(Zawgyi / Unicode)
၂၀၁၂ ခုႏွစ္ ၾကားျဖတ္ေရြးေကာက္ပြဲမွာ ေဒၚေအာင္ဆန္းစုၾကည္ အႏုိင္ရေတာ့ ထိုင္းႏုိင္ငံဘက္မွာ ခိုလႈံေနတဲ့ ျမန္မာဒုကၡသည္ေတြ ေနရပ္ျပန္ေရး ေမၽွာ္လင့္ခ်က္ေတြ ထြက္ေပၚလာခဲ့ပါတယ္။ အဲဒီအခ်ိန္ကစၿပီး ၈ ႏွစ္တာကာလ ၾကာျမင့္လာခဲ့ေပမယ့္လည္း ဒုကၡသည္အမ်ားစုဟာ ထိုင္းႏုိင္ငံထဲ ေသာင္တင္ေနဆဲပါ။ ဆယ္စုႏွစ္ၾကာ တိုက္ပြဲေတြေၾကာင့္ ေနရပ္မျပန္ႏုိင္ေသးတဲ့ ကရင္ဒုကၡသည္ေတြအေၾကာင္း Steve Sandford ထိုင္းႏုိင္ငံ ခ်င္းမိုင္ၿမိဳ႕ကေန သတင္းေပးပို႔ထားတာကို ကိုရဲမင္းထြန္း တင္ျပေပးထားပါတယ္။
ျမန္မာႏုိင္ငံရဲ႕ အေရွ႕ေတာင္ပိုင္း ထိုင္းနယ္စပ္ဘက္အျခမ္းမွာ အိုးအိမ္စြန္႔ခြာ ထြက္ေျပးခဲ့ရသူ ဒုကၡသည္ ၂ သိန္းခြဲေလာက္ဟာ ယာယီ ခိုလႈံေနထိုင္ေနရဆဲ ျဖစ္ပါတယ္။
ျမန္မာစစ္တပ္နဲ႔ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ေတြအၾကား တိုက္ပြဲေတြ ဆက္ရွိေနေသးတာေၾကာင့္ အစာေရစာရွာေဖြဖို႔ အခက္အခဲ ရွိေနခ်ိန္မွာပဲ COVID-19 ကလည္း တပူေပၚ ႏွစ္ပူဆင့္သလို ျဖစ္လာခဲ့ရပါတယ္။ ဒုကၡသည္စခန္းတာဝန္ခံ တေယာက္က ဒီႏွစ္အေစာပိုင္းက တိုက္ပြဲေတြအေၾကာင္း ေျပာပါတယ္။
“ရြာသားတခ်ိဳ႕ရဲ႕ အိမ္ေမြးတိရစၧာန္ေတြကို ျမန္မာစစ္သားေတြ မေမးမျမန္း သတ္ျဖတ္စားေသာက္လို႔ ဆုံး႐ႈံးရပါတယ္။ ေနရပ္ကို ျပန္သြားခဲ့တဲ့ ရြာသားေတြ ဒီျပႆနာမ်ိဳး ႀကဳံခဲ့ရလို႔ မခံႏုိင္ဘဲ စခန္းကိုပဲ ျပန္လာခဲ့ၾကပါတယ္။”
ကရင္ျပည္နယ္မွာ အပစ္ရပ္ထားေပမယ့္ မတည္ၿငိမ္မႈေတြျဖစ္လိုက္ ေပ်ာက္သြားလိုက္နဲ႔ သံသရာလည္ေနဆဲ ျဖစ္ပါတယ္။ ေဆာက္လုပ္ေရး စီမံကိန္းသစ္ေတြနဲ႔ နယ္ေျမလုတာေတြေၾကာင့္ တိုက္ပြဲတခ်ဳိ႕ ျဖစ္ပြားခဲ့တာလည္း ရွိေနပါတယ္။
ဒါေၾကာင့္ ဒုကၡသည္စခန္းက အေမေအးလို အဖြားအိုအတြက္ကေတာ့ ၿငိမ္းခ်မ္းေရး ေမၽွာ္လင့္ခ်က္က ေမွးမွိန္လြန္းလွပါတယ္။
“တိုက္ပြဲေတြကေတာ့ ဆက္ျဖစ္ေနဦးမွာပါပဲ။ ဘယ္ေတာ့မွ ရပ္သြားတာ မရွိဘူး။ က်မဘဝတေလၽွာက္လုံး စစ္ေဘးေရွာင္ေနရတာခ်ည္းပါ။ စစ္ေတြမရွိေတာ့ဘူး ဆိုရင္ေတာ့ ေရွာင္စရာ ပုန္းစရာ မလိုလို႔ က်မဘဝလည္း ပိုေအးခ်မ္းသာယာလာမွာပါ။”
ထိုင္း-ျမန္မာနယ္စပ္က ဒုကၡသည္ ေတာ္ေတာ္မ်ားမ်ားက ထိုင္းစကား ေျပာတတ္ေတာ့ စခန္းအျပင္မွာ အလုပ္ထြက္လုပ္ႏုိင္ပါတယ္။ ဒါေပမယ့္ တရားဝင္ အလုပ္လုပ္ခြင့္ ပါမစ္က မရွိေတာ့ အလုပ္ရွင္ အႏုိင္က်င့္တာ ခံရတာမ်ိဳးနဲ႔ ပိုဆိုးတာက ထိုင္းရဲ အဖမ္းခံရတာမ်ိဳး ႀကဳံရတတ္ပါတယ္။
ဒါေၾကာင့္ အကူအညီေပးေရး အဖြဲ႔အစည္းေတြက ဒီဒုကၡသည္ေတြကို ထိုင္းႏုိင္ငံထဲ တရားဝင္ အေျခခ်ခြင့္ေပးမယ္ဆိုရင္ ရွဥ့္လည္းေလၽွာက္သာ ပ်ားလည္းစြဲသာ အေျခအေန ဖန္တီးေပးႏုိင္မယ္လို႔ ယူဆၾကပါတယ္။
“ျမန္မာႏုိင္ငံထဲ ျပန္ဝင္ဖို႔ အဆင္သင့္ မျဖစ္ေသးတဲ့ သူေတြအတြက္ ထိုင္းႏုိင္ငံမွာ အလုပ္လုပ္ခြင့္ရေအာင္ ဥပေဒေၾကာင္းအရ ဘယ္လို ျမန္ျမန္လုပ္ေပးႏုိင္မလဲဆိုတဲ့ အခက္အခဲေတာ့ ရွိပါလိမ့္မယ္။” လို႔ The Border Consortium အဖြဲ႔က Duncan MacArthur က ရွင္းျပပါတယ္။
အလုပ္လုပ္ၾကမွလည္း သူတို႔ရတဲ့ ပိုက္ဆံေတြကို ျမန္မာႏုိင္ငံထဲကိုပဲျဖစ္ျဖစ္ ဒုကၡသည္စခန္းေတြကိုပဲျဖစ္ျဖစ္ ျပန္ပို႔ႏုိင္ၿပီး မိသားစုဝင္ေတြကို ေထာက္ပံ့ ကူညီေပးႏုိင္မွာ ျဖစ္ပါတယ္လို႔လည္း ေျပာပါတယ္။
---------------------------------
(Unicode)
မဆုံးနိုင်တဲ့ ပဋိပက္ခတွေကြား သိန်းနဲ့ချီတဲ့ ကရင်ဒုက္ခသည်တွေ ဌာနေမပြန်နိုင်
၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရတော့ ထိုင်းနိုင်ငံဘက်မှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ရေး မျှော်လင့်ချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ၈ နှစ်တာကာလ ကြာမြင့်လာခဲ့ပေမယ့်လည်း ဒုက္ခသည်အများစုဟာ ထိုင်းနိုင်ငံထဲ သောင်တင်နေဆဲပါ။ ဆယ်စုနှစ်ကြာ တိုက်ပွဲတွေကြောင့် နေရပ်မပြန်နိုင်သေးတဲ့ ကရင်ဒုက္ခသည်တွေအကြောင်း Steve Sandford ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုရဲမင်းထွန်း တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံရဲ့ အရှေ့တောင်ပိုင်း ထိုင်းနယ်စပ်ဘက်အခြမ်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူ ဒုက္ခသည် ၂ သိန်းခွဲလောက်ဟာ ယာယီ ခိုလှုံနေထိုင်နေရဆဲ ဖြစ်ပါတယ်။
မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်ရှိနေသေးတာကြောင့် အစာရေစာရှာဖွေဖို့ အခက်အခဲ ရှိနေချိန်မှာပဲ COVID-19 ကလည်း တပူပေါ် နှစ်ပူဆင့်သလို ဖြစ်လာခဲ့ရပါတယ်။ ဒုက္ခသည်စခန်းတာဝန်ခံ တယောက်က ဒီနှစ်အစောပိုင်းက တိုက်ပွဲတွေအကြောင်း ပြောပါတယ်။
“ရွာသားတချို့ရဲ့ အိမ်မွေးတိရစ္ဆာန်တွေကို မြန်မာစစ်သားတွေ မမေးမမြန်း သတ်ဖြတ်စားသောက်လို့ ဆုံးရှုံးရပါတယ်။ နေရပ်ကို ပြန်သွားခဲ့တဲ့ ရွာသားတွေ ဒီပြဿနာမျိုး ကြုံခဲ့ရလို့ မခံနိုင်ဘဲ စခန်းကိုပဲ ပြန်လာခဲ့ကြပါတယ်။”
ကရင်ပြည်နယ်မှာ အပစ်ရပ်ထားပေမယ့် မတည်ငြိမ်မှုတွေဖြစ်လိုက် ပျောက်သွားလိုက်နဲ့ သံသရာလည်နေဆဲ ဖြစ်ပါတယ်။ ဆောက်လုပ်ရေး စီမံကိန်းသစ်တွေနဲ့ နယ်မြေလုတာတွေကြောင့် တိုက်ပွဲတချို့ ဖြစ်ပွားခဲ့တာလည်း ရှိနေပါတယ်။
ဒါကြောင့် ဒုက္ခသည်စခန်းက အမေအေးလို အဖွားအိုအတွက်ကတော့ ငြိမ်းချမ်းရေး မျှော်လင့်ချက်က မှေးမှိန်လွန်းလှပါတယ်။
“တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေဦးမှာပါပဲ။ ဘယ်တော့မှ ရပ်သွားတာ မရှိဘူး။ ကျမဘဝတလျှောက်လုံး စစ်ဘေးရှောင်နေရတာချည်းပါ။ စစ်တွေမရှိတော့ဘူး ဆိုရင်တော့ ရှောင်စရာ ပုန်းစရာ မလိုလို့ ကျမဘဝလည်း ပိုအေးချမ်းသာယာလာမှာပါ။”
ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည် တော်တော်များများက ထိုင်းစကား ပြောတတ်တော့ စခန်းအပြင်မှာ အလုပ်ထွက်လုပ်နိုင်ပါတယ်။ ဒါပေမယ့် တရားဝင် အလုပ်လုပ်ခွင့် ပါမစ်က မရှိတော့ အလုပ်ရှင် အနိုင်ကျင့်တာ ခံရတာမျိုးနဲ့ ပိုဆိုးတာက ထိုင်းရဲ အဖမ်းခံရတာမျိုး ကြုံရတတ်ပါတယ်။
ဒါကြောင့် အကူအညီပေးရေး အဖွဲ့အစည်းတွေက ဒီဒုက္ခသည်တွေကို ထိုင်းနိုင်ငံထဲ တရားဝင် အခြေချခွင့်ပေးမယ်ဆိုရင် ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အခြေအနေ ဖန်တီးပေးနိုင်မယ်လို့ ယူဆကြပါတယ်။
“မြန်မာနိုင်ငံထဲ ပြန်ဝင်ဖို့ အဆင်သင့် မဖြစ်သေးတဲ့ သူတွေအတွက် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်ရအောင် ဥပဒေကြောင်းအရ ဘယ်လို မြန်မြန်လုပ်ပေးနိုင်မလဲဆိုတဲ့ အခက်အခဲတော့ ရှိပါလိမ့်မယ်။” လို့ The Border Consortium အဖွဲ့က Duncan MacArthur က ရှင်းပြပါတယ်။
အလုပ်လုပ်ကြမှလည်း သူတို့ရတဲ့ ပိုက်ဆံတွေကို မြန်မာနိုင်ငံထဲကိုပဲဖြစ်ဖြစ် ဒုက္ခသည်စခန်းတွေကိုပဲဖြစ်ဖြစ် ပြန်ပို့နိုင်ပြီး မိသားစုဝင်တွေကို ထောက်ပံ့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်လို့လည်း ပြောပါတယ်။