သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ကာလ ျမန္မာမီဒီယာသမားေတြ လြတ္လပ္စြာသြားလာခြင့္ IFJ ေတာင္းဆုိ


ရန္ကုန္တျမိဳ႕လံုး ေနအိမ္ေန ကန္႔သတ္္ခ်က္ထုတ္ျပန္ျပီး၊ ပထမဆံုးေန႔ေတြ႕ရသည့္ ရန္ကုန္ျမိဳ႕ သတင္းဓါတ္ပံုမ်ားျဖစ္ပါသည္။ (စက္တင္ဘာ ၂၁၊ ၂၀၂၀)

(Zawgyi/Unicode)

ျမန္မာနိုင္ငံမွာ အေရးႀကီးတဲ့ ေရြးေကာက္ပြဲ ကာလအတြင္း သတင္းသမားေတြကို COVID – 19 ထိန္းခ်ဳပ္ေရး ကန္႔သတ္ခ်က္ေတြကေန ကင္းလြတ္ခြင့္ေပးဖို႔ အျပည္ျပည္ဆိုင္ရာ သတင္းသမားမ်ား အသင္းခ်ဳပ္ (IFJ)ကေတာင္းဆိုလိုက္ပါတယ္။

COVID 19 ေရာဂါ ျပန္႔ႏွံ့မႈ ထိန္းခ်ဳပ္ေရး အိမ္ထဲမွာေန Stay-at-Home ကန္႔သတ္ခ်က္ေတြေၾကာင့္ ျပည္တြင္းသတင္းမီဒီယာသမား မ်ားခရီးသြားလာခြင့္ ကန္႔သတ္ခ်ဳပ္ျခယ္ခံေနရသလို ေရြးေကာက္ပြဲ သတင္းယူဖို႔ရွိတဲ့ နိုင္ငံျခားသား သတင္းသမားေတြလည္း ခရီး သြားလာနိုင္ျခင္း မရွိေၾကာင္း ေအာက္တိုဘာ ၈ ရက္ေန႔ ရက္စြဲနဲ႔ IFJ ရဲ့ သတင္းထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

ရန္ကုန္တိုင္း ေဒသႀကီးအတြင္း အိမ္ထဲမွာေန staty-at-home ကန္႔သတ္ခ်က္ကို အစိုးရက စက္တင္ဘာလ ၂၁ ရက္ေန႔စၿပီး ခ်ထား ခဲ့တာ ျဖစ္သလို ၿမိဳ႕နယ္ အမ်ားစုမွာလည္း staty-at-home အမိန္႔ ကန္႔သတ္ရက္ကို တိုးခ်ဲ႕ ခ်ထားခဲ့တာပါ။ အဲဒီ အမိန္႔အရ ၿမိဳ႕နယ္ ေတြအၾကား ကူးလူး သြားလာခြင့္ကို ပိတ္ပင္ထားတာျဖစ္ၿပီး ေဆးဝန္ထမ္း၊ အေရးေပၚလုပ္သားေတြနဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြက ကင္းလြတ္ခြင့္ရၾကပါတယ္။ ဒါေပမဲ့ သတင္းသမားေတြကေတာ့ ကင္းလြတ္ခြင့္ မရၾကပါဘူးလို႔ IFJ က ေထာက္ျပထားပါတယ္။

ကန္႔သတ္ခ်က္ေၾကာင့္ ျမန္မာနိုင္ငံက သတင္းလုပ္ငန္းကို ထိခိုက္ေနရာမွာ ပုဂၢလိက ထုတ္ သတင္းစာ အမ်ားစုက ရန္ကုန္ၿမိဳ႕ မွာ အေျခစိုက္တာေၾကာင့္ သတင္းစာ ထုတ္ေဝမႈ အဓိက ထိခိုက္ေနတာ ျဖစ္ေၾကာင္း IFJ က ေျပာပါတယ္။

ဒါေၾကာင့္ ျမန္မာ သတင္းမီဒီယာ ေကာင္စီက နိုင္ငံေတာ္ သမၼတထံ သတင္းမီဒီယာသမားေတြအေပၚ ကန္႔သတ္ခ်က္ေတြ ႐ုပ္သိမ္း ေပးဖို႔ ေမတၱာရပ္ခံစာ ေပးပို႔ၿပီးထားတယ္လို႔လည္း IFJ က ေျပာပါတယ္။

ျမန္မာနိုင္ငံမွာ အျပည္ျပည္ဆိုင္ရာ ေလေၾကာင္း ခရီးစဥ္ေတြကိုလည္း ကိုရိုနာဗိုင္းရပ္စ္ စတင္ ျဖစ္ပြားစဥ္ မတ္လကတည္းက ပိတ္ပင္ ထားတာ ျဖစ္ပါတယ္။ အေထြေထြ ေရြးေကာက္ပြဲကိုေတာ့ နိုဝဘၤာလ ၈ ရက္ေန႔မွာ က်င္းပဖို႔ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္က ေၾကညာထားပါတယ္။ ကိုဗစ္ကာလ ကန္႔သတ္ခ်က္ေတြက နိုင္ငံျခား အကူအညီေပးေရးအဖြဲ႕ေတြနဲ႔ ေရြးေကာက္ပြဲ ေလ့လာ ေစာင့္ၾကည့္ေရး အဖြဲ႕ေတြရဲ့ ဗီဇာ ရရွိေရးနဲ႔ သြားလာေရးကိစၥေတြ အေပၚမွာ လည္း သက္ေရာက္မႈေတြ ရွိေနတာ ျဖစ္ပါတယ္။

ကပ္ေရာဂါ က်ေရာက္ခ်ိန္ က်န္းမာေရးဆိုင္ရာ အက်ပ္အတည္းေတြ ေတြ႕ေနခ်ိန္နဲ႔ ေရြးေကာက္ပြဲကာလ နီးကပ္လာတဲ့ အခ်ိန္မွာ သတင္းမီဒီယာ သမားေတြ သတင္းရယူခြင့္ရဖို႔က အေရးႀကီးေၾကာင္း၊ သတင္းသမားေတြ ရယူနိုင္တဲ့ သတင္းေတြက လူေတြရဲ့ အသက္ကို ကယ္တင္နိုင္သလို ကပ္ေရာဂါ သက္ေရာက္မႈ ေလ်ာ့ပါးေစေအာင္လည္း ေဆာင္က်ဥ္းေပးနိုင္ေၾကာင္း၊ ဒါေၾကာင့္ ျမန္မာ အာဏာပိုင္ေတြ အေနနဲ႔ သတင္းသမားေတြကို လြတ္လပ္စြာ သြားလာခြင့္ ေပးဖို႔ လိုေၾကာင္း IFJ က တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

ကိုဗစ်ကာလ မြန်မာမီဒီယာသမားတွေ လွတ်လပ်စွာသွားလာခွင့် IFJ တောင်းဆို

(Unicode)

မြန်မာနိုင်ငံမှာ အရေးကြီးတဲ့ ရွေးကောက်ပွဲ ကာလအတွင်း သတင်းသမားတွေကို COVID – 19 ထိန်းချုပ်ရေး ကန့်သတ်ချက်တွေကနေ ကင်းလွတ်ခွင့်ပေးဖို့ အပြည်ပြည်ဆိုင်ရာ သတင်းသမားများ အသင်းချုပ် (IFJ)ကတောင်းဆိုလိုက်ပါတယ်။

COVID 19 ရောဂါ ပြန့်နှံ့မှု ထိန်းချုပ်ရေး အိမ်ထဲမှာနေ Stay-at-Home ကန့်သတ်ချက်တွေကြောင့် ပြည်တွင်းသတင်းမီဒီယာသမား များခရီးသွားလာခွင့် ကန့်သတ်ချုပ်ခြယ်ခံနေရသလို ရွေးကောက်ပွဲ သတင်းယူဖို့ရှိတဲ့ နိုင်ငံခြားသား သတင်းသမားတွေလည်း ခရီး သွားလာနိုင်ခြင်း မရှိကြောင်း အောက်တိုဘာ ၈ ရက်နေ့ ရက်စွဲနဲ့ IFJ ရဲ့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း အိမ်ထဲမှာနေ staty-at-home ကန့်သတ်ချက်ကို အစိုးရက စက်တင်ဘာလ ၂၁ ရက်နေ့စပြီး ချထား ခဲ့တာ ဖြစ်သလို မြို့နယ် အများစုမှာလည်း staty-at-home အမိန့် ကန့်သတ်ရက်ကို တိုးချဲ့ ချထားခဲ့တာပါ။ အဲဒီ အမိန့်အရ မြို့နယ် တွေအကြား ကူးလူး သွားလာခွင့်ကို ပိတ်ပင်ထားတာဖြစ်ပြီး ဆေးဝန်ထမ်း၊ အရေးပေါ်လုပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ကင်းလွတ်ခွင့်ရကြပါတယ်။ ဒါပေမဲ့ သတင်းသမားတွေကတော့ ကင်းလွတ်ခွင့် မရကြပါဘူးလို့ IFJ က ထောက်ပြထားပါတယ်။

ကန့်သတ်ချက်ကြောင့် မြန်မာနိုင်ငံက သတင်းလုပ်ငန်းကို ထိခိုက်နေရာမှာ ပုဂ္ဂလိက ထုတ် သတင်းစာ အများစုက ရန်ကုန်မြို့ မှာ အခြေစိုက်တာကြောင့် သတင်းစာ ထုတ်ဝေမှု အဓိက ထိခိုက်နေတာ ဖြစ်ကြောင်း IFJ က ပြောပါတယ်။

ဒါကြောင့် မြန်မာ သတင်းမီဒီယာ ကောင်စီက နိုင်ငံတော် သမ္မတထံ သတင်းမီဒီယာသမားတွေအပေါ် ကန့်သတ်ချက်တွေ ရုပ်သိမ်း ပေးဖို့ မေတ္တာရပ်ခံစာ ပေးပို့ပြီးထားတယ်လို့လည်း IFJ က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အပြည်ပြည်ဆိုင်ရာ လေကြောင်း ခရီးစဉ်တွေကိုလည်း ကိုရိုနာဗိုင်းရပ်စ် စတင် ဖြစ်ပွားစဉ် မတ်လကတည်းက ပိတ်ပင် ထားတာ ဖြစ်ပါတယ်။ အထွေထွေ ရွေးကောက်ပွဲကိုတော့ နိုဝင်္ဘာလ ၈ ရက်နေ့မှာ ကျင်းပဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပါတယ်။ ကိုဗစ်ကာလ ကန့်သတ်ချက်တွေက နိုင်ငံခြား အကူအညီပေးရေးအဖွဲ့တွေနဲ့ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေး အဖွဲ့တွေရဲ့ ဗီဇာ ရရှိရေးနဲ့ သွားလာရေးကိစ္စတွေ အပေါ်မှာ လည်း သက်ရောက်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

ကပ်ရောဂါ ကျရောက်ချိန် ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းတွေ တွေ့နေချိန်နဲ့ ရွေးကောက်ပွဲကာလ နီးကပ်လာတဲ့ အချိန်မှာ သတင်းမီဒီယာ သမားတွေ သတင်းရယူခွင့်ရဖို့က အရေးကြီးကြောင်း၊ သတင်းသမားတွေ ရယူနိုင်တဲ့ သတင်းတွေက လူတွေရဲ့ အသက်ကို ကယ်တင်နိုင်သလို ကပ်ရောဂါ သက်ရောက်မှု လျော့ပါးစေအောင်လည်း ဆောင်ကျဉ်းပေးနိုင်ကြောင်း၊ ဒါကြောင့် မြန်မာ အာဏာပိုင်တွေ အနေနဲ့ သတင်းသမားတွေကို လွတ်လပ်စွာ သွားလာခွင့် ပေးဖို့ လိုကြောင်း IFJ က တိုက်တွန်းထားပါတယ်။

XS
SM
MD
LG