သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္ပေရာက္ျမန္မာေတြ ဌာေနျပန္ေရး အခက္ႀကံဳ


မေလးရွားႏိုင္ငံကေန ေနရပ္ျပန္လာၾကတဲ့ ျမန္မာႏိုင္ငံသားမ်ား။ (ဓာတ္ပံု -Myanmar Embassy in Kuala Lumpur, Malaysia - ၾသဂုတ္ ၂၆၊ ၂၀၂၀)

(Zawgyi / Unicode)

COVID-19 ကပ္ေရာဂါေဘး ကာလအတြင္း ျပည္ပေရာက္ ျမန္မာႏုိင္ငံသားေတြ ဌာေနျပန္ေရး အခက္ေတြ႔ေနၾကရဆဲ အေျခအေနေတြကို မသိဂႌထုိက္ စုစည္း တင္ျပေပးထားပါတယ္။

COVID-19 ကာလအတြင္း အလုပ္အကိုင္ အခြင့္အလမ္း နည္းလာတဲ့ ထိုင္းႏုိင္ငံကေန ျမန္မာႏုိင္ငံသား ေရႊ႕ေျပာင္းလုပ္သားေတြ ဌာေနျပန္လာလိုေပမယ့္လည္း ခရီးသြားလာေရး အခက္ေတြ႔ေနၾကရဆဲ ျဖစ္ပါတယ္။ အထူးသျဖင့္ ထုိင္းေရာက္ တရားမဝင္ ေရႊ႕ေျပာင္းအလုပ္သမားေတြ အတြက္ ခရီးစရိတ္ မတတ္ႏုိင္တာ ျဖစ္တယ္လို႔ ဒီရက္ပိုင္းအတြင္းပဲ ထိုင္းႏုိင္ငံကေန ျမန္မာႏုိင္ငံကို ျပန္လာတဲ့ မေအးထြန္းက ဗီြအိုေအကို ေျပာပါတယ္။

“ဘန္ေကာက္ကေန ျမဝတီကို ျပန္မယ္ဆိုရင္ ကားခ အနည္းဆံုးက ၄,၀၀၀၊ ဘန္ေကာက္ကေန မယ္ဆိုင္ဘက္ ျပန္မယ္ဆိုရင္ အနည္းဆံုး ၈,၀၀၀ လို႔ ၾကားတယ္ရွင့္။ လမ္းစရိတ္က အရမ္းကုန္ပါတယ္။ က်မ ၄,၀၀၀ သံုးခဲ့ရပါတယ္။ အဲဒါ နီးနီးေလးပဲ၊ နီးနီးေလးကေန လာတာ။”

မေအးထြန္းက ရွမ္းျပည္ ေျမာက္ပိုင္းကေန ထိုင္းဘက္မွာ တရားမဝင္ သြားေရာက္ အလုပ္လုပ္ေနသူပါ။ တရားမဝင္ ေရႊ႕ေျပာင္းေတြအတြက္ နယ္စပ္ကို ေရာက္လာခ်ိန္မွာ သံ႐ုံးဘက္က အျပည့္အဝ ကူညီေပးတယ္လို႔လည္း ေျပာပါတယ္။

“နယ္စပ္ကို ေရာက္လာခိ်န္မွာေတာ့ သံ႐ုံးဘက္က ေကာင္းေကာင္းမြန္မြန္ ထားတယ္။ အဲဒီဘက္ကေတာ့ အဆင္ေျပတယ္။ ဒါေပမယ့္ ဟိုဘက္ကေန ျပန္လာမယ့္သူက်ေတာ့ ဘာအေထာက္အထားမွ မရွိတဲ့သူက ခက္ခဲတယ္ရွင့္။ သံ႐ုံးက ကိုယ့္အစီအစဥ္နဲ႔ကိုယ္ ျပန္ခဲ့လို႔ ေျပာေတာ့ လမ္းမွာ အစစ္အေဆးရွိမွာ ေၾကာက္ရတယ္။ ၿပီးလို႔ရွိရင္ အေထာက္အထားမရွိတဲ့ အခါက်ေတာ့ ကားေတြဘာေတြ ငွားေတာ့ သူတို႔က ေအာက္လမ္းလို ျဖစ္ေနေတာ့ ပိုက္ဆံ ပိုေပးရပါတယ္။ အလုပ္အဆင္မေျပတဲ့ သူေတြဆိုရင္ မျပန္ႏုိင္ဘူး။ ျပန္ခ်င္ေပမယ့္ ပိုက္ဆံမရွိဘူး။”

ဒါက ထိုင္းေရာက္ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေတြရဲ႕ အေျခအေနပါ။

မေလးရွားေရာက္ ျမန္မာလုပ္သားေတြ အတြက္ေတာ့ အခက္အခဲေတြက ပိုၿပီး မ်ားပါတယ္။ အစိုးရစီစဥ္ေပးတဲ့ ကယ္ဆယ္ေရးေလယာဥ္ ခရီးစဥ္နဲ႔ လိုက္ပါခြင့္ရဖို႔အတြက္ ေစာင့္ဆိုင္းေနရသူ အမ်ားအျပား ရွိပါတယ္။ မေလးရွားက ျမန္မာလူမႈကူညီေရးအသင္းက ဦးစန္းဝင္းက တရားမဝင္ ျမန္မာအလုပ္သမားေတြ ဌာေနျပန္ေရး အေျခအေနကို ဗီြအိုေအကို ေျပာျပပါတယ္။

“အေၾကာင္းေၾကာင္းေၾကာင့္ ထိုင္းနယ္စပ္ကေန ခိုးဝင္ၿပီး လာၿပီး အလုပ္လုပ္ၾကတယ္ေပါ့။ အဲဒီ အလုပ္လုပ္ၾကတဲ့ လူေတြထဲမွာတင္ ဒါေတြကေတာ့ တရားမဝင္ Overstay လို႔ ေခၚတာေပါ့။ ၿပီးခဲ့တဲ့ ၁၅ ရက္ေန႔ကဆိုရင္ ႏွစ္ႏိုင္ငံ အစိုးရ ညႇိႏိႈင္းခ်က္အရဆိုရင္ အားလံုးေပါင္း သူတို႔ ၉၅ ေယာက္ပဲ ပါတယ္။ လူ ၁၀,၀၀၀ ေက်ာ္ စာရင္းေပးထားတဲ့ အထဲက။ ႏွစ္ႏုိင္ငံအစိုးရ ညႇိႏိႈင္းခ်က္အရ အဲဒီ ၉၅ ေယာက္ထဲမွာ မေလးရွားအစိုးရက ပံုမွန္ဒဏ္ေၾကး ၃,၁၀၀ သတ္မွတ္ထားေပမယ့္ ႏွစ္ႏုိင္ငံအစိုးရ ညႇိႏိႈင္းထားေတာ့ တျပားမွ ေပးစရာမလုိဘူး။ ေလယာဥ္လက္မွတ္ဖိုးပဲ ေပးၿပီး ျပန္သြားရတာပါ။”

မေလးရွားႏုိင္ငံမွာ တရားဝင္ အလုပ္လုပ္ေနသူေတြထဲမွာလည္း ဌာေနျပန္ႏုိင္ေရးအတြက္ အစိုးရရဲ႕ ေလယာဥ္ခရီးစဥ္ လုိက္ပါခြင့္ရဖို႔ ေစာင့္ဆိုင္းေနၾကရဆဲ ျဖစ္ပါတယ္။ ျမန္မာ ေရႊ႕ေျပာင္းအလုပ္သမားေတြ အမ်ားစု အလုပ္လုပ္ေနၾကတဲ့ မေလးရွားနဲ႔ ထုိုင္းႏုိင္ငံတင္ မဟုတ္ဘဲ စင္ကာပူေရာက္ ျမန္မာေတြလည္း ဌာေနျပန္ေရး ေစာင့္ဆိုင္းေနၾကရပါတယ္။ စင္ကာပူက အင္ဂ်င္နီယာ ကိုတိုးႂကြယ္ေအာင္က အခုလို ေျပာျပထားပါတယ္။

“သံ႐ုံးကစီစဥ္တဲ့ Relief Flight ေတြေတာ့ ရွိတယ္။ သံ႐ုံးမွာ တန္းစီရတာ။”

ၿပီးခဲ့တဲ့ ေသာၾကာေန႔က ၂၂ ႀကိမ္ေျမာက္ Relief Flight အေနနဲ႔ စင္ကာပူကေန ျမန္မာ ေလယာဥ္ခရီးစဥ္အတြင္း ျမန္မာႏုိင္ငံသား ၁၅၀ လိုက္ပါသြားပါတယ္။ အခုလာမယ့္ ၂၃ ရက္ေန႔ ေသာၾကာေန႔ ေလယာဥ္ခရီးစဥ္ လိုက္ပါခြင့္ရသူ ၃၀၀ ဦးရဲ႕ စာရင္းကို စင္ကာပူ ျမန္မာသံ႐ုံးက ထုတ္ျပန္ထားပါတယ္။

COVID-19 ျဖစ္ပြားမႈ မ်ားေနတဲ့ ျမန္မာႏုိင္ငံက ႏုိင္ငံတကာ ေလေၾကာင္းခရီးစဥ္ေတြ ရပ္ဆိုင္းထားတာနဲ႔ အတူပဲ ဌာေနျပန္လိုတဲ့ ႏုိင္ငံသားေတြ အစိုးရရဲ႕ ကယ္ဆယ္ေရးေလယာဥ္ ခရီးစဥ္ေတြကို အားကိုးေနၾကရတာပါ။ တရားဝင္ေရာ တရားမဝင္ပါ သိန္းခ်ီ အလုပ္လုပ္ကုိင္ေနတဲ့ ထိုင္းနဲ႔ မေလးရွား အပါအဝင္ ကမၻာတဝန္း ေရာက္ေနၾကတဲ့ ျမန္မာႏုိင္ငံသားေတြၾကား ဌာေနျပန္လိုသူ အမ်ားအျပား ရွိေနေပမယ့္ အေရအတြက္ ဘယ္ေလာက္ရွိလဲ ဆိုတာေတာ့ အတိအက် မသိရပါဘူး။

ျပည္ပေရာက္ျမန္မာေတြ ဌာေနျပန္ေရး အခက္ႀကံဳ
please wait

No media source currently available

0:00 0:04:10 0:00
တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ပြည်ပရောက်မြန်မာတွေ ဌာနေပြန်ရေး အခက်ကြုံ

COVID-19 ကပ်ရောဂါဘေး ကာလအတွင်း ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ဌာနေပြန်ရေး အခက်တွေ့နေကြရဆဲ အခြေအနေတွေကို မသိင်္ဂီထိုက် စုစည်း တင်ပြပေးထားပါတယ်။

COVID-19 ကာလအတွင်း အလုပ်အကိုင် အခွင့်အလမ်း နည်းလာတဲ့ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားတွေ ဌာနေပြန်လာလိုပေမယ့်လည်း ခရီးသွားလာရေး အခက်တွေ့နေကြရဆဲ ဖြစ်ပါတယ်။ အထူးသဖြင့် ထိုင်းရောက် တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေ အတွက် ခရီးစရိတ် မတတ်နိုင်တာ ဖြစ်တယ်လို့ ဒီရက်ပိုင်းအတွင်းပဲ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာတဲ့ မအေးထွန်းက ဗွီအိုအေကို ပြောပါတယ်။

“ဘန်ကောက်ကနေ မြဝတီကို ပြန်မယ်ဆိုရင် ကားခ အနည်းဆုံးက ၄,၀၀၀၊ ဘန်ကောက်ကနေ မယ်ဆိုင်ဘက် ပြန်မယ်ဆိုရင် အနည်းဆုံး ၈,၀၀၀ လို့ ကြားတယ်ရှင့်။ လမ်းစရိတ်က အရမ်းကုန်ပါတယ်။ ကျမ ၄,၀၀၀ သုံးခဲ့ရပါတယ်။ အဲဒါ နီးနီးလေးပဲ၊ နီးနီးလေးကနေ လာတာ။”

မအေးထွန်းက ရှမ်းပြည် မြောက်ပိုင်းကနေ ထိုင်းဘက်မှာ တရားမဝင် သွားရောက် အလုပ်လုပ်နေသူပါ။ တရားမဝင် ရွှေ့ပြောင်းတွေအတွက် နယ်စပ်ကို ရောက်လာချိန်မှာ သံရုံးဘက်က အပြည့်အဝ ကူညီပေးတယ်လို့လည်း ပြောပါတယ်။

“နယ်စပ်ကို ရောက်လာချိန်မှာတော့ သံရုံးဘက်က ကောင်းကောင်းမွန်မွန် ထားတယ်။ အဲဒီဘက်ကတော့ အဆင်ပြေတယ်။ ဒါပေမယ့် ဟိုဘက်ကနေ ပြန်လာမယ့်သူကျတော့ ဘာအထောက်အထားမှ မရှိတဲ့သူက ခက်ခဲတယ်ရှင့်။ သံရုံးက ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်ခဲ့လို့ ပြောတော့ လမ်းမှာ အစစ်အဆေးရှိမှာ ကြောက်ရတယ်။ ပြီးလို့ရှိရင် အထောက်အထားမရှိတဲ့ အခါကျတော့ ကားတွေဘာတွေ ငှားတော့ သူတို့က အောက်လမ်းလို ဖြစ်နေတော့ ပိုက်ဆံ ပိုပေးရပါတယ်။ အလုပ်အဆင်မပြေတဲ့ သူတွေဆိုရင် မပြန်နိုင်ဘူး။ ပြန်ချင်ပေမယ့် ပိုက်ဆံမရှိဘူး။”

ဒါက ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေအနေပါ။

မလေးရှားရောက် မြန်မာလုပ်သားတွေ အတွက်တော့ အခက်အခဲတွေက ပိုပြီး များပါတယ်။ အစိုးရစီစဉ်ပေးတဲ့ ကယ်ဆယ်ရေးလေယာဉ် ခရီးစဉ်နဲ့ လိုက်ပါခွင့်ရဖို့အတွက် စောင့်ဆိုင်းနေရသူ အများအပြား ရှိပါတယ်။ မလေးရှားက မြန်မာလူမှုကူညီရေးအသင်းက ဦးစန်းဝင်းက တရားမဝင် မြန်မာအလုပ်သမားတွေ ဌာနေပြန်ရေး အခြေအနေကို ဗွီအိုအေကို ပြောပြပါတယ်။

“အကြောင်းကြောင်းကြောင့် ထိုင်းနယ်စပ်ကနေ ခိုးဝင်ပြီး လာပြီး အလုပ်လုပ်ကြတယ်ပေါ့။ အဲဒီ အလုပ်လုပ်ကြတဲ့ လူတွေထဲမှာတင် ဒါတွေကတော့ တရားမဝင် Overstay လို့ ခေါ်တာပေါ့။ ပြီးခဲ့တဲ့ ၁၅ ရက်နေ့ကဆိုရင် နှစ်နိုင်ငံ အစိုးရ ညှိနှိုင်းချက်အရဆိုရင် အားလုံးပေါင်း သူတို့ ၉၅ ယောက်ပဲ ပါတယ်။ လူ ၁၀,၀၀၀ ကျော် စာရင်းပေးထားတဲ့ အထဲက။ နှစ်နိုင်ငံအစိုးရ ညှိနှိုင်းချက်အရ အဲဒီ ၉၅ ယောက်ထဲမှာ မလေးရှားအစိုးရက ပုံမှန်ဒဏ်ကြေး ၃,၁၀၀ သတ်မှတ်ထားပေမယ့် နှစ်နိုင်ငံအစိုးရ ညှိနှိုင်းထားတော့ တပြားမှ ပေးစရာမလိုဘူး။ လေယာဉ်လက်မှတ်ဖိုးပဲ ပေးပြီး ပြန်သွားရတာပါ။”

မလေးရှားနိုင်ငံမှာ တရားဝင် အလုပ်လုပ်နေသူတွေထဲမှာလည်း ဌာနေပြန်နိုင်ရေးအတွက် အစိုးရရဲ့ လေယာဉ်ခရီးစဉ် လိုက်ပါခွင့်ရဖို့ စောင့်ဆိုင်းနေကြရဆဲ ဖြစ်ပါတယ်။ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ အများစု အလုပ်လုပ်နေကြတဲ့ မလေးရှားနဲ့ ထိုင်းနိုင်ငံတင် မဟုတ်ဘဲ စင်ကာပူရောက် မြန်မာတွေလည်း ဌာနေပြန်ရေး စောင့်ဆိုင်းနေကြရပါတယ်။ စင်ကာပူက အင်ဂျင်နီယာ ကိုတိုးကြွယ်အောင်က အခုလို ပြောပြထားပါတယ်။

“သံရုံးကစီစဉ်တဲ့ Relief Flight တွေတော့ ရှိတယ်။ သံရုံးမှာ တန်းစီရတာ။”

ပြီးခဲ့တဲ့ သောကြာနေ့က ၂၂ ကြိမ်မြောက် Relief Flight အနေနဲ့ စင်ကာပူကနေ မြန်မာ လေယာဉ်ခရီးစဉ်အတွင်း မြန်မာနိုင်ငံသား ၁၅၀ လိုက်ပါသွားပါတယ်။ အခုလာမယ့် ၂၃ ရက်နေ့ သောကြာနေ့ လေယာဉ်ခရီးစဉ် လိုက်ပါခွင့်ရသူ ၃၀၀ ဦးရဲ့ စာရင်းကို စင်ကာပူ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။

COVID-19 ဖြစ်ပွားမှု များနေတဲ့ မြန်မာနိုင်ငံက နိုင်ငံတကာ လေကြောင်းခရီးစဉ်တွေ ရပ်ဆိုင်းထားတာနဲ့ အတူပဲ ဌာနေပြန်လိုတဲ့ နိုင်ငံသားတွေ အစိုးရရဲ့ ကယ်ဆယ်ရေးလေယာဉ် ခရီးစဉ်တွေကို အားကိုးနေကြရတာပါ။ တရားဝင်ရော တရားမဝင်ပါ သိန်းချီ အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနဲ့ မလေးရှား အပါအဝင် ကမ္ဘာတဝန်း ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေကြား ဌာနေပြန်လိုသူ အများအပြား ရှိနေပေမယ့် အရေအတွက် ဘယ်လောက်ရှိလဲ ဆိုတာတော့ အတိအကျ မသိရပါဘူး။

XS
SM
MD
LG