သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ ဒုသမၼတနဲ႔ဇနီး Covid-19 ရွိမရွိ စမ္းသပ္ခံမည္


အေမရိကန္ ဒုသမၼတ Mike Pence. (ေဖေဖာ္ဝါရီ ၂၇၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ ဒုသမၼတ႐ုံးက ၀န္ထမ္းတဦးမွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္ေနေၾကာင္း ေတြ႔ရွိခဲ့တဲ့အတြက္ သူနဲ႔ သူ႔ဇနီးတုိ႔ ၂ ဦးကုိ ဗုိင္းရပ္စ္ပုိး ကူးစက္ျခင္းရွိမရွိ စမ္းသပ္ စစ္ေဆးသြားမယ္လုိ႔ စေနေန႔က အိမ္ျဖဴေတာ္မွာျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း ဒုသမၼတ Mike Pence က ေျပာၾကားခဲ့ပါတယ္။

“က်ေနာ့္အေနနဲ႔ ဗုိင္းရပ္စ္ပုိး ကူးစက္ခံရႏုိင္ေျခ မရွိခဲ့တာေၾကာင့္ စမ္းသပ္စရာ မလုိပါဘူးလုိ႔ အိမ္ျဖဴေတာ္က ဆရာ၀န္ေတြက ေျပာၾကေပမယ့္လည္း ဒုသမၼတ တဦး ျဖစ္ေနတာနဲ႔ ကုိ႐ုိနာဗုိင္းရပ္စ္ တုိက္ဖ်က္ေရးအဖြဲ႔ အႀကီးအကဲအျဖစ္ တာ၀န္ယူထားတဲ့သူတဦး ျဖစ္ေနတာေတြေၾကာင့္ က်ေနာ္နဲ႔ က်ေနာ့္ဇနီးတုိ႔ ၂ ဦးစလုံး ဒီကေန႔ ညေနေစာင္းမွာ ေရာဂါပုိးကူးစက္ျခင္း ရွိမရွိ စမ္းသပ္ခံၾကပါမယ္။”

အခု ေရာဂါပုိး ကူးစက္ေနတယ္ဆုိတဲ့ ဒုသမၼတ႐ုံးက ၀န္ထမ္းဟာ တနလၤာေန႔ကစလုိ႔ အိမ္ျဖဴေတာ္ကုိ မလာေတာ့ေၾကာင္း၊ သမၼတ Donald Trump နဲ႔ သူ ၂ ဦးစလုံးဟာ အဲဒီလူနဲ႔ နီးနီးကပ္ကပ္ ထိေတြ႔ဆက္ဆံခဲ့ျခင္း မရွိေၾကာင္းလည္း ဒုသမၼတ Pence က ေျပာပါတယ္။

၀ါရွင္တန္စံေတာ္ခ်ိန္ စေနေန႔ မြန္းလြဲပုိင္းက သတင္းစာရွင္းလင္းပြဲ က်င္းပခ်ိန္အထိ အေမရိကန္ႏုိင္ငံတ၀ွမ္း လူေပါင္း ႏွစ္သိန္းနီးပါးကုိ ကုိ႐ုိနာဗုိင္းရပ္စ္ပုိး ကူးစက္ျခင္းရွိမရွိ စမ္းသပ္စစ္ေဆးၿပီးေနၿပီလုိ႔ လက္ေထာက္က်န္းမာေရး၀န္ႀကီး Brett Giroir က သမၼတ Trump၊ ဒုသမၼတ Mike Pence တုိ႔နဲ႔အတူ အိမ္ျဖဴေတာ္မွာ က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

စေနေန႔ ညေနပုိင္းအထိ အေမရိကန္ျပည္ေထာင္စုမွာ Covid-19 ေၾကာင့္ ေသဆုံးသူ ၂၈၅ ေယာက္နဲ႔ ေရာဂါပုိး ကူးစက္ေနသူ ၂၄,၀၀၀ ေက်ာ္ ရွိေနၿပီ ျဖစ္ပါတယ္။ တကမၻာလုံးအတုိင္းအတာနဲ႔ေတာ့ ေသဆုံးသူ ၁၃,၀၀၀ နီးပါး ရွိေနၿပီး ကူးစက္ေနသူ အေရအတြက္ကေတာ့ သုံးသိန္းေက်ာ္သြားၿပီ ျဖစ္ပါတယ္။

ကန္ ဒုသမၼတနဲ႔ဇနီး Covid-19 ရွိမရွိ စမ္းသပ္ခံမည္
please wait

No media source currently available

0:00 0:01:10 0:00
တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

ကန် ဒုသမ္မတနဲ့ဇနီး Covid-19 ရှိမရှိ စမ်းသပ်ခံမည်

အမေရိကန် ဒုသမ္မတရုံးက ဝန်ထမ်းတဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေကြောင်း တွေ့ရှိခဲ့တဲ့အတွက် သူနဲ့ သူ့ဇနီးတို့ ၂ ဦးကို ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းရှိမရှိ စမ်းသပ် စစ်ဆေးသွားမယ်လို့ စနေနေ့က အိမ်ဖြူတော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

“ကျနော့်အနေနဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရနိုင်ခြေ မရှိခဲ့တာကြောင့် စမ်းသပ်စရာ မလိုပါဘူးလို့ အိမ်ဖြူတော်က ဆရာဝန်တွေက ပြောကြပေမယ့်လည်း ဒုသမ္မတ တဦး ဖြစ်နေတာနဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအဖွဲ့ အကြီးအကဲအဖြစ် တာဝန်ယူထားတဲ့သူတဦး ဖြစ်နေတာတွေကြောင့် ကျနော်နဲ့ ကျနော့်ဇနီးတို့ ၂ ဦးစလုံး ဒီကနေ့ ညနေစောင်းမှာ ရောဂါပိုးကူးစက်ခြင်း ရှိမရှိ စမ်းသပ်ခံကြပါမယ်။”

အခု ရောဂါပိုး ကူးစက်နေတယ်ဆိုတဲ့ ဒုသမ္မတရုံးက ဝန်ထမ်းဟာ တနင်္လာနေ့ကစလို့ အိမ်ဖြူတော်ကို မရောက်တော့ကြောင်း၊ သမ္မတ Donald Trump နဲ့ သူ ၂ ဦးစလုံးဟာ အဲဒီလူနဲ့ နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံခဲ့ခြင်း မရှိကြောင်းလည်း ဒုသမ္မတ Pence က ပြောပါတယ်။

ဝါရှင်တန်စံတော်ချိန် စနေနေ့ မွန်းလွဲပိုင်းက သတင်းစာရှင်းလင်းပွဲ ကျင်းပချိန်အထိ အမေရိကန်နိုင်ငံတဝှမ်း လူပေါင်း နှစ်သိန်းနီးပါးကို ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းရှိမရှိ စမ်းသပ်စစ်ဆေးပြီးနေပြီလို့ လက်ထောက်ကျန်းမာရေးဝန်ကြီး Brett Giroir က သမ္မတ Trump၊ ဒုသမ္မတ Mike Pence တို့နဲ့အတူ အိမ်ဖြူတော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

စနေနေ့ ညနေပိုင်းအထိ အမေရိကန်ပြည်ထောင်စုမှာ Covid-19 ကြောင့် သေဆုံးသူ ၂၈၅ ယောက်နဲ့ ရောဂါပိုး ကူးစက်နေသူ ၂၄,၀၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။ တကမ္ဘာလုံးအတိုင်းအတာနဲ့တော့ သေဆုံးသူ ၁၃,၀၀၀ နီးပါး ရှိနေပြီး ကူးစက်နေသူ အရေအတွက်ကတော့ သုံးသိန်းကျော်သွားပြီ ဖြစ်ပါတယ်။

XS
SM
MD
LG