီေရေတြဟာ စိတ္ခ်ရၿပီး ေနာက္ထပ္အႏၲရာယ္ေတြ ထပ္ မႀကဳံရေအာင္ တားဆီးႏိုင္တယ္ဆိုတာကို သက္ေသျပႏိုင္မွာပါ။”

အခု ၁၂ ႏွစ္ ၾကာလာတဲ့ေနာက္မွာ ေလွာင္ကန္က ၁,၀၀၀ ေလာက္ျဖစ္လာၿပီး စက္႐ုံ အျပည့္နီးပါးေလာက္ ေနရာယူထားတာပါ။ အဲဒီထဲက ၇၀ % ေလာက္က ALPS ေရဆိုးသန႔္စင္စက္နဲ႔ စစ္ထုတ္ သန႔္စင္ထားတာျဖစ္ေပမယ့္ စီစီယမ္ Cesium နဲ႔ တျခား ေရဒီယိုန်ဴကလီ႐ိုဒ္ဓါတ္ေတြ သတ္မွတ္ပမာဏထက္ ပိုပါေနဆဲျဖစ္ပါတယ္။
တိုက်ိဳတကၠသိုလ္ ဓါတ္ေရာင္ျခည္ဆိုင္ရာကြၽမ္းက်င္သူ ကတ္စုမိ ရႈိဇူဂါဝါ ကေတာ့ ထရီတီယံနဲ႔ တျခား ေရဒီယိုသတၱိႂကြဓါတ္ေတြပါဝင္တဲ့ေရကို ေသာက္မိတာထက္ အစားအစာေတြထဲေရာက္သြားရင္ အႏၲရာယ္သိပ္ႀကီးတာေၾကာင့္ ေနာက္ထပ္ စမ္းသပ္မႈေတြလုပ္ဖို႔ လိုတယ္လို႔ေျပာပါတယ္။

“အခုလိုလုပ္တဲ့ေနရာမွာ က်ေနာ္စိတ္အပူဆုံးကေတာ့ ဒီစြန႔္ပစ္လိုက္တဲ့ေရေတြထဲမွာ ထရီတီယမ္ (Tritium) ပါဝင္ႏႈန္း ဘယ္ေလာက္က်န္ေနတယ္ဆိုတာကို တိတိက်က် ျပန္ၿပီး မစစ္ႏိုင္ေတာ့မွာကိုပါပဲ။ တကယ္လို႔ သူတို႔ ပါဝင္ႏႈန္းသိပ္မ်ားတဲ့ေရကို မေတာ္တဆ စြန႔္ပစ္မိတယ္ဆိုရင္ သမုဒၵရာထဲမွာ ေပ်ာ္ဝင္သြားလို႔ ႀကဳံရမယ့္ အက်ိဳးဆက္က မခန႔္မွန္းႏိုင္ေအာင္ႀကီးမားမွာျဖစ္ၿပီး ဒါကိုက်ေနာ္တို႔ ေျခရာခံလို႔ရႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ အခုလို ဒီေရေတြကို စြန႔္မပစ္ခင္မွာ သီးျခားအဖြဲ႕တခုကေန အခ်ိန္မေ႐ြး သြားစစ္ေဆးႏိုင္ခြင့္ရွိေအာင္ လုပ္ဖို႔လိုတယ္လို႔ထင္ပါတယ္။”

TEPCO ကေတာ့ ေရဒီယိုသတၱိႂကြ ဓါတ္ေရာင္ျခည္ပါဝင္ႏႈန္း စိတ္ခ်ရတဲ့အဆင့္အထိ ေလွ်ာ့ခ်ႏိုင္ေၾကာင္းနဲ႔ သတ္မွတ္ပမာဏေရာက္တဲ့အထိ သူတို႔သန႔္စင္ပစ္မွာ ျဖစ္ေၾကာင္း အာမခံပါတယ္။

ေရထဲကေန ထရီတီယမ္ Tritium ကို ဖယ္ရွားမပစ္ႏိုင္ေပမယ့္ ဒါဟာ ဘယ္ န်ဴကလီယား ဓါတ္ေပါင္းဖိုမွာမဆို အနည္းအက်ဥ္းထြက္လာတတ္ၿပီး သူ႔ပမာဏက နည္းပါးတဲ့အတြက္ လူကိုအႏၲရာယ္မေပးဘူးလို႔လည္း တာဝန္ခံေတြက ေျပာပါတယ္။
သူ႔ကိုလည္း တျခား ေရဒီယိုသတၱိႂကြ အိုင္ဆိုတုပ္ေတြနဲ႔အတူ အာနိသင္ေလ်ာ့ပါးေအာင္လုပ္ေနတယ္လို႔လည္း ေျပာပါတယ္။

ဒါ့ျပင္ သန႔္စင္ထားတဲ့ေရဆိုးကို တေျဖးေျဖးခ်င္း စြန႔္ပစ္မွာျဖစ္သလို ထရီတီယမ္ ပါဝင္ႏႈန္းကလည္း ဓါတ္ေပါင္းဖို မေတာ္တဆျဖစ္ရပ္မတိုင္ခင္က ေတြ႕ရတဲ့ပမာဏထက္ ပိုမွာမဟုတ္ဖူးလို႔လည္း TEPCO က ေျပာပါတယ္။

ဖူကူရွီမ ဒိုင္အိခ်ိ စက္႐ုံဟာ ၂၀၁၁ မေတာ္တဆျဖစ္ရပ္ ျဖစ္ပြါးခ်ိန္ကစၿပီး ဒီေရဆိုးျပႆနာကို ေျဖရွင္းဖို႔ ႀကိဳးစားခဲ့ရတာပါ။

စက္႐ုံကိုဖ်က္သိမ္းရာမွာ အရည္ေပ်ာ္ေနတဲ့ န်ဴကလီယားေလာင္စာႂကြင္းေတြနဲ႔ တျခား အဆိပ္သင့္အမႈိက္ေတြကို ေလွာင္ကန္ေတြနဲ႔သိမ္းဖို႔ ဂ်ပန္အစိုးရကေရာ၊ TEPCO ကပါစီစဥ္ခဲ့ေပမယ့္ အခု ဒီေလွာင္ကန္ေတြရဲ႕ ၉ ၆ % ေလာက္ ျပည့္ေနၿပီျဖစ္ပါတယ္။ ဒါေၾကာင့္ ေနာက္ထပ္ငလ်င္ႀကီးျဖစ္ေစ၊ ဆူနာမိေရလႈိင္းေတြျဖစ္ေစ ထပ္ျဖစ္လာရင္ ယိုစိမ့္မႈအႏၲရာယ္ထပ္မႀကဳံရေအာင္ ဒီေရေတြကို စြန႔္ပစ္ရမယ္လို႔ တာဝန္ခံေတြက ေျပာတာျဖစ္ပါတယ္။

အဆိပ္ပါဝင္ႏႈန္းေလ်ာ့ပါးေအာင္ သန႔္စင္ထားတဲ့ဒီေရေတြေလွာင္ထားတဲ့ ကန္ေတြရွိရာစက္႐ုံကေန ၁ ကီလိုမီတာ - မိုင္ဝက္ေက်ာ္ကြာတဲ့ ကမ္းလြန္ေရျပင္ထဲကို ေရာက္ေအာင္ ေရေအာက္ဥမင္လႈိဏ္ကေန တဆင့္စြန႔္ပစ္ဖို႔စီစဥ္ေနတာ ျဖစ္ပါတယ္။
ဒီလိုစြန႔္ပစ္လိုက္တဲ့ ေရအတြက္စိုးရိမ္တယ္လို႔လည္း ကတ္စုမိကေျပာပါတယ္။

“အဓိကအခ်က္ကေတာ့ ဒီစြန႔္ပစ္ေရေရာက္သြားမယ့္ ဒီ သမုဒၵရာအတြက္ ဂ်ပန္တႏိုင္ငံထဲမွာတင္ တင္မကပါဘူး။ ပစိဖိတ္သမုဒၵရာထဲရွိတဲ့ ႏိုင္ငံေတြကပါ စိုးရိမ္ၾကတာပါ။ ဒါေၾကာင့္ျပည္တြင္းမွာ ဒီကိစၥအသိပညာေပးဖို႔ေရာ၊ ဒါကို ေသေသခ်ာခ်ာ ရင္ဆိုင္ဖို႔အတြက္ က်ေနာ္တို႔လုပ္ေနတယ္ဆိုတာကို တျခားႏိုင္ငံေတြကပါ လက္ခံလာေအာင္ သိပၸံနည္းက်အခ်က္ေတြနဲ႔ ေထာက္ျပႏိုင္ေအာင္ ဆက္လုပ္ဖို႔လိုေသးတယ္ လို႔ က်ေနာ္ထင္ပါတယ္။”

သန႔္စင္ၿပီးေရဆိုးေတြ ပင္လယ္ထဲစြန႔္ပစ္ရမယ့္ရက္ အတိအက်ကိုေတာ့ မဆုံးျဖတ္ရေသးပါဘူး။

ဒီသန႔္စင္ေရဆိုးေတြကို ပင္လယ္ထဲစြန႔္ပစ္ဖို႔အတြက္ TEPCO ဟာ အျပည္ျပည္ဆိုင္ရာ အႏုျမဴစြမ္းအင္ေအဂ်င္စီ IAEA ရဲ႕ ခြင့္ျပဳခ်က္ရဖို႔လိုပါတယ္။ သန႔္စင္ေရဆိုးေတြ ပင္လယ္ထဲ စြန႔္ပစ္တဲ့အစီစဥ္မွာ ႏိုင္ငံတကာစံသတ္မွတ္ခ်က္ေတြနဲ႔ကိုက္ညီမႈရွိဖို႔ IAEA က ဂ်ပန္နဲ႔လက္တြဲေဆာင္႐ြက္ေနတာျဖစ္ၿပီး ဒီအစီစဥ္မစခင္မွာပဲ သူတို႔ရဲ႕ ဆန္းစစ္ခ်က္ အစီရင္ခံစာေရးမယ့္အဖြဲ႕ကို ေစလႊတ္မွာျဖစ္ပါတယ္။

ေဒသခံတံငါသည္ေတြက သူတို႔လုပ္ငန္းေတြ ဆက္ၿပီးထိခိုက္မွာ စိုးၾကပါတယ္။
အိမ္နီးခ်င္းႏိုင္ငံေတြျဖစ္တဲ့ တ႐ုတ္နဲ႔ ေတာင္ကိုရီးယားအျပင္ ပစိဖိတ္ကြၽန္းႏိုင္ငံေတြကလည္း အဆိပ္သင့္အႏၲရာယ္ကို စိုးရိမ္ၾကတာပါ။

ဂ်ပန္အစိုးရ စက္မႈ-စီးပြါး-ကူးသန္းေရာင္းဝယ္ေရးဌာနက န်ဴကလီယားမေတာ္တဆမႈ တုံ႔ျပန္ေရးဆိုင္ရာတာဝန္ခံတဦးျဖစ္တဲ့ ယုကိ တာနာေဘးကေတာ့

“အႏၲရာယ္ကင္းပါ့မလားလို႔ မေရမရာျဖစ္ေနမယ္ဆိုရင္ ဒီစိုးရိမ္မႈကေန အႏၲရာယ္ထပ္ ျဖစ္ႏိုင္တယ္ဆိုတာကို က်မတို႔နားလည္ပါတယ္။ ဒါေၾကာင့္ ဒီလို ျဖစ္မလာေအာင္ ေရွာင္တဲ့အေနနဲ႔ အႏၲရာယ္ကင္းေရးအတြက္ အမ်ားနားလည္လြယ္တဲ့ပုံစံနဲ႔ ဆက္သြယ္ေဆာင္႐ြက္ဖို႔ အေရးႀကီးမယ္လို႔ထင္ပါတယ္။”

ဖူကူရွိမငါးလုပ္ငန္းအတြက္ ဂ်ပန္အစိုးရက ေဒၚလာ သန္း ၅၈၀ ယမ္း ဘီလီယံ ၈၀ အေထာက္အကူေပးဖို႔ လ်ာထားပါတယ္။ စက္႐ုံဖ်က္သိမ္းဖို႔ အႏွစ္ သုံးေလးဆယ္ ဆက္လုပ္ရမယ့္ကာလအတြင္း လူသားေတြနဲ႔ ေရေနသတၱဝါေတြအတြက္ အႏၲရာယ္ နည္းႏိုင္သမွ် နည္းေအာင္လည္း ႀကိဳးစားေနတာပါ။

ကြၽမ္းက်င္သူတခ်ိဳ႕ကေတာ့ ဒီစက္႐ုံက အႏၲရာယ္ႀကီးတဲ့၊ အရည္ေပ်ာ္ေနတဲ့ ေလာင္စာေခ်ာင္းေတြအားလုံးကို ၂၀၅၁ မွာ ဖယ္ရွားဖို႔ဆိုတာကေတာ့ မျဖစ္ႏိုင္ဘူးလို႔ တြက္ဆေနၾကတယ္ဆိုတာတင္ျပရင္း ဒီသီတင္းပတ္အတြက္ သိပၸံနဲ႔နည္းပညာ က႑ကို ဒီမွာပဲ ရပ္နားလိုက္ပါရေစ။

===========

{{Unicode}}


ဂျပန် နျူကလီယား ဓါတ်ပေါင်းဖိုပျက်စီးမှုကထွက်လာတဲ့ ရေဆိုးအန္တရာယ်

လွန်ခဲ့တဲ့ ၁၂ နှစ်က ဂျပန်နိုင်ငံ ဖူကူရှိမ (Fukushima) နျူကလီယား ဓါတ်အားပေးစက်ရုံ ဓါတ်ပေါင်းဖိုပျက်စီးပြီး ဝန်းကျင်တခုလုံး နျူကလီယားအဆိပ်သင့်ခဲ့ရပါတယ်။ စက်ရုံထဲက အရည်ပျော်နေတဲ့ နျူကလီယား လောင်စာတွေဖယ်ရှားဖို့တောင် အခုထိ စမလုပ်ရသေးပေမယ့် အခု ဒီဓါတ်ပေါင်းဖိုက ရေဒီယိုသတ္တိကြွအဆိပ်သင့် ရေဆိုးတွေကိုသန့်စင်ပြီး ပင်လယ်ထဲစွန့်ပစ်ဖို့ လုပ်နေပါပြီ။ အန္တရာယ်ကြီးလှတဲ့ ဒီအစီအစဉ်ရဲ့ နောက်ဆုံးအခြေနေကို အေပီသတင်းတပုဒ်ပေါ် အခြေခံပြီး ဒီသီတင်းပတ် သိပ္ပံနဲ့နည်းပညာကဏ္ဍမှာ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ငလျင်နဲ့ ဆူနာမိရေလှိုင်းတွေကြောင့် ဖူကူရှီးမ ဒိုင်အိချိ နျူကလီယား ဓါတ်အားပေးစက်ရုံပျက်စီးခဲ့တာ ၁၂ နှစ်ရှိပါပြီ။ ရေဒီယိုသတ္တိကြွဓါတ်ပစ္စည်းတွေနဲ့ အဆိပ်သင့်နေတဲ့ စက်ရုံထွက်ရေဆိုးတွေကိုသန့်စင်ပြီး ပင်လယ်ထဲပြန်စွန့်ပစ်ဖို့ ဂျပန်အာဏာပိုင်တွေ လုပ်နေတာပါ။

ရေဆိုးစွန့်ပစ်ရမယ့် အလုပ်ဟာ အင်မတန် ထိတ်လန့်စရာကောင်းတဲ့ ဓါတ်အားပေးစက်ရုံပိတ်သိမ်းတဲ့အလုပ်လောက် စိန်ခေါ်မှုမရှိပေမယ့် အချိန်ယူပြီးလုပ်ရမယ့် ခက်ခဲတဲ့အလုပ်လည်း ဖြစ်ပါတယ်။

စွန့်ပစ်မယ့်ရေအတွက် စိတ်မပူရအောင် သေသေချာချာလုပ်နေတယ်လို့ တိုကျိုလျှပ်စစ်စွမ်းအင်ကုမ္ပဏီ TEPCO ပြောခွင့်ရ တိုမိုဟိကို မာယူဇူမိက ပြောပါတယ်။

“ဒီရေတွေကိုအန္တရာယ်မရှိလို့ ကျနော်တို့စွန့်ပစ်တယ်ဆိုတာ လူတွေ ထင်ထင်ရှားရှားမြင်ရအောင် ငါးတွေမွေးပြီး စမ်းသပ်ပြတာပါ။ ဒီသန့်စင်ထားတဲ့ ဒီရေတွေက သတ္တဝါတွေကို တကယ်တမ်း ဘာမှ အန္တရာယ်မပေးဘူးဆိုတာသိရအောင် လုပ်တာပါ”

ဒီဓါတ်ပေါင်းဖိုကထွက်တဲ့ရေတွေ အန္တရာယ်ကင်းမကင်း ဆန်းစစ်တာ၊ ရေနမူနာယူတာတွေလုပ်ဖို့ ရေလှောင်ကန်ကြီး ၃၀ ရှိပါတယ်။ သန့်စင်ပြီးရေဆိုးတွေကို မြေအောက် ဥမင်လှိုဏ်ကနေ ပင်လယ်ထဲစွန့်မပစ်ခင် ထည့်ရမယ့်ကွန်ကရိကန်ကြီးကို တည်ဆောက်နေတာကတော့ နောက်ဆုံး အဆင့် ရောက်နေပါပြီ။ သန့်စင်ပြီး ရေဆိုးတွေကို စွန့်မပစ်ခင် နောက်ဆုံးအဆင့်စစ်ဆေးရမှာဖြစ်ပြီး လိုအပ်တဲ့သန့်စင်မှုတွေ လုပ်ပြီးရင်တော့ အဆိပ်သင့်ပစ္စည်း ပါဝင်မှုအားပျော့အောင် ကွန်ကရိကန်ထဲမှာ လုပ်ပေးမှာ ဖြစ်ပါတယ်။ ဒီကန်ဟာ နွေဦးပေါက်လောက်မှာအသင့်ဖြစ်မယ်လို့ စက်ရုံတာဝန်ခံကပြောပါတယ်။

၂၀၂၁ မတ်လ ၁၁ ရက်က ပြင်းအား ၉ ရှိတဲ့ငလျင်နဲ့အတူ ဆူနာမိရေလှိုင်းကြီးတွေက စက်ရုံရဲ့လျှပ်စစ်ဖြန့်ဖြူးမှုနဲ့ အအေးပေးစနစ်တွေကို ဖျက်ဆီးလိုက်တဲ့အတွက် ဓါတ်ပေါင်းဖို မှတ် ၁၊ ၂ နဲ့ ၃ တို့ ပျော်ကျပျက်စီးပြီး ရေဒီယိုသတ္တိကြွဓါတ်တွေ ပြန့်သွားတဲ့ အန္တရာယ်ကြုံရတာကြောင့် ဒီ့အတွက် ဦးစားပေးလုပ်ဆောင်နေတယ်လို့ TEPCO ရေဆိုးသန့်စင်ရေးတာဝန်ခံ ဂျူနိချိ မတ်စုမိုတိုက ပြောပါတယ်။

“ကျနော်တို့ ဒီစက်ရုံကိုဖျက်သိမ်းတဲ့အခါမှာ ဦးစားပေးလုပ်နေတာက ဒီဖူကူရှိမ ဒိုင်အိချိစက်ရုံနေရာမှာရော စက်ရုံပြင်ပကိုပါ နျူကလီယားဓါတ်ရောင်ခြည်တွေ ပြန့်သွားမယ့် အန္တရာယ်မရှိအောင်ဘဲ ဖြစ်ပါတယ်။ ဒီလိုအန္တရာယ်မရှိစေဖို့ ရေဒီယိုသတ္တိကြွ ဓါတ်ပါဝင်မှု မြင့်မားတဲ့ လောင်စာအကြွင်းတွေနဲ့ သုံးပြီးသားလောင်စာတွေကို ဆက်ပြီးသိမ်းထားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ALPS စက်နဲ့ သန့်စင်ထားတဲ့ ရေတွေကို သမုဒ္ဒရာထဲစွန့်ပစ်ရေးကို စလုပ်ဖို့လိုတယ်လို့ ဆုံးဖြတ်ကြပါတယ်။”

နျူကလီယားဓါတ်ပေါင်းဖို လောင်စာချောင်းတွေ အေးအောင်လုပ်ပေးရတဲ့ရေတွေဟာ ဓါတ်ပေါင်းဖိုအောက်ခြေအထိုင်ထဲစိမ့်ဝင်ပြီး မိုးရေတွေ၊ မြေအောက်ရေတွေနဲ့ ရောသွားတာဖြစ်ပါတယ်။ ဒီလို အဆိပ်သင့်သွားတဲ့ရေ- တနေ့ကို တန်ချိန် ၁၃၀ လောက် စုယ၊ ပြန်သန့်စင်ပြီးတဲ့နောက်မှာ လှောင်ကန်တွေထဲ သိမ်းထားရတာဖြစ်ပါတယ်။

“ဒီရေတွေကို စွန့်ပစ်လိုက်တာနဲ့တင် ကျနော်တို့အလုပ်ကပြီးမသွားပါဘူး။ စွန့်ပစ်တဲ့ လုပ်ငန်းစလိုက်ပြီးတဲ့နောက်မှာ ဒီရေတွေနဲ့ပတ်သက်တဲ့အချက်အလက်တွေကို မျှဝေဖို့ ချက်ချင်းလုပ်မှာပါ။ ဒါမှ ဒီရေတွေဟာ စိတ်ချရပြီး နောက်ထပ်အန္တရာယ်တွေ ထပ် မကြုံရအောင် တားဆီးနိုင်တယ်ဆိုတာကို သက်သေပြနိုင်မှာပါ။”

အခု ၁၂ နှစ် ကြာလာတဲ့နောက်မှာ လှောင်ကန်က ၁,၀၀၀ လောက်ဖြစ်လာပြီး စက်ရုံ အပြည့်နီးပါးလောက် နေရာယူထားတာပါ။ အဲဒီထဲက ၇၀ % လောက်က ALPS ရေဆိုးသန့်စင်စက်နဲ့ စစ်ထုတ် သန့်စင်ထားတာဖြစ်ပေမယ့် စီစီယမ် Cesium နဲ့ တခြား ရေဒီယိုနျူကလီရိုဒ်ဓါတ်တွေ သတ်မှတ်ပမာဏထက် ပိုပါနေဆဲဖြစ်ပါတယ်။
တိုကျိုတက္ကသိုလ် ဓါတ်ရောင်ခြည်ဆိုင်ရာကျွမ်းကျင်သူ ကတ်စုမိ ရှိုဇူဂါဝါ ကတော့ ထရီတီယံနဲ့ တခြား ရေဒီယိုသတ္တိကြွဓါတ်တွေပါဝင်တဲ့ရေကို သောက်မိတာထက် အစားအစာတွေထဲရောက်သွားရင် အန္တရာယ်သိပ်ကြီးတာကြောင့် နောက်ထပ် စမ်းသပ်မှုတွေလုပ်ဖို့ လိုတယ်လို့ပြောပါတယ်။

“အခုလိုလုပ်တဲ့နေရာမှာ ကျနော်စိတ်အပူဆုံးကတော့ ဒီစွန့်ပစ်လိုက်တဲ့ရေတွေထဲမှာ ထရီတီယမ် (Tritium) ပါဝင်နှုန်း ဘယ်လောက်ကျန်နေတယ်ဆိုတာကို တိတိကျကျ ပြန်ပြီး မစစ်နိုင်တော့မှာကိုပါပဲ။ တကယ်လို့ သူတို့ ပါဝင်နှုန်းသိပ်များတဲ့ရေကို မတော်တဆ စွန့်ပစ်မိတယ်ဆိုရင် သမုဒ္ဒရာထဲမှာ ပျော်ဝင်သွားလို့ ကြုံရမယ့် အကျိုးဆက်က မခန့်မှန်းနိုင်အောင်ကြီးမားမှာဖြစ်ပြီး ဒါကိုကျနော်တို့ ခြေရာခံလို့ရနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် အခုလို ဒီရေတွေကို စွန့်မပစ်ခင်မှာ သီးခြားအဖွဲ့တခုကနေ အချိန်မရွေး သွားစစ်ဆေးနိုင်ခွင့်ရှိအောင် လုပ်ဖို့လိုတယ်လို့ထင်ပါတယ်။”

TEPCO ကတော့ ရေဒီယိုသတ္တိကြွ ဓါတ်ရောင်ခြည်ပါဝင်နှုန်း စိတ်ချရတဲ့အဆင့်အထိ လျှော့ချနိုင်ကြောင်းနဲ့ သတ်မှတ်ပမာဏရောက်တဲ့အထိ သူတို့သန့်စင်ပစ်မှာ ဖြစ်ကြောင်း အာမခံပါတယ်။

ရေထဲကနေ ထရီတီယမ် Tritium ကို ဖယ်ရှားမပစ်နိုင်ပေမယ့် ဒါဟာ ဘယ် နျူကလီယား ဓါတ်ပေါင်းဖိုမှာမဆို အနည်းအကျဉ်းထွက်လာတတ်ပြီး သူ့ပမာဏက နည်းပါးတဲ့အတွက် လူကိုအန္တရာယ်မပေးဘူးလို့လည်း တာဝန်ခံတွေက ပြောပါတယ်။
သူ့ကိုလည်း တခြား ရေဒီယိုသတ္တိကြွ အိုင်ဆိုတုပ်တွေနဲ့အတူ အာနိသင်လျော့ပါးအောင်လုပ်နေတယ်လို့လည်း ပြောပါတယ်။

ဒါ့ပြင် သန့်စင်ထားတဲ့ရေဆိုးကို တဖြေးဖြေးချင်း စွန့်ပစ်မှာဖြစ်သလို ထရီတီယမ် ပါဝင်နှုန်းကလည်း ဓါတ်ပေါင်းဖို မတော်တဆဖြစ်ရပ်မတိုင်ခင်က တွေ့ရတဲ့ပမာဏထက် ပိုမှာမဟုတ်ဖူးလို့လည်း TEPCO က ပြောပါတယ်။

ဖူကူရှီမ ဒိုင်အိချိ စက်ရုံဟာ ၂၀၁၁ မတော်တဆဖြစ်ရပ် ဖြစ်ပွါးချိန်ကစပြီး ဒီရေဆိုးပြဿနာကို ဖြေရှင်းဖို့ ကြိုးစားခဲ့ရတာပါ။

စက်ရုံကိုဖျက်သိမ်းရာမှာ အရည်ပျော်နေတဲ့ နျူကလီယားလောင်စာကြွင်းတွေနဲ့ တခြား အဆိပ်သင့်အမှိုက်တွေကို လှောင်ကန်တွေနဲ့သိမ်းဖို့ ဂျပန်အစိုးရကရော၊ TEPCO ကပါစီစဉ်ခဲ့ပေမယ့် အခု ဒီလှောင်ကန်တွေရဲ့ ၉ ၆ % လောက် ပြည့်နေပြီဖြစ်ပါတယ်။ ဒါကြောင့် နောက်ထပ်ငလျင်ကြီးဖြစ်စေ၊ ဆူနာမိရေလှိုင်းတွေဖြစ်စေ ထပ်ဖြစ်လာရင် ယိုစိမ့်မှုအန္တရာယ်ထပ်မကြုံရအောင် ဒီရေတွေကို စွန့်ပစ်ရမယ်လို့ တာဝန်ခံတွေက ပြောတာဖြစ်ပါတယ်။

အဆိပ်ပါဝင်နှုန်းလျော့ပါးအောင် သန့်စင်ထားတဲ့ဒီရေတွေလှောင်ထားတဲ့ ကန်တွေရှိရာစက်ရုံကနေ ၁ ကီလိုမီတာ - မိုင်ဝက်ကျော်ကွာတဲ့ ကမ်းလွန်ရေပြင်ထဲကို ရောက်အောင် ရေအောက်ဥမင်လှိုဏ်ကနေ တဆင့်စွန့်ပစ်ဖို့စီစဉ်နေတာ ဖြစ်ပါတယ်။
ဒီလိုစွန့်ပစ်လိုက်တဲ့ ရေအတွက်စိုးရိမ်တယ်လို့လည်း ကတ်စုမိကပြောပါတယ်။

“အဓိကအချက်ကတော့ ဒီစွန့်ပစ်ရေရောက်သွားမယ့် ဒီ သမုဒ္ဒရာအတွက် ဂျပန်တနိုင်ငံထဲမှာတင် တင်မကပါဘူး။ ပစိဖိတ်သမုဒ္ဒရာထဲရှိတဲ့ နိုင်ငံတွေကပါ စိုးရိမ်ကြတာပါ။ ဒါကြောင့်ပြည်တွင်းမှာ ဒီကိစ္စအသိပညာပေးဖို့ရော၊ ဒါကို သေသေချာချာ ရင်ဆိုင်ဖို့အတွက် ကျနော်တို့လုပ်နေတယ်ဆိုတာကို တခြားနိုင်ငံတွေကပါ လက်ခံလာအောင် သိပ္ပံနည်းကျအချက်တွေနဲ့ ထောက်ပြနိုင်အောင် ဆက်လုပ်ဖို့လိုသေးတယ် လို့ ကျနော်ထင်ပါတယ်။”

သန့်စင်ပြီးရေဆိုးတွေ ပင်လယ်ထဲစွန့်ပစ်ရမယ့်ရက် အတိအကျကိုတော့ မဆုံးဖြတ်ရသေးပါဘူး။

ဒီသန့်စင်ရေဆိုးတွေကို ပင်လယ်ထဲစွန့်ပစ်ဖို့အတွက် TEPCO ဟာ အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်အေဂျင်စီ IAEA ရဲ့ ခွင့်ပြုချက်ရဖို့လိုပါတယ်။ သန့်စင်ရေဆိုးတွေ ပင်လယ်ထဲ စွန့်ပစ်တဲ့အစီစဉ်မှာ နိုင်ငံတကာစံသတ်မှတ်ချက်တွေနဲ့ကိုက်ညီမှုရှိဖို့ IAEA က ဂျပန်နဲ့လက်တွဲဆောင်ရွက်နေတာဖြစ်ပြီး ဒီအစီစဉ်မစခင်မှာပဲ သူတို့ရဲ့ ဆန်းစစ်ချက် အစီရင်ခံစာရေးမယ့်အဖွဲ့ကို စေလွှတ်မှာဖြစ်ပါတယ်။

ဒေသခံတံငါသည်တွေက သူတို့လုပ်ငန်းတွေ ဆက်ပြီးထိခိုက်မှာ စိုးကြပါတယ်။
အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ တောင်ကိုရီးယားအပြင် ပစိဖိတ်ကျွန်းနိုင်ငံတွေကလည်း အဆိပ်သင့်အန္တရာယ်ကို စိုးရိမ်ကြတာပါ။

ဂျပန်အစိုးရ စက်မှု-စီးပွါး-ကူးသန်းရောင်းဝယ်ရေးဌာနက နျူကလီယားမတော်တဆမှု တုံ့ပြန်ရေးဆိုင်ရာတာဝန်ခံတဦးဖြစ်တဲ့ ယုကိ တာနာဘေးကတော့

“အန္တရာယ်ကင်းပါ့မလားလို့ မရေမရာဖြစ်နေမယ်ဆိုရင် ဒီစိုးရိမ်မှုကနေ အန္တရာယ်ထပ် ဖြစ်နိုင်တယ်ဆိုတာကို ကျမတို့နားလည်ပါတယ်။ ဒါကြောင့် ဒီလို ဖြစ်မလာအောင် ရှောင်တဲ့အနေနဲ့ အန္တရာယ်ကင်းရေးအတွက် အများနားလည်လွယ်တဲ့ပုံစံနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ အရေးကြီးမယ်လို့ထင်ပါတယ်။”

ဖူကူရှိမငါးလုပ်ငန်းအတွက် ဂျပန်အစိုးရက ဒေါ်လာ သန်း ၅၈၀ ယမ်း ဘီလီယံ ၈၀ အထောက်အကူပေးဖို့ လျာထားပါတယ်။ စက်ရုံဖျက်သိမ်းဖို့ အနှစ် သုံးလေးဆယ် ဆက်လုပ်ရမယ့်ကာလအတွင်း လူသားတွေနဲ့ ရေနေသတ္တဝါတွေအတွက် အန္တရာယ် နည်းနိုင်သမျှ နည်းအောင်လည်း ကြိုးစားနေတာပါ။

ကျွမ်းကျင်သူတချို့ကတော့ ဒီစက်ရုံက အန္တရာယ်ကြီးတဲ့၊ အရည်ပျော်နေတဲ့ လောင်စာချောင်းတွေအားလုံးကို ၂၀၅၁ မှာ ဖယ်ရှားဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူးလို့ တွက်ဆနေကြတယ်ဆိုတာတင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG