သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

Tiananmen နှစ်ပတ်လည်နေ့ ဘေဂျင်းမြို့တော်မှာ လုံခြုံရေးတင်းကျပ်


Tiananmen နှစ်ပတ်လည်နေ့တွက် ဘေဂျင်းမြို့တော်မှာ လုံခြုံရေးတင်းကျပ်နေပုံ (ဇွန်၊ ၀၃၊ ၂၀၁၉)

လွန်ခဲ့တဲ့နှစ်ပေါင်း ၃ဝ က တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ အကြမ်းဖက် ဖြိုခွင်းခံခဲ့ရတဲ့ Tiananmen အရေးအခင်း နှစ်ပတ်လည်နေ့ ဖြစ်တဲ့ ဒီကနေ့မှာ အထိမ်းအမှတ် အခမ်းအနားပွဲတွေ မလုပ်နိုင်အောင် အစိုးရက ဘေကျင်းမြို့တဝိုက် လုံခြုံရေး တင်းကျပ်ထားပါတယ်။

ပုံမှန်လုပ်နေတဲ့ မနက်စောစော အလံတင်အခမ်းအနားကို ကြည့်ဖို့အတွက် Tiananmen ရင်ပြင်ကိုလာကြတဲ့ ခရီးသွားတွေကို လုံခြုံရေးအဖွဲ့တွေက မှတ်ပုံတင်တွေ စစ်ဆေးတာတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေတာပါ။

နိုင်ငံခြားသား သတင်းထောက်တွေ ရင်ပြင်ကို လာရောက်ခွင့် ပိတ်ထားသလို ဘယ်သူမှ ဓါတ်ပုံ မရိုက်ဖို့လည်း သတိပေးထားပါတယ်။ ၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်နေ့က Tiananmen ရင်ပြင်မှာ စုဝေးဆန္ဒပြနေကြတဲ့ ကျောင်းသားတွေကို စစ်သားတွေ၊ တင့်ကားတွေနဲ့ ဝင်ရောက် စီးနင်း ဖြိုခွင်းခဲ့တာမှာ လူတွေ ထောင်နဲ့ချီ သတ်ဖြတ်ခံခဲ့ရတာပါ။

တိုင်းပြည်တွင်း အကျင့်ပျက်ခြစားမှုတွေ အဆုံးသတ်ပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ တောင်းဆိုခဲ့ကြတဲ့ ကျောင်းသားနဲ့ အလုပ်သမားတွေရဲ့ ၂ လနီးပါးကြာ ဆန္ဒပြပွဲတွေလည်း ဒီနှိမ်နင်းမှုအောက်မှာ အဆုံးသတ်ခဲ့ရပါတယ်။

အခုလို နှစ်ပတ်လည်နေ့မျိုးမှာလည်း တရုတ်ကွန်မြူနစ်ပါတီ အစိုးရကတော့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်တဲ့ အောက်မေ့ဘွယ် အကြောင်းအရာတွေကို ဖျောက်ဖျက်ဖို့အတွက် အကြီးအကျယ် လုပ်ဆောင်နေတာပါ။

နှစ်စဉ်နှစ်တိုင်း နှစ်ပတ်လည်နေ့ မတိုင်ခင်မှာ တက်ကြွလှုပ်ရှားသူတွေ၊ ရှေ့နေတွေနဲ့ သတင်းသမားတွေကို ဖမ်းဆီးထိန်းသိမ်းတာတွေ လုပ်လေ့ရှိပြီး ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အင်တာနက်ပေါ်ကနေ သုံးသပ်ပြောဆိုတာ၊ ရေးသားတင်ပြတာ၊ ဓာတ်ပုံနဲ့ ဖော်ပြတာတွေကို ပြင်းပြင်းထန်ထန် ပိတ်ပင်ထားသလို၊ ဘယ်လိုအထိမ်းအမှတ်ပွဲမှ မလုပ်ဖို့လည်း တားမြစ်ထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG