သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပင္သစ္အမ်ဳိးသားေန႔မွာ ကုိဗစ္အတြက္ ေရွ႕တန္းကတာ၀န္ထမ္းေဆာင္သူေတြကုိ ဂုဏ္ျပဳ


 ျပင္သစ္အမ်ိဳးသားေန႔ Bastille Day ကိုက်င္းပေနစဥ္

Zawgyi/Unicode

ဇူလိုင္လ ၁၄ ရက္ အဂၤါေန႔က ျပင္သစ္ႏိုင္ငံ ပါရီၿမိဳ႕ေကာင္းကင္ျပင္မွာ အျပာ- အျဖဴနဲ႔ အနီေရာင္ မီးခိုးတန္းေတြ အၿမီးကေန ထုတ္လႊတ္ေနတဲ့ တိုက္ဂ်က္ေလယာဥ္ေတြ ပ်ံဝဲဂုဏ္ျပဳၿပီး ျပင္သစ္အမ်ိဳးသားေန႔ Bastille Day ကို က်င္းပၾကပါတယ္။

ဒီႏွစ္ ျပင္သစ္ႏိုင္ငံရဲ့ အမ်ိဳးသားေန႔ပဲြေတာ္မွာ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါတိုက္ဖ်က္ေရးနဲ႔ ပတ္သက္တဲ့ သူရဲေကာင္းေတြကို ဂုဏ္ျပဳတဲ့ အေနနဲ႔ က်င္းပတာ ျဖစ္ၿပီး ဂုဏ္အျပဳခံရသူေတြထဲမွာ အေရးေပၚလူနာတင္ကား ေမာင္းသူေတြ၊ စူပါမာကက္ ေငြရွင္းေကာင္တာက ဝန္ထမ္းေတြ၊ စာပို႔လုပ္ငန္း လုပ္သားေတြနဲ႔ အေရးေပၚလူနာျပဴစုသူေတြလည္း ပါဝင္ပါတယ္။

ဒီႏွစ္ ျပင္သစ္အမ်ိဳးသားေန႔မွာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၈၀ က နာဇီေတြသိမ္းထားတဲ့ ျပင္သစ္ လြတ္ေျမာက္ေရးအတြက္ လႈပ္ရွားမႈ French Resistance စဖို႔ ဦးေဆာင္ခဲ့တဲ့ သမၼတေဟာင္း Charles de Gaulle ကို ဂုဏ္ျပဳမႈလည္း ပါဝင္ပါတယ္။

စစ္တပ္ကို မိန္႔ခြန္းေျပာၾကားရာတဲ့ အစဥ္အလာကို သမၼတ Emmanuel Macron က ပြဲေတာ္မတိုင္ခင္ တနလၤာေန႔မွာ ျပဳလုပ္ခဲ့တာ ျဖစ္ၿပီး ဒီပြဲေတာ္ကေန ႏိုင္ငံအတြက္ ေမ ွ်ာ္လင့္ခ်က္ ေရာင္ျခည္ေတြ ေပးဖို႔ ျဖစ္ေပမယ့္ လက္ရွိရင္ဆိုင္ေနရတဲ့ ကိုရိုနာဗိုင္းရပ္စ္ အတြက္ ျပည္သူေတြ သတိႀကီးႀကီးထားၿပီး ေနၾကဖို႔ ပန္ၾကားခဲ့တာပါ။

ပံုမွန္အားျဖင့္ ဒီအခမ္းအနားကို ႏိုင္ငံ့ေခါင္းေဆာင္ေတြ၊ ဂုဏ္သေရရွိလူႀကီးေတြ တက္ေရာက္ေလ့ ရွိတာပါ။ ဒါေပမယ့္ ဒီႏွစ္မွာေတာ့ သူနာျပဳေတြ၊ ဆရာဝန္ေတြ၊ စူပါမားကက္နဲ႔ လူအိုရံု ဝန္ထမ္းေတြ၊ ႏွာေခါင္းစည္း ထုတ္လုပ္သူေတြ၊ ဓါတ္ခြဲခန္းပညာရွင္ေတြနဲ႔ ကိုရိုနာဗုိင္းရပ္္စ္ေရာဂါ မျပန္႔ပြါးေအာင္ တႏိုင္ငံလံုး အတိုင္းအတာနဲ႔ အသြားအလာ ပိတ္ထားစဥ္မွာ ႏိုင္ငံ ပံုမွန္အတိုင္း ဆက္လက္လည္ပတ္ႏိုင္ေအာင္ လုပ္ေဆာင္ေပးသူေတြ တက္ေရာက္ခဲ့ၾကပါတယ္။


ဒါ့အျပင္ ကိုရိုနာဗိုင္းရပ္စ္ အကူးစက္ခံရၿပီး ေသဆံုးခဲ့ရတဲ့ ေဆးဝန္ထမ္းေတြရဲ့ မိသားစုေတြပါ တက္ေရာက္လာၾကတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


[Unicode]

ဇူလိုင်လ ၁၄ ရက် အင်္ဂါနေ့က ပြင်သစ်နိုင်ငံ ပါရီမြို့ကောင်းကင်ပြင်မှာအပြာ- အဖြူနဲ့ အနီရောင် မီးခိုးတန်းတွေ အမြှီးကနေ ထုတ်လွှတ်နေတဲ့ တိုက်ဂျက်လေယာဉ်တွေ ပျံဝဲဂုဏ်ပြုပြီးပြင်သစ်အမျိုးသားနေ့ Bastille Day ကို ကျင်းပကြပါတယ်။


ဒီနှစ် ပြင်သစ်နိုင်ငံရဲ့ အမျိုးသားနေ့ပွဲတော်မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ကျင်းပတာ ဖြစ်ပြီး ဂုဏ်အပြုခံရသူတွေထဲမှာ အရေးပေါ်လူနာတင်ကား မောင်းသူတွေ၊ စူပါမာကက် ငွေရှင်းကောင်တာက ဝန်ထမ်းတွေ၊ စာပို့လုပ်ငန်း လုပ်သားတွေနဲ့ အရေးပေါ်လူနာပြူစုသူတွေလည်း ပါဝင်ပါတယ်။


ဒီနှစ် ပြင်သစ်အမျိုးသားနေ့မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ က နာဇီတွေသိမ်းထားတဲ့ ပြင်သစ် လွတ်မြောက်ရေးအတွက် လှုပ်ရှားမှု French Resistance စဖို့ ဦးဆောင်ခဲ့တဲ့ သမ္မတဟောင်း Charles de Gaulle ကို ဂုဏ်ပြုမှုလည်း ပါဝင်ပါတယ်။


စစ်တပ်ကို မိန့်ခွန်းပြောကြားရာတဲ့ အစဉ်အလာကို သမ္မတ Emmanuel Macron က ပွဲတော်မတိုင်ခင် တနင်္လာနေ့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဒီပွဲတော်ကနေ နိုင်ငံအတွက် မေ ျှာ်လင့်ချက် ရောင်ခြည်တွေ ပေးဖို့ ဖြစ်ပေမယ့် လက်ရှိရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် အတွက် ပြည်သူတွေ သတိကြီးကြီးထားပြီး နေကြဖို့ ပန်ကြားခဲ့တာပါ။

ပုံမှန်အားဖြင့် ဒီအခန်းအနားကို နိုင်ငံ့ခေါင်းဆောင်တွေ၊ ဂုဏ်သရေရှိလူကြီးတွေ တက်ရောက်လေ့ ရှိတာပါ။ ဒါပေမယ့် ဒီနှစ်မှာတော့ သူနာပြုတွေ၊ ဆရာဝန်တွေ၊ စူပါမားကက်နဲ့ လူအိုရုံ ဝန်ထမ်းတွေ၊ နှာခေါင်းစည်း ထုတ်လုပ်သူတွေ၊ ဓါတ်ခွဲခန်းပညာရှင်တွေနဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ မပြန့်ပွါးအောင် တနိုင်ငံလုံး အတိုင်းအတာနဲ့ အသွားအလာ ပိတ်ထားစဉ်မှာ နိုင်ငံ ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နိုင်အောင် လုပ်ဆောင်ပေးသူတွေ တက်ရောက်ခဲ့ကြပါတယ်။


ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ် အကူးစက်ခံရပြီး သေဆုံးခဲ့ရတဲ့ ဆေးဝန်ထမ်းတွေရဲ့ မိသားစုတွေပါ တက်ရောက်လာကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG