သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဟိုပင္ၿမိဳ႕ေပၚ ပစ္ခတ္မႈ ၆ ဦးေသဆုံး


ဟုိပင္ၿမိဳ႕ေျမပုံ။ (Credit - Google Map)

(Zawgyi / Unicode)

ကခ်င္ျပည္နယ္ ဟိုပင္ၿမိဳ႕က လက္ဖက္ရည္ဆိုင္တဆုိင္အတြင္းကို အမည္မသိ လက္နက္ကိုင္အဖြဲ႔တခုက ႏုိဝင္ဘာ ၇ ရက္ တနဂၤေႏြေန႔က ဝင္ေရာက္ပစ္ခတ္ခဲ့တာေၾကာင့္ သံဃာေတာ္တပါး အပါအဝင္ စုစုေပါင္း ၆ ေယာက္ ေသဆုံးခဲ့ပါတယ္။ ဒီပစ္ခတ္မႈေၾကာင့္ ဟိုပင္ၿမိဳ႕ခံေတြ ထိတ္လန႔္ စိုးရိမ္ေနၾကတဲ့အေၾကာင္း ရန္ကုန္ကလာတဲ့သတင္း ကိုၿငိမ္းခ်မ္း ေျပာျပပါမယ္။

ကခ်င္ျပည္နယ္ ဟိုပင္ၿမိဳ႕ ျပည္ေထာင္စုလမ္းမႀကီးေဘးမွာရိွတဲ့ ထူးထိုက္စံ လက္ဖက္ရည္ဆိုင္မွာ ႏိုဝင္ဘာ ၇ ရက္ တနဂၤေႏြေန႔ မနက္ ၈ နာရီခဲြဝန္းက်င္က ပစ္ခတ္မႈ ျဖစ္ပြားခဲ့ပါတယ္။ ကားနဲ႔ေရာက္လာတဲ့ ေသနတ္သမား ဆိုင္ထဲပစ္ခတ္ခဲ့ပံုကို ဟုိပင္ေဒသခံတဦးက ဗြီအိုေအကို အခုလုိ ေျပာပါတယ္။

“မ်က္ျမင္သက္ေသေတြအရ ဆုိရင္ေတာ့ ဖင္ေကာက္ေပါ့၊ ႏို႔ႏွစ္ေရာင္ ကားအျဖဴေပါ့။ ေခါင္းခန္းမွာ ယာဥ္ေမာင္းတေယာက္ပါတယ္။ ေနာက္ခန္းမွာက လက္နက္ကိုင္တဲ့သူတေယာက္ ပါတယ္ေပ့ါ။ သူတို႔က လက္ဖက္ရည္ဆိုင္ေရွ႕ကို ကားထိုးရပ္ၿပီး လက္ဖက္ရည္ဆုိင္ၾကားမွာရိွတဲ့ တံခါးဘက္ကေန မဖြင့္ဘဲနဲ႔ ကားလမ္းဘက္ကေန ရိွတဲ့ တံခါးကေန ဖြင့္ၿပီးမွ ကားကို အကာအကြယ္ယူၿပီးမွ ပစ္တယ္လုိ႔ ၾကားတာကိုး။ သူတို႔ မ်က္ျမင္ေတြ ေျပာတဲ့ဟာကေတာ့ တေယာက္တည္းပဲ ပစ္တာပါ။”

လက္ဖက္ရည္ဆိုင္ထဲ ပစ္ခတ္မႈအတြင္း ၅ ေယာက္ ေသဆံုးခဲ့ပါတယ္။ ေတာ္ေတာ္မ်ားမ်ားလည္း ထိခိုက္ဒဏ္ရာ ရသြားတယ္လို႔ သူက ေျပာျပပါတယ္။

“ထိခုိက္ေသဆံုးမႈ အေျခအေနကေတာ့ ၁၅ ဦးေပါ့။ ေသဆံုးတဲ့ဟာက ၅ ေယာက္ထဲမွာ ၁၈ ႏွစ္အထက္ အမ်ိဳးသား ၃ ေယာက္၊ အမ်ိဳးသမီးတေယာက္နဲ႔ ရဟန္းတပါးေပါ့။ ထိခိုက္ဒဏ္ရာရတဲ့ ၁၀ ေယာက္ကက်ေတာ့ ဆုိင္ရွင္လင္မယားရယ္၊ သူ႔ရဲ႕သမီးရယ္ ၃ ေယာက္။ က်န္တာကေတာ့ လက္ဖက္ရည္ေသာက္တဲ့သူထဲကေန ၇ ေယာက္ေပါ့။ ထိခိုက္ဒဏ္ရာရတဲ့ သူေတြကေတာ့ အခင္းျဖစ္ၿပီးၿပီးခ်င္း အကုန္လံုးကို ဟိုပင္ေဆး႐ုံကို သူတို႔ ေဆးဝါးကုသေပးတာေပါ့။ စိုးရိမ္ရတဲ့ ၇ ေယာက္ကိုေတာ့ ျမစ္ႀကီးနားကို လဲႊေပးလုိက္တာကိုး။”

ဟိုပင္ေဆး႐ုံမွာ ကုသခံေနရသူ ၃ ေယာက္ထဲက တေယာက္က ဒဏ္ရာမျပင္းထန္တာေၾကာင့္ ဆင္းသြားၿပီ ျဖစ္ပါတယ္။

အျခား ဟိုပင္ေဒသခံတဦးကေတာ့ ျမစ္ႀကီးနားေဆး႐ုံကို ပို႔ေဆာင္သူ ၇ ေယာက္အနက္မွာ ဒီကေန႔ မနက္ခင္းမွာ တေယာက္ဆံုးပါးခဲ့ေၾကာင္း ေျပာေပမယ့္ သီးျခား အတည္ျပဳခ်က္ေတာ့ မရေသးပါဘူး။

ဒီကေန႔ တနလၤာေန႔မွာေတာ့ ဟိုပင္ၿမိဳ႕တြင္းမွာ အသြားအလာ နည္းပါးေနသလို ၿမိဳ႕ခံေတြအေနနဲ႔ စိုးရိမ္ထိတ္လန္႔ေနေၾကာင္း အခုလို ေျပာပါတယ္။

“အသြားအလာေတာ့ က်ဲသြားတာေပါ့ဗ်။ ညပိုင္းလည္းက်ဲတယ္။ အခု ေန႔လယ္ပုိင္းလည္း ေစ်းေတြ ဘာေတြလည္း ေျခာက္ကပ္သြားတာေပါ့။ လူေတြရဲ႕ စိတ္ထဲမွာေတာ့ စိုးရိမ္စိတ္ေတြ ဝင္ေနၾကတာေပါ့ဗ်ာ။”

ေဒသခံေတြကေတာ့ ပစ္ခတ္သူ တရားခံကို ဖမ္းဆီးမိတယ္ဆိုတာ မၾကားသိရေသးေၾကာင္း ေျပာဆိုပါတယ္။ ဒီအေျခအေနကို ေမးျမန္းႏိုင္ဖို႔ ဟိုပင္ရဲစခန္းကို ဖုန္းေခၚဆိုခဲ့ေပမယ့္ ဖုန္းလက္ခံေျဖဆိုတာ မရိွခဲ့ပါဘူး။

ဟိုပင္ၿမိဳ႕မွာ စစ္ေကာင္စီလိုလားသူ သတင္းေပးအျဖစ္ စြပ္စြဲခံရတဲ့ အမ်ိဳးသမီးတဦးနဲ႔ အမ်ိဳးသားတဦး ေအာက္တုိဘာ ၁၂ ရက္ေန႔နဲ႔ ၂၉ ရက္ေန႔က ေသနတ္နဲ႔ ပစ္သတ္ခံရပါတယ္။ အခု ထူးထိုက္စံ လက္ဖက္ရည္ဆုိင္ ပစ္ခတ္မႈဟာ ၿပီးခဲ့တဲ့လ သတ္ျဖတ္ခံရမႈနဲ႔ ဆက္စပ္ႏုိင္ေၾကာင္း သတင္းေတြ ထြက္ေပၚေနေပမယ့္ သီးျခား အတည္ျပဳႏိုင္တာ မရိွပါဘူး။

ကခ်င္ေဒသ ျပည္သူ႔ကာကြယ္ေရးတပ္ဖဲြ႔ (ဟုိပင္) ကေတာ့ လက္ဖက္ရည္ဆုိင္ ပစ္ခတ္မႈဟာ သူတို႔လက္ခ်က္ မဟုတ္ေၾကာင္း၊ ဒါဟာ ပ်ဴေစာထီးေတြ ပစ္ခတ္တာလို႔ စံုစမ္းသိရိွရေၾကာင္းနဲ႔ အျမန္ဆံုး အေရးယူေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း စာထုတ္ျပန္ထားပါတယ္။ ပ်ဴေစာထီးဆိုတာကေတာ့ စစ္တပ္လိုလားသူေတြလို႔ အမ်ားအျမင္ခံေနရသူေတြ ျဖစ္ပါတယ္။ ပ်ဴေစာထီးဆိုတဲ့ အဖဲြ႔ကို ဖဲြ႔ေပးထားျခင္း မရွိသလို လက္နက္တပ္ဆင္ေပးထားျခင္းလည္း မရွိဘူးလို႔ စစ္ေကာင္စီက ျငင္းဆိုထားပါတယ္။

ဟိုပင္ၿမိဳ႕ေပၚ ပစ္ခတ္မႈ ၆ ဦးေသဆုံး
please wait

No media source currently available

0:00 0:03:04 0:00
တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ဟိုပင်မြို့ပေါ် ပစ်ခတ်မှု ၆ ဦးသေဆုံး

ကချင်ပြည်နယ် ဟိုပင်မြို့က လက်ဖက်ရည်ဆိုင်တဆိုင်အတွင်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့တခုက နိုဝင်ဘာ ၇ ရက် တနင်္ဂနွေနေ့က ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် သံဃာတော်တပါး အပါအဝင် စုစုပေါင်း ၆ ယောက် သေဆုံးခဲ့ပါတယ်။ ဒီပစ်ခတ်မှုကြောင့် ဟိုပင်မြို့ခံတွေ ထိတ်လန့် စိုးရိမ်နေကြတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်း ကိုငြိမ်းချမ်း ပြောပြပါမယ်။

ကချင်ပြည်နယ် ဟိုပင်မြို့ ပြည်ထောင်စုလမ်းမကြီးဘေးမှာရှိတဲ့ ထူးထိုက်စံ လက်ဖက်ရည်ဆိုင်မှာ နိုဝင်ဘာ ၇ ရက် တနင်္ဂနွေနေ့ မနက် ၈ နာရီခွဲဝန်းကျင်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ကားနဲ့ရောက်လာတဲ့ သေနတ်သမား ဆိုင်ထဲပစ်ခတ်ခဲ့ပုံကို ဟိုပင်ဒေသခံတဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“မျက်မြင်သက်သေတွေအရ ဆိုရင်တော့ ဖင်ကောက်ပေါ့၊ နို့နှစ်ရောင် ကားအဖြူပေါ့။ ခေါင်းခန်းမှာ ယာဉ်မောင်းတယောက်ပါတယ်။ နောက်ခန်းမှာက လက်နက်ကိုင်တဲ့သူတယောက် ပါတယ်ပေ့ါ။ သူတို့က လက်ဖက်ရည်ဆိုင်ရှေ့ကို ကားထိုးရပ်ပြီး လက်ဖက်ရည်ဆိုင်ကြားမှာရှိတဲ့ တံခါးဘက်ကနေ မဖွင့်ဘဲနဲ့ ကားလမ်းဘက်ကနေ ရှိတဲ့ တံခါးကနေ ဖွင့်ပြီးမှ ကားကို အကာအကွယ်ယူပြီးမှ ပစ်တယ်လို့ ကြားတာကိုး။ သူတို့ မျက်မြင်တွေ ပြောတဲ့ဟာကတော့ တယောက်တည်းပဲ ပစ်တာပါ။”

လက်ဖက်ရည်ဆိုင်ထဲ ပစ်ခတ်မှုအတွင်း ၅ ယောက် သေဆုံးခဲ့ပါတယ်။ တော်တော်များများလည်း ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ သူက ပြောပြပါတယ်။

“ထိခိုက်သေဆုံးမှု အခြေအနေကတော့ ၁၅ ဦးပေါ့။ သေဆုံးတဲ့ဟာက ၅ ယောက်ထဲမှာ ၁၈ နှစ်အထက် အမျိုးသား ၃ ယောက်၊ အမျိုးသမီးတယောက်နဲ့ ရဟန်းတပါးပေါ့။ ထိခိုက်ဒဏ်ရာရတဲ့ ၁၀ ယောက်ကကျတော့ ဆိုင်ရှင်လင်မယားရယ်၊ သူ့ရဲ့သမီးရယ် ၃ ယောက်။ ကျန်တာကတော့ လက်ဖက်ရည်သောက်တဲ့သူထဲကနေ ၇ ယောက်ပေါ့။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေကတော့ အခင်းဖြစ်ပြီးပြီးချင်း အကုန်လုံးကို ဟိုပင်ဆေးရုံကို သူတို့ ဆေးဝါးကုသပေးတာပေါ့။ စိုးရိမ်ရတဲ့ ၇ ယောက်ကိုတော့ မြစ်ကြီးနားကို လွဲှပေးလိုက်တာကိုး။”

ဟိုပင်ဆေးရုံမှာ ကုသခံနေရသူ ၃ ယောက်ထဲက တယောက်က ဒဏ်ရာမပြင်းထန်တာကြောင့် ဆင်းသွားပြီ ဖြစ်ပါတယ်။

အခြား ဟိုပင်ဒေသခံတဦးကတော့ မြစ်ကြီးနားဆေးရုံကို ပို့ဆောင်သူ ၇ ယောက်အနက်မှာ ဒီကနေ့ မနက်ခင်းမှာ တယောက်ဆုံးပါးခဲ့ကြောင်း ပြောပေမယ့် သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။

ဒီကနေ့ တနင်္လာနေ့မှာတော့ ဟိုပင်မြို့တွင်းမှာ အသွားအလာ နည်းပါးနေသလို မြို့ခံတွေအနေနဲ့ စိုးရိမ်ထိတ်လန့်နေကြောင်း အခုလို ပြောပါတယ်။

“အသွားအလာတော့ ကျဲသွားတာပေါ့ဗျ။ ညပိုင်းလည်းကျဲတယ်။ အခု နေ့လယ်ပိုင်းလည်း ဈေးတွေ ဘာတွေလည်း ခြောက်ကပ်သွားတာပေါ့။ လူတွေရဲ့ စိတ်ထဲမှာတော့ စိုးရိမ်စိတ်တွေ ဝင်နေကြတာပေါ့ဗျာ။”

ဒေသခံတွေကတော့ ပစ်ခတ်သူ တရားခံကို ဖမ်းဆီးမိတယ်ဆိုတာ မကြားသိရသေးကြောင်း ပြောဆိုပါတယ်။ ဒီအခြေအနေကို မေးမြန်းနိုင်ဖို့ ဟိုပင်ရဲစခန်းကို ဖုန်းခေါ်ဆိုခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။

ဟိုပင်မြို့မှာ စစ်ကောင်စီလိုလားသူ သတင်းပေးအဖြစ် စွပ်စွဲခံရတဲ့ အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး အောက်တိုဘာ ၁၂ ရက်နေ့နဲ့ ၂၉ ရက်နေ့က သေနတ်နဲ့ ပစ်သတ်ခံရပါတယ်။ အခု ထူးထိုက်စံ လက်ဖက်ရည်ဆိုင် ပစ်ခတ်မှုဟာ ပြီးခဲ့တဲ့လ သတ်ဖြတ်ခံရမှုနဲ့ ဆက်စပ်နိုင်ကြောင်း သတင်းတွေ ထွက်ပေါ်နေပေမယ့် သီးခြား အတည်ပြုနိုင်တာ မရှိပါဘူး။

ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဟိုပင်) ကတော့ လက်ဖက်ရည်ဆိုင် ပစ်ခတ်မှုဟာ သူတို့လက်ချက် မဟုတ်ကြောင်း၊ ဒါဟာ ပျူစောထီးတွေ ပစ်ခတ်တာလို့ စုံစမ်းသိရှိရကြောင်းနဲ့ အမြန်ဆုံး အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း စာထုတ်ပြန်ထားပါတယ်။ ပျူစောထီးဆိုတာကတော့ စစ်တပ်လိုလားသူတွေလို့ အများအမြင်ခံနေရသူတွေ ဖြစ်ပါတယ်။ ပျူစောထီးဆိုတဲ့ အဖွဲ့ကို ဖွဲ့ပေးထားခြင်း မရှိသလို လက်နက်တပ်ဆင်ပေးထားခြင်းလည်း မရှိဘူးလို့ စစ်ကောင်စီက ငြင်းဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG