သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချားလ်စ်ဘုရင်နန်းတက်ပွဲ မြန်မာနဲ့နိုင်ငံတချို့ကခေါင်းဆောင်တွေကို မဖိတ်


မေလ ၆ ရက်မှာကျင်းပမယ့် တတိယမြောက် ချားလ်စ်ဘုရင် နန်းတက်ပွဲအတွက် အမှတ်တရထုတ်တဲ့ ချားလ်စ်ဘုရင်ရဲ့ပုံတွေနဲ့ စီချယ်ထားတဲ့ ဦးထုတ်။ (မေ ၂၊ ၂၀၂၃)
မေလ ၆ ရက်မှာကျင်းပမယ့် တတိယမြောက် ချားလ်စ်ဘုရင် နန်းတက်ပွဲအတွက် အမှတ်တရထုတ်တဲ့ ချားလ်စ်ဘုရင်ရဲ့ပုံတွေနဲ့ စီချယ်ထားတဲ့ ဦးထုတ်။ (မေ ၂၊ ၂၀၂၃)

ချားလ်စ်ဘုရင်နန်းတက်ပွဲ မြန်မာနဲ့နိုင်ငံတချို့ကခေါင်းဆောင်တွေကို မဖိတ်

ဗြိတိန်နဲ့ ဓနသဟာယနိုင်ငံများရဲ့ တတိယမြောက် ချားလ်စ်ဘုရင်ဘိသိက်ခံ နန်းတက်ပွဲကို မြန်မာအပါအဝင် ရုရှား၊ ဘဲလာရုစ်၊ အီရန်၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်နဲ့ ဗင်နီဇွဲလားနိုင်ငံတွေက ခေါင်းဆောင်တွေကို ဗြိတိန်အစိုးရက ဖိတ်ကြားထားခြင်းမရှိကြောင်း ဗြိတိန်သတင်းရင်းမြစ်တခုကို ကိုးကားပြီး ရိုက်တာသတင်းက အင်္ဂါနေ့မှာ ပြောပါတယ်။

မြောက်ကိုရီးယားနဲ့ နီကာရာဂွာနိုင်ငံတွေကိုတော့ နိုင်ငံ့အကြီးအကဲခေါင်းဆောင်တွေကိုမဖိတ်ဘဲ အကြီးတန်းသံတမန်တွေကို ဖိတ်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ဗြိတိန်နိုင်ငံနဲ့ သံတမန်ဆက်ဆံရေး အပြည့်အဝတည်ထောင်ထားတဲ့ တခြားနိုင်ငံတွေက နိုင်ငံ့အကြီးအကဲတွေနဲ့ ဗြိတိန်အုပ်ချုပ်မှုအောက်က နိုင်ငံရပ်ခြားနယ်မြေတွေရဲ့ ကိုယ်စားလှယ်တွေကိုလည်း ဖိတ်ကြားခဲ့ပါတယ်။

နန်းတက်ပွဲမှာ တတိယမြောက်ချားလ်စ်ဘုရင်ဟာ မတူကွဲပြားမှုအားလုံးကို လက်ခံတဲ့အနေနဲ့ ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ ဂျူး၊ အစ္စလာမ်နဲ့ ဆစ်ခ် ဘာသာရေးခေါင်းဆောင်တွေကိုလည်း ဖိတ်ကြားထားပါတယ်။ ကမ္ဘာတဝန်းမှာ ဘာသာရေးတင်းမာမှုတွေ အရှိန်မြှင့်နေချိန်မှာ ချားလ်စ်ဘုရင်က နှစ် ၁,၀၀၀ သက်တမ်းရှိ ခရစ်ယာန်ဘာသာအမြစ်တွယ်နေတဲ့ ဗြိတိန်ဘုရင်စနစ်က မျက်မှောက်ခေတ်ရဲ့ ခေတ်မီယဉ်ကျေးမှုပေါင်းစုံဗြိတိန်လူမျိုးတွေကို ကိုယ်စားပြုနိုင်ဆဲဖြစ်ကြောင်း ပြသနိုင်ဖို့ကြိုးစားတာလို့ ရှုမြင်ကြပါတယ်။

တဘက်မှာလည်း အင်္ဂလီကန် ခရစ်ယာန်ဘုရားကျောင်းက ဦးစီးရတဲ့ နန်းတက်ပွဲမှာ အခုလို တခြားကိုးကွယ်ယုံကြည်မှုတွေကို ဖိတ်ကြားခဲ့တာ အပေါ် ဘုရားကျောင်းဘက်က ဘုရင်အသစ်ကို ကန့်ကွက်ခဲ့တာတွေရှိတယ်လို့ သုံးသပ်ကြသူတွေလည်း ရှိနေပါတယ်။ အင်္ဂလီကန် ခရစ်ယာန်ဘုရားကျောင်းရဲ့အကြီးအမှူးဖြစ်တဲ့ ချားလ်စ်ဘုရင် အုပ်ချုပ်ရမယ့် ဗြိတိန်ဟာ သူ့ရဲ့မယ်တော် ဒုတိယမြောက် အဲလစ်ဇဘက်ဘုရင်မကြီးနန်းတက်ချိန် ၁၉၅၃ ခုနှစ်နဲ့ အခြေအနေအလွန်ကွာခြားနေပါတယ်။

လွန်ခဲ့တဲ့ နှစ် ၇၀ က အင်္ဂလန်ပြည်သားတွေရဲ့ ၈၀% ကျော်က ခရစ်ယာန် ဘာသာဝင်တွေဖြစ်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းနေထိုင်မှုတွေကြောင့် အဲဒီအရေအတွက်ဟာ ထက်ဝက်အောက်ကို ကျဆင်းသွားခဲ့ပြီး အခုအခါမှာ ၃၇ ရာခိုင်နှုန်းက ဘာသာမရှိလို့ပြောပြီး ၆.၅ ရာခိုင်နှုန်းက မွတ်ဆလင်နဲ့ ၁.၇ ရာခိုင်နှုန်းမှာ ဟိန္ဒူတွေဖြစ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG