သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုရီးယားေရာက္ျမန္မာေတြ ကိုဗစ္စည္းကမ္းလိုက္နာဖုိ႔ သံ႐ံုးတိုက္တြန္း


ေတာင္ကိုရီးယားႏိုင္ငံ Seoul ၿမိဳ႕မွာ ေတြ႕ရတဲ့ လမ္းသြားလမ္းလာတခ်ိဳ႕။ (ၾသဂုတ္ ၂၅၊ ၂၀၂၀)

[Zawgyi/Unicode]

ေတာင္ကိုရီးယားႏုိင္ငံမွာ COVID-19 ကပ္ေရာဂါ တတိယလိႈင္း ႐ိုက္ခတ္ကူးစက္မႈ ထိန္းခ်ဳပ္ကာကြယ္ႏုိင္ေရး ကိုရီးယားအစိုးရ ထုတ္ျပန္တဲ့ က်န္းမာေရးစည္းကမ္း သတ္မွတ္ခ်က္သစ္ေတြ ကိုရီးယားေရာက္ ျမန္မာႏုိင္ငံသားေတြ အထူးလိုက္နာၾကပါလို႔ ကိုရီးယားႏိုင္ငံဆိုင္ရာ ျမန္မာအလုပ္သမားသံအရာရွိက တိုက္တြန္းေျပာဆိုလိုက္ပါတယ္။ မနက္ျဖန္ အဂၤါေန႔ကစ တင္းၾကပ္မယ့္ စည္းကမ္းခ်က္ေတြနဲ႔အတူ ကိုရီးယားေရာက္ျမန္မာေတြၾကား ကိုဗစ္ကပ္ေရာဂါ မကူးစက္ေစေရး အထူးသတိထားေနၾကတဲ့အေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္က စုစည္းတင္ျပေပးပါမယ္။

ကိုရီးယားႏုိင္ငံမွာ ကမာၻ႔ကပ္ေရာဂါ ကိုဗစ္ ၁၉ တတိယလႈိင္း အျပည့္အဝ ႐ိုက္ခတ္ခံေနရၿပီး ကူးစက္မႈႏႈန္း ျမင့္တက္လာၿပီး အင္မတန္ကို စိုးရိမ္စရာ အေျခအေနျဖစ္ေနတယ္ဆိုတာကို ကိုရီးယားႏိုင္ငံ က်န္းမာေရးဝန္ႀကီးက သတင္းစာ ရွင္းလင္းပြဲကေန ႏုိင္ငံကို မေန႔တုန္းက အေရးတၾကီးသတိေပးလိုက္တာပါ။ ဒါေၾကာင့္ ႏိုဝင္ဘာလ ၂၃ ရက္ေန႔ မနက္ျဖန္ အဂၤါေန႔ကစလို႔ ေရာဂါကူးစက္ျမင့္လာတဲ့ ဆိုးလ္ၿမိဳ႕ေတာ္နဲ႔ ၿမိဳ႕ေတာ္နားတဝိုက္က ၿမိဳ႕ေတြမွာ အရက္ဆုိင္နဲ႔ ညကလပ္ေတြ ပိတ္ပစ္လိုက္မွာျဖစ္ၿပီး လူစုလူေဝးနဲ႔ က်င္းပမယ့္ ဘာသာေရးပြဲေတြ၊ အားကစားပြဲေတြကိုလည္း အေရအတြက္ ကန္႔သတ္လိုက္ပါတယ္။

အခုလိုမ်ိဳး ကိုရီးယားႏုိင္ငံရဲ႕ ကပ္ေရာဂါ ကိုဗစ္ ၁၉ တတိယလိႈင္း ထိန္းခ်ဳပ္နိုင္ေရး အထူးသတိေပးထုတ္ျပန္ခ်က္ စည္းမ်ဥ္း စည္းကမ္းေတြကို ကိုရီးယားေရာက္ျမန္မာႏိုင္ငံသားေတြ အေလးအနက္ထား လုိက္နာၾကဖို႔ ေတာင္ကိုရီးယားႏုိင္ငံ ဆိုးလ္ၿမိဳ႕အေျခစိုက္ ျမန္မာသံရံုးက အလုပ္သမားသံအရာရွိ ဦးစိုးညီညီက တိုက္တြန္းပါတယ္။

"ကိုရီးယားႏုိင္ငံမွာ ကိုဗစ္က လက္ရွိမွာ ျပန္ၿပီးေတာ့ ကူးစက္မႈက တက္လာတာေပါ့ေနာ္။ ႏိုဝင္ဘာ ၁၉၊ ၂၀၊ ၂၁ အထိကို ၃၀၀ ေက်ာ္ေတြ ကူးစက္လာတယ္။ မေန႔က ၂၂ ရက္ေန႔အထိဆို ကူးစက္သူဦးေရက ၂၇၁ အထိ ရွိခဲ့တာေပါ့ေနာ္။ အဲ့ေတာ့ ကိုရီးယားက ကိုဗစ္ကူးစက္မႈေတြျမင့္လာတဲ့အတြက္ သူတို႔ရဲ႕ Level သတ္မွတ္ခ်က္ေပါ့ေနာ္။ Level II အထိကို သတ္မွတ္လိုက္ၿပီးေတာ့ မနက္ျဖန္ "ႏိုဝင္ဘာ ၂၄ ကစၿပီး ဒီဇင္ဘာ ၇ ရက္ေန႔" အထိကို ဆိုးလ္ၿမိဳ႕ေတာ္နဲ႔ ၿမိဳ႕ၾကီးေတြမွာ Level II ကို သူတို႔ စက်င့္သံုးေတာ့မွာေပါ့။ အဲ့ဒီ့ေတာ့ ျမန္မာသံရံုးအေနနဲ႔ကေတာ့ က်န္းမာေရးဝန္ၾကီးဌာနေတြက ထုတ္ျပန္လာၿပီျဖစ္တဲ့ အတြက္ သံရံုးဘက္ကုိ လာတဲ့ညီအကိုေတြ ေကာင္စစ္ေရးရာနဲ႔ပတ္သက္တဲ့ကိစၥေတြကို သံရံုးကေန ဒီႏွစ္ ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔က ထုတ္ျပန္ထားတဲ့အတုိင္း စာတိုက္ေတြကေနေပးပို႔ဖို႔ပါ။

ေနာက္တခု အဓိက ကူးစက္မႈျမင့္ေနတာက ဆိုးလ္တို႔ အင္ခၽြန္းတို႔ နယ္တဝိုက္ေတြမွာ ကူးစက္မႈမ်ားေနတယ္ေပါ့ေနာ္။ ဆိုးလ္ အင္ခၽြန္း ဂူေဖ်ာင္းတို႔ဆိုလည္း ျမန္မာအမ်ားအျပားေနထိုင္တဲ့ေနရာေတြရွိတယ္။ တနဂၤေႏြက ေတြ႔ခဲ့တာဆိုလည္း ဂူေဖ်ာင္းနယ္တဝိုက္က ကူးစက္မႈမ်ားခဲ့ေတာ့ ဒီနားေလးေတြမွာ သြားလာလႈပ္ရွားတာလည္း ျမန္မာအမ်ားစုဆိုေတာ့ လက္ရွိအေနအထားမွာ ဒီေရာဂါၿငိမ္သြားတဲ့အထိေပါ့ေနာ္။ မျဖစ္မေန ထြက္ရမယ္ဆိုရင္လည္း ႏွာေခါင္းစည္းတပ္ဖို႔ လက္ေဆးရည္ေတြ သံုးဖို႔ တတ္ႏိုင္သေလာက္ လူစုလူေဝးေနရာေတြကိုေရွာင္ဖို႔က ပိုအေရးၾကီးတာေပါ့ေနာ္။"

ကိုရီးယားမွာ ေနထိုင္တဲ့ျမန္မာႏိုင္ငံသားေတြထဲ ကိုဗစ္၁၉ ကူးစက္မႈ မရွိေသးေပမဲ့ ကိုရီးယားကို ဝင္ေရာက္လာသူေတြထဲက ျမန္မာႏုိင္ငံသား တခ်ိဳ႕မွာေတာ့ ကူးစက္ေနတာ စစ္ေဆးေတြ႔ရွိခဲ့တာ ရွိပါတယ္။ ကိုရီးယားေရာက္ျမန္မာေတြၾကား ေရာဂါကူးစက္ မခံရေအာင္ ကိုရီးယားက က်န္းမာေရးထုတ္ျပန္ခ်က္ေတြကို ျမန္မာသံရံုးနဲ႔ ပူးေပါင္းပညာေပးေနပါတယ္လို႔ အလုပ္သမားသံအရာရွိက ေျပာပါတယ္။

"လက္ရွိေတာ့ က်ေနာ္တို႔ လုပ္သားေတြထဲ ကိုဗစ္၁၉ ကူးစက္တယ္ဆိုတဲ့အေနအထားမ်ိဳး ဒီဘက္မွာေတာ့ မရွိပါဘူးေပါ့ေနာ္။ အေစာပိုင္းက ဝင္လာတဲ့ သေဘၤာသားေတြကို ျပန္ၿပီး စမ္းသပ္စစ္ေဆးတဲ့အခါမွာ ေရာဂါပိုးေတြ႔တယ္ဆိုတာေတာ့ၾကားတယ္။ သို႔ေသာ္ ကိုရီးယားရဲ႕ Privacy Law ရွိတယ္။ ဒီ Privacy Law ေၾကာင့္ ႏိုင္ငံသားနဲ႔ ေနရာေလာက္ကိုပဲ ထုတ္ျပန္ေၾကညာတာ ရွိၿပီးေတာ့ ဘယ္သူဆိုတာ အတိအက်ေပးပို႔တာမ်ိဳးေတာ့ မလုပ္ထားဘူးခင္ဗ်။ ကိုရီးယားမွာက ကိုဗစ္နဲ႔ ပတ္သက္ၿပီး ဖြဲ႔ထားတဲ့အဖြဲ႔ေတြ ေကာ္မတီေတြရွိတယ္ေပါ့ေနာ္။ က်ေနာ္တို႔ ဒီသံရံုးအေနအထားနဲ႔ ပူးေပါင္းၿပီး Public Awareness ေပါ့ေနာ္ အမ်ားျပည္သူသိရွိေအာင္ က်န္းမာေရးပညာေပးတာေတြကို ကိုရီးယားက်န္းမာေရးက လုပ္တာေလးေတြ ရွိတယ္။ ကိုရီးယား က်န္းမာေရးဝန္ၾကီးဌာနကတဆင့္ ကိုရီးယား MOFA ေပါ့ေနာ္ ကိုရီးယားႏုိင္ငံျခားေရး ဝန္ၾကီးဌာနကလည္း ကိုရီးယားမွာရွိတဲ့ သက္ဆိုင္ရာနုိင္ငံေတြက သံရံုးေတြ လာဖြင့္ထားတဲ့ အေနအထားမွာ ဘယ္လိုလိုက္နာရမယ္ ဆိုတဲ့ သူတို႔လမ္းညႊန္ခ်က္ေလးေတြ ပို႔တာေလးေတြရွိတာေပါ့ေနာ္။ အဲ့လိုပူးေပါင္းေဆာင္ရြက္တဲ့အေနအထားေလးေတြေတာ့ရွိပါတယ္။"

အခုလို ကူးစက္မႈႏႈန္းျပန္ျမင့္လာတဲ့အတြက္ ကိုရီးယားေရာက္ ျမန္မာႏိုင္ငံသားေတြထဲမွာလည္း ကိုရီးယား က်န္းမာေရးဌာနက ထုတ္ျပန္တဲ့သတိေပးခ်က္ေတြကို အခ်ိန္နဲ႔တေျပးညီ နားစြင့္ေနၾကသလို က်န္းမာေရးဆိုင္ရာလမ္းညႊန္ သတိေပးခ်က္ေတြကိုလည္း အထူးလိုက္နာၾကတယ္လို႔ ကိုရီးယားႏုိင္ငံ (Incheon) အင္ခၽြန္းေဒသ (Bupyeong) ဘူေဖ်ာင္းၿမိဳ႕က ေဒၚမာလာေရႊကေျပာျပပါတယ္။

"ပိုၿပီးေတာ့ သတိထားရမွာေပါ့ေနာ္ သတိထားရမယ္ဆိုတဲ့ အတိုင္းအတာမွာက တတိယလိႈင္းအျဖစ္အမ်ားဆံုးက ဆိုးလ္ၿမိဳ႕ေတာ္ဘက္မွာ အျဖစ္အမ်ားဆံုးျဖစ္ေနတယ္။ အခုက ဆုိးလ္က ဒဲဂူးလ္ထက္ကို ျဖစ္တဲ့သူပိုမ်ားလာတယ္။ အခု တတိယလုိက္ေနတာက အမတို႔ေနတဲ့ အင္ခၽြန္း အင္ခၽြန္းမွာဆို မေန႔က ၁၁ေယာက္ေတြ႔တယ္။ဒီေန႔လည္း ၈ ေယာက္၊ ၉ ေယာက္ေလာက္ထြက္တယ္။ ဘာပဲျဖစ္ျဖစ္ သတိထားၿပီးေတာ့ Mask ေတြ တပ္မယ္ လက္ေတြေဆးမယ္ဆိုရင္ ကာကြယ္ရာေရာက္ပါမယ္။ ကိုရီးယားေတြကလည္း ေဆာင္ပုဒ္မွာ ဘာေတြေျပာထားလဲဆိုေတာ့ ကာကြယ္ေဆးကလည္း ကာကြယ္ေဆးပါပဲ။ ဒါေပမဲ့ အဓိက အက်ဆံုးကေတာ့ Mask တပ္တာရယ္ လက္ေဆးတာရယ္ပဲတဲ့ Social Distancing မွာလည္း ခပ္ခြာခြာေနၾကဖို႔ ပူးပူးကပ္ကပ္မေနၾကဖို႔ အဲ့ဒါေတြကိုပဲ ေန႔စဥ္နဲ႔အမ်ွ သတိေပးစကားေျပာေနၾကတာပါပဲ။ စည္းမ်ဥ္းစည္းကမ္းေတြကို အျမဲတမ္း တီဗီေတြကေနလည္းေျပာတယ္။ တယ္လီဖုန္းမတ္ေဆ့ေတြကေနလည္း အျမဲေတြ႔ေနရတယ္။ဆိုေတာ့ ကိုယ့္ျမန္မာေတြကလည္းပဲ ကိုရီးယားအစိုးရ ခ်မွတ္ထားတဲ့ သတိေပးစကားေတြကို လုိက္နာၾကမယ္ေဟ့ဆိုရင္ ကာကြယ္ရာေရာက္တယ္လို႔ေျပာရမွာပဲေပါ့။"

အေမရိကန္ျပည္ေထာင္စု Johns Hopkins တကၠသိုလ္ရဲ႕ ဒီကေန႔ ႏိုဝင္ဘာလ ၂၃ ရက္ေန႔ ထုတ္ျပန္ခ်က္အရ ေတာင္ကိုရီးယားႏုိင္ငံမွာ ခုခ်ိန္ထိ ကို႐ိုနာဗုိင္းရပ္စ္ကူးစက္သူ ၃၁,၀၀၄ ရွိေနၿပီး COVID 19 ေၾကာင့္ ေသဆံုးသူကေတာ့ ၅၀၉ ဦး ရွိေနၿပီျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုရီးယားရောက်မြန်မာတွေ ကိုဗစ်စည်းကမ်းလိုက်နာဖို့ သံရုံးတိုက်တွန်း

တောင်ကိုရီးယားနိုင်ငံမှာ COVID-19 ကပ်ရောဂါ တတိယလှိုင်း ရိုက်ခတ်ကူးစက်မှု ထိန်းချုပ်ကာကွယ်နိုင်ရေး ကိုရီးယားအစိုးရ ထုတ်ပြန်တဲ့ ကျန်းမာရေးစည်းကမ်း သတ်မှတ်ချက်သစ်တွေ ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေ အထူးလိုက်နာကြပါလို့ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ မနက်ဖြန် အင်္ဂါနေ့ကစ တင်းကြပ်မယ့် စည်းကမ်းချက်တွေနဲ့အတူ ကိုရီးယားရောက်မြန်မာတွေကြား ကိုဗစ်ကပ်ရောဂါ မကူးစက်စေရေး အထူးသတိထားနေကြတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က စုစည်းတင်ပြပေးပါမယ်။

ကိုရီးယားနိုင်ငံမှာ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ တတိယလှိုင်း အပြည့်အဝ ရိုက်ခတ်ခံနေရပြီး ကူးစက်မှုနှုန်း မြင့်တက်လာပြီး အင်မတန်ကို စိုးရိမ်စရာ အခြေအနေဖြစ်နေတယ်ဆိုတာကို ကိုရီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးက သတင်းစာ ရှင်းလင်းပွဲကနေ နိုင်ငံကို မနေ့တုန်းက အရေးတကြီးသတိပေးလိုက်တာပါ။ ဒါကြောင့် နိုဝင်ဘာလ ၂၃ ရက်နေ့ မနက်ဖြန် အင်္ဂါနေ့ကစလို့ ရောဂါကူးစက်မြင့်လာတဲ့ ဆိုးလ်မြို့တော်နဲ့ မြို့တော်နားတဝိုက်က မြို့တွေမှာ အရက်ဆိုင်နဲ့ ညကလပ်တွေ ပိတ်ပစ်လိုက်မှာဖြစ်ပြီး လူစုလူဝေးနဲ့ ကျင်းပမယ့် ဘာသာရေးပွဲတွေ၊ အားကစားပွဲတွေကိုလည်း အရေအတွက် ကန့်သတ်လိုက်ပါတယ်။

အခုလိုမျိုး ကိုရီးယားနိုင်ငံရဲ့ ကပ်ရောဂါ ကိုဗစ် ၁၉ တတိယလှိုင်း ထိန်းချုပ်နိုင်ရေး အထူးသတိပေးထုတ်ပြန်ချက် စည်းမျဉ်း စည်းကမ်းတွေကို ကိုရီးယားရောက်မြန်မာနိုင်ငံသားတွေ အလေးအနက်ထား လိုက်နာကြဖို့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့အခြေစိုက် မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးစိုးညီညီက တိုက်တွန်းပါတယ်။

"ကိုရီးယားနိုင်ငံမှာ ကိုဗစ်က လက်ရှိမှာ ပြန်ပြီးတော့ ကူးစက်မှုက တက်လာတာပေါ့နော်။ နိုဝင်ဘာ ၁၉၊ ၂၀၊ ၂၁ အထိကို ၃၀၀ ကျော်တွေ ကူးစက်လာတယ်။ မနေ့က ၂၂ ရက်နေ့အထိဆို ကူးစက်သူဦးရေက ၂၇၁ အထိ ရှိခဲ့တာပေါ့နော်။ အဲ့တော့ ကိုရီးယားက ကိုဗစ်ကူးစက်မှုတွေမြင့်လာတဲ့အတွက် သူတို့ရဲ့ Level သတ်မှတ်ချက်ပေါ့နော်။ Level II အထိကို သတ်မှတ်လိုက်ပြီးတော့ မနက်ဖြန် "နိုဝင်ဘာ ၂၄ ကစပြီး ဒီဇင်ဘာ ၇ ရက်နေ့" အထိကို ဆိုးလ်မြို့တော်နဲ့ မြို့ကြီးတွေမှာ Level II ကို သူတို့ စကျင့်သုံးတော့မှာပေါ့။ အဲ့ဒီ့တော့ မြန်မာသံရုံးအနေနဲ့ကတော့ ကျန်းမာရေးဝန်ကြီးဌာနတွေက ထုတ်ပြန်လာပြီဖြစ်တဲ့ အတွက် သံရုံးဘက်ကို လာတဲ့ညီအကိုတွေ ကောင်စစ်ရေးရာနဲ့ပတ်သက်တဲ့ကိစ္စတွေကို သံရုံးကနေ ဒီနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ထုတ်ပြန်ထားတဲ့အတိုင်း စာတိုက်တွေကနေပေးပို့ဖို့ပါ။

နောက်တခု အဓိက ကူးစက်မှုမြင့်နေတာက ဆိုးလ်တို့ အင်ချွန်းတို့ နယ်တဝိုက်တွေမှာ ကူးစက်မှုများနေတယ်ပေါ့နော်။ ဆိုးလ် အင်ချွန်း ဂူဖျောင်းတို့ဆိုလည်း မြန်မာအများအပြားနေထိုင်တဲ့နေရာတွေရှိတယ်။ တနင်္ဂနွေက တွေ့ခဲ့တာဆိုလည်း ဂူဖျောင်းနယ်တဝိုက်က ကူးစက်မှုများခဲ့တော့ ဒီနားလေးတွေမှာ သွားလာလှုပ်ရှားတာလည်း မြန်မာအများစုဆိုတော့ လက်ရှိအနေအထားမှာ ဒီရောဂါငြိမ်သွားတဲ့အထိပေါ့နော်။ မဖြစ်မနေ ထွက်ရမယ်ဆိုရင်လည်း နှာခေါင်းစည်းတပ်ဖို့ လက်ဆေးရည်တွေ သုံးဖို့ တတ်နိုင်သလောက် လူစုလူဝေးနေရာတွေကိုရှောင်ဖို့က ပိုအရေးကြီးတာပေါ့နော်။"

ကိုရီးယားမှာ နေထိုင်တဲ့မြန်မာနိုင်ငံသားတွေထဲ ကိုဗစ်၁၉ ကူးစက်မှု မရှိသေးပေမဲ့ ကိုရီးယားကို ဝင်ရောက်လာသူတွေထဲက မြန်မာနိုင်ငံသား တချို့မှာတော့ ကူးစက်နေတာ စစ်ဆေးတွေ့ရှိခဲ့တာ ရှိပါတယ်။ ကိုရီးယားရောက်မြန်မာတွေကြား ရောဂါကူးစက် မခံရအောင် ကိုရီးယားက ကျန်းမာရေးထုတ်ပြန်ချက်တွေကို မြန်မာသံရုံးနဲ့ ပူးပေါင်းပညာပေးနေပါတယ်လို့ အလုပ်သမားသံအရာရှိက ပြောပါတယ်။

"လက်ရှိတော့ ကျနော်တို့ လုပ်သားတွေထဲ ကိုဗစ်၁၉ ကူးစက်တယ်ဆိုတဲ့အနေအထားမျိုး ဒီဘက်မှာတော့ မရှိပါဘူးပေါ့နော်။ အစောပိုင်းက ဝင်လာတဲ့ သင်္ဘောသားတွေကို ပြန်ပြီး စမ်းသပ်စစ်ဆေးတဲ့အခါမှာ ရောဂါပိုးတွေ့တယ်ဆိုတာတော့ကြားတယ်။ သို့သော် ကိုရီးယားရဲ့ Privacy Law ရှိတယ်။ ဒီ Privacy Law ကြောင့် နိုင်ငံသားနဲ့ နေရာလောက်ကိုပဲ ထုတ်ပြန်ကြေညာတာ ရှိပြီးတော့ ဘယ်သူဆိုတာ အတိအကျပေးပို့တာမျိုးတော့ မလုပ်ထားဘူးခင်ဗျ။ ကိုရီးယားမှာက ကိုဗစ်နဲ့ ပတ်သက်ပြီး ဖွဲ့ထားတဲ့အဖွဲ့တွေ ကော်မတီတွေရှိတယ်ပေါ့နော်။ ကျနော်တို့ ဒီသံရုံးအနေအထားနဲ့ ပူးပေါင်းပြီး Public Awareness ပေါ့နော် အများပြည်သူသိရှိအောင် ကျန်းမာရေးပညာပေးတာတွေကို ကိုရီးယားကျန်းမာရေးက လုပ်တာလေးတွေ ရှိတယ်။ ကိုရီးယား ကျန်းမာရေးဝန်ကြီးဌာနကတဆင့် ကိုရီးယား MOFA ပေါ့နော် ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ကိုရီးယားမှာရှိတဲ့ သက်ဆိုင်ရာနိုင်ငံတွေက သံရုံးတွေ လာဖွင့်ထားတဲ့ အနေအထားမှာ ဘယ်လိုလိုက်နာရမယ် ဆိုတဲ့ သူတို့လမ်းညွှန်ချက်လေးတွေ ပို့တာလေးတွေရှိတာပေါ့နော်။ အဲ့လိုပူးပေါင်းဆောင်ရွက်တဲ့အနေအထားလေးတွေတော့ရှိပါတယ်။"

အခုလို ကူးစက်မှုနှုန်းပြန်မြင့်လာတဲ့အတွက် ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေထဲမှာလည်း ကိုရီးယား ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့သတိပေးချက်တွေကို အချိန်နဲ့တပြေးညီ နားစွင့်နေကြသလို ကျန်းမာရေးဆိုင်ရာလမ်းညွှန် သတိပေးချက်တွေကိုလည်း အထူးလိုက်နာကြတယ်လို့ကိုရီးယားနိုင်ငံ (Incheon) အင်ချွန်းဒေသ (Bupyeong) ဘူဖျောင်းမြို့က ဒေါ်မာလာရွှေကပြောပြပါတယ်။

"ပိုပြီးတော့ သတိထားရမှာပေါ့နော် သတိထားရမယ်ဆိုတဲ့ အတိုင်းအတာမှာက တတိယလှိုင်းအဖြစ်အများဆုံးက ဆိုးလ်မြို့တော်ဘက်မှာ အဖြစ်အများဆုံးဖြစ်နေတယ်။ အခုက ဆိုးလ်က ဒဲဂူးလ်ထက်ကို ဖြစ်တဲ့သူပိုများလာတယ်။ အခု တတိယလိုက်နေတာက အမတို့နေတဲ့ အင်ချွန်း အင်ချွန်းမှာဆို မနေ့က ၁၁ယောက်တွေ့တယ်။ဒီနေ့လည်း ၈ ယောက်၊ ၉ ယောက်လောက်ထွက်တယ်။ ဘာပဲဖြစ်ဖြစ် သတိထားပြီးတော့ Mask တွေ တပ်မယ် လက်တွေဆေးမယ်ဆိုရင် ကာကွယ်ရာရောက်ပါမယ်။ ကိုရီးယားတွေကလည်း ဆောင်ပုဒ်မှာ ဘာတွေပြောထားလဲဆိုတော့ ကာကွယ်ဆေးကလည်း ကာကွယ်ဆေးပါပဲ။ ဒါပေမဲ့ အဓိက အကျဆုံးကတော့ Mask တပ်တာရယ် လက်ဆေးတာရယ်ပဲတဲ့ Social Distancing မှာလည်း ခပ်ခွာခွာနေကြဖို့ ပူးပူးကပ်ကပ်မနေကြဖို့ အဲ့ဒါတွေကိုပဲ နေ့စဉ်နဲ့အမျှ သတိပေးစကားပြောနေကြတာပါပဲ။ စည်းမျဉ်းစည်းကမ်းတွေကို အမြဲတမ်း တီဗီတွေကနေလည်းပြောတယ်။ တယ်လီဖုန်းမတ်ဆေ့တွေကနေလည်း အမြဲတွေ့နေရတယ်။ဆိုတော့ ကိုယ့်မြန်မာတွေကလည်းပဲ ကိုရီးယားအစိုးရ ချမှတ်ထားတဲ့ သတိပေးစကားတွေကို လိုက်နာကြမယ်ဟေ့ဆိုရင် ကာကွယ်ရာရောက်တယ်လို့ပြောရမှာပဲပေါ့။"

အမေရိကန်ပြည်ထောင်စု Johns Hopkins တက္ကသိုလ်ရဲ့ ဒီကနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ တောင်ကိုရီးယားနိုင်ငံမှာ ခုချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၃၁,၀၀၄ ရှိနေပြီး COVID 19 ကြောင့် သေဆုံးသူကတော့ ၅၀၉ ဦး ရှိနေပြီဖြစ်ပါတယ်။

XS
SM
MD
LG