{{Zawgyi/Unicode}}
ပါကစၥတန္မွာ အၾကမ္းဖက္ ႐ုန္းရင္းဆန္ခတ္မႈေတြျဖစ္ၿပီးေနာက္ ဝန္ႀကီးခ်ဳပ္ေဟာင္း အီမရန္ခန္း (Imran Khan) ကို ဖမ္းဆီးဖို႔ ျပင္ဆင္ေနတာကို တရား႐ုံးက ယာယီပိတ္ပင္လိုက္ပါတယ္။
ပါကစၥတန္အေရွ႕ျခမ္းက လာဟိုးၿမိဳ႕က ခမ္းရဲ႕ေနအိမ္အျပင္ဘက္မွာ သူ႔ကိုေထာက္ခံသူေတြနဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြၾကား ၂၄ နာရီေက်ာ္ၾကာ အျပင္းအထန္ အဓိက႐ုဏ္းျဖစ္ေနတာကို ရပ္တန႔္ႏိုင္ဖို႔ ဝန္ႀကီးခ်ဳပ္ေဟာင္းအေပၚ ဖမ္းဆီးမိန႔္ကို ၾကာသပေတးေန႔အထိ ေခတၱရပ္ထားဖို႔ ပါကစၥတန္တရား႐ုံးတ႐ုံးက ရဲတပ္ဖြဲ႕ကိုအမိန႔္ေပးခဲ့တာပါ။
အက်င့္ပ်က္ျခစားမႈ စြဲခ်က္ေတြကိုရင္ဆိုင္ဖို႔ တရား႐ုံးခ်ိန္းပ်က္ကြက္ခဲ့တဲ့ ဝန္ႀကီးခ်ဳပ္ေဟာင္း အီမရန္ခန္းကို ရဲအရာရွိေတြက အဂၤါေန႔က ဖမ္းဆီးဖို႔ႀကိဳးပမ္းခဲ့တာမွာ သူ႔ရဲ႕ အတိုက္အခံပါတီျဖစ္တဲ့ Pakistan Tehreek-e-Insaf ကို ေထာက္ခံၾကသူ ေထာင္နဲ႔ခ်ီက သူ႔ အိမ္ေရွ႕မွာ ၾကားဝင္တားဆီးခဲ့ၾကလို႔ ရဲတပ္ဖြဲ႕နဲ႔ ႐ုန္းရင္းဆန္ခတ္ျဖစ္ခဲ့ၾကပါတယ္။
ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ အရံစစ္တပ္ဖြဲ႕ဝင္ေတြဟာ မ်က္ရည္ယိုဗုံးေတြ၊ မီးသတ္ပိုက္ေတြ သုံးၿပီး လူစုခြဲဖို႔ႀကိဳးစားခဲ့ပါတယ္။ အီမရန္ခန္းကို ေထာက္ခံၾကသူေတြကလည္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြကို ေလာက္ေလးခြေတြ၊ အုတ္ခဲေတြနဲ႔ ျပန္လည္ ပစ္ခတ္တိုက္ခိုက္ ခဲ့လို႔ အီမရန္ခန္းရဲ႕ေနအိမ္ရွိရာ ဇာမန္ပန္းၿခံရပ္ကြက္တခုလုံးက စစ္ေျမျပင္လို ျဖစ္သြားခဲ့ပါတယ္။
ဗုဒၶဟူးေန႔မြန္းလြဲပိုင္းအထိ ထိပ္တိုက္ရင္ဆိုင္မႈေတြ ဆက္လက္ျဖစ္ပြားခဲ့ၿပီး ႏွစ္ဘက္စလုံးမွာလည္း ဒဏ္ရာရသူ အမ်ားအျပားရွိခဲ့ပါတယ္။ အစၥလာမ္မာဘတ္၊ ကရာခ်ိ၊ ပါရွဝါ အစရွိတဲ့ အျခားပါကစၥတန္ၿမိဳ႕ႀကီးေတြမွာလည္း အၾကမ္းဖက္ဆႏၵျပပြဲ ျဖစ္ပြားေနပါတယ္။
နာမည္ေက်ာ္ ခရစ္ကက္ကစားသမားေဟာင္းကေန ႏိုင္ငံေရးသမားျဖစ္လာသူ အီမရန္ခန္းဟာ မႏွစ္ ဧၿပီလက ပါလီမန္မွာ သူ႔အစိုးရကို အယုံအၾကည္မရွိအဆိုတင္ မဲခြဲဆုံးျဖတ္ခံခဲ့ရလို႔ ရာထူးကဆင္းေပးခဲ့ရပါတယ္။ အဲဒီေနာက္ပိုင္းမွာ အသက္ ၇၀ ရွိၿပီျဖစ္တဲ့သူဟာ ဆူပူအုံႂကြမႈ၊ အၾကမ္းဖက္မႈ၊ အက်င့္ပ်က္ျခစားမႈေတြေတြအပါအဝင္ အမႈေပါင္း ဒါဇင္ႏွင့္ခ်ီ ရင္ဆိုင္ေနရပါတယ္။ ဒီစြပ္စြဲခ်က္ေတြကို အီမရန္ခန္းဘက္ကေတာာ့ ျငင္းဆိုထားၿပီး သူ႔ေနရာမွာဆက္ခံတဲ့ ဝန္ႀကီးခ်ဳပ္ ရွာဘတ္ဇ္ ရွရိဖ္ (Shehbaz Sharif) က သူ႔ကို ႏိုင္ငံေရးအရ ဓားစာခံလုပ္တာလို႔ ဆိုထားပါတယ္။
===============
{{Unicode}}
ဝန်ကြီးချုပ်ဟောင်းကိုဖမ်းဆီးခွင့် ပါကစ္စတန်တရားရုံးယာယီတားမြစ်
ပါကစ္စတန်မှာ အကြမ်းဖက် ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပြီးနောက် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း (Imran Khan) ကို ဖမ်းဆီးဖို့ ပြင်ဆင်နေတာကို တရားရုံးက ယာယီပိတ်ပင်လိုက်ပါတယ်။
ပါကစ္စတန်အရှေ့ခြမ်းက လာဟိုးမြို့က ခမ်းရဲ့နေအိမ်အပြင်ဘက်မှာ သူ့ကိုထောက်ခံသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ၂၄ နာရီကျော်ကြာ အပြင်းအထန် အဓိကရုဏ်းဖြစ်နေတာကို ရပ်တန့်နိုင်ဖို့ ဝန်ကြီးချုပ်ဟောင်းအပေါ် ဖမ်းဆီးမိန့်ကို ကြာသပတေးနေ့အထိ ခေတ္တရပ်ထားဖို့ ပါကစ္စတန်တရားရုံးတရုံးက ရဲတပ်ဖွဲ့ကိုအမိန့်ပေးခဲ့တာပါ။
အကျင့်ပျက်ခြစားမှု စွဲချက်တွေကိုရင်ဆိုင်ဖို့ တရားရုံးချိန်းပျက်ကွက်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို ရဲအရာရှိတွေက အင်္ဂါနေ့က ဖမ်းဆီးဖို့ကြိုးပမ်းခဲ့တာမှာ သူ့ရဲ့ အတိုက်အခံပါတီဖြစ်တဲ့ Pakistan Tehreek-e-Insaf ကို ထောက်ခံကြသူ ထောင်နဲ့ချီက သူ့ အိမ်ရှေ့မှာ ကြားဝင်တားဆီးခဲ့ကြလို့ ရဲတပ်ဖွဲ့နဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရံစစ်တပ်ဖွဲ့ဝင်တွေဟာ မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေ သုံးပြီး လူစုခွဲဖို့ကြိုးစားခဲ့ပါတယ်။ အီမရန်ခန်းကို ထောက်ခံကြသူတွေကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လောက်လေးခွတွေ၊ အုတ်ခဲတွေနဲ့ ပြန်လည် ပစ်ခတ်တိုက်ခိုက် ခဲ့လို့ အီမရန်ခန်းရဲ့နေအိမ်ရှိရာ ဇာမန်ပန်းခြံရပ်ကွက်တခုလုံးက စစ်မြေပြင်လို ဖြစ်သွားခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းအထိ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး နှစ်ဘက်စလုံးမှာလည်း ဒဏ်ရာရသူ အများအပြားရှိခဲ့ပါတယ်။ အစ္စလာမ်မာဘတ်၊ ကရာချိ၊ ပါရှဝါ အစရှိတဲ့ အခြားပါကစ္စတန်မြို့ကြီးတွေမှာလည်း အကြမ်းဖက်ဆန္ဒပြပွဲ ဖြစ်ပွားနေပါတယ်။
နာမည်ကျော် ခရစ်ကက်ကစားသမားဟောင်းကနေ နိုင်ငံရေးသမားဖြစ်လာသူ အီမရန်ခန်းဟာ မနှစ် ဧပြီလက ပါလီမန်မှာ သူ့အစိုးရကို အယုံအကြည်မရှိအဆိုတင် မဲခွဲဆုံးဖြတ်ခံခဲ့ရလို့ ရာထူးကဆင်းပေးခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာ အသက် ၇၀ ရှိပြီဖြစ်တဲ့သူဟာ ဆူပူအုံကြွမှု၊ အကြမ်းဖက်မှု၊ အကျင့်ပျက်ခြစားမှုတွေတွေအပါအဝင် အမှုပေါင်း ဒါဇင်နှင့်ချီ ရင်ဆိုင်နေရပါတယ်။ ဒီစွပ်စွဲချက်တွေကို အီမရန်ခန်းဘက်ကတောာ့ ငြင်းဆိုထားပြီး သူ့နေရာမှာဆက်ခံတဲ့ ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရိဖ် (Shehbaz Sharif) က သူ့ကို နိုင်ငံရေးအရ ဓားစာခံလုပ်တာလို့ ဆိုထားပါတယ်။