သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကရင္ျပည္နယ္ ဖလူးေလးေတာင္ေျခအနီး ဒုကၡသည္ ၈၀၀ ေက်ာ္ ေနရပ္ျပန္


ကရင္ျပည္နယ္အတြင္း တုိက္ပြဲေတြေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ ေဒသခံမ်ား။

(Zawgyi / Unicode)

ကရင္ျပည္နယ္ ျမဝတီခ႐ိုင္အတြင္းမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္၊ ျပည္သူ႔ကာကြယ္ေရးတပ္ စတဲ့ ပူးေပါင္းတပ္ဖြဲ႔ေတြၾကား တိုက္ပြဲေတြ ျဖစ္ေနတာေၾကာင့္ ေသာင္ရင္းျမစ္အနီး ျမန္မာဘက္ျခမ္းမွာ စစ္ေဘးေရွာင္ဒုကၡသည္ ၄,၀၀၀ ေလာက္ ရွိေနတာပါ။ မေန႔ကေတာ့ ဖလူးေလးေတာင္ေျခအနီးက ဒုကၡသည္ေတြရွိတဲ့ ေနရာကို လက္နက္ႀကီး က်ႏိုင္တယ္ဆိုၿပီး ေနရပ္ျပန္ဖို႔ စစ္ေကာင္စီဘက္က ဖိအားေပးခဲ့တာေၾကာင့္ ဒုကၡသည္ ၈၀၀ ေက်ာ္ေလာက္ဟာ ေနရပ္ကို ျပန္သြားၾကေၾကာင္း ဒုကၡသည္ေတြကို အကူအညီ ေပးေနသူေတြက ဆိုပါတယ္။ အျပည့္အစုံကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။

ကရင္ျပည္နယ္ ျမဝတီခ႐ုိင္ ေလးေက့ေကာ္ၿမိဳ႕သစ္အနီးက ဖလူးႀကီး၊ ဖလူးေလး ရြာေတြမွာ ၿပီးခဲ့တဲ့ရက္က စစ္ေဘးေရွာင္ေတြ ခိုလႈံေနတဲ့ ဒီမုိကေရစီ ကရင္အက်ိဳးျပဳတပ္ DKBA စခန္းတခုကို စစ္ေကာင္စီက ေလေၾကာင္းကေနေရာ ေျမျပင္ကပါ ထိုးစစ္ဆင္ၿပီး တိုက္ခိုက္ခဲ့တာေၾကာင့္ စစ္ေဘးေရွာင္ေတြ ထြက္ေျပးၾကၿပီး ေသာင္ရင္းျမစ္တေလွ်ာက္ ျမန္မာဘက္ျခမ္းမွာ ဒုကၡသည္ ၄,၀၀၀ ေလာက္ ရွိေနတာပါ။ ဖလူးေလးေတာင္ေျခအနီး ေနထိုင္ေနတဲ့ ဒုကၡသည္ေတြကို စစ္ေကာင္စီဘက္က ေနရပ္ျပန္ဖို႔ ဖိအားေပးခဲ့တာေၾကာင့္ လူ ၈၀၀ ေက်ာ္လာက္ ေနရပ္ျပန္သြားခဲ့တယ္လို႔ ဒုကၡသည္ေတြကို အကူအညီ ေပးေနသူတဦးက ေျပာျပပါတယ္။

“ဖလူးေလးေတာင္ေျခမွာရွိတဲ့ ဒုကၡသည္ေတြကို စစ္ေကာင္စီဘက္က သူတို႔ရြာေတြကို ျပန္လာလို႔ရၿပီလို႔ ေျပာတယ္။ ဘယ္လိုေျပာလဲဆုိေတာ့ သူတို႔ လက္နက္ႀကီးနဲ႔ ပစ္ဖို႔ရိွတယ္။ နင္တုိ႔ရွိတဲ့ေနရာကို က်ႏိုင္တယ္။ နင္တုိ႔ရြာကို ျပန္လာခဲ့လို႔ ေျပာတယ္။ ရြာသားေတြက ေၾကာက္လန္႔ၿပီး ျပန္ၾကတယ္။ မေန႔ေန႔လယ္ ထမင္းပို႔ေတာ့ လူ ၄၀၀ ရိွတဲ့ေနရာက ညေန ၅ နာရီ ထမင္းသြားပို႔ေတာ့ လူ ၅၀ ေလာက္ပဲ က်န္ေတာ့တယ္။ က်ေနာ္တို႔သြားတဲ့အခ်ိန္ ျပန္ေနတဲ့သူေတြလည္း ရွိတယ္။ ျပန္ဖို႔ ျပင္ေနသူေတြလည္း ရွိတယ္။ ဖလူးႀကီးရြာဘက္က ျပန္ၾကတာ။ ျပန္တဲ့အခါမွာ ဖလူးႀကီးရြာဘက္မွာ ဘာေတြလုပ္သလဲဆိုေတာ့ သူတို႔က (စစ္ေကာင္စီ) ဝင္လာတဲ့ ကားနံပါတ္ေတြကို မွတ္တယ္၊ ဓာတ္ပံု႐ုိက္တယ္၊ ဝင္လာတဲ့ လူဦးေရကို စာရင္းေကာက္တယ္။ က်ေနာ္ ဒီမနက္သြားတဲ့ ေနရာတခုကေတာ့ ၆၅၀ ရွိတဲ့ ေနရာတခုက ၁၀၀ ေလာက္ပဲ က်န္ေတာ့တယ္။ လူဦးေရ ၅၅၀ ေလာက္က ဖလူးႀကီးရြာဘက္ကုိ ျပန္သြားတယ္။ ၄,၀၀၀ ေလာက္ရွိတဲ့အထဲက ျမန္မာဘက္ျခမ္းမွာ ၈၀၀ ေက်ာ္ေလာက္က ျပန္သြားတယ္။ အခုလက္ရိွ ေသာင္ရင္းျမစ္အနီးမွာ လူဦးေရ ၃,၀၀၀ ေက်ာ္ေလာက္က ရိွေသးတယ္။”

ဒါေပမယ့္လည္း ဖလူးေလးရြာအနီးက DKBA ဒီမုိကေရစီ ကရင္အက်ိဳးျပဳတပ္စခန္းမွာ ခိုလႈံေနတဲ့ စစ္ေရွာင္ဒုကၡသည္ေတြက ဖလူးေလးဘက္မွာ တိုက္ပဲြေတြ ရွိေနတဲ့အတြက္ေရာ လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္မႈေတြေၾကာင့္ေရာ ေသာင္ရင္းျမစ္အနီးကို ထြက္လာၾကသူေတြလည္း ရွိသလို ထုိင္းဘက္ကိုလည္း ကူးလာတဲ့အတြက္ ထုိင္းဘက္ျခမ္းက ႏြားၿခံ စစ္ေဘးေရွာင္စခန္းမွာလည္း ဒုကၡသည္ ေထာင္ဂဏန္းေလာက္ ရွိေနတယ္လို႔ ဆုိပါတယ္။

“ဗိုလ္စလံုးစခန္း (DKBA စခန္း) က်တဲ့အခါက်ေတာ့ ဗိုလ္စလံုးစခန္းနားမွာရွိတဲ့ သူေတြက ျပန္ေျပးလာၾကတယ္။ အဲဒီကေျပးလာတဲ့ အုပ္စုေတြကတစု၊ အိမ္ေထာင္စုက ၁၇ စုေလာက္ရိွတယ္။ လူဦးေရက ၇၀ ေလာက္ရွိတယ္။ ထိုင္းဘက္ျခမ္း ႏြားၿခံဘက္မွာေတာ့ ၂,၀၀၀ ပတ္ဝန္းက်င္ေလာက္ရွိတယ္။”

ကရင္ျပည္နယ္ ျမဝတီခ႐ုိင္နဲ႔ ေကာ့ကရိတ္ၿမိဳ႕နယ္ထဲမွာေတာ့ စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္၊ ျပည္သူ႔ကာကြယ္ေရးတပ္ စတဲ့ ပူးေပါင္းတပ္ဖဲြ႔ေတြၾကား တိုက္ပဲြေတြ ဆက္ျဖစ္ေနပါတယ္။ ဒီအတြက္ ဒုကၡသည္ ၂၀,၀၀၀ ေလာက္ဟာ ေနရပ္ေတြကို ျပန္သြားလိုက္၊ လက္နက္ႀကီးနဲ႔ ပစ္ခတ္မႈေတြရွိရင္ ေသာင္းရင္းျမစ္အနီးကို ျပန္လာလိုက္နဲ႔ အႀကိမ္အေရအတြက္ ၅ ႀကိမ္ေလာက္ ရွိေနၿပီလုိ႔လည္း ဒုကၡသည္ေတြကို အကူအညီေပးေနသူေတြက ဆုိပါတယ္။

ကရင္ျပည္နယ္ ျမဝတီခ႐ုိင္ ေလးေက့ေကာ္ၿမိဳ႕သစ္အတြင္းမွာ ခိုလႈံေနတဲ့ လႊတ္ေတာ္အမတ္ ၂ ဦးနဲ႔ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ တက္ႂကြလႈပ္ရွားသူေတြ၊ အၾကမ္းမဖက္ အာဏာဖီဆန္ CDM လုပ္ထားတဲ့ ဝန္ထမ္းေတြပါတဲ့ လူ ၂၀ ေက်ာ္ကုိ စစ္ေကာင္စီတပ္ေတြ ဒီဇင္ဘာ ၁၄ ရက္မွာ ဝင္ေရာက္ဖမ္းဆီးခဲ့ပါတယ္။ ေနာက္တရက္ ဒီဇင္ဘာလ ၁၅ ရက္ေန႔ကစလို႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ အပါအဝင္ ကရင္အမ်ိဳးသားကာကြယ္ေရးတပ္၊ NUG လက္ေအာက္ခံ ျပည္သူ႔ကာကြယ္ေရးတပ္ စတဲ့ ပူးေပါင္းတပ္ဖဲြ႔ေတြနဲ႔ စစ္ေကာင္စီတပ္ေတြဟာ တိုက္ပဲြေတြျဖစ္ခဲ့တာ တလေက်ာ္သြားၿပီ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ကရင်ပြည်နယ် ဖလူးလေးတောင်ခြေအနီး ဒုက္ခသည် ၈၀၀ ကျော် နေရပ်ပြန်

ကရင်ပြည်နယ် မြဝတီခရိုင်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ် စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်နေတာကြောင့် သောင်ရင်းမြစ်အနီး မြန်မာဘက်ခြမ်းမှာ စစ်ဘေးရှောင်ဒုက္ခသည် ၄,၀၀၀ လောက် ရှိနေတာပါ။ မနေ့ကတော့ ဖလူးလေးတောင်ခြေအနီးက ဒုက္ခသည်တွေရှိတဲ့ နေရာကို လက်နက်ကြီး ကျနိုင်တယ်ဆိုပြီး နေရပ်ပြန်ဖို့ စစ်ကောင်စီဘက်က ဖိအားပေးခဲ့တာကြောင့် ဒုက္ခသည် ၈၀၀ ကျော်လောက်ဟာ နေရပ်ကို ပြန်သွားကြကြောင်း ဒုက္ခသည်တွေကို အကူအညီ ပေးနေသူတွေက ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြဝတီခရိုင် လေးကေ့ကော်မြို့သစ်အနီးက ဖလူးကြီး၊ ဖလူးလေး ရွာတွေမှာ ပြီးခဲ့တဲ့ရက်က စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ဒီမိုကရေစီ ကရင်အကျိုးပြုတပ် DKBA စခန်းတခုကို စစ်ကောင်စီက လေကြောင်းကနေရော မြေပြင်ကပါ ထိုးစစ်ဆင်ပြီး တိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်တွေ ထွက်ပြေးကြပြီး သောင်ရင်းမြစ်တလျှောက် မြန်မာဘက်ခြမ်းမှာ ဒုက္ခသည် ၄,၀၀၀ လောက် ရှိနေတာပါ။ ဖလူးလေးတောင်ခြေအနီး နေထိုင်နေတဲ့ ဒုက္ခသည်တွေကို စစ်ကောင်စီဘက်က နေရပ်ပြန်ဖို့ ဖိအားပေးခဲ့တာကြောင့် လူ ၈၀၀ ကျော်လာက် နေရပ်ပြန်သွားခဲ့တယ်လို့ ဒုက္ခသည်တွေကို အကူအညီ ပေးနေသူတဦးက ပြောပြပါတယ်။

“ဖလူးလေးတောင်ခြေမှာရှိတဲ့ ဒုက္ခသည်တွေကို စစ်ကောင်စီဘက်က သူတို့ရွာတွေကို ပြန်လာလို့ရပြီလို့ ပြောတယ်။ ဘယ်လိုပြောလဲဆိုတော့ သူတို့ လက်နက်ကြီးနဲ့ ပစ်ဖို့ရှိတယ်။ နင်တို့ရှိတဲ့နေရာကို ကျနိုင်တယ်။ နင်တို့ရွာကို ပြန်လာခဲ့လို့ ပြောတယ်။ ရွာသားတွေက ကြောက်လန့်ပြီး ပြန်ကြတယ်။ မနေ့နေ့လယ် ထမင်းပို့တော့ လူ ၄၀၀ ရှိတဲ့နေရာက ညနေ ၅ နာရီ ထမင်းသွားပို့တော့ လူ ၅၀ လောက်ပဲ ကျန်တော့တယ်။ ကျနော်တို့သွားတဲ့အချိန် ပြန်နေတဲ့သူတွေလည်း ရှိတယ်။ ပြန်ဖို့ ပြင်နေသူတွေလည်း ရှိတယ်။ ဖလူးကြီးရွာဘက်က ပြန်ကြတာ။ ပြန်တဲ့အခါမှာ ဖလူးကြီးရွာဘက်မှာ ဘာတွေလုပ်သလဲဆိုတော့ သူတို့က (စစ်ကောင်စီ) ဝင်လာတဲ့ ကားနံပါတ်တွေကို မှတ်တယ်၊ ဓာတ်ပုံရိုက်တယ်၊ ဝင်လာတဲ့ လူဦးရေကို စာရင်းကောက်တယ်။ ကျနော် ဒီမနက်သွားတဲ့ နေရာတခုကတော့ ၆၅၀ ရှိတဲ့ နေရာတခုက ၁၀၀ လောက်ပဲ ကျန်တော့တယ်။ လူဦးရေ ၅၅၀ လောက်က ဖလူးကြီးရွာဘက်ကို ပြန်သွားတယ်။ ၄,၀၀၀ လောက်ရှိတဲ့အထဲက မြန်မာဘက်ခြမ်းမှာ ၈၀၀ ကျော်လောက်က ပြန်သွားတယ်။ အခုလက်ရှိ သောင်ရင်းမြစ်အနီးမှာ လူဦးရေ ၃,၀၀၀ ကျော်လောက်က ရှိသေးတယ်။”

ဒါပေမယ့်လည်း ဖလူးလေးရွာအနီးက DKBA ဒီမိုကရေစီ ကရင်အကျိုးပြုတပ်စခန်းမှာ ခိုလှုံနေတဲ့ စစ်ရှောင်ဒုက္ခသည်တွေက ဖလူးလေးဘက်မှာ တိုက်ပွဲတွေ ရှိနေတဲ့အတွက်ရော လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေကြောင့်ရော သောင်ရင်းမြစ်အနီးကို ထွက်လာကြသူတွေလည်း ရှိသလို ထိုင်းဘက်ကိုလည်း ကူးလာတဲ့အတွက် ထိုင်းဘက်ခြမ်းက နွားခြံ စစ်ဘေးရှောင်စခန်းမှာလည်း ဒုက္ခသည် ထောင်ဂဏန်းလောက် ရှိနေတယ်လို့ ဆိုပါတယ်။

“ဗိုလ်စလုံးစခန်း (DKBA စခန်း) ကျတဲ့အခါကျတော့ ဗိုလ်စလုံးစခန်းနားမှာရှိတဲ့ သူတွေက ပြန်ပြေးလာကြတယ်။ အဲဒီကပြေးလာတဲ့ အုပ်စုတွေကတစု၊ အိမ်ထောင်စုက ၁၇ စုလောက်ရှိတယ်။ လူဦးရေက ၇၀ လောက်ရှိတယ်။ ထိုင်းဘက်ခြမ်း နွားခြံဘက်မှာတော့ ၂,၀၀၀ ပတ်ဝန်းကျင်လောက်ရှိတယ်။”

ကရင်ပြည်နယ် မြဝတီခရိုင်နဲ့ ကော့ကရိတ်မြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ် စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ ဒီအတွက် ဒုက္ခသည် ၂၀,၀၀၀ လောက်ဟာ နေရပ်တွေကို ပြန်သွားလိုက်၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေရှိရင် သောင်းရင်းမြစ်အနီးကို ပြန်လာလိုက်နဲ့ အကြိမ်အရေအတွက် ၅ ကြိမ်လောက် ရှိနေပြီလို့လည်း ဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ဆိုပါတယ်။

ကရင်ပြည်နယ် မြဝတီခရိုင် လေးကေ့ကော်မြို့သစ်အတွင်းမှာ ခိုလှုံနေတဲ့ လွှတ်တော်အမတ် ၂ ဦးနဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားသူတွေ၊ အကြမ်းမဖက် အာဏာဖီဆန် CDM လုပ်ထားတဲ့ ဝန်ထမ်းတွေပါတဲ့ လူ ၂၀ ကျော်ကို စစ်ကောင်စီတပ်တွေ ဒီဇင်ဘာ ၁၄ ရက်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ နောက်တရက် ဒီဇင်ဘာလ ၁၅ ရက်နေ့ကစလို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် အပါအဝင် ကရင်အမျိုးသားကာကွယ်ရေးတပ်၊ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲတွေဖြစ်ခဲ့တာ တလကျော်သွားပြီ ဖြစ်ပါတယ်။

XS
SM
MD
LG