သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အမည္မသိ ေရာဂါေၾကာင့္ အိႏၵိယမွာ လူ တဦးေသ၊ ႏွစ္ရာ ေဆးကုသေနရ


Andhra Pradesh ျပည္နယ္ အမည္မသိ ေရာဂါေၾကာင့္ ေဆးကုသခံေနသူမ်ား

(Zawgyi/Unicode)

အမည္မသိ ေရာဂါ တစ္ခုေၾကာင့္ အိႏၵိယနိုင္ငံ ေတာင္ပိုင္းက Andhra Pradesh ျပည္နယ္မွာ အနည္းဆုံး လူတစ္ဦး ေသဆုံးၿပီး လူ ႏွစ္ရာေလာက္ ေဆး႐ုံတင္ ကုသခဲ့ရတယ္လို႔ တနလၤာေန႔က သတင္းေတြ ထြက္ေပၚလာပါတယ္။

အခုလို လူေတြ ေနထိုင္မေကာင္း ျဖစ္တဲ့အေၾကာင္းကို လက္ယကၠန္း႐ုံေတြ ရွိရာ နာမည္ႀကီး Eluru ၿမိဳ႕မွာ စေနေန႔က စၿပီး သိရွိခဲ့ ၾကတာပါ။

အဲဒီ အခ်ိန္ကစလို႔ ေရာဂါ ခံစားရသူေတြအၾကား ေခါင္းမူးတာ၊ စိုးရိမ္ေၾကာင့္ၾကတာနဲ႔ သတိေမ့ေမ်ာသြားတာေတြ ခံစားခဲ့ၾကရ တယ္လို႔ ဆရာဝန္ေတြက ေျပာပါတယ္။

ဝက္႐ူးျပန္ေရာဂါနဲ႔ ဆင္တူတဲ့ ေရာဂါ လကၡဏာနဲ႔ ေခါင္းမူး ေဝဒနာ ခံစားရသူ အသက္ ၄၅ ႏွစ္အရြယ္အမ်ိဳးသားတစ္ဦးေဆး႐ုံေရာက္ လာၿပီးတဲ့ေနာက္ တနဂၤေႏြေန႔က ေသဆုံးသြားခဲ့တယ္လို႔ Press Trust of India သတင္းဌာနက ေျပာပါတယ္။

ေလာေလာဆယ္ ဘာေၾကာင့္ ဒီေရာဂါ ျဖစ္သလဲဆိုတာ တာဝန္ရွိသူေတြ စုံစမ္းစစ္ေဆးေနဆဲ ျဖစ္ပါတယ္။ အခုအထိေတာ့ အနီး အနားက ေရနမူနာေတြမွာ ညစ္ညမ္း အဆိပ္အေတာက္ ျဖစ္တာ မေတြ႕ရသလို လူနာေတြမွာ COVID 19 ေရာဂါပိုးလည္း ကင္းစင္ ၾကပါတယ္။

Andhra Pradesh ျပည္နယ္ဟာအိႏၵိယမွာCOVID 19 ေရာဂါျဖစ္ပြားမႈ အမ်ားဆုံးျပည္နယ္တစ္ခုျဖစ္ၿပီး လူေပါင္း၈သိန္းေက်ာ္ ကူးစက္ခံခဲ့ရပါတယ္။ က်န္တဲ့ အိႏၵိယျပည္နယ္ေတြလိုပဲ ေဆး႐ုံေတြ မနိုင္မနင္းျဖစ္ေနတဲ့ ျပည္နယ္လည္း ျဖစ္ပါတယ္။

ျပည္နယ္ဝန္ႀကီးခ်ဳပ္Y.S. Jagan Mohan Reddyကအစိုးရေဆး႐ုံတစ္႐ုံမွာလူနာေတြ သြားေရာက္ေတြ႕ဆုံခဲ့ၿပီး အတိုက္အခံ ေခါင္းေဆာင္ N. Chandrababu Naidu ကေတာ့ စုံစမ္းစစ္ေဆးမႈေတြအျပည့္အဝလုပ္ဖို႔တြစ္တာကေနေတာင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..........

အမည်မသိ ရောဂါကြောင့် အိန္ဒိယမှာ လူ တဦးသေ၊ နှစ်ရာ ဆေးကုသနေရ

(Unicode)

အမည်မသိ ရောဂါ တစ်ခုကြောင့် အိန္ဒိယနိုင်ငံ တောင်ပိုင်းက Andhra Pradesh ပြည်နယ်မှာ အနည်းဆုံး လူတစ်ဦး သေဆုံးပြီး လူ နှစ်ရာလောက် ဆေးရုံတင် ကုသခဲ့ရတယ်လို့ တနင်္လာနေ့က သတင်းတွေ ထွက်ပေါ်လာပါတယ်။

အခုလို လူတွေ နေထိုင်မကောင်း ဖြစ်တဲ့အကြောင်းကို လက်ယက္ကန်းရုံတွေ ရှိရာ နာမည်ကြီး Eluru မြို့မှာ စနေနေ့က စပြီး သိရှိခဲ့ ကြတာပါ။

အဲဒီ အချိန်ကစလို့ ရောဂါ ခံစားရသူတွေအကြား ခေါင်းမူးတာ၊ စိုးရိမ်ကြောင့်ကြတာနဲ့ သတိမေ့မျောသွားတာတွေ ခံစားခဲ့ကြရ တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

ဝက်ရူးပြန်ရောဂါနဲ့ ဆင်တူတဲ့ ရောဂါ လက္ခဏာနဲ့ ခေါင်းမူး ဝေဒနာ ခံစားရသူ အသက် ၄၅ နှစ်အရွယ်အမျိုးသားတစ်ဦးဆေးရုံရောက် လာပြီးတဲ့နောက် တနင်္ဂနွေနေ့က သေဆုံးသွားခဲ့တယ်လို့ Press Trust of India သတင်းဌာနက ပြောပါတယ်။

လောလောဆယ် ဘာကြောင့် ဒီရောဂါ ဖြစ်သလဲဆိုတာ တာဝန်ရှိသူတွေ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။ အခုအထိတော့ အနီး အနားက ရေနမူနာတွေမှာ ညစ်ညမ်း အဆိပ်အတောက် ဖြစ်တာ မတွေ့ရသလို လူနာတွေမှာ COVID 19 ရောဂါပိုးလည်း ကင်းစင် ကြပါတယ်။

Andhra Pradesh ပြည်နယ်ဟာအိန္ဒိယမှာCOVID 19 ရောဂါဖြစ်ပွားမှု အများဆုံးပြည်နယ်တစ်ခုဖြစ်ပြီး လူပေါင်း၈သိန်းကျော် ကူးစက်ခံခဲ့ရပါတယ်။ ကျန်တဲ့ အိန္ဒိယပြည်နယ်တွေလိုပဲ ဆေးရုံတွေ မနိုင်မနင်းဖြစ်နေတဲ့ ပြည်နယ်လည်း ဖြစ်ပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်Y.S. Jagan Mohan Reddyကအစိုးရဆေးရုံတစ်ရုံမှာလူနာတွေ သွားရောက်တွေ့ဆုံခဲ့ပြီး အတိုက်အခံ ခေါင်းဆောင် N. Chandrababu Naidu ကတော့ စုံစမ်းစစ်ဆေးမှုတွေအပြည့်အဝလုပ်ဖို့တွစ်တာကနေတောင်းဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG