သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏုိင္လြတ္လံုဥပေဒနဲ႔ တရားစြဲခံထားရသူ ၁၁၀ ေက်ာ္ရွိ


ဗိုလ္ခ်ဳပ္ေၾကး႐ုပ္စိုက္ထူသည္ကို ကန္႔ကြက္ရာမွ ႏုိင္လြတ္လံုဥပေဒျဖင့္ တရားစြဲၿပီး ေထာင္ခ်ခံခဲ့ရသည့္ ကရင္နီလူငယ္ေခါင္းေဆာင္မ်ား။ (ဓာတ္ပံု - ကရင္နီျပည္ လူငယ္မ်ားသမဂၢ) (ႏိုဝင္ဘာ ၇၊ ၂၀၁၉)

(Zawgyi/Unicode)

ႏုိင္လြတ္လံုဥပေဒနဲ႔ တရားစြဲထားတဲ့အမႈေပါင္း ၄၀ ေက်ာ္ရွိၿပီး တရားစြဲခံထားရသူ အေရအတြ က္ဟာလည္း ၁၁၀ ေက်ာ္သြားၿပီလို႔ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ဆိုင္ရာ လႈပ္ရွားမႈအဖြဲ႔ “အသံ” က ေျပာပါတယ္။

ဒီဥပေဒကို ျပင္ဆင္ မယ့္ ဥပေဒမူၾကမ္းကို ျပည္သူ႔လႊတ္ေတာ္မွာ တင္သြင္းလိုက္တဲ့ေန႔မွာပဲ အသံအဖြဲ႔က ထုတ္ျပန္ခ်က္တရပ္မွာ အခုလိုေျပာ ထားတာ ပါ။ ဒီဥပေဒနဲ႔ပတ္သက္လုိ႔ အဓိက ဘယ္အခ်က္ေတြကို ေဝဖန္ေထာက္ျပေနၾကတာပါလဲ … ဆက္သြယ္ေမးျမန္းထားတဲ့ မဆုမြန္ က ဆက္ေျပာျပပါမယ္။

အရပ္သားအစိုးရလက္ထက္ NLD လႊတ္ေတာ္ကိုယ္စားလွယ္အမ်ားစုရွိေနတဲ့ လႊတ္ေတာ္သက္တမ္းအတြင္းမွာပဲ ႏိုင္လြတ္လံုလို႔ အမ်ားသိတဲ့ ႏိုင္ငံသားမ်ား၏ ပုဂၢိဳလ္ဆိုင္ရာလြတ္လပ္မႈနွင့္ ပုဂၢိဳလ္ဆိုင္ရာလံုျခံဳမႈကို ကာကြယ္ေပးေရးဥပေဒကို၂၀၁၇ခုႏွစ္ မတ္လ ၈ရက္ေန႔က ျပည္ေထာင္စုလႊတ္ေတာ္မွာ အတည္ျပဳျပ႒ာန္းခဲ့တာပါ။ ဒီဥပေဒျပ႒ာန္းၿပီး သံုးႏွစ္နီးပါးကာလအတြင္းမွာပဲ ဒီႏိုင္လြတ္လံုဥပေဒနဲ႔ တရားစြဲဆိုခံရမႈေပါင္းက ၄၆မႈအထိရွိၿပီး တရားစြဲဆိုခံရသူေပါင္း ၁၁၃ဦးအထိရွိသြားၿပီလို႔ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ လႈပ္ရွားမႈအဖြဲ႔အသံက ဒီကေန႔ ေဖေဖာ္ဝါရီလ ၁၈ရက္ေန႔ ရက္စြဲနဲ႔ သတင္းထုတ္ျပန္တာပါ။ ႏိုင္လြတ္လံုဥပေဒနဲ႔ တရားစြဲခံရသူ အမ်ားစုကေတာ့ တက္ၾကြလႈပ္ရွားသူ၊ သတင္းမီဒီယာသမားေတြ၊ မတူကြဲျပားတဲ့ ႏုိင္ငံေရးပါတီဝင္ေတြနဲ႔ အရပ္သားျပည္သူ အမ်ားစုျဖစ္တယ္လို႔ အသံကေျပာပါတယ္။

အဓိက ဗိုလ္ခ်ဳပ္ေအာင္ဆန္း၊ ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေနာက္ အစိုးရ၊ လႊတ္ေတာ္၊ ႏိုင္ငံေရးပါတီေတြ၊ ႏုိင္ငံ့အၾကီးအကဲေတြကို ေဝဖန္မႈေတြနဲ႔ တရားစြဲဆိုမႈေတြက အမ်ားဆံုးျဖစ္တယ္လို႔ အသံအဖြဲ႔ရဲ႕သုေတသနမွဴး ကိုရဲေဝၿဖိဳးေအာင္ကေျပာပါတယ္။

“အမ်ားစုကေတာ့ ႏိုင္ငံေရးအရ ေဝဖန္မႈေတြနဲ႔ တရားစြဲဆိုခံရတာျဖစ္ပါတယ္။ ၿပီးတဲ့အခါမွာ အဲဒီမွာ အမ်ားဆံုးတရားစြဲသူေတြက အစိုးရရယ္၊ တပ္မေတာ္ရယ္၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရယ္ စတဲ့ ႏိုင္ငံေရးပါတီေတြ အာဏာရွိတဲ့အစုအဖြဲ႔ေတြ ကေနၿပီးေတာ့ အမ်ားဆံုးတရားစြဲဆိုတာကို ေတြ႔ရပါတယ္။ ေနာက္တခုကေတာ့ က်ေနာ္တုိ႔ အခ်က္အလက္ေတြထဲမွာေတာ့ ျပည္သူအခ်င္းခ်င္းကို တရားစြဲဆိုမႈေတြကိုလည္း ေတြ႔ရပါတယ္။ ဒါေပမယ့္ ျပည္သူအခ်င္းခ်င္း တရားစြဲဆိုမႈေတြကေတာ့ အမႈေတြလည္း နည္းသလို အစြဲခံရတာေတြလည္း နည္းပါတယ္။”

ဒီကေန႔မွာပဲ ျပည္သူ႔လႊတ္ေတာ္မွာ ျပင္ဆင္ဖို႔တင္သြင္းလာတဲ့ ႏုိင္လြတ္လံုဥပေဒပါ ဒီလြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ကို ခ်ိဳးေဖာက္တဲ့ ပုဒ္မ ၈(စ)ကို အဓိက ဖ်က္သိမ္းေပးဖို႔နဲ႔ ဥပေဒတခုလံုး ျပန္လည္သံုးသပ္သင့္တယ္လို႔လည္း အသံအဖြဲ႔က ေတာင္းဆိုပါတယ္။

“မူၾကမ္းထဲမွာ ပါတဲ့အခ်က္ေတြကို ၾကည့္ရင္ ဒီဥပေဒကို တကယ္ ေျပာင္းလဲႏိုင္မယ့္အခ်က္ေတြက မပါေသးဘူး။ ခုနကေျပာတဲ့ ပုဒ္မ ၈ (စ) ကို လံုး၀ပယ္ဖ်က္ဖို႔ဆိုတာက အရမ္းၾကီးဆံုးျဖစ္ေနၿပီ။ အကုန္လံုးက ၈ (စ) အေပၚမွာ အေျခခံၿပီးေတာ့ တရားစြဲခံထားရတာျဖစ္တယ္။ ဒါေၾကာင့္မို႔လို႔ ၈ (စ)ကို လံုး၀ ပယ္ဖ်က္ဖို႔ အေရးႀကီးတယ္။ အဲဒါမွ မပါဘူးဆိုရင္ ဒီဥပေဒက ဘယ္ေလာက္ပဲ ေျပာင္းလဲေျပာင္းလဲ အေပၚယံေျပာင္းတာပဲ ျဖစ္မွာပါ။”

ျပည္သူေတြရဲ႕လူပုဂၢိဳလ္ဆိုင္ရာလြတ္လပ္မႈ လံုျခံဳမႈကို ကာကြယ္ေပးရမယ့္အစား အေျခခံလူ႔အခြင့္အေ ရးနဲ႔ ႏုိင္ငံ သားတို႔ရဲ႕လံုျခံဳမႈ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ ဒီမိုကေရစီစံႏႈန္းေတြကို ေဖာက္ဖ်က္ေနတဲ့ဥပေဒတခုလိုျဖစ္ေနတဲ့အတြက္ ဒီဥပေဒပါ အခ်က္ေတြကို အေရးတၾကီးျပန္လည္စဥ္းစားသံုးသပ္သင့္ၿပီလို႔လည္း လူ႔အခြင့္အေရးလႈပ္ရွားသူ ညီမွ်ျခင္းျမန္မာအဖြဲ႔ရဲ႕ အမႈေဆာင္ဒါ႐ိုက္တာ ဦးေအာင္မ်ိဳးမင္းက အၾကံံျပဳပါတယ္။

“ ဥပေဒတခုမွာ က်ေန္ာတို႔ ခုနေျပာသလို Right To Privacy လို႔ေခၚတဲ့ ပုဂၢလိက လြတ္လပ္ခြင့္၊ တဦးခ်င္း လြတ္လပ္ခြင့္ကို အကာအကြယ္ေပးရမယ္။ ဒါေပမယ့္ ပုဂၢလိက လြတ္လပ္ခြင့္ေတြကို က်ေနာ္တို႔ အေၾကာင္းျပၿပီးေတာ့ ဒါေတြကို ဖိႏွိပ္မႈမရွိေအာင္ ကာကြယ္ေပးတဲ့ ဥပေဒျဖစ္ဖို႔ လိုအပ္သလို ေနာက္တခုက လိုရင္လိုသလို အဓိပၸါယ္ေတြဖြင့္ၿပီးေတာ့ လူတိုင္းကို တရားစြဲႏိုင္တဲ့ ဥပေဒမ်ိဳး မျဖစ္ေအာင္ ဒါကိုလုပ္ေပးဖို႔လည္းမရဘူး။ အဲဒီေတာ့ ဥေပဒ မွာပါတဲ့ ေပ်ာ့ကြက္ေတြ ဟာကြက္ေတြကို ျပန္ျပင္ႏိုင္ရင္ ဒီဥပေဒက အားေကာင္းတဲ့ ဥပေဒတခုလို ျဖစ္လာမယ္။ ၿပီးရင္ ဒါ တိက်ေလေလ က်ေနာ္တို႔ ကိုင္တြယ္ရလြယ္ေလေလ ျဖစ္ပါလိမ့္မယ္။”

ဒီကေန႔အထိ ႏိုင္လြတ္လံုဥပေဒနဲ႔ တရားစြဲဆိုခံရမႈ ၄၆မႈထဲမွာေတာ့ တပ္မေတာ္က တရားစြဲဆိုမႈ ၅မႈ၊ အစိုးရအဖြဲ႔နဲ႔ လႊတ္ေတာ္ကို ေဝဖန္လို႔ တရားစြဲဆိုမႈ ၁၅မႈ၊ ႏိုင္ငံေရးပါတီေတြက တရားစြဲဆိုမႈ ၉မႈ၊ ႏိုင္ငံေတာ္အတိုင္ပင္ခံနဲ႔ ဗိုလ္ခ်ဳပ္ေအာင္ဆန္ းကို ေဝဖန္လို႔ ၾကားလူက တရားစြဲဆိုမႈအပါအဝင္ ျပည္သူအခ်င္းခ်င္းတရားစြဲမႈေတြပါ ပါဝင္ၿပီး တက္ၾကြလႈပ္ရွားသူ ၁၂ဦး အရပ္သား ၇၅ဦးနဲ႔ သတင္းသမား ၄ဦး၊ ႏိုင္ငံေရးပါတီဝင္ ၁၅ဦး စသျဖင့္ ပါဝင္ပါတယ္။

လက္ရွိ ႏုိင္လြတ္လံုဥပေဒနဲ႔ တရားစြဲခံရရင္ အာမခံမရတဲ့အျပင္ ျပစ္ဒဏ္ေတြက အနည္းဆုံး ေထာင္ဒဏ္ ေျခာက္လမွ အမ်ားဆုံး ေထာင္ဒဏ္ သုံးႏွစ္အထိ က်ခံရမွာျဖစ္ၿပီး အနည္းဆုံးဒဏ္ေငြ သုံးသိန္းမွ အမ်ားဆုံးဒဏ္ေငြ ၁၅ သိန္း အထိ ခ်မွတ္ခံရႏိုင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

နိုင်လွတ်လုံဥပဒေနဲ့ တရားစွဲခံထားရသူ ၁၁၀ ကျော်ရှိ

(Unicode)

နိုင်လွတ်လုံဥပဒေနဲ့ တရားစွဲထားတဲ့အမှုပေါင်း ၄၀ ကျော်ရှိပြီး တရားစွဲခံထားရသူ အရေအတွ က်ဟာလည်း ၁၁၀ ကျော်သွားပြီလို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ လှုပ်ရှားမှုအဖွဲ့ “အသံ” က ပြောပါတယ်။ ဒီဥပဒေကို ပြင်ဆင် မယ့် ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်မှာ တင်သွင်းလိုက်တဲ့နေ့မှာပဲ အသံအဖွဲ့က ထုတ်ပြန်ချက်တရပ်မှာ အခုလိုပြော ထားတာ ပါ။ ဒီဥပဒေနဲ့ပတ်သက်လို့ အဓိက ဘယ်အချက်တွေကို ဝေဖန်ထောက်ပြနေကြတာပါလဲ … ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် က ဆက်ပြောပြပါမယ်။

အရပ်သားအစိုးရလက်ထက် NLD လွှတ်တော်ကိုယ်စားလှယ်အများစုရှိနေတဲ့ လွှတ်တော်သက်တမ်းအတွင်းမှာပဲ နိုင်လွတ်လုံလို့ အများသိတဲ့ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို၂၀၁၇ခုနှစ် မတ်လ ၈ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုပြဋ္ဌာန်းခဲ့တာပါ။ ဒီဥပဒေပြဋ္ဌာန်းပြီး သုံးနှစ်နီးပါးကာလအတွင်းမှာပဲ ဒီနိုင်လွတ်လုံဥပဒေနဲ့ တရားစွဲဆိုခံရမှုပေါင်းက ၄၆မှုအထိရှိပြီး တရားစွဲဆိုခံရသူပေါင်း ၁၁၃ဦးအထိရှိသွားပြီလို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့အသံက ဒီကနေ့ ဖေဖော်ဝါရီလ ၁၈ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်တာပါ။ နိုင်လွတ်လုံဥပဒေနဲ့ တရားစွဲခံရသူ အများစုကတော့ တက်ကြွလှုပ်ရှားသူ၊ သတင်းမီဒီယာသမားတွေ၊ မတူကွဲပြားတဲ့ နိုင်ငံရေးပါတီဝင်တွေနဲ့ အရပ်သားပြည်သူ အများစုဖြစ်တယ်လို့ အသံကပြောပါတယ်။

အဓိက ဗိုလ်ချုပ်အောင်ဆန်း၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နောက် အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံ့အကြီးအကဲတွေကို ဝေဖန်မှုတွေနဲ့ တရားစွဲဆိုမှုတွေက အများဆုံးဖြစ်တယ်လို့ အသံအဖွဲ့ရဲ့သုတေသနမှူး ကိုရဲဝေဖြိုးအောင်ကပြောပါတယ်။

“အများစုကတော့ နိုင်ငံရေးအရ ဝေဖန်မှုတွေနဲ့ တရားစွဲဆိုခံရတာဖြစ်ပါတယ်။ ပြီးတဲ့အခါမှာ အဲဒီမှာ အများဆုံးတရားစွဲသူတွေက အစိုးရရယ်၊ တပ်မတော်ရယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေရယ် စတဲ့ နိုင်ငံရေးပါတီတွေ အာဏာရှိတဲ့အစုအဖွဲ့တွေ ကနေပြီးတော့ အများဆုံးတရားစွဲဆိုတာကို တွေ့ရပါတယ်။ နောက်တခုကတော့ ကျနော်တို့ အချက်အလက်တွေထဲမှာတော့ ပြည်သူအချင်းချင်းကို တရားစွဲဆိုမှုတွေကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် ပြည်သူအချင်းချင်း တရားစွဲဆိုမှုတွေကတော့ အမှုတွေလည်း နည်းသလို အစွဲခံရတာတွေလည်း နည်းပါတယ်။”

ဒီကနေ့မှာပဲ ပြည်သူ့လွှတ်တော်မှာ ပြင်ဆင်ဖို့တင်သွင်းလာတဲ့ နိုင်လွတ်လုံဥပဒေပါ ဒီလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်တဲ့ ပုဒ်မ ၈(စ)ကို အဓိက ဖျက်သိမ်းပေးဖို့နဲ့ ဥပဒေတခုလုံး ပြန်လည်သုံးသပ်သင့်တယ်လို့လည်း အသံအဖွဲ့က တောင်းဆိုပါတယ်။

“မူကြမ်းထဲမှာ ပါတဲ့အချက်တွေကို ကြည့်ရင် ဒီဥပဒေကို တကယ် ပြောင်းလဲနိုင်မယ့်အချက်တွေက မပါသေးဘူး။ ခုနကပြောတဲ့ ပုဒ်မ ၈ (စ) ကို လုံးဝပယ်ဖျက်ဖို့ဆိုတာက အရမ်းကြီးဆုံးဖြစ်နေပြီ။ အကုန်လုံးက ၈ (စ) အပေါ်မှာ အခြေခံပြီးတော့ တရားစွဲခံထားရတာဖြစ်တယ်။ ဒါကြောင့်မို့လို့ ၈ (စ)ကို လုံး၀ ပယ်ဖျက်ဖို့ အရေးကြီးတယ်။ အဲဒါမှ မပါဘူးဆိုရင် ဒီဥပဒေက ဘယ်လောက်ပဲ ပြောင်းလဲပြောင်းလဲ အပေါ်ယံပြောင်းတာပဲ ဖြစ်မှာပါ။”


ပြည်သူတွေရဲ့လူပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှု လုံခြုံမှုကို ကာကွယ်ပေးရမယ့်အစား အခြေခံလူ့အခွင့်အေ ရးနဲ့ နိုင်ငံ သားတို့ရဲ့လုံခြုံမှု လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဒီမိုကရေစီစံနှုန်းတွေကို ဖောက်ဖျက်နေတဲ့ဥပဒေတခုလိုဖြစ်နေတဲ့အတွက် ဒီဥပဒေပါ အချက်တွေကို အရေးတကြီးပြန်လည်စဉ်းစားသုံးသပ်သင့်ပြီလို့လည်း လူ့အခွင့်အရေးလှုပ်ရှားသူ ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက အကြံံပြုပါတယ်။

“ ဥပဒေတခုမှာ ကျနေ်ာတို့ ခုနပြောသလို Right To Privacy လို့ခေါ်တဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်၊ တဦးချင်း လွတ်လပ်ခွင့်ကို အကာအကွယ်ပေးရမယ်။ ဒါပေမယ့် ပုဂ္ဂလိက လွတ်လပ်ခွင့်တွေကို ကျနော်တို့ အကြောင်းပြပြီးတော့ ဒါတွေကို ဖိနှိပ်မှုမရှိအောင် ကာကွယ်ပေးတဲ့ ဥပဒေဖြစ်ဖို့ လိုအပ်သလို နောက်တခုက လိုရင်လိုသလို အဓိပ္ပါယ်တွေဖွင့်ပြီးတော့ လူတိုင်းကို တရားစွဲနိုင်တဲ့ ဥပဒေမျိုး မဖြစ်အောင် ဒါကိုလုပ်ပေးဖို့လည်းမရဘူး။ အဲဒီတော့ ဥပေဒ မှာပါတဲ့ ပျော့ကွက်တွေ ဟာကွက်တွေကို ပြန်ပြင်နိုင်ရင် ဒီဥပဒေက အားကောင်းတဲ့ ဥပဒေတခုလို ဖြစ်လာမယ်။ ပြီးရင် ဒါ တိကျလေလေ ကျနော်တို့ ကိုင်တွယ်ရလွယ်လေလေ ဖြစ်ပါလိမ့်မယ်။”

ဒီကနေ့အထိ နိုင်လွတ်လုံဥပဒေနဲ့ တရားစွဲဆိုခံရမှု ၄၆မှုထဲမှာတော့ တပ်မတော်က တရားစွဲဆိုမှု ၅မှု၊ အစိုးရအဖွဲ့နဲ့ လွှတ်တော်ကို ဝေဖန်လို့ တရားစွဲဆိုမှု ၁၅မှု၊ နိုင်ငံရေးပါတီတွေက တရားစွဲဆိုမှု ၉မှု၊ နိုင်ငံတော်အတိုင်ပင်ခံနဲ့ ဗိုလ်ချုပ်အောင်ဆန် းကို ဝေဖန်လို့ ကြားလူက တရားစွဲဆိုမှုအပါအဝင် ပြည်သူအချင်းချင်းတရားစွဲမှုတွေပါ ပါဝင်ပြီး တက်ကြွလှုပ်ရှားသူ ၁၂ဦး အရပ်သား ၇၅ဦးနဲ့ သတင်းသမား ၄ဦး၊ နိုင်ငံရေးပါတီဝင် ၁၅ဦး စသဖြင့် ပါဝင်ပါတယ်။

လက်ရှိ နိုင်လွတ်လုံဥပဒေနဲ့ တရားစွဲခံရရင် အာမခံမရတဲ့အပြင် ပြစ်ဒဏ်တွေက အနည်းဆုံး ထောင်ဒဏ် ခြောက်လမှ အများဆုံး ထောင်ဒဏ် သုံးနှစ်အထိ ကျခံရမှာဖြစ်ပြီး အနည်းဆုံးဒဏ်ငွေ သုံးသိန်းမှ အများဆုံးဒဏ်ငွေ ၁၅ သိန်း အထိ ချမှတ်ခံရနိုင်ပါတယ်။

XS
SM
MD
LG