သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တပ္မေတာ္နဲ႔ KNU တပ္မဟာ (၁) တိုက္ပဲြျဖစ္


(Zawgyi/Unicode)

ကရင္ျပည္နယ္ သထံုခ႐ိုင္၊ ဘားအံၿမိဳ႕ နယ္၊ ေညာင္ကုန္းရြာသစ္အနီးမွာ ျမန္မာစစ္တပ္နဲ႔ ကရင္အမ်ဳိးသားလြတ္ေျမာက္ေရးတပ္မေတာ္ KNLA -တပ္မဟာ(၁) တုိ႔ၾကား ပစ္ခတ္မႈျဖစ္ပြားခဲ့တာေၾကာင့္ အနီးနားက ေက်းရြာေတြက ရြာသားေတြ တိမ္းေရွာင္ခဲ့ရပါတယ္။ ဒီသတင္းကို မေအးေအးမာက ေျပာျပေပးပါမယ္။

ျမန္မာစစ္တပ္နဲ့ KNUရဲ ့ ကရင္အမ်ဳိးသားလြတ္ေျမာက္ေရးတပ္မေတာ္ KNLA -တပ္မဟာ(၁) တို႕ ဟာ သထံုခရိုင္ ဘားအံၿမိဳ႕နယ္အတြင္းမွာအဂၤါေန႕က ပစ္ခတ္မူေတြ ျဖစ္ပြားခဲ့ျပီး အနီးနားကေက်းရြာေတြအထိ လက္နက္ႀကီး က်ည္ဆံေတြ က်ေရာက္တာေႀကာင့္ ေဒသခံေတြ ထြက္ေျပးတိမ္းေရွာင္ရေၾကာင္း K. N. U. Concern Group က ေျပာေရးဆုိခြင့္ရွိသူ ေနာ္စီဖိုးရာစိန္က ေျပာျပပါတယ္။

“အစက ေတာ ့ျမန္မာစစ္တပ္က တက္လာျပီး ေကအန္ယူေရွ႕တန္း နယ္ေျမမွာပစ္ခတ္မူေတြ ရွိတယ္။ အဲဒါေၾကာင့္ ရြာသားေတြက ေနရာေျပာင္းေရႊ႕ရတယ္။”

ပစ္ခတ္မူအတြင္းမွာ ႏွစ္ဘက္ ထိခိုက္ဒဏ္ရာေတြရရွိၿပီး ျမန္မာစစ္တပ္ဘက္က ေသဆံုးမူေတြ ရွိတယ္လို႔ ေကအန္ယူဘက္ကေတာ့ ေျပာပါတယ္။ အလားတူပဲ ေတာင္ငူခရိုင္ တပ္မဟာ (၂)နယ္ေျမမွာလည္း လက္နက္က်ည္ေတြ အနီးနားက ေက်းရြာေတြကို က်ေရာက္တာေတြရွိေပမယ့္ ေကအန္ယူဘက္ကေတာ့ အဲဒီဘက္မွာ ေကအန္ယူဘက္က ပစ္ခတ္တာေတြ မရွိဘူးလို႔ ဆိုပါတယ္။

အခုဆိုရင္ ျမန္မာ စစ္အုပ္ခ်ဳပ္ေရးေကာင္စီ အုပ္ခ်ဳပ္ေနတဲ့ကာလအတြင္းမွာ လက္နက္ကုိင္ တုိင္းရင္းသားေတြ မရွိတဲ့ရန္ကုန္ မႏၱေလးျမိဳ ့ႀကီးေတြမွာ ပစ္ခတ္တာေတြ ပိုလုပ္တာေတြရတယ္လို႕လည္း ေနာ္စီဖိုးရာစိန္က ေျပာပါတယ္။

“ က်မသံုးသပ္တာကေတာ့ လုပ္ခ်င္ရင္ေတာ့ သူတို႔လုပ္မွာပဲ ။ အခု က ၿမိဳ ့ႀကီးေတြမွာ ပစ္ခတ္ေနတာက ပုိလုပ္ေနတာက လက္နက္ကိုင္အဖဲြ ့ေတြ မရွိေတာ့ အမ်ားႀကီး လုပ္တာရွိတာေပါ့ေနာ္။ တကယ္ေတာ့ လူမဆန္တာမိ်ဳးေတြ လုပ္ေတာ့လူထု နစ္နာတာေပါ့ ။”

KNU ရဲ ့သတင္းစဥ္မွာေတာ့ ျမန္မာစစ္တပ္ ခလရ-၂၀၄ နဲ့ ၂၀၅ ပူးေပါင္းတပ္ရင္း ခမရ-၁၁၈ တပ္ရင္းတပ္မ ၄၄ ဌာနခ်ဳပ္အနီးက အေႁမွာက္တပ္ရင္း အလံတရာ ေလ့က်င့္ေရး(၉) တို႔နဲ႕ KNU တပ္မဟာ-၁ တို႕ဟာအဂၤါေန႕ တိုက္ပဲြျဖစ္ပြားခဲ့ေၾကာင္း ဒီတိုက္ပဲြမွာျမန္မာစစ္တပ္ဘက္က ၅ဦးေသဆံုးခဲ့တယ္လို့ေဖာ္ျပပါတယ္ ဒီပစ္ခတ္မႈ အတြင္းမွာ နယ္ျခားေစာင့္စစ္တပ္ BGF ကလည္း ျမန္မာစစ္တပ္နဲ႕ အတူ ပူးေပါင္းတိုက္ခိုက္ေပးခဲ့တယ္လို႕ KNU ဘက္ကေျပာဆုိခဲ့ပါတယ္။

တပ္မေတာ္နဲ႔ KNU တပ္မဟာ (၁) တိုက္ပဲြျဖစ္
please wait

No media source currently available

0:00 0:02:57 0:00
တိုက္႐ိုက္ လင့္ခ္


...........

တပ်မတော်နဲ့ KNU တပ်မဟာ (၁) တိုက်ပွဲဖြစ်

(Unicode)

ကရင်ပြည်နယ် သထုံခရိုင်၊ ဘားအံမြို့ နယ်၊ ညောင်ကုန်းရွာသစ်အနီးမှာ မြန်မာစစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA -တပ်မဟာ(၁) တို့ကြား ပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် အနီးနားက ကျေးရွာတွေက ရွာသားတွေ တိမ်းရှောင်ခဲ့ရပါတယ်။ ဒီသတင်းကို မအေးအေးမာက ပြောပြပေးပါမယ်။

မြန်မာစစ်တပ်နဲ့ KNUရဲ ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA -တပ်မဟာ(၁) တို့ ဟာ သထုံခရိုင် ဘားအံမြို့နယ်အတွင်းမှာအင်္ဂါနေ့က ပစ်ခတ်မူတွေ ဖြစ်ပွားခဲ့ပြီး အနီးနားကကျေးရွာတွေအထိ လက်နက်ကြီး ကျည်ဆံတွေ ကျရောက်တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ရကြောင်း K. N. U. Concern Group က ပြောရေးဆိုခွင့်ရှိသူ နော်စီဖိုးရာစိန်က ပြောပြပါတယ်။

“အစက တော့မြန်မာစစ်တပ်က တက်လာပြီး ကေအန်ယူရှေ့တန်း နယ်မြေမှာပစ်ခတ်မူတွေ ရှိတယ်။ အဲဒါကြောင့် ရွာသားတွေက နေရာပြောင်းရွှေ့ရတယ်။”

ပစ်ခတ်မူအတွင်းမှာ နှစ်ဘက် ထိခိုက်ဒဏ်ရာတွေရရှိပြီး မြန်မာစစ်တပ်ဘက်က သေဆုံးမူတွေ ရှိတယ်လို့ ကေအန်ယူဘက်ကတော့ ပြောပါတယ်။ အလားတူပဲ တောင်ငူခရိုင် တပ်မဟာ (၂)နယ်မြေမှာလည်း လက်နက်ကျည်တွေ အနီးနားက ကျေးရွာတွေကို ကျရောက်တာတွေရှိပေမယ့် ကေအန်ယူဘက်ကတော့ အဲဒီဘက်မှာ ကေအန်ယူဘက်က ပစ်ခတ်တာတွေ မရှိဘူးလို့ ဆိုပါတယ်။

အခုဆိုရင် မြန်မာ စစ်အုပ်ချုပ်ရေးကောင်စီ အုပ်ချုပ်နေတဲ့ကာလအတွင်းမှာ လက်နက်ကိုင် တိုင်းရင်းသားတွေ မရှိတဲ့ရန်ကုန် မန္တလေးမြို့ကြီးတွေမှာ ပစ်ခတ်တာတွေ ပိုလုပ်တာတွေရတယ်လို့လည်း နော်စီဖိုးရာစိန်က ပြောပါတယ်။

“ ကျမသုံးသပ်တာကတော့ လုပ်ချင်ရင်တော့ သူတို့လုပ်မှာပဲ ။ အခု က မြို့ကြီးတွေမှာ ပစ်ခတ်နေတာက ပိုလုပ်နေတာက လက်နက်ကိုင်အဖွဲ့တွေ မရှိတော့ အများကြီး လုပ်တာရှိတာပေါ့နော်။ တကယ်တော့ လူမဆန်တာမျိုးတွေ လုပ်တော့လူထု နစ်နာတာပေါ့ ။”

KNU ရဲ့သတင်းစဉ်မှာတော့ မြန်မာစစ်တပ် ခလရ-၂၀၄ နဲ့ ၂၀၅ ပူးပေါင်းတပ်ရင်း ခမရ-၁၁၈ တပ်ရင်းတပ်မ ၄၄ ဌာနချုပ်အနီးက အမြှောက်တပ်ရင်း အလံတရာ လေ့ကျင့်ရေး(၉) တို့နဲ့ KNU တပ်မဟာ-၁ တို့ဟာအင်္ဂါနေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒီတိုက်ပွဲမှာမြန်မာစစ်တပ်ဘက်က ၅ဦးသေဆုံးခဲ့တယ်လို့ဖော်ပြပါတယ် ဒီပစ်ခတ်မှု အတွင်းမှာ နယ်ခြားစောင့်စစ်တပ် BGF ကလည်း မြန်မာစစ်တပ်နဲ့ အတူ ပူးပေါင်းတိုက်ခိုက်ပေးခဲ့တယ်လို့ KNU ဘက်ကပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG