သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မဲဆြယ္စည္းရံုးမႈမ်ား ကပ္ေဘးစည္းမ်ဥ္းလိုက္နာမႈ အားနည္း


[Zawgyi/Unicode]

၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္းေတြရဲ႕မဲဆြယ္စည္း႐ုံးေရးကာလ ပထမဦးဆုံးေန႔မွာ ကပ္ေရာဂါကာကြယ္ေရး စည္းမ်ဥ္းေတြကို လိုက္နာရာမွာ အားနည္းေနတယ္လို႔ ေ႐ြးေကာက္ပြဲေစာင့္ၾကည့္သူေတြက ေထာက္ျပေျပာဆိုထားပါတယ္။ ဒီအေၾကာင္းကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္စုစုက တင္ဆက္ေပးမွာပါ။

ႏိုဝင္ဘာ ၈ ရက္ေန႔မွာ က်င္းပမယ့္ အေထြေထြေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္စည္း႐ုံးေရးကာလ ရက္ေပါင္း ၆၀ ဟာ ဒီကေန႔မွာ စတင္လာပါၿပီ။ ကပ္ေရာဂါကာလမွာ မဲဆြယ္စည္း႐ုံးရမွာျဖစ္လို႔ ဒီလုပ္ငန္းေတြကို ေဆာင္႐ြက္ရာမွာ လိုက္နာရမယ့္အခ်က္ေတြကို က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ခ်မွတ္ေပးထားၿပီး မိမိေနအိမ္တြင္းသာေနထိုင္ေရး အစီအစဥ္ သတ္မွတ္ထားတဲ့ ၿမိဳ႕နယ္အတြင္း မဲဆြယ္စည္း႐ုံးတာ လုံးဝမလုပ္ဖို႔ကိုလည္း တားျမစ္ထားပါတယ္။

အခုလိုကပ္ေရာဂါ ထိန္းခ်ဳပ္ကာကြယ္ႏိုင္ဖို႔အတြက္ ထုတ္ျပန္ထားတဲ့ ကန႔္သတ္ခ်က္ေတြၾကားကေန စည္း႐ုံးေရးကာလကို ေဆာင္႐ြက္ေနသူေတြအတြက္ အခက္အခဲရွိေနသလို၊ စည္း႐ုံးေရး ပထမေန႔အစမွာ က်န္းမာေရးဌာနၫႊန္ၾကားခ်က္ေတြအေပၚ လိုက္နာမႈအားနည္းတာေတြရွိေနတယ္လို႔ ေ႐ြးေကာက္ပြဲပညာေပး လႈပ္ရွားမႈအဖြဲ႕တခုျဖစ္တဲ့ ပၪၥမမ႑ိဳင္ရဲ႕ဒါ႐ိုက္တာ ဦးေနဝင္းႏိုင္က ေျပာပါတယ္။

“အခု အင္တာနက္ေပၚတက္လာတဲ့ ပုံေတြအရၾကည့္လို႔ရွိရင္ေတာ့ လိုက္နာမႈေတြအားနည္တာေပါ့။ အထူးသျဖင့္ ဒီေန႔လိုမ်ိဳး Campaign လူအမ်ားႀကီးေတြနဲ႔ လုပ္တဲ့ကိစၥမ်ိဳးမွာ အေယာက္ ၅၀ ထက္ မေက်ာ္ရဘူးဆိုတဲ့ဟာမ်ိဳးေတြလည္း ေက်ာ္သြားေကာင္းေက်ာ္သြားႏိုင္တယ္။ ေက်ာ္သြားတယ္လို႔လည္း က်ေနာ္တို႔ကျမင္ရတယ္။ အဲလိုမ်ိဳးကိစၥေတြနဲ႔ပတ္သက္ရင္ေတာ့ UEC က ဘယ္လိုမ်ိဳးဆက္ၿပီး ထုတ္ျပန္မလဲေတာ့ မသိဘူးေပါ့ေလ။ အဲေတာ့ အဲဒါမ်ိဳးနဲ႔ပတ္သက္ၿပီးေတာ့မွ UEC က ဘယ္လိုမ်ိဳးအေရးယူမယ္ဆိုတဲ့ကိစၥ၊ သို႔တည္းမဟုတ္ ဒီေဒသႏၲရအမိန႔္နဲ႔ပဲ ဆက္ၿပီးေတာ့မွသြားမလား မေျပာတတ္ဘူး။

အဲေတာ့ ပါတီေတြအတြက္ကလည္း တကယ္ေတာ့ ေဘးၾကပ္နံၾကပ္ ျဖစ္တာေပါ့ေလ။ ဘာေၾကာင့္လဲလို႔ေျပာတဲ့အခါမွာ သူတို႔ပါတီေအာင္ႏိုင္ေရးက လူထုေထာက္ခံမွရမွာကိုး။ အဲေတာ့ လူထုေထာက္ခံတယ္ဆိုတာက လူထုေတြက လူလုံးထြက္ျပမွ၊ သို႔တည္းမဟုတ္ တစုံတရာ Supporting ျပတဲ့အခါက်မွ သူတို႔က လူထုေထာက္ခံမႈဆိုတာျမင္ရတာေလ။ အဲလိုမ်ိဳးဆိုတဲ့အခါက်ေတာ့ ပါတီေတြလည္း ေဘးၾကပ္နံၾကပ္ ျဖစ္ေနတဲ့ သေဘာမွာေတာ့ ရွိပါတယ္ဗ်။”

လွည့္လည္မဲဆြယ္စည္း႐ုံးရာမွာ လိုက္နာရမယ့္အခ်က္ေတြထဲ လူစုလူေဝးမျဖစ္ေစဖို႔ကို အဓိက ဦးတည္ေဆာင္႐ြက္ဖို႔ သတိေပးထားပါတယ္။ အဲဒါအျပင္ မဲဆြယ္စည္း႐ုံးေရးကာလတေလွ်ာက္လုံးမွာ တဦးနဲ႔တဦး အနည္းဆုံး ၆ ေပအကြာရွိေနဖို႔နဲ႔ ေနရာအက်ယ္အဝန္းေပၚမူတည္ၿပီး လူ ၅၀ ထက္မပိုဘဲ ေဆာင္႐ြက္ရမယ္လို႔လည္း ကန႔္သတ္ထားပါတယ္။

မဲဆြယ္စည္း႐ုံးေရး ေဆာင္႐ြက္သူေတြအားလုံး က်န္းမာေရးၫႊန္ၾကားခ်က္ေတြကို လိုက္နာဖို႔လိုအပ္တယ္လို႔ ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ေရးအဖြဲ႕ဖန္တီးအိမ္ရဲ႕ ဒါ႐ိုက္တာ ေဒၚခင္ေလးငယ္က ေျပာပါတယ္။

“ဒီ Campaign လုပ္မယ့္လူေတြအေနနဲ႔ အဲဒါေတြကို လုပ္ဖို႔လိုအပ္တာေပါ့ေနာ္ တကယ္လို႔လုပ္မယ္ဆိုရင္ေတာ့။ ဒီေန႔ကေတာ့ ပထမဆုံးေန႔အေနနဲ႔ လူထုၾကားထဲမွာ ကိုယ့္ပါတီအေနနဲ႔ပဲ သူတို႔ဘယ္လိုလုပ္မယ္ ဆိုတာေလာက္ပဲ။ ပါတီကိုယ္စားလွယ္တေယာက္ရဲ႕ စည္း႐ုံးေရးမဲဆြယ္ပြဲတို႔ ဘာတို႔ အဲလိုသီးသန႔္လုပ္တာမ်ိဳးေတာ့ ဒီေန႔မေတြ႕ေသးဘူးရွင့္။”

က်န္းမာေရးၫႊန္ၾကားခ်က္ေတြကို စည္း႐ုံးေရးလႈပ္ရွားသူေတြသာ လိုက္နာရမွာမဟုတ္ဘဲ ကိုယ္အားေပးမယ့္ ပါတီနဲ႔ ကိုယ္စားလွယ္ေလာင္းေတြအေပၚေထာက္ခံမယ့္ျပည္သူေတြအေနနဲ႔လည္း မျဖစ္မေနလိုက္နာေဆာင္႐ြက္ဖို႔ အေရးႀကီးတဲ့အေၾကာင္း ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးကလည္း သတိေပးထားပါတယ္။

“ဒီအခ်ိန္မွာေတာ့ လူၾကားသူၾကားထဲ လူအုပ္စုထဲ မသြားတာေတာ့ အေကာင္းဆုံးျဖစ္ပါမယ္။ သြားရင္လည္း အကာအကြယ္ Mask ေတြ ဘာေတြဝတ္သြားပါ။ အဲဒီေနရာမွာ တခုေျပာခ်င္တာကေတာ့ Face Shield တခုတည္းဟာဆိုရင္ ေရာဂါကိုမကာကြယ္ႏိုင္ပါဘူး။ Face Shield ဟာဆိုရင္ မ်က္လုံးကိုေရာဂါပိုးပါတဲ့ အစက္အမႈန္ေတြ မစင္ေအာင္သာ ကာကြယ္ေပးတာျဖစ္ပါတယ္။ အဲဒါဆိုေတာ့ Mask ေရာ Face Shield ေရာ တပ္ထားျခင္းဟာ အေကာင္းဆုံးပါပဲ။ ဘယ္လိုမွမျဖစ္ရင္ေတာင္မွ Mask ကေတာ့ မျဖစ္မေနတပ္ရမွာ ျဖစ္ပါတယ္။ Face Shield တခုတည္းတပ္ၿပီးေတာ့ သြားလာလုပ္ကိုင္ေနတာက ဒီေရာဂါပိုးကို မကာကြယ္ႏိုင္ဘူးဆိုတဲ့အေၾကာင္း ေျပာခ်င္ပါတယ္။”

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က လာမယ့္ အေထြေထြေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္စည္း႐ုံးေရးကာလကို ဒီကေန႔ကစၿပီး ႏိုဝင္ဘာ ၆ရက္ ည ၁၂ နာရီအထိ ခြင့္ျပဳထားၿပီး ကိုဗစ္ကာလမွာ ထုတ္ျပန္ထားတဲ့ က်န္းမာေရးလမ္းၫႊန္ခ်က္ေတြကို အထူးအေလးထားလိုက္နာ ေဆာင္႐ြက္ဖို႔ တိုက္တြန္းထားပါတယ္။ လာမယ့္ေ႐ြးေကာက္ပြဲအတြက္ တသီးပုဂၢလနဲ႔ ႏိုင္ငံေရးပါတီ ၉၀ ေက်ာ္က လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၆,၉၆၉ ေယာက္ ဝင္ေရာက္ယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မဲဆွယ်စည်းရုံးမှုများ ကပ်ဘေးစည်းမျဉ်းလိုက်နာမှု အားနည်း

၂၀၂၀ ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့မဲဆွယ်စည်းရုံးရေးကာလ ပထမဦးဆုံးနေ့မှာ ကပ်ရောဂါကာကွယ်ရေး စည်းမျဉ်းတွေကို လိုက်နာရာမှာ အားနည်းနေတယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်သူတွေက ထောက်ပြပြောဆိုထားပါတယ်။ ဒီအကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက တင်ဆက်ပေးမှာပါ။

နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလ ရက်ပေါင်း ၆၀ ဟာ ဒီကနေ့မှာ စတင်လာပါပြီ။ ကပ်ရောဂါကာလမှာ မဲဆွယ်စည်းရုံးရမှာဖြစ်လို့ ဒီလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ လိုက်နာရမယ့်အချက်တွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ချမှတ်ပေးထားပြီး မိမိနေအိမ်တွင်းသာနေထိုင်ရေး အစီအစဉ် သတ်မှတ်ထားတဲ့ မြို့နယ်အတွင်း မဲဆွယ်စည်းရုံးတာ လုံးဝမလုပ်ဖို့ကိုလည်း တားမြစ်ထားပါတယ်။

အခုလိုကပ်ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ဖို့အတွက် ထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်တွေကြားကနေ စည်းရုံးရေးကာလကို ဆောင်ရွက်နေသူတွေအတွက် အခက်အခဲရှိနေသလို၊ စည်းရုံးရေး ပထမနေ့အစမှာ ကျန်းမာရေးဌာနညွှန်ကြားချက်တွေအပေါ် လိုက်နာမှုအားနည်းတာတွေရှိနေတယ်လို့ ရွေးကောက်ပွဲပညာပေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ ပဉ္စမမဏ္ဍိုင်ရဲ့ဒါရိုက်တာ ဦးနေဝင်းနိုင်က ပြောပါတယ်။

“အခု အင်တာနက်ပေါ်တက်လာတဲ့ ပုံတွေအရကြည့်လို့ရှိရင်တော့ လိုက်နာမှုတွေအားနည်တာပေါ့။ အထူးသဖြင့် ဒီနေ့လိုမျိုး Campaign လူအများကြီးတွေနဲ့ လုပ်တဲ့ကိစ္စမျိုးမှာ အယောက် ၅၀ ထက် မကျော်ရဘူးဆိုတဲ့ဟာမျိုးတွေလည်း ကျော်သွားကောင်းကျော်သွားနိုင်တယ်။ ကျော်သွားတယ်လို့လည်း ကျနော်တို့ကမြင်ရတယ်။ အဲလိုမျိုးကိစ္စတွေနဲ့ပတ်သက်ရင်တော့ UEC က ဘယ်လိုမျိုးဆက်ပြီး ထုတ်ပြန်မလဲတော့ မသိဘူးပေါ့လေ။ အဲတော့ အဲဒါမျိုးနဲ့ပတ်သက်ပြီးတော့မှ UEC က ဘယ်လိုမျိုးအရေးယူမယ်ဆိုတဲ့ကိစ္စ၊ သို့တည်းမဟုတ် ဒီဒေသန္တရအမိန့်နဲ့ပဲ ဆက်ပြီးတော့မှသွားမလား မပြောတတ်ဘူး။

အဲတော့ ပါတီတွေအတွက်ကလည်း တကယ်တော့ ဘေးကြပ်နံကြပ် ဖြစ်တာပေါ့လေ။ ဘာကြောင့်လဲလို့ပြောတဲ့အခါမှာ သူတို့ပါတီအောင်နိုင်ရေးက လူထုထောက်ခံမှရမှာကိုး။ အဲတော့ လူထုထောက်ခံတယ်ဆိုတာက လူထုတွေက လူလုံးထွက်ပြမှ၊ သို့တည်းမဟုတ် တစုံတရာ Supporting ပြတဲ့အခါကျမှ သူတို့က လူထုထောက်ခံမှုဆိုတာမြင်ရတာလေ။ အဲလိုမျိုးဆိုတဲ့အခါကျတော့ ပါတီတွေလည်း ဘေးကြပ်နံကြပ် ဖြစ်နေတဲ့ သဘောမှာတော့ ရှိပါတယ်ဗျ။”

လှည့်လည်မဲဆွယ်စည်းရုံးရာမှာ လိုက်နာရမယ့်အချက်တွေထဲ လူစုလူဝေးမဖြစ်စေဖို့ကို အဓိက ဦးတည်ဆောင်ရွက်ဖို့ သတိပေးထားပါတယ်။ အဲဒါအပြင် မဲဆွယ်စည်းရုံးရေးကာလတလျှောက်လုံးမှာ တဦးနဲ့တဦး အနည်းဆုံး ၆ ပေအကွာရှိနေဖို့နဲ့ နေရာအကျယ်အဝန်းပေါ်မူတည်ပြီး လူ ၅၀ ထက်မပိုဘဲ ဆောင်ရွက်ရမယ်လို့လည်း ကန့်သတ်ထားပါတယ်။

မဲဆွယ်စည်းရုံးရေး ဆောင်ရွက်သူတွေအားလုံး ကျန်းမာရေးညွှန်ကြားချက်တွေကို လိုက်နာဖို့လိုအပ်တယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ဖန်တီးအိမ်ရဲ့ ဒါရိုက်တာ ဒေါ်ခင်လေးငယ်က ပြောပါတယ်။

“ဒီ Campaign လုပ်မယ့်လူတွေအနေနဲ့ အဲဒါတွေကို လုပ်ဖို့လိုအပ်တာပေါ့နော် တကယ်လို့လုပ်မယ်ဆိုရင်တော့။ ဒီနေ့ကတော့ ပထမဆုံးနေ့အနေနဲ့ လူထုကြားထဲမှာ ကိုယ့်ပါတီအနေနဲ့ပဲ သူတို့ဘယ်လိုလုပ်မယ် ဆိုတာလောက်ပဲ။ ပါတီကိုယ်စားလှယ်တယောက်ရဲ့ စည်းရုံးရေးမဲဆွယ်ပွဲတို့ ဘာတို့ အဲလိုသီးသန့်လုပ်တာမျိုးတော့ ဒီနေ့မတွေ့သေးဘူးရှင့်။”

ကျန်းမာရေးညွှန်ကြားချက်တွေကို စည်းရုံးရေးလှုပ်ရှားသူတွေသာ လိုက်နာရမှာမဟုတ်ဘဲ ကိုယ်အားပေးမယ့် ပါတီနဲ့ ကိုယ်စားလှယ်လောင်းတွေအပေါ်ထောက်ခံမယ့်ပြည်သူတွေအနေနဲ့လည်း မဖြစ်မနေလိုက်နာဆောင်ရွက်ဖို့ အရေးကြီးတဲ့အကြောင်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကလည်း သတိပေးထားပါတယ်။

“ဒီအချိန်မှာတော့ လူကြားသူကြားထဲ လူအုပ်စုထဲ မသွားတာတော့ အကောင်းဆုံးဖြစ်ပါမယ်။ သွားရင်လည်း အကာအကွယ် Mask တွေ ဘာတွေဝတ်သွားပါ။ အဲဒီနေရာမှာ တခုပြောချင်တာကတော့ Face Shield တခုတည်းဟာဆိုရင် ရောဂါကိုမကာကွယ်နိုင်ပါဘူး။ Face Shield ဟာဆိုရင် မျက်လုံးကိုရောဂါပိုးပါတဲ့ အစက်အမှုန်တွေ မစင်အောင်သာ ကာကွယ်ပေးတာဖြစ်ပါတယ်။ အဲဒါဆိုတော့ Mask ရော Face Shield ရော တပ်ထားခြင်းဟာ အကောင်းဆုံးပါပဲ။ ဘယ်လိုမှမဖြစ်ရင်တောင်မှ Mask ကတော့ မဖြစ်မနေတပ်ရမှာ ဖြစ်ပါတယ်။ Face Shield တခုတည်းတပ်ပြီးတော့ သွားလာလုပ်ကိုင်နေတာက ဒီရောဂါပိုးကို မကာကွယ်နိုင်ဘူးဆိုတဲ့အကြောင်း ပြောချင်ပါတယ်။”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမယ့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလကို ဒီကနေ့ကစပြီး နိုဝင်ဘာ ၆ရက် ည ၁၂ နာရီအထိ ခွင့်ပြုထားပြီး ကိုဗစ်ကာလမှာ ထုတ်ပြန်ထားတဲ့ ကျန်းမာရေးလမ်းညွှန်ချက်တွေကို အထူးအလေးထားလိုက်နာ ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။ လာမယ့်ရွေးကောက်ပွဲအတွက် တသီးပုဂ္ဂလနဲ့ နိုင်ငံရေးပါတီ ၉၀ ကျော်က လွှတ်တော်ကိုယ်စားလှယ်လောင်း ၆,၉၆၉ ယောက် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG