သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကျန်းမာရေး ဝန်ထမ်းတွေနဲ့ ဆေးခန်းတွေ တိုက်ခိုက်ခံရမှု WHO ကန့်ကွက်


(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီလ တရက်နေ့ကစပြီး ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးရုံဆေးခန်းတွေ အတိုက်ခိုက်ခံနေရတာအတွက် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြင်းပြင်းထန်ထန်ရှုတ်ချ လိုက်ပါတယ်။

WHO ရဲ့ ပြောကြားချက်အရ ဖေဖေါ်ဝါရီလ တရက်ကနေ မတ်လ ၂၄ ရက်နေ့ အတွင်း ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးရုံဆေးခန်းပေါင်း ၃၂ ခု အတိုက်ခိုက်ခံခဲ့ရပြီး သေဆုံးရသူ၂ ဦးနဲ့ ဒဏ်ရာရသူက ၆ ဦးရှိကြောင်း သိရတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Farhan Haq က သောကြာနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာပါ။

ဒါ့အပြင် စစ်တပ်အာဏာသိမ်းမှုက ပြည်နယ်နဲ့တိုင်း ၁၂ ခုက ဒါဇင်နဲ့ချီတဲ့ ဆေးရုံဆေးခန်းတွေနဲ့ လူနာတင်ယာဉ် အများအပြားကိုပါ ထိခိုက်စေကြောင်း ပြောပါတယ်။

ဆေးရုံတွေမှာ စစ်တပ်တွေ တပ်စွဲထားတာ အပါအဝင် ကျန်းမာရေးလုပ်သားတွေ အပေါ် အင်အားသုံးနှိမ်နင်းမှုတွေ ဆက်လုပ်နေတာဟာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်ကို အလွန်အမင်း ထိခိုက်စေတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကျန်းမာရေးစောင့်ရှောက်ကုသတဲ့ ဌာနတွေကို ဖျက်ဆီးတာနဲ့ ကျန်းမာရေးဝန်ထမ်းတွေ အပေါ် တိုက်ခိုက်နေမှုတွေကို ရပ်ပစ်ရမှာ ဖြစ်သလို ကျန်းမာရေးလုပ်သားတွေ၊ ဆေးပစ္စည်းတွေနဲ့ ဆေးရုံဆေးခန်းတွေကို ပံ့ပိုးပေးပြီး ပြည်သူအားလုံး အတွက် ကျန်းမာရေးဝန်ဆောင်မှုပေးနိုင် အောင် လုပ်ဖို့ WHO အကြီးအကဲ Dr. Tedros Adhanom Ghebreyesus က အလေးအနက် ပြောကြားထား ကြောင်းလည်း ပြောပါတယ်။

မြန်မာကျန်းမာရေး ဝန်ထမ်းတွေနဲ့ ဆေးခန်းတွေ တိုက်ခိုက်ခံရမှု WHO ကန့်ကွက်
please wait

No media source currently available

0:00 0:01:27 0:00
တိုက်ရိုက် လင့်ခ်


..........

(Unicode)






XS
SM
MD
LG