သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံမှာ ၅ ရက်အတွင်း မြန်မာ ၁၀၀ ကျော်ဖမ်းဆီးခံရ


ထိုင်းမြန်မာနယ်စပ် ကမ်ချနဘူရီပြည်နယ်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာတွေကို သယ်လာတဲ့ပစ်ကပ်ကားတစီးကို ထိုင်းရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးစဉ်။ (မတ်လ ၂၁၊ ၂၀၂၃/ ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့)
ထိုင်းမြန်မာနယ်စပ် ကမ်ချနဘူရီပြည်နယ်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာတွေကို သယ်လာတဲ့ပစ်ကပ်ကားတစီးကို ထိုင်းရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးစဉ်။ (မတ်လ ၂၁၊ ၂၀၂၃/ ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့)

{{Zawgyi/Unicode}}

ထိုင်းမြန်မာနယ်စပ် ကမ်ချနဘူရီပြည်နယ်ထဲမှာ တရားမဝင်မြန်မာတွေကို လူကုန်ကူးလာတဲ့ပစ်ကပ်ကားတစီးကို ထိုင်းအာဏာပိုင်တွေက ပစ်ခတ်ဖမ်းဆီးခဲ့တာကြောင့် ကားပေါ်ကပါလာသူ ၁၂ ဦး ဖမ်းဆီးခံရပါတယ်။ ၅ ရက်အတွင်း ပြည်နယ် ၃ ခုမှာ လူကုန်ကူးသူတွေနဲ့အတူ တရားမဝင် မြန်မာ ၁၀၀ ကျော်ဖမ်းဆီးခံရပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် ကမ်ချနဘူရီပြည်နယ် မင်မြို့နယ် ဝမ်ဒိုကျေးရွာတနေရာမှာ တရားမဝင် မြန်မာတွေကို သယ်ဆောင်လာတဲ့ကားတစီးကို ပစ်ခတ်ဖမ်းဆီးခဲ့ရာမှာ ကားပေါ်မှာတလပတ်နဲ့အုပ်ပြီးခေါ်လာတဲ့ မြန်မာ ၁၂ ယောက်ကိုဖမ်းမိခဲ့ကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီရဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးကအခုလိုပြောပါတယ်။

“မတ်လ၂၀ ရက်နေ့က ထိုင်းနဲ့မွန်ပြည်နယ်စပ် ကမ်ချနဘူရီပြည်နယ် မင်မြို့နယ်ထဲမှာ သံသယဖြစ်ဖွယ် အရှိန်ပြင်းပြင်းမောင်းလာတဲ့ပစ်ကပ် အဲဒီကားက စစ်ဆေးရေးဂိတ်ကို အရှိန်ပြင်းပြင်း တိမ်းရှောင်မောင်းသွားတဲ့အတွက် ဝမ်ဖာဘူရီမြိုနယ်ထဲမှာ လုံခြုံရေးတပ်ဖွဲ့က ပိုက်စိတ်တိုက် လိုက်လံဖမ်းဆီးခဲ့တာကြောင့် ဝမ်ဖာရဖီမြိုနယ်သွားတဲ့လမ်းမှာ ကားကိုဖမ်းမိပါတယ်။ ကားပေါ်မှာ တရားမဝင်မြန်မာ ၁၂ ဦး ပါတယ်။ အမျိုးသားက ၄ ဦး၊ အမျိုးသမီးက ၇ ဦး ကလေးငယ်ကတဦးကို ဖမ်းမိခဲ့ပါတယ်။”

ကားပေါ်မှာတာလပတ်တွေနဲ့အုပ်ပြီး လူတွေသယ်ဆောင်လာတဲ့ကားသမားကို အာဏာပိုင်တွေက စစ်ဆေးရာမှာ သူတို့ကို စံခလဘူရီမြို့ကနေ သယ်ဆောင်လာတာဖြစ်ပြီး တဦးကို ဘတ်ငွေ ၈,၀၀၀ လောက်ရလို့ သယ်ဆောင်လာတာလို့ ထွက်ဆိုကြပါတယ်။

အခုဆိုရင် ၅ ရက်အတွင်း တရားမဝင် အထောက်အထားမဲ့ဝင်ရောက်လာသူ မြန်မာ ၁၀၀ ကျော်ကိုဖမ်းမိခဲ့ပြီး လူပွဲစားတွေလည်းဖမ်းမိခဲ့တယ်လို့လည်း ဆိုပါတယ်။

“တရားမဝင်နယ်စပ်ဖြတ်ကျော်တဲ့ မတ်လ ၁၆ ရက်နေ့ကနေ ၂၀ ရက်နေ့ထိ ပြည်နယ် ၃ ခုမှာတရားမဝင်မြန်မာ ၁၀၀ ကျော်၊ အတိအကျဆိုရင် ၁၁၃ ယောက်နဲ့ ထိုင်းယဉ်မောင်းသမား ၃ ဦးကိုလည်း ဖမ်းမိခဲ့ပါတယ်။”

တာ့ခ်ပြည်နယ် မဲဆောက်ကနေ ထိုင်းမလေးနယ်စပ်ကို တရားမဝင်မြန်မာတွေပို့ဆောင်ခဲ့တဲ့ ထိုင်းနိုင်ငံသား ၅ ဦးကိုလည်း မနေ့ကဖမ်းဆီးခဲ့ပါတယ်။ သူတို့ဟာ လူကုန်ကူးတာအပြင် တရားမဝင် ဝင်ရောက်လာတဲ့မြန်မာတွေကို သတ်ဖြတ်၊ အလောင်းဖျောက်ဖျက်မှုတွေနဲ့ပါ သံသယရှိတာကြောင့် ဖမ်းဆီး အရေးယူခဲ့တာဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

============

{{Unicode}}









XS
SM
MD
LG