သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"ကမ္ဘာတလွှား သတင်းသမား ၃၂၀ ဖမ်းဆီးခံထားရ" CPJ


ပါလက်စတိုင်း သတင်းထောက်တွေက လက်ရှိဖြစ်နေတဲ့ အစ္စရေး-ဟာမတ်စ်စစ်ပွဲအတွက် သေဆုံးသွားတဲ့ သတင်းရေးဖော်တွေအတွက် ကုလရုံးရှိရာ အနောက်ဘက်ကမ်းခြေမှာ ခေါင်းတလားအတုတွေသယ်ပြီး ဆန္ဒပြချီတက်နေကြစဥ်။ (နိုဝင်ဘာ ၇၊ ၂၀၂၃)
ပါလက်စတိုင်း သတင်းထောက်တွေက လက်ရှိဖြစ်နေတဲ့ အစ္စရေး-ဟာမတ်စ်စစ်ပွဲအတွက် သေဆုံးသွားတဲ့ သတင်းရေးဖော်တွေအတွက် ကုလရုံးရှိရာ အနောက်ဘက်ကမ်းခြေမှာ ခေါင်းတလားအတုတွေသယ်ပြီး ဆန္ဒပြချီတက်နေကြစဥ်။ (နိုဝင်ဘာ ၇၊ ၂၀၂၃)

ကမ္ဘာတလွှား သတင်းသမားအယောက် ၃၂၀ အဖမ်းဆီးခံနေရပြီး ဒီအထဲမှာ အစ္စရေးလည်း ပါဝင်လာသလို သတင်းသမား အများဆုံး အဖမ်းခံနေရတဲ့ နိုင်ငံတွေထဲမှာတော့ တရုတ်နဲ့ မြန်မာတို့က ထိပ်ဆုံးက ပါဝင်နေတယ်လို့ နယူးရောက် အခြေစိုက် CPJ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ကြာသပတေးနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်က ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်ထိုးစစ်ဆင်နေတဲ့ အစ္စရေးဟာ သူသိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသမှာ ပါလက်စတိုင်း အများအပြားကို ဖမ်းဆီးနေတာကြောင့် ၂၀၂၃ မှာ အစ္စရေးဟာ သတင်းသမားအများအပြားကို ဖမ်းဆီးထောင်ချတဲ့နိုင်ငံတွေထဲမှာ ထိပ်ဆုံးရောက်သွားတယ်လို့ CPJ ကပြောပါတယ်။

သတင်းထောက်အလုပ်လုပ်ရင်း အဖမ်းခံရသူဟာ ဒီဇင်ဘာ ၁ ရက်နေ့အထိဆို ယောက် ၃၂၀ ရှိနေပြီး ဒီအထဲမှာ VOA အတွက် သတင်းယူပေးနေသူတွေ၊ RFA နဲ့ RFE /Radio Liberty က သတင်းထောက်တွေပါ ပါဝင်နေတာပါ။ ၂၀၂၃ သတင်းသမား အဖမ်းအဆီးအများဆုံးနိုင်ငံတွေထဲမှာ အကျဉ်းကျနေတဲ့ သတင်းထောက် ၄၄ ဦးရှိနေတဲ့ တရုတ်က ပထမအများဆုံးဖြစ်ပြီး မြန်မာ၊ ဘယ်လ်လာရုစ်၊ ရုရှားနဲ့ ဗီယက်နမ် နိုင်ငံတွေလည်း ပါဝင်နေပါတယ်။ အီရန်နဲ့ အစ္စရေးကတော့ သတင်းထောက် ၁၇ ဦးစီ ဖမ်းဆီး ထောင်ချထားတာ ဖြစ်ပြီး ဆဌမမြောက် အများဆုံး နိုင်ငံတွေ ဖြစ်တယ်လို့ CPJ က ပြောပါတယ်။

ဒီစာရင်းကိုကြည့်ရင် အာဏာရှင်နိုင်ငံတွေဟာ ဥပဒေတွေကို ချိုးဖေါက်ပြီး သတင်းသမားတွေကို ဖမ်းဆီးပြီး နှုတ်ပိတ်နေတာ တွေ့ရတယ်လို့ CPJ အကြီးအကဲ Jodie Ginsberg က ပြောပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်းတို့ရဲ့ စစ်ပွဲဟာ သတင်းသမား အသေအပျောက် အများဆုံး ဖြစ်ပြီး သတင်းထောက် အနည်းဆုံး ၈၃ ယောက် သေဆုံးခဲ့ရတယ်လို့လည်း CPJ က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG