သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ICJ အမႈမွာ ကေနဒါနဲ႔ နယ္သာလန္ ဂမ္ဘီယာဘက္က ကူညီမည္


ကေနဒါ ႏိုင္ငံျခားေရးဝန္ႀကီး François-Philippe Champagne နဲ႔ နယ္သာလန္ႏိုင္ငံျခားေရးဝန္ႀကီး Stef Blok တို႔ႏွစ္ဦး

(Zawgyi/Unicode)

လူမ်ိဳးတုန္းသတ္ျဖတ္မႈစြဲခ်က္နဲ႔ ICJ ႏိုင္ငံတကာတရား႐ုံးမွာ ျမန္မာ ကို ဂမ္ဘီယာက စြဲထားတဲ့ အမႈအတြက္ ကေနဒါနဲ႔ နယ္သာလန္ ႏွစ္ႏိုင္ငံလုံးက ဥပေဒေၾကာင္းအရ ဂမ္ဘီယာဘက္ကေန ပါဝင္ကူညီ ပူးေပါင္းေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔ ဗုဒၶဟူးေန႔က ႏွစ္ႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးေတြက ပူးတြဲေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။

ဘယ္လို ဥပေဒနည္းလမ္းေတြနဲ႔ ကေနဒါနဲ႔ နယ္သာလန္ႏိုင္ငံေတြက ဂမ္ဘီယာနဲ႔ ပူးေပါင္းေဆာင္႐ြက္မွာလဲ။ ႏိုင္ငံတကာဥပေဒကြၽမ္းက်င္သူ လူ႔အခြင့္အေရးေရွ႕ေန Global Justice Center ဥကၠဌ Akila Radhakrishnan ကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းၿပီး တင္ျပထားပါတယ္။

ကုလသမဂၢအျမင့္ဆုံး တရား႐ုံးမွာ ျမန္မာကို လူမ်ိဳးတုန္းသတ္ျဖတ္မႈ စဲြခ်က္နဲ႔ ဂမ္ဘီယာက စဲြတင္ထားတဲ့အမႈကို ေထာက္ခံ႐ုံသာမက ဥပေဒေၾကာင္းကပါ ပါဝင္ေဆာင္႐ြက္ဖို႔ျပင္ဆင္ေနေၾကာင္း ကေနဒါ ႏိုင္ငံျခားေရးဝန္ႀကီး François-Philippe Champagne နဲ႔ နယ္သာလန္ႏိုင္ငံျခားေရးဝန္ႀကီး Stef Blok တို႔ႏွစ္ဦးကေန စက္တင္ဘာလ (၂) ရက္ေန႔က ပူးတြဲေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

႐ိုဟင္ဂ်ာေတြအေပၚ ညႇင္းပန္းႏွိပ္စက္သတ္ျဖတ္ခဲ့တယ္ဆိုတဲ့ ျမန္မာစစ္တပ္ရဲ႕ ျပစ္မႈက်ဴးလြန္မႈေတြကို အေရးယူအျပစ္ေပးႏိုင္ျခင္းမရွိပဲ ကင္းလြတ္ခြင့္ရေနတာကို အဆုံးသတ္ေစေရး လူမ်ိဳးတုန္းသတ္ျဖတ္မႈ ကာကြယ္ေရး သေဘာတူစာခ်ဳပ္အတိုင္း လိုက္နာေဆာင္႐ြက္တဲ့ ဂမ္ဘီယာႏိုင္ငံရဲ႕ ႀကိဳးပမ္းခ်က္ကို ကေနဒါနဲ႔ နယ္သာလန္ႏိုင္ငံက အျပည့္အဝေထာက္ခံတယ္လို႔ အဲဒီေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။ ဒါအျပင္ ဒီလိုျပစ္မႈက်ဴးလြန္မႈမ်ိဳးဟာ လူသားအားလုံးအတြက္ စိုးရိမ္ဖြယ္ရာျဖစ္ၿပီး ကေနဒါနဲ႔ နယ္သာလန္ ႏွစ္ႏိုင္ငံမွာလည္း တာဝန္ရွိတယ္လို႔ ခံယူေၾကာင္း ေဖၚျပထားပါတယ္။ ဒါေၾကာင့္ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈ၊ အတင္းအဓမၼျပဳက်င့္မႈ စတဲ့ က်ဴးလြန္မႈေတြနဲ႔ ပတ္သက္လို႔ ႏိုင္ငံတကာဥပေဒနဲ႔အညီ တရားစြဲႏိုင္ေရးမွာ ကေနဒါနဲ႔ နယ္သာလန္က ပူးေပါင္းေဆာင္႐ြက္မွာ ျဖစ္တယ္လို႔ ေဖၚျပထားပါတယ္။

ICJ ႏိုင္ငံတကာတရား႐ုံးမွာ အခုလို ကေနဒါနဲ႔ နယ္သာလန္ႏိုင္ငံေတြက ဥပေဒေၾကာင္းအရ ပူးေပါင္းေဆာင္႐ြက္ႏိုင္ပါသလား။ ႏိုင္ငံတကာ ဥပေဒကြၽမ္းက်င္သူ လူ႔အခြင့္အေရးေရွ႕ေနလည္းျဖစ္ နယူးေရာက္အေျခစိုက္ Global Justice Center ဥကၠဌ Akila Radhakrishnan က ဗီြအိုေအကို အခုလို ေျပာပါတယ္။

" ႏွစ္ႏိုင္ငံ ပူးတြဲထုတ္ျပန္ခ်က္ကိုၾကည့္ရင္ ဂမ္ဘီယာက ျမန္မာကို စြဲထားတဲ့ အမႈမွာ တစိတ္တပိုင္းအေနနဲ႔ ကေနဒါနဲ႔ နယ္သာလန္ႏွစ္ႏိုင္ငံ ပူးတြဲၿပီးျမန္မာကို ေနာက္ထပ္အမႈထပ္ဖြင့္မယ့္ သေဘာျဖစ္ပါတယ္။ ဒါနဲ႔ပတ္သက္လို႔ တရားဥပေဒေၾကာင္းဆိုင္ရာ ေမးခြန္းေတြရွိလာမွာျဖစ္ပါတယ္။ ကေနဒါနဲ႔ နယ္သာလန္ရဲ႕ ေၾကညာခ်က္မွာ အဓိကေျပာထားတဲ့အခ်က္ကေတာ့ ဂမ္ဘီယာရဲ႕လူမ်ိဳးတုန္းသတ္ျဖတ္မႈစြဲခ်က္ထဲမွာ ပါေနတဲ့ ျမန္မာစစ္တပ္ရဲ႕လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈ၊ အစုလိုက္အၿပဳံလိုက္ အတင္းအဓမၼျပဳက်င့္မႈ ကို အဓိကထားၿပီး သူတို႔ႏွစ္ႏိုင္ငံက ပူးတြဲ အမႈဖြင့္ဖို႔ ရွိတယ္ဆိုတာကို ေျပာထားပါတယ္။"

ေမး။။ ICJ ႏိုင္ငံတကာတရား႐ုံးမွာ တကယ္တမ္း ျမန္မာကို အမႈ စြဲထားတဲ့ ႏိုင္ငံက ဂမ္ဘီယာျဖစ္ေပမယ့္ ကေနဒါ၊ နယ္သာလန္ ႏိုင္ငံေတြက ျမန္မာကို ထပ္ၿပီး အမႈစြဲႏိုင္သလားရွင့္။

ေျဖ။ ။ လူမ်ိဳးတုန္းသတ္ျဖတ္မႈ ကာကြယ္ေရးဆိုင္ရာ သေဘာတူညီခ်က္မွာ ပါ၀င္ေနတဲ့ ဘယ္ႏိုင္ငံမဆို ဒီအမႈမွာ ပါ၀င္ပတ္သက္ႏိုင္ပါတယ္။ အဲေတာ့ ဒီစာခ်ဳပ္ကို သေဘာတူထားတဲ့ ႏိုင္ငံအမ်ားႀကီးရွိေနၿပီး၊ အမႈကို ပိုၿပီးအားေကာင္းဖို႔အတြက္ အဲဒီႏိုင္ငံေတြအေနနဲ႔ အျခားစဲြခ်က္ေတြနဲ႔ ထပ္ၿပီး အမႈဖြင့္ႏိုင္ပါတယ္။

ကုလသမဂၢတရားရံုးမွာ ဂမ္ဘီယာက ျမန္မာကို စဲြတင္ထားတဲ့အမႈမွာ ဥပေဒေၾကာင္းအရပါ ပါ၀င္ေဆာင္ရြက္လာတဲ့ ႏိုင္ငံေတြထဲမွာ ကေနဒါ၊ နယ္သာလန္ႏိုင္ငံအျပင္ ေမာ္လ္ဒိုက္ ႏိုင္ငံလည္း ပါ၀င္ပါတယ္။

ရိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံတဲ့ ျမန္မာအစိုးရကေတာ့ ICJ တရားရံုးက ခ်မွတ္ထားတဲ့ ၾကားျဖတ္အေရးေပၚစီမံေဆာင္ရြက္ခ်က္ေတြကို လိုက္နာလုပ္ေဆာင္ေနေၾကာင္း တုန္႔ျပန္ထားပါတယ္။

႐ိုဟင္ဂ်ာေတြအေပၚ သတ္ျဖတ္မႈ၊ အုပ္စုလိုက္ အတင္း အဓမၼျပဳက်င့္မႈ ႐ြာေတြ မီးရႈိ႕ဖ်က္စီးမႈအပါအဝင္ ညႇင္းပန္းႏွိပ္စက္မႈေတြ ရပ္တန႔္ဖို႔ ျမန္မာအစိုးရအေနနဲ႔ ၾကားျဖတ္အေရးေပၚ အစီအမံေတြကို လိုက္နာေဆာင္႐ြက္ဖို႔ ၂၀၂၀ ဇန္န၀ါရီလမွာ ICJ တရားသူႀကီးေတြက အမိန႔္ခ်မွတ္ခဲ့တာျဖစ္ပါတယ္။ ဒါအျပင္ ျမန္မာအေနနဲ႔ လူမ်ိဳးတုန္းသတ္ျဖတ္မႈ က်ဴးလြန္ျခင္းရွိမရွိ ဆိုတာကို တရား႐ုံးအေနနဲ႔ စုံစမ္းစီရင္ခြင့္ရွိေၾကာင့္းလည္း အတည္ျပဳခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...................

ICJ အမှုမှာ ကနေဒါနဲ့ နယ်သာလန် ဂမ်ဘီယာဘက်က ကူညီမည်
(Unicode)

လူမျိုးတုန်းသတ်ဖြတ်မှုစွဲချက်နဲ့ ICJ နိုင်ငံတကာတရားရုံးမှာ မြန်မာ ကို ဂမ်ဘီယာက စွဲထားတဲ့ အမှုအတွက် ကနေဒါနဲ့ နယ်သာလန် နှစ်နိုင်ငံလုံးက ဥပဒေကြောင်းအရ ဂမ်ဘီယာဘက်ကနေ ပါဝင်ကူညီ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့က နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေက ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဘယ်လို ဥပဒေနည်းလမ်းတွေနဲ့ ကနေဒါနဲ့ နယ်သာလန်နိုင်ငံတွေက ဂမ်ဘီယာနဲ့ ပူးပေါင်းဆောင်ရွက်မှာလဲ။ နိုင်ငံတကာဥပဒေကျွမ်းကျင်သူ လူ့အခွင့်အရေးရှေ့နေ Global Justice Center ဥက္ကဌ Akila Radhakrishnan ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

ကုလသမဂ္ဂအမြင့်ဆုံး တရားရုံးမှာ မြန်မာကို လူမျိုးတုန်းသတ်ဖြတ်မှု စွဲချက်နဲ့ ဂမ်ဘီယာက စွဲတင်ထားတဲ့အမှုကို ထောက်ခံရုံသာမက ဥပဒေကြောင်းကပါ ပါဝင်ဆောင်ရွက်ဖို့ပြင်ဆင်နေကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး François-Philippe Champagne နဲ့ နယ်သာလန်နိုင်ငံခြားရေးဝန်ကြီး Stef Blok တို့နှစ်ဦးကနေ စက်တင်ဘာလ (၂) ရက်နေ့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ရိုဟင်ဂျာတွေအပေါ် ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ မြန်မာစစ်တပ်ရဲ့ ပြစ်မှုကျူးလွန်မှုတွေကို အရေးယူအပြစ်ပေးနိုင်ခြင်းမရှိပဲ ကင်းလွတ်ခွင့်ရနေတာကို အဆုံးသတ်စေရေး လူမျိုးတုန်းသတ်ဖြတ်မှု ကာကွယ်ရေး သဘောတူစာချုပ်အတိုင်း လိုက်နာဆောင်ရွက်တဲ့ ဂမ်ဘီယာနိုင်ငံရဲ့ ကြိုးပမ်းချက်ကို ကနေဒါနဲ့ နယ်သာလန်နိုင်ငံက အပြည့်အဝထောက်ခံတယ်လို့ အဲဒီကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဒါအပြင် ဒီလိုပြစ်မှုကျူးလွန်မှုမျိုးဟာ လူသားအားလုံးအတွက် စိုးရိမ်ဖွယ်ရာဖြစ်ပြီး ကနေဒါနဲ့ နယ်သာလန် နှစ်နိုင်ငံမှာလည်း တာဝန်ရှိတယ်လို့ ခံယူကြောင်း ဖေါ်ပြထားပါတယ်။ ဒါကြောင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အတင်းအဓမ္မပြုကျင့်မှု စတဲ့ ကျူးလွန်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာဥပဒေနဲ့အညီ တရားစွဲနိုင်ရေးမှာ ကနေဒါနဲ့ နယ်သာလန်က ပူးပေါင်းဆောင်ရွက်မှာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

ICJ နိုင်ငံတကာတရားရုံးမှာ အခုလို ကနေဒါနဲ့ နယ်သာလန်နိုင်ငံတွေက ဥပဒေကြောင်းအရ ပူးပေါင်းဆောင်ရွက်နိုင်ပါသလား။ နိုင်ငံတကာ ဥပဒေကျွမ်းကျင်သူ လူ့အခွင့်အရေးရှေ့နေလည်းဖြစ် နယူးရောက်အခြေစိုက် Global Justice Center ဥက္ကဌ Akila Radhakrishnan က ဗွီအိုအေကို အခုလို ပြောပါတယ်။

" နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်ချက်ကိုကြည့်ရင် ဂမ်ဘီယာက မြန်မာကို စွဲထားတဲ့ အမှုမှာ တစိတ်တပိုင်းအနေနဲ့ ကနေဒါနဲ့ နယ်သာလန်နှစ်နိုင်ငံ ပူးတွဲပြီးမြန်မာကို နောက်ထပ်အမှုထပ်ဖွင့်မယ့် သဘောဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ တရားဥပဒေကြောင်းဆိုင်ရာ မေးခွန်းတွေရှိလာမှာဖြစ်ပါတယ်။ ကနေဒါနဲ့ နယ်သာလန်ရဲ့ ကြေညာချက်မှာ အဓိကပြောထားတဲ့အချက်ကတော့ ဂမ်ဘီယာရဲ့လူမျိုးတုန်းသတ်ဖြတ်မှုစွဲချက်ထဲမှာ ပါနေတဲ့ မြန်မာစစ်တပ်ရဲ့လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အစုလိုက်အပြုံလိုက် အတင်းအဓမ္မပြုကျင့်မှု ကို အဓိကထားပြီး သူတို့နှစ်နိုင်ငံက ပူးတွဲ အမှုဖွင့်ဖို့ ရှိတယ်ဆိုတာကို ပြောထားပါတယ်။"

မေး။။ ICJ နိုင်ငံတကာတရားရုံးမှာ တကယ်တမ်း မြန်မာကို အမှု စွဲထားတဲ့ နိုင်ငံက ဂမ်ဘီယာဖြစ်ပေမယ့် ကနေဒါ၊ နယ်သာလန် နိုင်ငံတွေက မြန်မာကို ထပ်ပြီး အမှုစွဲနိုင်သလားရှင့်။

ဖြေ။ ။ လူမျိုးတုန်းသတ်ဖြတ်မှု ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်မှာ ပါဝင်နေတဲ့ ဘယ်နိုင်ငံမဆို ဒီအမှုမှာ ပါဝင်ပတ်သက်နိုင်ပါတယ်။ အဲတော့ ဒီစာချုပ်ကို သဘောတူထားတဲ့ နိုင်ငံအများကြီးရှိနေပြီး၊ အမှုကို ပိုပြီးအားကောင်းဖို့အတွက် အဲဒီနိုင်ငံတွေအနေနဲ့ အခြားစွဲချက်တွေနဲ့ ထပ်ပြီး အမှုဖွင့်နိုင်ပါတယ်။

ကုလသမဂ္ဂတရားရုံးမှာ ဂမ်ဘီယာက မြန်မာကို စွဲတင်ထားတဲ့အမှုမှာ ဥပဒေကြောင်းအရပါ ပါဝင်ဆောင်ရွက်လာတဲ့ နိုင်ငံတွေထဲမှာ ကနေဒါ၊ နယ်သာလန်နိုင်ငံအပြင် မော်လ်ဒိုက် နိုင်ငံလည်း ပါဝင်ပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ICJ တရားရုံးက ချမှတ်ထားတဲ့ ကြားဖြတ်အရေးပေါ်စီမံဆောင်ရွက်ချက်တွေကို လိုက်နာလုပ်ဆောင်နေကြောင်း တုန့်ပြန်ထားပါတယ်။

ရိုဟင်ဂျာတွေအပေါ် သတ်ဖြတ်မှု၊ အုပ်စုလိုက် အတင်း အဓမ္မပြုကျင့်မှု ရွာတွေ မီးရှို့ဖျက်စီးမှုအပါအဝင် ညှင်းပန်းနှိပ်စက်မှုတွေ ရပ်တန့်ဖို့ မြန်မာအစိုးရအနေနဲ့ ကြားဖြတ်အရေးပေါ် အစီအမံတွေကို လိုက်နာဆောင်ရွက်ဖို့ ၂၀၂၀ ဇန်နဝါရီလမှာ ICJ တရားသူကြီးတွေက အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဒါအပြင် မြန်မာအနေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခြင်းရှိမရှိ ဆိုတာကို တရားရုံးအနေနဲ့ စုံစမ်းစီရင်ခွင့်ရှိကြောင့်းလည်း အတည်ပြုခဲ့ပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG