သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖူကူရှီးမား စွန့်ပစ်ရေဆိုး အန္တရာယ်မရှိ (IAEA အကြီးအကဲ)


 ဂျပန်နိုင်ငံ အနောက်မြောက်ပိုင်း အိုကူမားမြို့က ဆူနာမိလှိုင်းကြောင့် ပျက်စီးသွားတဲ့ ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားဓာတ်အားပေးစက်ရုံတစိတ်တပိုင်း။ (ဇန်နဝါရီ ၁၉၊ ၂၀၂၃)
ဂျပန်နိုင်ငံ အနောက်မြောက်ပိုင်း အိုကူမားမြို့က ဆူနာမိလှိုင်းကြောင့် ပျက်စီးသွားတဲ့ ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားဓာတ်အားပေးစက်ရုံတစိတ်တပိုင်း။ (ဇန်နဝါရီ ၁၉၊ ၂၀၂၃)

ဂျပန်နိုင်ငံ ဖူကူရှီးမား ဒိုင်အိချိ နျူးကလီယား ဓာတ်အားပေးစက်ရုံကစွန့်ပစ်တဲ့ ရေဆိုးတွေထဲမှာ ရေဒီယိုသတ္တိကြွ Tritium ပါဝင်မှုနှုန်းက ခန့်မှန်းထားတဲ့ အဆင့်ထိသာပါဝင်ပြီး လူထုအတွက် အန္တရာယ်မရှိကြောင်း ကုလသမဂ္ဂ အနုမြူစွမ်းအင်အေဂျင်စီရဲ့အကြီးအကဲက အင်္ဂါနေ့မှာ ပြောပါတယ်။

ပထမအကြိမ် ရေဆိုးစွန့်ထုတ်မှုမှာဆိုရင် ဘေးဖြစ်စေလောက်တဲ့အဆင့်ထိ radionucleide ရေဒီယိုသတ္တိကြွဓာတ်ပါဝင်မှုမရှိဘူးဆိုတာကို အတည်ပြုနိုင်ကြောင်း စတော့ခ်ဟုမ်းကိုရောက်နေတဲ့ IAEA အကြီးအကဲ Rafael Grossi က AFP ကို ပြောပါတယ်။ ကမ္ဘာမှာ အဆိုးရွားဆုံး နျူးကလီးယားမတော်တဆမှုတခု ဖြစ်ပြီး ၁၂ နှစ်တာအကြာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မှာဘဲ ဂျပန်က ရေဆိုးတွေကို ပစိဖိတ်သမုဒ္ဓရာထဲ စွန့်ပစ်နေတာ ဖြစ်ပါတယ်။

အိုလံပစ် ရေကူးကန် ၅၄၀ စာလောက်ရှိတဲ့ရေတွေကို ဖြည်းဖြည်းချင်း စွန့်ထုတ်နေတာဖြစ်ပြီး ဆယ်စုနှစ်များစွာ အချိန်ယူရမှာ ဖြစ်ပါတယ်။ အစပိုင်းကတော့ မျှော်မှန်းထားတဲ့အတိုင်း ဆောင်ရွက်နေတာဖြစ်ပေမဲ့ ရေဆိုးတွေ အပြီးသတ် စွန့်ထုတ်တဲ့အချိန်ထိ ဆက်လက်စောင့်ကြည့်သွားမှာဖြစ်တယ်လို့လည်း IAEA အကြီးအကဲက ပြောပါတယ်။

စွန့်ပစ်ရေဆိုးတွေထဲမှာ ရေဒီယိုသတ္တိကြွ Tritium ပါဝင်မှုက တလီတာကို ၁,၅၀၀ ဘက်ခရဲလ် (becquerels) သတ်မှတ်ချက်အောက် အများကြီး လျော့နည်းကြောင်း IAEA က သြဂုတ်လ ၂၄ ရက်နေ့က သီးခြားသုံးသပ်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒီ သတ်မှတ်ချက်ဟာဆိုရင် ဂျပန်နိုင်ငံရဲ့ ဘေးကင်းမှု စံနှုန်းထက် အများကြီး လျော့နည်းတာဖြစ်ပါတယ်။

နျူးကလီးယားဓာတ်အားပေးစက်ရုံက ရေဆိုးတွေဟာ ဘေးအန္တရာယ်ဖြစ်စေမယ်ဆိုတဲ့အပေါ် ဂျပန်ဘက်က ခုခံ ပြောဆိုနေတာပါ။ ဒါပေမဲ့လည်း ဒေသခံ ငါးဖမ်းသမားတွေကြားမှာတော့ စိုးရိမ်နေကြသလို တရုတ်ကလည်း ဒီကိစ္စကို မကျေမနပ်ဖြစ်ပြီး ဂျပန်ကပင်လယ်စာတင်သွင်းမှုကို ဆိုင်းငံ့ထားပါတယ်။

XS
SM
MD
LG