[[Zawgyi/Unicode]]
အာဏာသိမ္းကာလ ၂ ႏွစ္ျပည့္ခ်ိန္မွာ ႏိုင္ငံအဝွန္းတိုင္းနဲ႔ျပည္နယ္ ၈ ခုက ၿမိဳ႕ နယ္ေပါင္း ၃၇ ၿမိဳ႕နယ္ကို စစ္အုပ္ခ်ဳပ္ေရး Martial Law အျဖစ္ ျမန္မာစစ္တပ္ကသတ္မွတ္လိုက္ပါတယ္။ စစ္အုပ္ခ်ဳပ္ေရးအျဖစ္ သတ္မွတ္ခံထားရတဲ့ၿမိဳ႕နယ္တခ်ိဳ႕မွာ ညမထြက္ရအမိန႔္ထုတ္ ကန႔္သတ္ခ်က္ပါရွိတာမို႔ စစ္ေရးပဋိပကၡရွိတဲ့နယ္ေျမေတြမွာ စစ္ဆင္ေရးေတြပိုတိုးလာႏိုင္ပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို နန္းေလာင္ဝ္က တင္ျပေပးထားပါတယ္။
ခ်င္း၊ ကယား၊ မြန္နဲ႔ ကရင္ျပည္နယ္၊ စစ္ကိုင္း၊ မေကြး၊ ပဲခူးနဲ႔ တနသၤာရီတိုင္းတို႔မွာရွိတဲ့ ၿမိဳ႕ နယ္ေပါင္း ၃၇ ၿမိဳ႕နယ္မွာ စစ္အုပ္ခ်ဳပ္ေရး (Martial Law) အမိန႔္ကို ေဖေဖာ္ဝါရီလ ၂ ရက္၊ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔မွာ စစ္ေကာင္စီဘက္က ထုတ္ျပန္ခဲ့ပါတယ္။ သတ္မွတ္နယ္ေျမအတြင္း လုံၿခဳံေရး၊ တရားဥပေဒစိုးမိုးေရးနဲ႔ နယ္ေျမေအးခ်မ္းသာယာေရးကို ထိထိေရာက္ေရာက္ ေဆာင္႐ြက္ႏိုင္ဖို႔ဆိုတဲ့ရည္႐ြယ္ခ်က္နဲ႔ အုပ္ခ်ဳပ္ေရးနဲ႔ တရားစီရင္ေရးဆိုင္ရာ စစ္အုပ္ခ်ဳပ္ေရးအာဏာကို က်င့္သုံးဖို႔ဆိုၿပီး စစ္ေကာင္စီရဲ႕ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ အခုလို Martial Law ထုတ္ျပန္လိုက္တဲ့အေပၚ ျပည္ေထာင္စုေရွ႕ေနမ်ားအဖြဲ႔ဥကၠ႒၊ တရားလႊတ္ေတာ္ ေရွ႕ေနႀကီး ဦးႀကီးျမင့္ကေတာ့ ဒါက ျပည္သူေတြကို ေျခာက္လွန႔္လိုက္တာျဖစ္တယ္လို႔ သုံးသပ္ထားပါတယ္။
"Martial Law ထုတ္တယ္ဆိုတာေတာ့ အဓိက ျပည္သူေတြကို ေျခာက္တာေပါ့ဗ်ာ။ Martial Law မလာလည္း Martial Law လို လုပ္ေနတာပဲေလ။ ဒါေပမဲ့ ထပ္ၿပီးတာ့ ေျခာက္လိုက္တာေပါ့ဗ်ာ။ သူတို႔လူေတြကိုလည္း ရဲေဆးတင္ေပးလိုက္တာေပါ့။ မင္းတို႔လုပ္ခ်င္တာလုပ္ေတာ့၊ ဘာမွ ေၾကာက္စရာမလိုဘူး။ ဒီလို ျပည္သူကိုက် ေျခာက္ၿပီး သူတို႔လူေတြကိုက် ရဲေဆးတင္ေပးလိုက္တာေပါ့။ ဒါေပမဲ့ ဗမာျပည္တြင္းနဲ႔ ျပည္ပမွာေတာ့ လုံးဝသိကၡာက်သြားၿပီ။ သူတို႔ မအုပ္ခ်ဳပ္ႏိုင္ဘူးဆိုတာ ထင္ရွားသြားတာေပါ့။"
စစ္တပ္အာဏာသိမ္း ကာလ ၂ ႏွစ္ျပည့္ခ်ိန္မွာ တိုင္းျပည္ရဲ႕အေျခအေန ပုံမွန္မေရာက္ေသးလို႔ အေရးေပၚအေျခအေန ေနာက္ထပ္ ၆ လ သက္တမ္းတိုးခဲ့ၿပီး စစ္ေကာင္စီဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ႏိုင္ငံတြင္းက ၿမိဳ႕နယ္ေပါင္း ၁၃၂ ၿမိဳ႕နယ္ကို လုံၿခဳံေရးအျပည့္အဝ ထိန္းခ်ဳပ္ႏိုင္ျခင္းမရွိဘူးလို႔ ေျပာထားပါတယ္။ ေတာ္လွန္ေရးအင္အားစုေတြအားေကာင္းတဲ့ စစ္ကိုင္းတိုင္းထဲမွာလည္း ၁၁ ၿမိဳ႕နယ္ကို Martial Law သတ္မွတ္ထားတာပါ။ အင္းေတာ္၊ ဗန္းေမာက္၊ ေကာလင္း၊ ပင္လယ္ဘူး၊ ေျမာင္၊ ဆားလင္းႀကီး၊ ပုလဲ၊ ယင္းမာပင္၊ ခင္ဦးနဲ႔တန႔္ဆည္အပါအဝင္ ေရဦးၿမိဳ႕နယ္တို႔ ျဖစ္ပါတယ္။ ယင္းမာပင္ ၿမိဳ႕နယ္မွာေတာ့ အေျပာင္းအလဲ ႀကီးႀကီးမားမား မရွိေသးဘဲ စစ္ေကာင္စီဘက္က ပုံမွန္အတိုင္း စစ္ေၾကာင္းထိုးတာေတြပဲ ဆက္ရွိေနတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။
"စစ္ကိုင္းတိုင္းထဲကို Martial Law ထုတ္ၿပီးေတာ့ ေလာေလာဆယ္ေတာ့ အခု ဖိုဝင္ေတာင္ဘက္မွာ စစ္ေၾကာင္းထိုးေနတယ္။ စစ္ေၾကာင္းေတြက ဒီဘက္မွာ လွည့္ပတ္ထိုးေနတုန္းပဲ။ ဒီၾကားထဲမွာ စစ္ေၾကာင္းထိုးေနေတာ့ Martial Law ထုတ္ထားလည္း ဘာအေျပာင္းအလဲမွ မရွိေသးပါဘူး။"
ခ်င္းျပည္နယ္မွာလည္း တီးတိန္၊ တြန္းဇံ၊ ဖလမ္း၊ ကန္ပက္လက္၊ မတူပီနဲ႔ ထန္တလန္အပါအဝင္ ဟားခါးၿမိဳ႕နယ္တို႔ကို စစ္အုပ္ခ်ဳပ္ေရး အမိန႔္ထုတ္ျပန္ထားပါတယ္။ အမိန႔္ထုတ္ၿပီး ေနာက္တေန႔မွာပဲ ညမထြက္ရ အမိန႔္ကိုလည္း ရပ္ကြက္ေတြထဲမွာ လိုက္လံသတိေပးတာေတြ ရွိတယ္လို႔ ဟားခါးေဒသခံတဦးက ေျပာပါတယ္။
"အကုန္လုံးကေတာ့ သိပ္ေတာ့ မေမွာင္ေသးဘူးဆိုေပမဲ့ အရင္ကဆို က်ေနာ္တို႔ မနက္ ၅ နာရီ၊ ၅ နာရီခြဲဆို ဆိုင္ဖြင့္ဖို႔သြားတယ္။ အခု အဲလိုမ်ိဳး သြားလို႔မရေတာ့ဘူးေပါ့။ ၆ နာရီေက်ာ္မွပဲ ထြက္ခြင့္ျပဳတာဆိုေတာ့ မနက္ပိုင္းကို ၆ နာရီေက်ာ္မွပဲ ထြက္ရတာေပါ့။ ညေနဆိုရင္လည္း လင္းေနေသးေပမယ့္ ၅ နာရီခြဲေလာက္ ျပန္တာတို႔ အဲလိုလုပ္ရတာေပါ့။"
ခ်င္းျပည္နယ္က မင္းတပ္ၿမိဳ႕ကိုေတာ့ ၂၀၂၁ ခုႏွစ္၊ ေမလကတည္းက စစ္အုပ္ခ်ဳပ္ေရး သတ္မွတ္ထားတာပါ။ စစ္အုပ္ခ်ဳပ္ေရး သတ္မွတ္ထားတဲ့ ၿမိဳ႕နယ္ေတြမွာ ညမထြက္ရအမိန႔္အျပင္ လူ ၅ ဦးထက္ပိုၿပီး မစုေဝးရဆိုတဲ့ ကန႔္သတ္ခ်က္ေတြကိုလည္း ၿမိဳ႕နယ္အေတာ္မ်ားမ်ားမွာ လိုက္လံေၾကညာထားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ စစ္အုပ္ခ်ဳပ္ေရးနဲ႔ တရားစီရင္ေရးကိစၥေတြကို Martial Law ထုတ္ထားတဲ့ ၿမိဳ႕နယ္ေတြမွာ စစ္ခုံ႐ုံးကသာ ဆုံးျဖတ္မွာျဖစ္ၿပီး အဲဒီၿမိဳ႕နယ္ေတြမွာ တရားဥပေဒစိုးမိုးမႈ လုံးဝမရွိေတာ့ဘူးလို႔ ေရွ႕ေန ဦးႀကီးျမင့္က ေထာက္ျပပါတယ္။
"အဲဒီ ေနရာေတြမွာေတာ့ တရားဥပေဒစိုးမိုးမႈက လုံးဝဆိတ္သုဥ္းသြားၿပီေပါ့ေနာ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ စစ္ခုံ႐ုံးေတြ ဖြဲ႔ေတာ့မွာေလ။ ညမထြက္ရအမိန႔္ေတြလည္း သူတို႔ထုတ္မယ္။ လူ ၅ ေယာက္ထက္ ပိုမစုရဆိုတာေတြ။ မသကၤာရင္ ပစ္သတ္မယ္၊ ဖမ္းမယ္။ လူ႔အခြင့္အေရး ကိစၥမ်ိဳးေတြ မေျပာနဲ႔။ ဘာမွ အေျပာမခံဘူး။"
စစ္အုပ္ခ်ဳပ္ေရးအာဏာ က်င့္သုံးႏိုင္တဲ့ အခု ၿမိဳ႕နယ္ ၃၇ ၿမိဳ႕နယ္အပါအဝင္ စစ္အာဏာသိမ္းၿပီး အေစာပိုင္းမွာလည္း ရန္ကုန္တိုင္းထဲက လႈိင္သာယာ၊ ေ႐ႊျပည္သာ၊ ေျမာက္ဒဂုံ၊ ေတာင္ဒဂုံ၊ ဒဂုံဆိပ္ကမ္း နဲ႔ ေျမာက္ဥကၠလာပ ၿမိဳ႕နယ္တို႔ကို Martial Law ထုတ္ျပန္ထားပါတယ္။
==================
[[Unicode]]
စစ်အုပ်ချုပ်ရေးက ပြသလိုက်တဲ့ တိုင်းပြည် အခြေအနေ
အာဏာသိမ်းကာလ ၂ နှစ်ပြည့်ချိန်မှာ နိုင်ငံအဝှန်းတိုင်းနဲ့ပြည်နယ် ၈ ခုက မြို့ နယ်ပေါင်း ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး Martial Law အဖြစ် မြန်မာစစ်တပ်ကသတ်မှတ်လိုက်ပါတယ်။ စစ်အုပ်ချုပ်ရေးအဖြစ် သတ်မှတ်ခံထားရတဲ့မြို့နယ်တချို့မှာ ညမထွက်ရအမိန့်ထုတ် ကန့်သတ်ချက်ပါရှိတာမို့ စစ်ရေးပဋိပက္ခရှိတဲ့နယ်မြေတွေမှာ စစ်ဆင်ရေးတွေပိုတိုးလာနိုင်ပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။
ချင်း၊ ကယား၊ မွန်နဲ့ ကရင်ပြည်နယ်၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးနဲ့ တနင်္သာရီတိုင်းတို့မှာရှိတဲ့ မြို့ နယ်ပေါင်း ၃၇ မြို့နယ်မှာ စစ်အုပ်ချုပ်ရေး (Martial Law) အမိန့်ကို ဖေဖော်ဝါရီလ ၂ ရက်၊ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပါတယ်။ သတ်မှတ်နယ်မြေအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေအေးချမ်းသာယာရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးဖို့ဆိုပြီး စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အခုလို Martial Law ထုတ်ပြန်လိုက်တဲ့အပေါ် ပြည်ထောင်စုရှေ့နေများအဖွဲ့ဥက္ကဋ္ဌ၊ တရားလွှတ်တော် ရှေ့နေကြီး ဦးကြီးမြင့်ကတော့ ဒါက ပြည်သူတွေကို ခြောက်လှန့်လိုက်တာဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။
"Martial Law ထုတ်တယ်ဆိုတာတော့ အဓိက ပြည်သူတွေကို ခြောက်တာပေါ့ဗျာ။ Martial Law မလာလည်း Martial Law လို လုပ်နေတာပဲလေ။ ဒါပေမဲ့ ထပ်ပြီးတာ့ ခြောက်လိုက်တာပေါ့ဗျာ။ သူတို့လူတွေကိုလည်း ရဲဆေးတင်ပေးလိုက်တာပေါ့။ မင်းတို့လုပ်ချင်တာလုပ်တော့၊ ဘာမှ ကြောက်စရာမလိုဘူး။ ဒီလို ပြည်သူကိုကျ ခြောက်ပြီး သူတို့လူတွေကိုကျ ရဲဆေးတင်ပေးလိုက်တာပေါ့။ ဒါပေမဲ့ ဗမာပြည်တွင်းနဲ့ ပြည်ပမှာတော့ လုံးဝသိက္ခာကျသွားပြီ။ သူတို့ မအုပ်ချုပ်နိုင်ဘူးဆိုတာ ထင်ရှားသွားတာပေါ့။"
စစ်တပ်အာဏာသိမ်း ကာလ ၂ နှစ်ပြည့်ချိန်မှာ တိုင်းပြည်ရဲ့အခြေအနေ ပုံမှန်မရောက်သေးလို့ အရေးပေါ်အခြေအနေ နောက်ထပ် ၆ လ သက်တမ်းတိုးခဲ့ပြီး စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတွင်းက မြို့နယ်ပေါင်း ၁၃၂ မြို့နယ်ကို လုံခြုံရေးအပြည့်အဝ ထိန်းချုပ်နိုင်ခြင်းမရှိဘူးလို့ ပြောထားပါတယ်။ တော်လှန်ရေးအင်အားစုတွေအားကောင်းတဲ့ စစ်ကိုင်းတိုင်းထဲမှာလည်း ၁၁ မြို့နယ်ကို Martial Law သတ်မှတ်ထားတာပါ။ အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လယ်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦးနဲ့တန့်ဆည်အပါအဝင် ရေဦးမြို့နယ်တို့ ဖြစ်ပါတယ်။ ယင်းမာပင် မြို့နယ်မှာတော့ အပြောင်းအလဲ ကြီးကြီးမားမား မရှိသေးဘဲ စစ်ကောင်စီဘက်က ပုံမှန်အတိုင်း စစ်ကြောင်းထိုးတာတွေပဲ ဆက်ရှိနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"စစ်ကိုင်းတိုင်းထဲကို Martial Law ထုတ်ပြီးတော့ လောလောဆယ်တော့ အခု ဖိုဝင်တောင်ဘက်မှာ စစ်ကြောင်းထိုးနေတယ်။ စစ်ကြောင်းတွေက ဒီဘက်မှာ လှည့်ပတ်ထိုးနေတုန်းပဲ။ ဒီကြားထဲမှာ စစ်ကြောင်းထိုးနေတော့ Martial Law ထုတ်ထားလည်း ဘာအပြောင်းအလဲမှ မရှိသေးပါဘူး။"
ချင်းပြည်နယ်မှာလည်း တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ ကန်ပက်လက်၊ မတူပီနဲ့ ထန်တလန်အပါအဝင် ဟားခါးမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ထားပါတယ်။ အမိန့်ထုတ်ပြီး နောက်တနေ့မှာပဲ ညမထွက်ရ အမိန့်ကိုလည်း ရပ်ကွက်တွေထဲမှာ လိုက်လံသတိပေးတာတွေ ရှိတယ်လို့ ဟားခါးဒေသခံတဦးက ပြောပါတယ်။
"အကုန်လုံးကတော့ သိပ်တော့ မမှောင်သေးဘူးဆိုပေမဲ့ အရင်ကဆို ကျနော်တို့ မနက် ၅ နာရီ၊ ၅ နာရီခွဲဆို ဆိုင်ဖွင့်ဖို့သွားတယ်။ အခု အဲလိုမျိုး သွားလို့မရတော့ဘူးပေါ့။ ၆ နာရီကျော်မှပဲ ထွက်ခွင့်ပြုတာဆိုတော့ မနက်ပိုင်းကို ၆ နာရီကျော်မှပဲ ထွက်ရတာပေါ့။ ညနေဆိုရင်လည်း လင်းနေသေးပေမယ့် ၅ နာရီခွဲလောက် ပြန်တာတို့ အဲလိုလုပ်ရတာပေါ့။"
ချင်းပြည်နယ်က မင်းတပ်မြို့ကိုတော့ ၂၀၂၁ ခုနှစ်၊ မေလကတည်းက စစ်အုပ်ချုပ်ရေး သတ်မှတ်ထားတာပါ။ စစ်အုပ်ချုပ်ရေး သတ်မှတ်ထားတဲ့ မြို့နယ်တွေမှာ ညမထွက်ရအမိန့်အပြင် လူ ၅ ဦးထက်ပိုပြီး မစုဝေးရဆိုတဲ့ ကန့်သတ်ချက်တွေကိုလည်း မြို့နယ်အတော်များများမှာ လိုက်လံကြေညာထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကိစ္စတွေကို Martial Law ထုတ်ထားတဲ့ မြို့နယ်တွေမှာ စစ်ခုံရုံးကသာ ဆုံးဖြတ်မှာဖြစ်ပြီး အဲဒီမြို့နယ်တွေမှာ တရားဥပဒေစိုးမိုးမှု လုံးဝမရှိတော့ဘူးလို့ ရှေ့နေ ဦးကြီးမြင့်က ထောက်ပြပါတယ်။
"အဲဒီ နေရာတွေမှာတော့ တရားဥပဒေစိုးမိုးမှုက လုံးဝဆိတ်သုဉ်းသွားပြီပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတော့ စစ်ခုံရုံးတွေ ဖွဲ့တော့မှာလေ။ ညမထွက်ရအမိန့်တွေလည်း သူတို့ထုတ်မယ်။ လူ ၅ ယောက်ထက် ပိုမစုရဆိုတာတွေ။ မသင်္ကာရင် ပစ်သတ်မယ်၊ ဖမ်းမယ်။ လူ့အခွင့်အရေး ကိစ္စမျိုးတွေ မပြောနဲ့။ ဘာမှ အပြောမခံဘူး။"
စစ်အုပ်ချုပ်ရေးအာဏာ ကျင့်သုံးနိုင်တဲ့ အခု မြို့နယ် ၃၇ မြို့နယ်အပါအဝင် စစ်အာဏာသိမ်းပြီး အစောပိုင်းမှာလည်း ရန်ကုန်တိုင်းထဲက လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း နဲ့ မြောက်ဥက္ကလာပ မြို့နယ်တို့ကို Martial Law ထုတ်ပြန်ထားပါတယ်။