သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ICJ ျမန္မာ ေလွ်ာက္လဲခ်က္


(Zawgyi/Unicode)

ႏိုင္ငံတကာ လူမ်ိဳးတုန္းသတ္ျဖတ္မႈ တားဆီးေရး သေဘာတူညီခ်က္ကို ျမန္မာႏိုင္ငံ ခ်ိဳးေဖာက္ရာေရာက္တယ္ဆိုၿပီး ICJ ႏုိင္ငံတကာတရား႐ံုးမွာ တရားစြဲခံရတဲ့အမႈအတြက္ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ ျမန္မာကိုယ္စားလွယ္အဖဲြ႔က ဒီကေန႔ ေခ်ပ ေလွ်ာက္ထားခဲ့ပါတယ္။ တရားစြဲခံရတဲ့ ျမန္မာႏိုင္ငံဘက္က စြပ္စြဲခံရသလို လူမ်ဳိးတံုးသတ္ျဖတ္ဖုိ႔ ရည္႐ြယ္ခ်က္နဲ႔ လုပ္ေဆာင္ခဲ့တာ မဟုတ္ဘူးဆိုတာကို ဥပေဒပညာ႐ွင္ေတြက အဓိက တံု႔ျပန္ေခ်ပ ေလွ်ာက္ထားခဲ့ၾကပါတယ္။ဒီကေန႔ ေလွ်ာက္ထားတင္ျပခ်က္ေတြကို VOA ျမန္မာပို္င္းအယ္ဒီတာ ဦးေက်ာ္ဇံသာကိုယ္တိုင္ ICJ တရား႐ံုးထဲမွာ သတင္းယူခဲ့တာမို႔ ဦးေက်ာ္ဇံသာကို မစုျမတ္မြန္က တိုက္႐ိုက္ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး ။ ။ အရင္ဆံုး ဒီကေန႕ တရား႐ံုးအခင္းအက်င္းကို ေျပာျပေပးပါ႐ွင့္။

ဦးေက်ာ္ဇံသာ။ ။ တရား႐ံုးအခင္းအက်င္းကေတာ့ ဒီကေန႔ တရားသူၾကီးက မိတ္ဆက္ေပးၿပီးတဲ့ေနာက္မွာ တရား႐ံုးကို စတင္ၿပီးတဲ့ေနာက္မွာ ျမန္မာႏိုင္ငံအဖဲြ႔ေခါင္းေဆာင္ ႏိုင္ငံျခားေရး၀န္ၾကီးအျဖစ္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္က စတင္ ရွင္းလင္းခြင့္ရပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ ရွင္းလင္းတာကေတာ့ ဥပေဒေၾကာင္းနဲ႔ သမိုင္းေၾကာင္းနဲ႔စၿပီးေတာ့ အခ်က္အလက္ အေၾကာင္းအရာေတြကို နည္းနည္းေျပာသြားတာ ျဖစ္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ အဓိကေျပာသြားတဲ့အထဲမွာကေတာ့ ဒီျမန္မာႏိုင္ငံမွာ ဒီျပႆနာဟာ အဂၤလိပ္ေခတ္မွာကတည္းက ရခိုင္ဘက္မွာ မူဆလင္၊ ဗုဒၶဘာသာ ပဋိပကၡ ျဖစ္ခဲ့ရတယ္။ အဂၤလိပ္ေတြက ဂ်ပန္ကို ခုခံဖို႔အတြက္ မူဆလင္ေတြကို လက္နက္ေပးတယ္။ အဲ့မွာ ရခိုင္ကတပ္ေတြက အဂၤလိပ္ကို ေတာ္လွန္ဖို႔အတြက္ ပူးေပါင္းလာတာနဲ႔ အဲ့ဒီမွာစျပီး လူမ်ိဳးေရး ကစဥ့္ကလ်ား ျဖစ္ရတယ္ဆိုတာ ေျပာခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ဒီဥပေဒဟာ အခု ဒီ Genocide Convention ဟာ ယူဂိုဆလားဗီးယား၊ ေကာ္ဆုိဘို ကိစၥမွာ လူဦးေရ သန္းနဲ႔ခ်ီၿပီး ေမာင္းထုတ္ခံခဲ့ရတဲ့ ကိစၥ ၊ ခရိုေအးရွား၊ ဆာဗီးယား ျပႆနာမွာ လည္းလူေပါင္းေျမာက္မ်ားစြာ ေမာင္းထုတ္ခံခဲ့ရတဲ့ ကိစၥမွာလည္း Genocide မေျမာက္ဘူးဆိုတာ အကိုးအကားနဲ႔ နည္းနည္း ေဆြးေႏြးသြားပါတယ္။ ေနာက္တခါ ျမန္မာႏိုင္ငံ တရားစီရင္ေရးထဲမွာလည္းပဲ ၂၀၀၈ ဖဲြ႔စည္းပံုအရ Military Tribunal စစ္ဘက္ဆိုင္ရာ တရား႐ံုးဆိုတာ ရွိေနတဲ့ အတြက္ေၾကာင့္ စစ္တပ္ဘက္က က်ဴးလြန္တဲ့ အမႈေတြကို အဲ့တရား႐ံုးကသာ စီရင္ခြင့္ရွိတယ္။ ဒါေၾကာင့္ အင္းဒင္ရြာမွာ လူ ၁၀ ေယာက္ကို ပစ္သတ္ခဲ့တဲ့ ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ အဲ့စစ္ဘက္ဆိုင္ရာ တရား႐ံုးက သူတို႔ကို ျပစ္မႈထင္ရွား စီရင္ၿပီး ေထာင္ခ်တယ္ဆိုေပမဲ့လည္း လပိုင္းအတြင္းမွာ ျပန္လည္ၿပီးေတာ့ ကင္းလႊတ္ခြင့္ေပးၿပီး လႊတ္ေပးလိုက္တယ္။ အဲ့ဒါကို ျမန္မာျပည္သူ အမ်ားအျပားေတာင္ မေက်မနပ္ ျဖစ္ခဲ့ၾကတယ္ဆိုၿပီးေတာ့လည္း ေဒၚေအာင္ဆန္းစုၾကည္ က ေျပာသြားပါတယ္ ခင္ဗ်။ ေနာက္ပုိၿပီး အေရးၾကီးတဲ့ က်ေနာ္ ေျပာခ်င္တာ တခုက ေဒၚေအာင္ဆန္းစုၾကည္ ေျပာတဲ့အထဲမွာ hate speech ဆိုတာဟာ ဒီတဘက္နဲ႔ တဘက္ အမုန္းစကား ေျပာတာျခင္း ဒီ ႏွစ္ဘက္ရွိေနတဲ့ အခ်ိန္မွာ တဘက္ဘက္ကို အားေပးၿပီးေျပာရင္းလည္းပဲ ဒီကိစၥဟာ ဒီကသိကထကို ပိုမိုျပင္းထန္လာႏိုင္တဲ့ သေဘာလည္း ေျပာသြားတာ ေတြ႔ရပါတယ္။

ေမး။ ။ ေဒၚေအာင္ဆန္းစုၾကည္ ေလွ်ာက္ထားသြားတဲ့ထဲမွာ စိတ္ဝင္စားဖုိ႔ေကာင္းတာက ရခိုင္ျပည္နယ္ေျမာက္ပုိင္းမွာ စစ္တပ္ရဲ႕ေဆာင္႐ြက္ခ်က္ေတြက အင္အားအလြန္အကၽြံ သံုးခဲ့တာျဖစ္ႏိုင္တယ္။ အဲဒီလုပ္ရပ္က ႏိုင္ငံတကာလူ႔အခြင့္အေရးေတြကို ခ်ဳိးေဖာက္ရာေရာက္ႏုိင္တယ္ဆိုတာကို ေဒၚေအာင္ဆန္းစုၾကည္ က လက္ခံတယ္ ဆိုတာမ်ဳိးေျပာသြားပါတယ္။အဲဒါကိုလည္း အျပည့္အစံုေျပာပါဦး ဦးေက်ာ္ဇံသာ႐ွင့္။

ဦးေက်ာ္ဇံသာ။ ။ ေစာေစာက က်ေနာ္ေျပာတာ တဆက္တည္းပါပဲခင္ဗ်ား၊ အင္အားအလြန္ အကၽြံသံုးခဲ့တယ္၊ ရြာသားေတြကို သတ္ျဖတ္ခဲ့တာရွိတယ္။ အဲဒါကို စစ္ဥပေဒအရပဲ စီရင္ခြင့္ ရွိတယ္ဆိုေတာ ့သူတို႔ ေဒၚေအာင္ဆန္းစုၾကည္ တို႔အေနနဲ႔ ဒါကို ကိုင္တြယ္ဖို႔ အခက္အခဲရွိတယ္ဆိုတာ ေျပာတယ္။ စစ္တပ္ဘက္က အဲဒီလို က်ဴးလြန္ခဲ့တာရွိတယ္။ ဒါေပမယ့္ သူတခုေတာ့ အာမခံတယ္၊ အရပ္သားဘက္က ဒီကိစၥလိုမ်ိဳးရွိမယ္ဆိုရင္ေတာ့ သူတို႔က ျပတ္ျပတ္သားသား အရပ္ဘက္တရားရံုးနဲ႔ အေရးယူသြားမယ္လို႔ ေျပာပါတယ္။ ဒါေပမယ့္ စစ္ဘက္လုပ္ရပ္က စစ္တရားရံုးရွိေနတဲ့အတြက္ သူ႔အေနနဲ႔ ကိုင္တြယ္ႏိုင္ျခင္းမရွိဘူး အာမခံမႈ မေပးႏိုင္ဘူးဆိုတဲ့ သေဘာေျပာသြားတာ ေတြ႔ရပါတယ္။ သူ႔ရဲ႕ ဥပေဒအၾကပ္အတည္းကို ေျပာသြားတာ ျဖစ္ပါတယ္။”

ေမး။ ။ ဒီကေန႔ ေလွ်ာက္ထားခ်က္မွာ ေဒၚေအာင္ဆန္းစုၾကည္အျပင္ ျမန္မာႏိုင္ငံဘက္ကေန ဥပေဒပညာ႐ွင္ ၃ ေယာက္ကလည္း တင္ျပေလွ်ာက္ထားခ်က္ေတြ ေပးၾကတယ္ဆိုေတာ့ သူတုိ႔ ေလွ်ာက္ထားၾကတဲ့ အခ်က္ေတြကိုလည္း ေျပာျပပါဦး ဦးေက်ာ္ဇံသာ႐ွင့္။

ဦးေက်ာ္ဇံသာ။ ။ ပထမဦးဆံုး တင္ျပတဲ့ ပုဂၢိဳလ္ကေတာ့ ကမာၻမွာအင္မတန္ ႏိုင္ငံတကာ ဥပေဒနဲ႔ ကၽြမ္းက်င္တဲ့ ပညာရွင္ ပါေမာကၡ လည္းျဖစ္ ေရွ႕ေနတဦးလည္းျဖစ္တဲ့ William Schabas ျဖစ္ပါတယ္။ သူကေတာ့ ျပစ္မႈ က်ဳးလႊန္တဲ့ ေနရာမွာ intent လို႔ေခၚတဲ့ ၾကံစီခ်က္ေပါ့ေလ အဲဒါ သိပ္အေရးႀကီးတယ္ဆိုတဲ့ အေၾကာင္းေျပာတယ္။ ဆိုေတာ့ အခုကိစၥမွာ intent လံုး၀ မေတြ႔ရဘူးဆိုတဲ့သေဘာကို အခ်က္အလက္ အတိအက်နဲ႔ အေထာက္အထားေတြနဲ႔ ေျပာသြားတာ ေတြ႔ရပါတယ္။ ေနာက္ၿပီးေတာ့ ဟိုဘက္က စြဲတဲ့ လူေတြကလည္း ဘယ္အခ်က္ကျဖင့္ Genocide ဥပေဒပုဒ္မ ဘယ္ေလာက္နဲ႔ ၿငိၿပီးေတာ့ ဘယ္လိုျဖစ္ေနတယ္ ဆိုတာကို အတိအက် နဲ႔ မစြဲႏိုင္ဘူးဆိုတာေတြလည္း ေျပာပါတယ္ သူက။ ဒါက ပါေမာကၡ William Schabas ေျပာသြားတာျဖစ္ပါတယ္။

ေနာက္ ဒုတိယေလွ်ာက္လဲတဲ့ အဂၤလိပ္ ဥပေဒပညာရွင္တေယာက္ျဖစ္တဲ့ Christopher Staker က ICJ တရားရံုးမွာ စီရင္ႏိုင္ခြင့္ရွိရဲ႕လားဒီကိစၥကို Lack of Jurisdiction က ေပၚလြင္ထင္ရွားေနတယ္ လို႔ ေျပာပါတယ္။ တရားရံုးက ဒီကိစၥကို စီရင္ႏိုင္ခြင့္မရွိဘူး ၊ ဒီကိစၥကို ေလွ်ာက္ထားတဲ့လူကိုယ္တိုင္က Proxy ေခၚတာေပါ့ ကိုယ္စား Gambia နဲ႔ ျမန္မာက ဘာမွ ျပႆနာမရွိပဲနဲ႔ OIC က ေျမွာက္ေပးလို႔ အပူတပင္းထၿပီးေတာ့ လုပ္လိုက္ရတယ္ဆိုတဲ့ သေဘာေျပာပါတယ္။ Gambia ကလည္း ဒီကိစၥကို ေလွ်ာက္ထားပိုင္ခြင့္မရွိသလို ICJ မွာလည္း ဒီလို ကိစၥကို အေစာတလ်င္ စီရင္ႏိုင္ခြင့္မရွိဘူး Lack of Jurisdiction ျဖစ္ေနတယ္လို႔ သူက ေလွ်ာက္ထားပါတယ္။ သူတို႔လည္း ဥပေဒေၾကာင္းအရ အဓိက ေလွ်ာက္ထားတာ ျဖစ္ပါတယ္။

ေမး။ ။ ျမန္မာႏို္င္ငံအတြက္ ေနာက္ဆံုးေလွ်ာက္ထားခဲ့တဲ့ အမ်ဳိးသမီးေ႐ွ႕ေန Phoebe Okowa ကေတာ့ ICJ တရား႐ံုးအေနနဲ႔ တရား႐ံုးကို တိုင္ၾကားထားတဲ့ စြပ္စြဲခ်က္ကို အျပည့္အဝ မၾကားနာခင္ ကာလအတြင္း လူမ်ဳိးတုံုးသတ္ျဖတ္မႈအေျခအေန ပိုဆိုးမလာေစေအာင္ ကာကြယ္တားဆီးႏိုင္မယ့္ ေဆာင္႐ြက္ခ်က္ေတြ လုပ္ဖုိ႔ မလိုဘူးဆိုတဲ့အပိုင္းကေန ေျပာသြားတာကိုလည္း အျပည့္အစံုေျပာျပေပးပါဦးေက်ာ္ဇံသာ႐ွင့္။

ဦးေက်ာ္ဇံသာ။ ။ ဥပေဒသေဘာနဲ႔ ေျပာရရင္ အဲဒါ လုပ္ရမယ္လို႔ ဆိုရင္ သေဘာက

Genocide ရွိေနလို႔သာ လုပ္ရတယ္၊ ႀကိဳတင္ကာကြယ္ခဲ့ရတယ္ဆိုတာမ်ိဳး သေဘာက intent ရွိေနလို႔သာ ႀကိဳတင္ကာကြယ္ခဲ့ရတယ္ဆိုတဲ့ သေဘာျဖစ္သြားမွာ ဆိုးလို႔ ဒီဘက္ေရွ႕ေနက အဲဒါကို ေလွ်ာက္လဲတဲ့ေနရာမွာ ပံုစံအမ်ိဳးမ်ိဳးနဲ႔ ေလွ်ာက္လဲတယ္လို႔ က်ေနာ္အဲလိုသံုးသပ္မိပါတယ္။ အမ်ဳိးသမီးေ႐ွ႕ေန Phoebe Okowa ကေတာ့ ဒီကိစၥဟာ provisional measure လို႔ေခၚတဲ့ ယာယီလုပ္ေဆာင္ရမယ့္ အခ်က္ေတြက မလိုအပ္ဘူး ျမန္မာႏိုင္ငံမွာ ဒီကစၥေျပလည္ေရးအတြက္ ဒီျပႆနာက Humanitarian Crisis သာျဖစ္တယ္။ အဲဒီေတာ့ ဘဂၤလားေဒ့ရွ္- ျမန္မာႏွစ္ဖက္ႏိုင္ငံခ်င္း MOU ထိုးၿပီးေတာ့ လုပ္ေနၾကတာေတြရွိတယ္။ ဒါေပမယ့္ ဒီလို MOU ထိုးၿပီးေတာ့ လုပ္တာမွာ OIC ရဲ႕ စြဲေဆာင္မႈေၾကာင့္ ဟိုဘက္ကို ပါသြားျခင္းျဖစ္တယ္လို႔ ေျပာပါတယ္။ ေနာက္ၿပီးေတာ့ ဒီလို လုပ္ေဆာင္ေနတဲ့ေနရာကို ျမန္မာႏို္င္ငံအပါအ၀င္ အာဆီယံေဒသတြင္း ႏို္င္ငံေတြကလည္း ကူညီၾကတယ္၊ တရုတ္တုိ႔ ဂ်ပန္တို႔ကလည္း ျပႆနာ ေျပလည္ဖို႔အတြက္ အကူအညီ ေထာက္အပံ႔ေတြ ေပးေနတာကို လက္ခံၿပီးေတာ့ လုပ္ေနတယ္ ။ Genocide intent သာရွိတယ္ဆိုရင္ အခုလို ဘယ္လုပ္ပါ့မလဲဆိုတာ ေလွ်ာက္လဲသြားပါတယ္။

ဟုတ္ကဲ့ ။ မေန႕တုန္းကေတာ့ တရားစြဲတဲ့ Gambia ႏိုင္ငံက လူမ်ဳိးတုန္းသတ္ျဖတ္မႈရည္႐ြယ္ခ်က္နဲ႔ လုပ္တယ္ဆိုတဲ့အခ်က္ေတြကို သက္ေသအေထာက္အထားေတြနဲ႔ ေျပာသြားပါတယ္။ ဆိုေတာ့ ဒီေန႔ ျမန္မာဘက္က တံု႔ျပန္ေလွ်ာက္ထားခ်က္နဲ႔ အမႈသြား အမႈလာအေျခအေနကို ဦးေက်ာ္ဇံသာ ဘယ္လိုသံုးသပ္ပါလဲ႐ွင့္။

ဦးေက်ာ္ဇံသာ။ ။ ဟုတ္ကဲ့။ ဟိုဘက္က ေလွ်ာက္ထားတာကေတာ့ အားႀကိဳးမာန္တက္ သူတို႔ဘက္က ငိုျပၿပီး ေဇာတ္နာေအာင္ေျပာရတာေပါ့ဗ်ာ။ ဒီလို ျဖစ္ခဲ့တယ္၊ ဒီလို အေျခအေနကို မတားခဲ့ဘူး ဆိုေတာ့ သက္ေသအခိုင္အမာန႔ဲ ကေလးေတြ အသက္ခံရတယ္၊ မဒိန္းအက်င့္ခံရတာ စတာေတြ သူတို႔ ေျပာတယ္။ အားတက္မာန္တက္ အားတက္သေလ်ာရွိတယ္ေျပာရင္ ျဖစ္ပါလိမ့္မယ္။ ဒီဘက္ကေတာ့ တရားဥပေဒအရ ေခ်ပတာဆိုတဲ့အတြက္ေၾကာင့္ အဲ့ေလာက္အထိေတာ့ စိတ္၀င္စားဖြယ္ မေကာင္းဘူးလို႔ ထင္စရာရွိပါတယ္။ ဒါေပမဲ့ ဘယ္ေလာက္အလားအလာရွိသလဲဆိုတာ က်ေနာ္က ပါေမာကၡ William Schabas ကို က်ေနာ္က တရား႐ံုးထြက္တဲ့အခါ ေမးပါတယ္။ သူက က်ေနာ့္ကို ၾကည့္ၿပီးေတာ့ မင္းတို႔ မီဒီယာကို Comment မေပးခ်င္ဘူး၊ ေ၀ဖန္ခ်က္မေပးခ်င္ဘူးလို႔ေျပာသြားပါတယ္။

ICJ ျမန္မာ ေလွ်ာက္လဲခ်က္
please wait

No media source currently available

0:00 0:08:28 0:00
တိုက္႐ိုက္ လင့္ခ္


................

ICJ မြန်မာ လျှောက်လဲချက်

(Unicode)

နိုင်ငံတကာ လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေး သဘောတူညီချက်ကို မြန်မာနိုင်ငံ ချိုးဖောက်ရာရောက်တယ်ဆိုပြီး ICJ နိုင်ငံတကာတရားရုံးမှာ တရားစွဲခံရတဲ့အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့က ဒီကနေ့ ချေပ လျှောက်ထားခဲ့ပါတယ်။ တရားစွဲခံရတဲ့ မြန်မာနိုင်ငံဘက်က စွပ်စွဲခံရသလို လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာ မဟုတ်ဘူးဆိုတာကို ဥပဒေပညာရှင်တွေက အဓိက တုံ့ပြန်ချေပ လျှောက်ထားခဲ့ကြပါတယ်။ဒီကနေ့ လျှောက်ထားတင်ပြချက်တွေကို VOA မြန်မာပိုင်းအယ်ဒီတာ ဦးကျော်ဇံသာကိုယ်တိုင် ICJ တရားရုံးထဲမှာ သတင်းယူခဲ့တာမို့ ဦးကျော်ဇံသာကို မစုမြတ်မွန်က တိုက်ရိုက်ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ အရင်ဆုံး ဒီကနေ့ တရားရုံးအခင်းအကျင်းကို ပြောပြပေးပါရှင့်။

ဦးကျော်ဇံသာ။ ။ တရားရုံးအခင်းအကျင်းကတော့ ဒီကနေ့ တရားသူကြီးက မိတ်ဆက်ပေးပြီးတဲ့နောက်မှာ တရားရုံးကို စတင်ပြီးတဲ့နောက်မှာ မြန်မာနိုင်ငံအဖွဲ့ခေါင်းဆောင် နိုင်ငံခြားရေးဝန်ကြီးအဖြစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်က စတင် ရှင်းလင်းခွင့်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းတာကတော့ ဥပဒေကြောင်းနဲ့ သမိုင်းကြောင်းနဲ့စပြီးတော့ အချက်အလက် အကြောင်းအရာတွေကို နည်းနည်းပြောသွားတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အဓိကပြောသွားတဲ့အထဲမှာကတော့ ဒီမြန်မာနိုင်ငံမှာ ဒီပြဿနာဟာ အင်္ဂလိပ်ခေတ်မှာကတည်းက ရခိုင်ဘက်မှာ မူဆလင်၊ ဗုဒ္ဓဘာသာ ပဋိပက္ခ ဖြစ်ခဲ့ရတယ်။ အင်္ဂလိပ်တွေက ဂျပန်ကို ခုခံဖို့အတွက် မူဆလင်တွေကို လက်နက်ပေးတယ်။ အဲ့မှာ ရခိုင်ကတပ်တွေက အင်္ဂလိပ်ကို တော်လှန်ဖို့အတွက် ပူးပေါင်းလာတာနဲ့ အဲ့ဒီမှာစပြီး လူမျိုးရေး ကစဉ့်ကလျား ဖြစ်ရတယ်ဆိုတာ ပြောခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒီဥပဒေဟာ အခု ဒီ Genocide Convention ဟာ ယူဂိုဆလားဗီးယား၊ ကော်ဆိုဘို ကိစ္စမှာ လူဦးရေ သန်းနဲ့ချီပြီး မောင်းထုတ်ခံခဲ့ရတဲ့ ကိစ္စ ၊ ခရိုအေးရှား၊ ဆာဗီးယား ပြဿနာမှာ လည်းလူပေါင်းမြောက်များစွာ မောင်းထုတ်ခံခဲ့ရတဲ့ ကိစ္စမှာလည်း Genocide မမြောက်ဘူးဆိုတာ အကိုးအကားနဲ့ နည်းနည်း ဆွေးနွေးသွားပါတယ်။ နောက်တခါ မြန်မာနိုင်ငံ တရားစီရင်ရေးထဲမှာလည်းပဲ ၂၀၀၈ ဖွဲ့စည်းပုံအရ Military Tribunal စစ်ဘက်ဆိုင်ရာ တရားရုံးဆိုတာ ရှိနေတဲ့ အတွက်ကြောင့် စစ်တပ်ဘက်က ကျူးလွန်တဲ့ အမှုတွေကို အဲ့တရားရုံးကသာ စီရင်ခွင့်ရှိတယ်။ ဒါကြောင့် အင်းဒင်ရွာမှာ လူ ၁၀ ယောက်ကို ပစ်သတ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ အဲ့စစ်ဘက်ဆိုင်ရာ တရားရုံးက သူတို့ကို ပြစ်မှုထင်ရှား စီရင်ပြီး ထောင်ချတယ်ဆိုပေမဲ့လည်း လပိုင်းအတွင်းမှာ ပြန်လည်ပြီးတော့ ကင်းလွှတ်ခွင့်ပေးပြီး လွှတ်ပေးလိုက်တယ်။ အဲ့ဒါကို မြန်မာပြည်သူ အများအပြားတောင် မကျေမနပ် ဖြစ်ခဲ့ကြတယ်ဆိုပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောသွားပါတယ် ခင်ဗျ။ နောက်ပိုပြီး အရေးကြီးတဲ့ ကျနော် ပြောချင်တာ တခုက ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့အထဲမှာ hate speech ဆိုတာဟာ ဒီတဘက်နဲ့ တဘက် အမုန်းစကား ပြောတာခြင်း ဒီ နှစ်ဘက်ရှိနေတဲ့ အချိန်မှာ တဘက်ဘက်ကို အားပေးပြီးပြောရင်းလည်းပဲ ဒီကိစ္စဟာ ဒီကသိကထကို ပိုမိုပြင်းထန်လာနိုင်တဲ့ သဘောလည်း ပြောသွားတာ တွေ့ရပါတယ်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည် လျှောက်ထားသွားတဲ့ထဲမှာ စိတ်ဝင်စားဖို့ကောင်းတာက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်ရဲ့ဆောင်ရွက်ချက်တွေက အင်အားအလွန်အကျွံ သုံးခဲ့တာဖြစ်နိုင်တယ်။ အဲဒီလုပ်ရပ်က နိုင်ငံတကာလူ့အခွင့်အရေးတွေကို ချိုးဖောက်ရာရောက်နိုင်တယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် က လက်ခံတယ် ဆိုတာမျိုးပြောသွားပါတယ်။အဲဒါကိုလည်း အပြည့်အစုံပြောပါဦး ဦးကျော်ဇံသာရှင့်။

ဦးကျော်ဇံသာ။ ။ စောစောက ကျနော်ပြောတာ တဆက်တည်းပါပဲခင်ဗျား၊ အင်အားအလွန် အကျွံသုံးခဲ့တယ်၊ ရွာသားတွေကို သတ်ဖြတ်ခဲ့တာရှိတယ်။ အဲဒါကို စစ်ဥပဒေအရပဲ စီရင်ခွင့် ရှိတယ်ဆိုတော့သူတို့ ဒေါ်အောင်ဆန်းစုကြည် တို့အနေနဲ့ ဒါကို ကိုင်တွယ်ဖို့ အခက်အခဲရှိတယ်ဆိုတာ ပြောတယ်။ စစ်တပ်ဘက်က အဲဒီလို ကျူးလွန်ခဲ့တာရှိတယ်။ ဒါပေမယ့် သူတခုတော့ အာမခံတယ်၊ အရပ်သားဘက်က ဒီကိစ္စလိုမျိုးရှိမယ်ဆိုရင်တော့ သူတို့က ပြတ်ပြတ်သားသား အရပ်ဘက်တရားရုံးနဲ့ အရေးယူသွားမယ်လို့ ပြောပါတယ်။ ဒါပေမယ့် စစ်ဘက်လုပ်ရပ်က စစ်တရားရုံးရှိနေတဲ့အတွက် သူ့အနေနဲ့ ကိုင်တွယ်နိုင်ခြင်းမရှိဘူး အာမခံမှု မပေးနိုင်ဘူးဆိုတဲ့ သဘောပြောသွားတာ တွေ့ရပါတယ်။ သူ့ရဲ့ ဥပဒေအကြပ်အတည်းကို ပြောသွားတာ ဖြစ်ပါတယ်။”

မေး။ ။ ဒီကနေ့ လျှောက်ထားချက်မှာ ဒေါ်အောင်ဆန်းစုကြည်အပြင် မြန်မာနိုင်ငံဘက်ကနေ ဥပဒေပညာရှင် ၃ ယောက်ကလည်း တင်ပြလျှောက်ထားချက်တွေ ပေးကြတယ်ဆိုတော့ သူတို့ လျှောက်ထားကြတဲ့ အချက်တွေကိုလည်း ပြောပြပါဦး ဦးကျော်ဇံသာရှင့်။

ဦးကျော်ဇံသာ။ ။ ပထမဦးဆုံး တင်ပြတဲ့ ပုဂ္ဂိုလ်ကတော့ ကမ္ဘာမှာအင်မတန် နိုင်ငံတကာ ဥပဒေနဲ့ ကျွမ်းကျင်တဲ့ ပညာရှင် ပါမောက္ခ လည်းဖြစ် ရှေ့နေတဦးလည်းဖြစ်တဲ့ William Schabas ဖြစ်ပါတယ်။ သူကတော့ ပြစ်မှု ကျုးလွှန်တဲ့ နေရာမှာ intent လို့ခေါ်တဲ့ ကြံစီချက်ပေါ့လေ အဲဒါ သိပ်အရေးကြီးတယ်ဆိုတဲ့ အကြောင်းပြောတယ်။ ဆိုတော့ အခုကိစ္စမှာ intent လုံး၀ မတွေ့ရဘူးဆိုတဲ့သဘောကို အချက်အလက် အတိအကျနဲ့ အထောက်အထားတွေနဲ့ ပြောသွားတာ တွေ့ရပါတယ်။ နောက်ပြီးတော့ ဟိုဘက်က စွဲတဲ့ လူတွေကလည်း ဘယ်အချက်ကဖြင့် Genocide ဥပဒေပုဒ်မ ဘယ်လောက်နဲ့ ငြိပြီးတော့ ဘယ်လိုဖြစ်နေတယ် ဆိုတာကို အတိအကျ နဲ့ မစွဲနိုင်ဘူးဆိုတာတွေလည်း ပြောပါတယ် သူက။ ဒါက ပါမောက္ခ William Schabas ပြောသွားတာဖြစ်ပါတယ်။

နောက် ဒုတိယလျှောက်လဲတဲ့ အင်္ဂလိပ် ဥပဒေပညာရှင်တယောက်ဖြစ်တဲ့ Christopher Staker က ICJ တရားရုံးမှာ စီရင်နိုင်ခွင့်ရှိရဲ့လားဒီကိစ္စကို Lack of Jurisdiction က ပေါ်လွင်ထင်ရှားနေတယ် လို့ ပြောပါတယ်။ တရားရုံးက ဒီကိစ္စကို စီရင်နိုင်ခွင့်မရှိဘူး ၊ ဒီကိစ္စကို လျှောက်ထားတဲ့လူကိုယ်တိုင်က Proxy ခေါ်တာပေါ့ ကိုယ်စား Gambia နဲ့ မြန်မာက ဘာမှ ပြဿနာမရှိပဲနဲ့ OIC က မြှောက်ပေးလို့ အပူတပင်းထပြီးတော့ လုပ်လိုက်ရတယ်ဆိုတဲ့ သဘောပြောပါတယ်။ Gambia ကလည်း ဒီကိစ္စကို လျှောက်ထားပိုင်ခွင့်မရှိသလို ICJ မှာလည်း ဒီလို ကိစ္စကို အစောတလျင် စီရင်နိုင်ခွင့်မရှိဘူး Lack of Jurisdiction ဖြစ်နေတယ်လို့ သူက လျှောက်ထားပါတယ်။ သူတို့လည်း ဥပဒေကြောင်းအရ အဓိက လျှောက်ထားတာ ဖြစ်ပါတယ်။

မေး။ ။ မြန်မာနိုင်ငံအတွက် နောက်ဆုံးလျှောက်ထားခဲ့တဲ့ အမျိုးသမီးရှေ့နေ Phoebe Okowa ကတော့ ICJ တရားရုံးအနေနဲ့ တရားရုံးကို တိုင်ကြားထားတဲ့ စွပ်စွဲချက်ကို အပြည့်အဝ မကြားနာခင် ကာလအတွင်း လူမျိုးတုံးသတ်ဖြတ်မှုအခြေအနေ ပိုဆိုးမလာစေအောင် ကာကွယ်တားဆီးနိုင်မယ့် ဆောင်ရွက်ချက်တွေ လုပ်ဖို့ မလိုဘူးဆိုတဲ့အပိုင်းကနေ ပြောသွားတာကိုလည်း အပြည့်အစုံပြောပြပေးပါဦးကျော်ဇံသာရှင့်။

ဦးကျော်ဇံသာ။ ။ ဥပဒေသဘောနဲ့ ပြောရရင် အဲဒါ လုပ်ရမယ်လို့ ဆိုရင် သဘောက

Genocide ရှိနေလို့သာ လုပ်ရတယ်၊ ကြိုတင်ကာကွယ်ခဲ့ရတယ်ဆိုတာမျိုး သဘောက intent ရှိနေလို့သာ ကြိုတင်ကာကွယ်ခဲ့ရတယ်ဆိုတဲ့ သဘောဖြစ်သွားမှာ ဆိုးလို့ ဒီဘက်ရှေ့နေက အဲဒါကို လျှောက်လဲတဲ့နေရာမှာ ပုံစံအမျိုးမျိုးနဲ့ လျှောက်လဲတယ်လို့ ကျနော်အဲလိုသုံးသပ်မိပါတယ်။ အမျိုးသမီးရှေ့နေ Phoebe Okowa ကတော့ ဒီကိစ္စဟာ provisional measure လို့ခေါ်တဲ့ ယာယီလုပ်ဆောင်ရမယ့် အချက်တွေက မလိုအပ်ဘူး မြန်မာနိုင်ငံမှာ ဒီကစ္စပြေလည်ရေးအတွက် ဒီပြဿနာက Humanitarian Crisis သာဖြစ်တယ်။ အဲဒီတော့ ဘင်္ဂလားဒေ့ရှ်- မြန်မာနှစ်ဖက်နိုင်ငံချင်း MOU ထိုးပြီးတော့ လုပ်နေကြတာတွေရှိတယ်။ ဒါပေမယ့် ဒီလို MOU ထိုးပြီးတော့ လုပ်တာမှာ OIC ရဲ့ စွဲဆောင်မှုကြောင့် ဟိုဘက်ကို ပါသွားခြင်းဖြစ်တယ်လို့ ပြောပါတယ်။ နောက်ပြီးတော့ ဒီလို လုပ်ဆောင်နေတဲ့နေရာကို မြန်မာနိုင်ငံအပါအဝင် အာဆီယံဒေသတွင်း နိုင်ငံတွေကလည်း ကူညီကြတယ်၊ တရုတ်တို့ ဂျပန်တို့ကလည်း ပြဿနာ ပြေလည်ဖို့အတွက် အကူအညီ ထောက်အပံ့တွေ ပေးနေတာကို လက်ခံပြီးတော့ လုပ်နေတယ် ။ Genocide intent သာရှိတယ်ဆိုရင် အခုလို ဘယ်လုပ်ပါ့မလဲဆိုတာ လျှောက်လဲသွားပါတယ်။

ဟုတ်ကဲ့ ။ မနေ့တုန်းကတော့ တရားစွဲတဲ့ Gambia နိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှုရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတဲ့အချက်တွေကို သက်သေအထောက်အထားတွေနဲ့ ပြောသွားပါတယ်။ ဆိုတော့ ဒီနေ့ မြန်မာဘက်က တုံ့ပြန်လျှောက်ထားချက်နဲ့ အမှုသွား အမှုလာအခြေအနေကို ဦးကျော်ဇံသာ ဘယ်လိုသုံးသပ်ပါလဲရှင့်။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့။ ဟိုဘက်က လျှောက်ထားတာကတော့ အားကြိုးမာန်တက် သူတို့ဘက်က ငိုပြပြီး ဇောတ်နာအောင်ပြောရတာပေါ့ဗျာ။ ဒီလို ဖြစ်ခဲ့တယ်၊ ဒီလို အခြေအနေကို မတားခဲ့ဘူး ဆိုတော့ သက်သေအခိုင်အမာနဲ့ ကလေးတွေ အသက်ခံရတယ်၊ မဒိန်းအကျင့်ခံရတာ စတာတွေ သူတို့ ပြောတယ်။ အားတက်မာန်တက် အားတက်သလျောရှိတယ်ပြောရင် ဖြစ်ပါလိမ့်မယ်။ ဒီဘက်ကတော့ တရားဥပဒေအရ ချေပတာဆိုတဲ့အတွက်ကြောင့် အဲ့လောက်အထိတော့ စိတ်ဝင်စားဖွယ် မကောင်းဘူးလို့ ထင်စရာရှိပါတယ်။ ဒါပေမဲ့ ဘယ်လောက်အလားအလာရှိသလဲဆိုတာ ကျနော်က ပါမောက္ခ William Schabas ကို ကျနော်က တရားရုံးထွက်တဲ့အခါ မေးပါတယ်။ သူက ကျနော့်ကို ကြည့်ပြီးတော့ မင်းတို့ မီဒီယာကို Comment မပေးချင်ဘူး၊ ဝေဖန်ချက်မပေးချင်ဘူးလို့ပြောသွားပါတယ် ခင်ဗျ။

XS
SM
MD
LG