သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီဒေသ တိုက်ပွဲတွေကြောင့် လူ ၅၀၀၀ ကျော် ထိုင်းနိုင်ငံဘက်တိမ်းရှောင်


ကယားပြည်နယ် (ဒေသအခေါ် ကရင်နီပြည်) ဖားဆောင်းမြို့နယ်၊ ကျောက်ပဲညိုကျေးရွာကို စစ်ကောင်စီက ဇူလိုင်လ ၉ ရက်နေ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ထိုင်းနယ်စပ် တဘက်ကမ်းကို ရောက်လာသူ စစ်ဘေးဒုက္ခသည်များ
ကယားပြည်နယ် (ဒေသအခေါ် ကရင်နီပြည်) ဖားဆောင်းမြို့နယ်၊ ကျောက်ပဲညိုကျေးရွာကို စစ်ကောင်စီက ဇူလိုင်လ ၉ ရက်နေ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ထိုင်းနယ်စပ် တဘက်ကမ်းကို ရောက်လာသူ စစ်ဘေးဒုက္ခသည်များ

စစ်ကောင်စီတပ်တွေနဲ့ ကရင်နီလူမျိုးစု တိုင်းလက်နက်ကိုင်တွေကြား ဒီလဆန်းပိုင်းကစလို့ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ထိုင်းနိုင်ငံဘက်ကို နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည် ၅,၀၀၀ ကျော် ရှိနေပြီလို့ ထိုင်းနိုင်ငံ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ပြည်နယ်၊ မဲ့စရင်း မြို့နယ်ကို ခိုလုံရောက်လာတဲ့ ဒုက္ခသည်တွေကြားမှာ သွေးလွန်တုတ်ကွေးနဲ့ ကူးဆက်ရောဂါတွေ ဖြစ်နေတယ်လို့လည်း ကျန်းမာရေးအဖွဲ့တွေက ပြောပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည်မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီလူမျိုးစု လက်နက်ကိုင်တပ်တွေကြား ဇူလိုင်လဆန်းကစပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး စစ်ကောင်စီဘက်က ကျေးရွာတွေကို လေကြောင်းကနေ တိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေတာတွေကြောင့် ဒေသခံကျေးရွာတွေက ရွာသားတွေ ထောင်နဲ့ချီ ထိုင်းဘက်ခြမ်းကို ဆက်တိုက် ထွက်ပြေးလာနေကြတာပါ။ ထိုင်းနိုင်ငံ၊ မဲ့စရင်းမြို့နယ်ထဲမှာ စစ်ဘေးရှောင်ဦးရေဟာ အခုဆိုရင် ၅၁၇၆ ရှိသွားပြီလို့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတဦးကလည်း ဗွီအိုအေကို ခုလို ပြောပါတယ်။

"၅၀၀၀ ကျော်ပြီး ထိုင်းဘက်ခြမ်း ဆောင်ဟင်ရွာဘက်ကို ရောက်တာပါ။ ကူးလို့ရတဲ့သူတွေပေါ့ ကူးလို့မရတဲ့သူတွေလည်း သံလွင်မြစ်ဘေးမှာ အများကြီး ကျန်သေးတယ်။ မယ်စဲ့၊ ပိန်သိမ်း၊ ကျောက်တူး သံလွင်အရှေ့ဘက်ခြမ်းကပေါ့။ ပန်သိမ်းဆိုတာက မယ်စဲ့ရဲ့ တရွာကျော်ပေါ့။ မယ်စဲ့မြို့နယ်ထဲမှာပေါ့ ဘောလခဲဘက်က စစ်ဘေးရှောင်တွေလည်း ပါတယ်။ ဖာဆောင်းဘက်က စစ်ရှောင်တွေလည်း ကူးလို့ရတဲ့သူ ကူးတာပေါ့။ ကူးလို့မရတဲ့သူတွေလည်း ကျန်သေးတယ်"

ကယားပြည်နယ် (ဒေသအခေါ် ကရင်နီပြည်) ဖားဆောင်းမြို့နယ်၊ ကျောက်ပဲညိုကျေးရွာကို စစ်ကောင်စီက ဇူလိုင်လ ၉ ရက်နေ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ထိုင်းနယ်စပ် တဘက်ကမ်းကို ရောက်လာသူ စစ်ဘေးဒုက္ခသည်များ
ကယားပြည်နယ် (ဒေသအခေါ် ကရင်နီပြည်) ဖားဆောင်းမြို့နယ်၊ ကျောက်ပဲညိုကျေးရွာကို စစ်ကောင်စီက ဇူလိုင်လ ၉ ရက်နေ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ထိုင်းနယ်စပ် တဘက်ကမ်းကို ရောက်လာသူ စစ်ဘေးဒုက္ခသည်များ

ဖားဆောင်းမြို့နယ်၊ ကျောက်ပဲညိုကျေးရွာကို စစ်ကောင်စီက ဇူလိုင်လ ၉ ရက်နေ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ စစ်ဘေး ဒုက္ခသည် အများအပြား သံလွင်မြစ်အနီး ထွက်ပြေးခဲ့ကြရသလို၊ ခုလို ထိုင်းနယ်စပ် တဘက်ကမ်းကို ရောက်လာသူတွေ ထောင်နဲ့ချီ ရှိနေတာပါ။ တချို့နေရာတွေ မှာတော့ ထိုင်းဘက်က ပေးမဝင်တာတွေလည်း ရှိတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

မဲစရင်းမြို့နယ်ထဲ ခိုလုံရောက်လာသူတွေကိုတော့ ထိုင်းဒေသခံတွေက ကျန်းမာရေး စောင့်ရှောက်မှု အပါအဝင် လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးနေတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။

"သံလွင်မြစ်ကို ကူးတာလည်း အခက်အခဲရှိတယ် ထိုင်းဘက်လည်းပေးမဝင်တော့ဘူး။ ဖာဆောင်း ဒီဘက်ကပ်နေတဲ့ ကျောက်တူးတို့ ဝမ်အောင်းတို့က ထိုင်းဘက်ကိုကူးမရဘူး။ ထိုင်းဘက်ခြမ်း ရောက်တာက မယ်စဲ့၊ နန့်မန်း၊ ဝမ်ကန် ဘီပီ ၁၄ ကလူတွေပါ။ သူတို့ အဲဒီဘက်မှာက တဲထိုးပြီး နေခိုင်းထားပါတယ်။"

ကရင်နီစစ်ဘေးရှောင်ပြည်သူတွေ အများစု ရောက်ရှိခိုလှုံလာတဲ့ မဲ့စရင်းမြို့နယ်ထဲက စစ်ရှောင်စခန်းတွေမှာ သွေးလွန်တုတ်ကွေးနဲ့ ကူးစက်ရောဂါတွေ ဖြစ်နေပြီး ကျန်းမာရေးအဖွဲ့တွေက အရေးပေါ် ဆေးဝါးကုသပေးနေကြပါတယ်။ ဒုက္ခသည်တွေကို ထိုင်းဘက်က အခုလို လူသားချင်းစာနာပြီး ခိုလုံခွင့်ပေးတာအပြင် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတာတွေအတွက် ထိုင်းအစိုးရကို ကျေးဇူးတင်ကြောင်း ကရင်နီလူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။

ကယားပြည်နယ် (ဒေသအခေါ် ကရင်နီပြည်) ဖားဆောင်းမြို့နယ်၊ ကျောက်ပဲညိုကျေးရွာကို စစ်ကောင်စီက ဇူလိုင်လ ၉ ရက်နေ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ထိုင်းနယ်စပ် တဘက်ကမ်းကို ရောက်လာသူ စစ်ဘေးဒုက္ခသည်များ
ကယားပြည်နယ် (ဒေသအခေါ် ကရင်နီပြည်) ဖားဆောင်းမြို့နယ်၊ ကျောက်ပဲညိုကျေးရွာကို စစ်ကောင်စီက ဇူလိုင်လ ၉ ရက်နေ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ထိုင်းနယ်စပ် တဘက်ကမ်းကို ရောက်လာသူ စစ်ဘေးဒုက္ခသည်များ

ကရင်နီဒေသတွင်း လက်ရှိတိုက်ပွဲတွေ ပြင်းထန်နေတဲ့ မယ်စဲ့မြို့ကို ကရင်နီ တပ်ပေါင်းစုက ထိန်းချုပ်ထားပြီး စစ်ကောင်စီ တပ်မ ၄၄ လက်အောက်ခံ တပ်တွေကလည်း စစ်ကြောင်းတွေ ထိုးနေတာကြောင့် အပြန်အလှန် တိုက်ပွဲတွေ ဖြစ်နေတာပါ။ ဖားဆောင်းပြည်သူ့ ကာကွယ်ရေးတပ်၊ ဘောလခဲ ပြည်သူ့ ကာကွယ်ရေးတပ်၊ လွိုင်ကော် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ဒေသခံ တိုင်းရင်းသား လက်နက်ကိုင်တွေ ပူးပေါင်းပြီး စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေတာမှာ မနေ့ ဇူလိုင်လ ၁၀ ရက်နေ့ကလည်း တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒေသခံတွေ အများအပြား ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG