သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံက ဒုက္ခသည်တွေအတွက် တိုကျိုမြို့တော်မှာ ရန်ပုံငွေရှာ 


၂၀၂၃ခုနှစ် ဇူလိုင်လ ၁၂ရက်နေ့မနက် ကရင်နီပြည်နယ်တွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ရှားတောနဲ့ မယ်ဟောင်ဆောင် ထိုင်းမြန်မာနယ်စပ်နားမှာ ဒုက္ခသည် ၅,၀၀၀ ဝန်းကျင် ထွက်ပြေးလာ (မှတ်တမ်းရုပ်ပုံ)
၂၀၂၃ခုနှစ် ဇူလိုင်လ ၁၂ရက်နေ့မနက် ကရင်နီပြည်နယ်တွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ရှားတောနဲ့ မယ်ဟောင်ဆောင် ထိုင်းမြန်မာနယ်စပ်နားမှာ ဒုက္ခသည် ၅,၀၀၀ ဝန်းကျင် ထွက်ပြေးလာ (မှတ်တမ်းရုပ်ပုံ)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျပ်အတည်းတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် သန်းနဲ့ချီတဲ့ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူတွေကို အကူအညီပေးရေး ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ ရန်ပုံငွေရှာခဲ့ကြပါတယ်။

တိုကျိုမြို့တော်က ဖျော်ဖြေရေးလုပ်ငန်းတွေနဲ့ ကုန်တိုက်ကြီးတွေရှိရာ Ikebukuro အရပ်မှာ ဂျပန်ရောက် မြန်မာတွေစုဝေးပြီး ဒီသီတင်းပတ်ကုန်မှာပဲ ရန်ပုံငွေရှာခဲ့ကြတာပါ။ မြန်မာနိုင်ငံက တိုင်းရင်းသားတွေရဲ့ဝတ်စုံတွေကို ဝတ်ဆင်ပြီး ရန်ပုံငွေရှာတဲ့လှုပ်ရှားမှုကို စစ်တပ်ရဲ့ဖိနှိပ်မှုကြောင့် ဒုက္ခရောက်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ အကူအညီပေးဖို့ရည်ရွယ်တယ်လို့လည်း စီစဉ်သူတွေကို ကိုးကားပြီး ဂျပန်သတင်းဌာန ကျိုဒိုက ဖော်ပြခဲ့ပါတယ်။

အတိုက်အခံ ဒီမိုကရက်တစ်ပါတီက အထက်လွှတ်တော်အမတ်တဦးဖြစ်တဲ့ Michihiro Ishibashi ကတော့ မြန်မာစစ်တပ်ရဲ့ အရပ်သားတွေအပေါ် လေကြောင်းက တိုက်ခိုက်မှုတွေ၊ ကျေးရွာတွေကို မီးရှို့တဲ့ လုပ်ရပ်တွေကို အလေးထား ပြောဆိုခဲ့သလို ဒုက္ခသည်တွေကိုအကူအညီပေးဖို့ အစိုးရကို တိုက်တွန်းမယ်လို့ ပြောခဲ့ကြောင်းလည်း သတင်းကဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြန်လည်ပေါ်ထွန်းရေး မြန်မာပြည်သူတွေကို အားဖြည့်ပေးနိုင်အောင် ဂျပန်လွှတ်တော်အမတ်တွေ ဝိုင်းဝန်းကြိုးပမ်းကြဖို့လည်း မြန်မာ့ဒီမိုကရေစီရေး ဂျပန်လွှတ်တော်အမတ်များအဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်တဲ့ Ishibashi က ရန်ပုံငွေပွဲ အခမ်းအနားမိန့်ခွန်းမှာ ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံက ဒုက္ခသည်တွေအတွက် တိုကျိုမြို့တော်မှာ ရန်ပုံငွေရှာ
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG