သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်းဒင်လူသတ်မှုအတွက် တပ်မတော်သား ၇ ဦး ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ကျ

အင်းဒင်ကျေးရွာ အမည်မသိရုပ်အလောင်း ၁၀ လောင်း ရရှိ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
အင်းဒင်ကျေးရွာ အမည်မသိရုပ်အလောင်း ၁၀ လောင်း ရရှိ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ရွာမှာ မူဆလင် ၁၀ ဦး တရားဥပဒေမဲ့ သတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်မှုနဲ့ တပ်မတော် အရာရှိနဲ့ တပ်ဖွဲ့ဝင် စုစုပေါင်း ၇ ဦးကို တပ်က ထုတ်ပယ်လိုက်ပြီး အရပ်ဘက် အကျဉ်းထောင်တွေမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ကျခံဖို့ ပြစ်ဒဏ် စီရင်လိုက်ပါတယ်။

အင်းဒင်ရွာ လူသတ်မှုနဲ့ ပတ်သက်ပြီး တပ်မတော် အရာရှိ ၄ ဦးနဲ့ တခြား အဆင့် စစ်သည် ၃ ဦး စုစုပေါင်း ၇ ဦးကို ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ရခိုင်မြောက်ပိုင်း အကြမ်းဖက်မှုတွေ အတွင်း ဖမ်းဆီးခဲ့သူ မူဆလင် ၁၀ ဦးကို တရားရုံးတင် စစ်ဆေးခြင်း မရှိဘဲ အရပ်သားတွေနဲ့ မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အင်းဒင်လူသတ်မှုအတွက် တပ်မတော်သား ၇ ဦး ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ကျ
please wait

No media source currently available

0:00 0:00:34 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG