သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင်နိုင်ငံခြားသားတွေ မဏိပူရအစိုးရ စိစစ် အရေးယူမည်


A man rides his motorised two-wheeler across the Indo-Myanmar border bridge at the border town of Moreh, in the northeastern Indian state of Manipur, January 25, 2012. A flurry of high-level official visits shows both countries are keen to get the chemist
A man rides his motorised two-wheeler across the Indo-Myanmar border bridge at the border town of Moreh, in the northeastern Indian state of Manipur, January 25, 2012. A flurry of high-level official visits shows both countries are keen to get the chemist

[[Zawgyi/Unicode]]

မဏိပူရပြည်နယ်၊ အင်ဖားမြို့အနောက်ဘက်ခြမ်းမှာ အထောက်အထားမဲ့ မြန်မာလင်မယား ၂ ယောက်ကို ဖမ်းမိလိုက်ပြီးတဲ့နောက် ပြည်နယ်အတွင်း တရားမဝင် လာရောက်နေထိုင်သူတွေကို စိစစ် အရေးယူမယ့်အစီအစဉ် စတင်နိုင်ရေးဆိုင်ရာ စည်းဝေးပွဲကို ပြည်နယ်ဝန်ကြီးချုပ် N Biren Singh ကိုယ်တိုင် ဦးဆောင်ပြီး မတ်လ ၁၇ ရက် သောကြာနေ့က ပြုလုပ်ခဲ့ပါတယ်။

အထောက်အထားမဲ့နေထိုင်သူတွေကို စိစစ်မယ့် အစီအစဉ်ကိုတော့ မဏိပူရပြည်နယ်နဲ့ မြန်မာနိုင်ငံ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ Chandel, Kamjong, Tengnoupal, Pherzawl နဲ့ Churachandpur စတဲ့ ခရိုင် ၅ ခုမှာ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ မဏိပူရနဲ့ မြန်မာနိုင်ငံအကြား ကီလိုမီတာ ၄၀၀ နီးပါး နယ်နိမိတ်ခြင်း ထိစပ်နေတာပါ။

ပြည်နယ်အတွင်း တရားမဝင် လာရောက်နေထိုင်သူ အများအပြား မကြာခန ဖမ်းဆီးမိနေတာကြောင့် နိုင်ငံသားစိစစ်ရေး အစီအစဉ်ကို လုပ်ဆောင်ဖို့ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း ကျောင်းသားအဖွဲ့အစည်းတွေနဲ့ တခြား အဖွဲ့အစည်းတွေရဲ့ ဆန္ဒပြ တောင်းဆိုမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ အိန္ဒိယအခြေစိုက် The Hindustan Times သတင်းမှာ ဖော်ပြပါတယ်။

၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစလို့ ပြည်နယ်အတွင်း တရားမဝင် လာရောက်နေထိုင်သူ မြန်မာနိုင်ငံသား ၃၉၃ ဦးကို ဖမ်းဆီး ရမိခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ် N Biren Singh က မကြာသေးခင်ကဘဲ ပြည်နယ်လွှတ်တော်စည်းဝွေးပွဲမှာ တင်ပြခဲ့ပါတယ်။ အဲဒီအထဲက တဦးကို မြန်မာနိုင်ငံဘက် ပြန်ပို့ပြီး ၁၀၇ ဦးက အမှုရင်ဆိုင်ဆဲ၊ ၁၀၅ ဦးကို ချုပ်နှောင်ထားပြီး ၁၈၀ ကိုတော့ အာမခံနဲ့ ပြန်လွတ်ပေးထားတယ်လို့ ဆိုပါတယ်။

[[Unicode]]





XS
SM
MD
LG